Error ကြောင့် ချောမောလှပတဲ့ မိန်းကလေးမျက်နှာပျောက်ပီး အလိမ်ပေါ်သွားတဲ့ ၅၈ နှစ်အရွယ် အဖွားကြီး (ရုပ်သံ)

လူတွေက အမြဲတမ်း အကောင်းဆုံး၊ အလှဆုံးတွေနဲ့ပဲ ကြုံချင်ကြ ပါတယ်။ 21 ရာစုမှာ နေထိုင်ရတာ လွယ်လည်း မလွယ်သလို ခက်လည်း မခက်လှ ပါဘူး။ ဓာတ်ပုံတွေကို အချိန်နေရာ မရွေး ရိုက်နိုင်သလို အများကြီးလှသွားအောင်လို့ နည်းပညာတွေနဲ့ ပြုပြင်လို့ရပါတယ်။

တရုတ်နိုင်ငံရဲ့ platform ဖြစ်တဲ့ Dou Yu မှာ အစီအစဉ် တင်ဆက်သူတွေက Face filter softwareကို သုံးကြပါတယ်။ Face filter က ကိုယ်ရဲ့မူလရုပ်ပျောက်ပြီး ငယ်ရွယ်လှပ ချစ်စရာကောင်းတဲ့ မျက်နှာလေးဖြစ်အောင် ပြုပြုင်ပေးတဲ့ software ဖြစ်ပါတယ်။

Dou Yu ရဲ့အစီအစဉ် တင်ဆက်သူ အမျိုးသမီးကိုတော့ Your Highness Qiaobiluo လို့ သိကြပါတယ်။ သူမမှာ follower ပေါင်း တစ်သိန်းသုံးသောင်း ရှိပါတယ်။ ပရိသတ်တွေက သူတို့သဘောကျတဲ့ အစီအစဉ်တင်ဆက်သူတွေရဲ့ မူရင်းမျက်နှာကို မြင်ဖူးချင်ကြပါတယ်။

သူမက ယွမ်တစ်သိန်း (အမေရိကန်ဒေါ်လာ 14500) ရရင် သူမရဲ့ မူရင်းမျက်နှာကို ပြမယ်လို့ ကတိပေးလိုက်ပါတယ်။ ပရိသတ်တွေကလည်း မြင်ဖူးချင်တော့ ငွေတွေလွှဲပေးကြပါတယ်။ ဒါပေမယ့် လျှို့ဝှက်ချက်ဆိုတာ ဒီခေတ်ကြီးထဲမှာ ကြာကြာ ဖုံးကွယ်မနေပါဘူး။

ပရိသတ်တွေကလည်း သူမရဲ့မူရင်းမျက်နှာကို မြင်ရဖို့ မစောင့်နိုင်တော့ ပါဘူး။ ကံမကောင်းချင်တော့ Face filter က error ပြသွားတဲ့အခါ သူမရဲ့ မူရင်းရုပ်အမှန် ထွက်လာ ပါတော့တယ်။ အဲဒီအခါမှ အစီအစဉ်တင်ဆက်သူ မိန်းကလေးက အသက် 58 နှစ်အရွယ် အမျိုးသမီးကြီးဖြစ်မှန်း ပရိသတ်တွေ သိသွားတာပါ။

သူမဟာ Apex Legends game ကို ကစားရတာ နှစ်သက်သူလည်း ဖြစ်ပါတယ်။ သူမရဲ့ မူရင်းမျက်မှာက filter error ကြောင့် ပေါ်လာတဲ့အခါ တွဲဖက် တက်ဆက်တဲ့ Qingzi ဟာလည်း ပရိသတ်တွေကို ဘာပြောလို့ ပြောရမှန်းမသိတော့ဘဲ အတော်ကို ကို့ရို့ကားရား နိုင်သွားခဲ့ပါတယ်။

သူမကို အားပေးတဲ့ အမျိုးသား ပရိသတ်တွေကတော့ unfollow လုပ်သွားကြပြီး လွှဲထားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်ထုတ်သွားကြ ပါတယ်။ Qaiabiluo Dianxia က beauty filter နဲ့ အကြီးစား ပြုပြင်ထားတဲ့ ဓာတ်ပုံတွေကို website မှာ တင်ထားပါတယ်။

သူမ ကလည်း ရုပ်အမှန်ကို ဝန်ခံလိုက် ပါပြီ။ သူမရဲ့ အလိမ်တွေ ပေါ်သွားပေမယ့် follower တွေက အရင်ကထက်တောင် ပိုတိုးလာ ပါတယ်။ ယခုအချိန်ထိ follower ပေါင်း ခြောက်သိန်းခွဲ အထိ ရှိနေပြီး follower တွေ ဆက်တိုးနေတုန်း ပါပဲ။

ရုပ်သံ

Zombie (Lovemedia)

for zawgyi

Error ေၾကာင့္ ေခ်ာေမာလွပတဲ့ မိန္းကေလးမ်က္ႏွာေပ်ာက္ပီး အလိမ္ေပၚသြားတဲ့ ၅၈ ႏွစ္အ႐ြယ္ အဖြားႀကီး

လူေတြက အၿမဲတမ္း အေကာင္းဆုံး၊ အလွဆုံးေတြနဲ႔ပဲ ႀကဳံခ်င္ၾက ပါတယ္။ 21 ရာစုမွာ ေနထိုင္ရတာ လြယ္လည္း မလြယ္သလို ခက္လည္း မခက္လွ ပါဘူး။ ဓာတ္ပုံေတြကို အခ်ိန္ေနရာ မေ႐ြး ႐ိုက္ႏိုင္သလို အမ်ားႀကီးလွသြားေအာင္လို႔ နည္းပညာေတြနဲ႔ ျပဳျပင္လို႔ရပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ platformျဖစ္တဲ့ Dou Yuမွာ အစီအစဥ္တင္ဆက္သူေတြက Face filter softwareကို သုံးၾကပါတယ္။ Face filterက ကိုယ္ရဲ႕မူလ႐ုပ္ေပ်ာက္ၿပီး ငယ္႐ြယ္လွပခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးျဖစ္ေအာင္ ျပဳျပဳင္ေပးတဲ့ software ျဖစ္ပါတယ္။

Dou Yu ရဲ႕အစီအစဥ္တင္ဆက္သူအမ်ိဳးသမီးကိုေတာ့ Your Highness Qiaobiluo လို႔ သိၾကပါတယ္။ သူမမွာ follower ေပါင္း တစ္သိန္းသုံးေသာင္းရွိပါတယ္။ ပရိသတ္ေတြက သူတို႔သေဘာက်တဲ့ အစီအစဥ္တင္ဆက္သူေတြရဲ႕ မူရင္းမ်က္ႏွာကို ျမင္ဖူးခ်င္ၾကပါတယ္။

သူမက ယြမ္တစ္သိန္း (အေမရိကန္ေဒၚလာ 14500) ရရင္ သူမရဲ႕ မူရင္းမ်က္ႏွာကို ျပမယ္လို႔ ကတိေပးလိုက္ပါတယ္။ ပရိသတ္ေတြကလည္း ျမင္ဖူးခ်င္ေတာ့ ေငြေတြလႊဲေပးၾကပါတယ္။ ဒါေပမယ့္ လွ်ိဳ႕ဝွက္ခ်က္ဆိုတာ ဒီေခတ္ႀကီးထဲမွာ ၾကာၾကာ ဖုံးကြယ္မေနပါဘူး။

ပရိသတ္ေတြကလည္း သူမရဲ႕မူရင္းမ်က္ႏွာကို ျမင္ရဖို႔ မေစာင့္ႏိုင္ေတာ့ ပါဘူး။ ကံမေကာင္းခ်င္ေတာ့ Face filter က error ျပသြားတဲ့အခါ သူမရဲ႕မူရင္း႐ုပ္အမွန္ ထြက္လာ ပါေတာ့တယ္။ အဲဒီအခါမွ အစီအစဥ္တင္ဆက္သူ မိန္းကေလးက အသက္ 58 ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီးျဖစ္မွန္း ပရိသတ္ေတြ သိသြားတာပါ။

သူမဟာ Apex Legends game ကို ကစားရတာ ႏွစ္သက္သူလည္း ျဖစ္ပါတယ္။ သူမရဲ႕ မူရင္းမ်က္မွာက filter error ေၾကာင့္ ေပၚလာတဲ့အခါ တြဲဖက္ တက္ဆက္တဲ့ Qingzi ဟာလည္း ပရိသတ္ေတြကို ဘာေျပာလို႔ ေျပာရမွန္းမသိေတာ့ဘဲ အေတာ္ကို ကို႔႐ို႕ကားရား ႏိုင္သြားခဲ့ပါတယ္။

သူမကို အားေပးတဲ့ အမ်ိဳးသားပရိသတ္ေတြကေတာ့ unfollow လုပ္သြားၾကၿပီး လႊဲထားတဲ့ ပိုက္ဆံေတြကိုလည္း ျပန္ထုတ္သြားၾက ပါတယ္။ Qaiabiluo Dianxia က beauty filter နဲ႔ အႀကီးစား ျပဳျပင္ထားတဲ့ ဓာတ္ပုံေတြကို website မွာ တင္ထားပါတယ္။

သူမ ကလည္း ႐ုပ္အမွန္ကို ဝန္ခံလိုက္ ပါၿပီ။ သူမရဲ႕ အလိမ္ေတြ ေပၚသြားေပမယ့္ follower ေတြက အရင္ကထက္ေတာင္ ပိုတိုးလာ ပါတယ္။ ယခုအခ်ိန္ထိ follower ေပါင္း ေျခာက္သိန္းခြဲ အထိ ရွိေနၿပီး follower ေတြ ဆက္တိုးေနတုန္း ပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments