အချစ်ကြီးတဲ့ ယောင်္ကျားတွေကို မိန်းကလေးတွေ ထားခဲ့ရတဲ့ အကြောင်းအရင်း (၄) ချက်

လူတစ်ယောက်က ကိုယ့်ကို အရမ်း ချစ်တာမျိုးနဲ့ ကြုံဖူးပါသလား။ ဒါမှမဟုတ် ကိုယ်က သူ့ကို အရမ်း ချစ်တာမျိုးကိုရော ခံစားရ ဖူးပါသလား။ မိန်းကလေးတွေဟာ အရမ်းချစ်တဲ့ ယောင်္ကျားလေး တစ်ယောက်ရဲ့ အချစ်ကို ခံနိုင်ရည် မရှိကြပါဘူး။ ဘာလို့လဲ ဆိုတော့...

၁ ။ ယောင်္ကျားလေး အများစုဟာ အတ္တကြီး ကြတယ်

မိန်းကလေးတွေမှာလည်း အတ္တ ရှိတယ် ဆိုတာ မမေ့စေ ချင်ပါဘူး။ သင်နဲ့ပဲ အမြဲ အတူတူ ရှိနေရမယ် ဆိုတာမျိုး ၊ တစ်နေရာရာ သွားရင်လည်း သင့်ကို အကြောင်းကြားရမယ် ဆိုတာမျိုး ၊ သင်နဲ့မှ မဟုတ်ရင် ဘယ်မှ မသွားရဘူး ဆိုတာမျိုး ၊ သူ့မှာ ယောင်္ကျားလေး အသိဆိုလို့ သင်တစ်ယောက်တည်း ရှိရမယ် ဆိုတာမျိုးတွေပါ။

၂ ။ သဝန်တို လွန်းတာဟာ မိန်းကလေးတွေကို နေရခက်စေတယ်

သင့်အနေနဲ့ ချစ်လွန်းလို့ သဝန်တိုတာကို လက်ခံပေမယ့် အရမ်း သဝန်တိုလာတဲ့အခါ တဖက်လူရဲ့ အခွင့်အရေးကို ပိတ်ပင်တာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် သင့်ချစ်သူ မိန်းကလေးကို တကယ် ချစ်ရင် သဝန်တိုလို့တော့ ရပေမယ့် အကန့်အသတ်လေးတော့ ထားရှိသင့် ပါတယ်။

၃ ။ မိန်းကလေးတွေဟာ လွတ်လပ်မှုကို နှစ်သက်ကြပါတယ်

မိန်းကလေးတွေမှ မဟုတ်ပါဘူး ၊ လူတိုင်း လိုလိုပါပဲ။ သူတို့ကို ချုပ်ချယ်တာမျိုးကို ကြိုက်မယ် မထင်ပါဘူး။ ဒါမယ့် ပြဿနာ တစ်ခုက ယောင်္ကျားလေးတွေဟာ မိန်းကလေး တစ်ယောက်ကို ပက်ပက်စက်စက် ချစ်မိသွားရင် အရမ်း ချုပ်ချယ် ကြတော့တာပါပဲ။ ငါလိုင်းပေါ် မရှိရင် ဖုန်း မသုံးရဘူးတို့ ၊ သူငယ်ချင်း ယောင်္ကျားလေးတွေ ပေးမထားတာ တို့ပေါ့။ နောက်ထပ် အများကြီး ရှိပါသေးတယ်။

၄ ။ သင့်ရဲ့ အချစ်တွေဟာ သူ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်

တချို့ အတွဲတွေကို မြင်ဖူးမှာပါ။ ကောင်လေးက အရမ်း ချစ်တယ်။ ကောင်မလေးက သိပ်မချစ်ဘူး ဆိုတာမျိုးပေါ့။ ဒါပေမယ့် သိပ် မချစ်ဘူးလို့ လူတွေက မြင်ကြတာလည်း ဖြစ်နိုင်ပါတယ်။ လူတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ပုံ ချစ်နည်းတွေ မတူညီကြဘူးလေ။ သင့်အချစ်တွေ၊ သင်သူ့ကို အရမ်းချစ် အရမ်း ဂရုစိုက်လွန်းတာတွေက တခါတလေ သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတတ်ပါတယ်။

ယောင်္ကျားလေး တစ်ယောက်အနေနဲ့ သူချစ်တဲ့ မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်ချင်တာ မဆန်းပါဘူး။ ဒါပေမယ့် အဲဒီလို ပိုင်ဆိုင်ချင်တဲ့ စိတ်တွေကပဲ သင့်ကောင်မလေးကို သင်နဲ့ အဝေးဆုံးကို တွန်းပို့နေတာ သတိထားမိ စေချင်ပါတယ်။

တချို့ မိန်းကလေးတွေဟာ ရည်းစား ထားပေမယ့် သူတို့မှာ ရည်မှန်းချက် ကြီးကြီးမားမား ရှိတတ်ကြပါတယ်။ သင်က သူ့ကို ချစ်လွန်းလို့ သူနဲ့ အတူနေရဖို့ ကြိုးစားနေတာတွေဟာ သူ့ရဲ့ ရည်မှန်းချက်အတွက် အတားအဆီး ကြီးကြီးမားမား ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ သူက သင့်ကို ထားခဲ့သွားနိုင်ပါတယ်။

တကယ်တော့ အများကြီး ချစ်တာလည်း မကောင်းသလို နည်းနည်းလေး ချစ်တာလည်း မကောင်းပါဘူး။ အချစ်ဆိုတာ ညီမျှခြင်းရှိမှ ရှေ့ဆက်လို့ ရမှာ အသေအချာပါပဲ။

Crd

for zawgyi

အခ်စ္ႀကီးတဲ့ ေယာက်ၤားေတြကို မိန္းကေလးေတြ ထားခဲ့ရတဲ့ အေၾကာင္းအရင္း (၄) ခ်က္

လူတစ္ေယာက္က ကိုယ့္ကို အရမ္း ခ်စ္တာမ်ိဳးနဲ႔ ႀကဳံဖူးပါသလား။ ဒါမွမဟုတ္ ကိုယ္က သူ႔ကို အရမ္း ခ်စ္တာမ်ိဳးကိုေရာ ခံစားရ ဖူးပါသလား။ မိန္းကေလးေတြဟာ အရမ္းခ်စ္တဲ့ ေယာက်ၤားေလး တစ္ေယာက္ရဲ႕ အခ်စ္ကို ခံႏိုင္ရည္ မရွိၾကပါဘူး။ ဘာလို႔လဲ ဆိုေတာ့..

၁ ။ ေယာက်ၤားေလး အမ်ားစုဟာ အတၱႀကီး ၾကတယ္

မိန္းကေလးေတြမွာလည္း အတၱ ရွိတယ္ ဆိုတာ မေမ့ေစ ခ်င္ပါဘူး။ သင္နဲ႔ပဲ အၿမဲ အတူတူ ရွိေနရမယ္ ဆိုတာမ်ိဳး ၊ တစ္ေနရာရာ သြားရင္လည္း သင့္ကို အေၾကာင္းၾကားရမယ္ ဆိုတာမ်ိဳး ၊ သင္နဲ႔မွ မဟုတ္ရင္ ဘယ္မွ မသြားရဘူး ဆိုတာမ်ိဳး ၊ သူ႔မွာ ေယာက်ၤားေလး အသိဆိုလို႔ သင္တစ္ေယာက္တည္း ရွိရမယ္ ဆိုတာမ်ိဳးေတြပါ။

၂ ။ သဝန္တို လြန္းတာဟာ မိန္းကေလးေတြကို ေနရခက္ေစတယ္

သင့္အေနနဲ႔ ခ်စ္လြန္းလို႔ သဝန္တိုတာကို လက္ခံေပမယ့္ အရမ္း သဝန္တိုလာတဲ့အခါ တဖက္လူရဲ႕ အခြင့္အေရးကို ပိတ္ပင္တာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ခ်စ္သူ မိန္းကေလးကို တကယ္ ခ်စ္ရင္ သဝန္တိုလို႔ေတာ့ ရေပမယ့္ အကန႔္အသတ္ေလးေတာ့ ထားရွိသင့္ ပါတယ္။

၃ ။ မိန္းကေလးေတြဟာ လြတ္လပ္မႈကို ႏွစ္သက္ၾကပါတယ္

မိန္းကေလးေတြမွ မဟုတ္ပါဘူး ၊ လူတိုင္း လိုလိုပါပဲ။ သူတို႔ကို ခ်ဳပ္ခ်ယ္တာမ်ိဳးကို ႀကိဳက္မယ္ မထင္ပါဘူး။ ဒါမယ့္ ျပႆနာ တစ္ခုက ေယာက်ၤားေလးေတြဟာ မိန္းကေလး တစ္ေယာက္ကို ပက္ပက္စက္စက္ ခ်စ္မိသြားရင္ အရမ္း ခ်ဳပ္ခ်ယ္ ၾကေတာ့တာပါပဲ။ ငါလိုင္းေပၚ မရွိရင္ ဖုန္း မသုံးရဘူးတို႔ ၊ သူငယ္ခ်င္း ေယာက်ၤားေလးေတြ ေပးမထားတာ တို႔ေပါ့။ ေနာက္ထပ္ အမ်ားႀကီး ရွိပါေသးတယ္။

၄ ။ သင့္ရဲ႕ အခ်စ္ေတြဟာ သူ႔ကို ဝန္ထုပ္ဝန္ပိုး ျဖစ္ေစတယ္

တခ်ိဳ႕ အတြဲေတြကို ျမင္ဖူးမွာပါ။ ေကာင္ေလးက အရမ္း ခ်စ္တယ္။ ေကာင္မေလးက သိပ္မခ်စ္ဘူး ဆိုတာမ်ိဳးေပါ့။ ဒါေပမယ့္ သိပ္ မခ်စ္ဘူးလို႔ လူေတြက ျမင္ၾကတာလည္း ျဖစ္ႏိုင္ပါတယ္။ လူတိုင္းမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ပုံ ခ်စ္နည္းေတြ မတူညီၾကဘူးေလ။ သင့္အခ်စ္ေတြ၊ သင္သူ႔ကို အရမ္းခ်စ္ အရမ္း ဂ႐ုစိုက္လြန္းတာေတြက တခါတေလ သူ႔အတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္ေစတတ္ပါတယ္။

ေယာက်ၤားေလး တစ္ေယာက္အေနနဲ႔ သူခ်စ္တဲ့ မိန္းကေလး တစ္ေယာက္ကို ပိုင္ဆိုင္ခ်င္တာ မဆန္းပါဘူး။ ဒါေပမယ့္ အဲဒီလို ပိုင္ဆိုင္ခ်င္တဲ့ စိတ္ေတြကပဲ သင့္ေကာင္မေလးကို သင္နဲ႔ အေဝးဆုံးကို တြန္းပို႔ေနတာ သတိထားမိ ေစခ်င္ပါတယ္။

တခ်ိဳ႕ မိန္းကေလးေတြဟာ ရည္းစား ထားေပမယ့္ သူတို႔မွာ ရည္မွန္းခ်က္ ႀကီးႀကီးမားမား ရွိတတ္ၾကပါတယ္။ သင္က သူ႔ကို ခ်စ္လြန္းလို႔ သူနဲ႔ အတူေနရဖို႔ ႀကိဳးစားေနတာေတြဟာ သူ႔ရဲ႕ ရည္မွန္းခ်က္အတြက္ အတားအဆီး ႀကီးႀကီးမားမား ျဖစ္ေစႏိုင္ပါတယ္။ အဲဒီအခါ သူက သင့္ကို ထားခဲ့သြားႏိုင္ပါတယ္။

တကယ္ေတာ့ အမ်ားႀကီး ခ်စ္တာလည္း မေကာင္းသလို နည္းနည္းေလး ခ်စ္တာလည္း မေကာင္းပါဘူး။ အခ်စ္ဆိုတာ ညီမွ်ျခင္းရွိမွ ေရွ႕ဆက္လို႔ ရမွာ အေသအခ်ာပါပဲ။

Crd

Post a Comment

0 Comments