မြင်းမိုက်

တစ်ခါတုန်းက မြင်းတစ်ကောင်နဲ့ ခရု ပက်ကျိ တစ်ကောင် လမ်းမှာ တွေ့ကြတယ် ။ မြင်းက ခရုကို..

" မင်းတော်တော် နှေးတဲ့ အကောင်ပဲ.. နောက်ကျတဲ့ ကောင်က လမ်းဖယ်ပေးရတယ်ကွ " လို့ ကဲ့ရဲ့တော့..

" အိုအဆွေမြင်း.. ကျွန်ုပ်တို့က တစ်ကယ့် ပြိုင်ပွဲတွေမှာသာ မြန်အောင် သွားတာပါ.. မယုံရင် သင်နှင့် ကျွနုပ် အပြေးပြိုင်မလား " လို့ စိန်ခေါ် လိုက်တယ် ။ မြင်းကလည်း လက်ခံ လိုက်ပြီး ပြိုင်မည့်နေ့ကို ချိန်းဆို လိုက်တယ် ။ ခရုက သူ့အမျိုး ခရုတွေကို ခေါ်ပီး..

" အမောင်ခရုတို့ မြင်းသား မစားချင်ကြ ဘူးလား .. မြင်းသားဟာ သိပ် အညောင်းအညာ ပြေတာ .. "

" စားချင်ကြပါတယ် ခင်ဗျ "

" စားချင်ရင် ငါပြောသလို လုပ်ပါ .. ငါ မြင်းနဲ့ အပြေးပြိုင်ဖို့ ချိန်းထားတယ် ။ အဲဒီနေ့ ကျရင် မင်းတို့တွေဟာ ဒီလမ်းမကြီး တစ်လျောက်မှာ တစ်ဖာလုံလောက်မှာ တစ်ကောင်စီ ပုန်းနေကြ.. မြင်းက ခရု ရှိလားဟေ့ လို့ မေးရင် ရှိတယ်ဗျ လို့ ပြန်ဖြေကြ .. " လို့ မှာထား သတဲ့ ။

ပြိုင်ပွဲနေ့ ရောက်တဲ့အခါ..

" အဆွေမြင်း အသင်ပြေးတဲ့ အခါ တစ်ဖာလုံရောက်တိုင်း ကျွန်ုပ်ကို ရှိလားလို့ မေးပါ ကျွန်ုပ် ပြေးနေကြောင်း ပြန်ဖြေ ပါ့မယ် .. "

" ကောင်းပြီလေ "

သဘောတူပြီး စပြေးကြတယ် ။ မြင်းဟာ အေးအေးဆေးဆေး လမ်းလျောက်နေတာပေါ့ ။ ဒီခရုလောက်တော့ ဘာ ဂရုစိုက်စရာ လိုလဲ ။ ဒါနဲ့ တစ်ဖာလုံ ရောက်လာတော့..

" ဟေ့ခရုနှေးလေး ရှိသေးရဲ့လား ကွဲ့ "

" ကျုပ်ပြေးနေပါတယ်ဗျ "

ခရုရဲ့ စကားကို ကြားလိုက်ရတော့ မြင်းလန့်သွားတယ် ။ ကိုယ့်နားတောင် ကိုယ် မယုံသလို ဖြစ်သွားတယ် ။ မဖြစ်ဘူး ဒီကောင် ငါ့ကို မီလာတယ် ပြေးမှ ဆိုပြီး ဒုံးစိုင်းပြေး တော့တယ် ။ တစ်ဖာလုံ ရောက်လို့ တစ်ခါ မေးတိုင်း ခရုက ရှိနေတယ်ကြီးပဲ ဖြေနေတော့ မြင်းဟာ အစိုးရိမ် လွန်လာပြီး ကဆုန်စိုင်းသတဲ့ ။

စိုင်းပြီး ပြေးတာ နောက်ဆုံးတော့ အမော ဆို့ပြီး သေရှာတော့တယ် ။ ခရုတွေကတော့ အောင်သေအောင်သား စားကြတော့တာပေါ့ ။

ဒီပုံပြင်လေးမှာလည်း တွေးတော ဆင်ခြင်စရာတွေ အများကြီး ရမှာပါ ။

ဆရာ နန္ဒာသိန်းဇံရဲ့အတွေးလေးက ပိုပြီး နှစ်သက်ဖွယ် ကောင်းလို့ ဆရာအတွေးလေး ကိုပဲ ပြန်ရေး ပါ့မယ် ။

ကျွနုပ်တို့ဟာ မြင်းမိုက်လိုပဲ.. လမ်းမှာ တွေ့ခဲ့တဲ့ ခရုတွေကို မူလ ခရု မဟုတ်မှန်း မသိပဲ ခရု အတုတွေကို အစစ် ထင်ခဲ့ကြတယ်။ ဆိုလိုတာက ကျွန်ုပ်တို့ ခန္ဓာကိုယ်ကြီးဟာ ကလပ်စည်းတွေ အမြဲ ပြောင်းလဲနေတာ အစားထိုးမှုကြောင့် အမြဲ ရှိတယ် ထင်နေကြတယ် ။

အဲဒီအထင်ကြောင့် ငါ.. ငါ့ဟာ လို့ ထင်လာပြီး သိမ်းပိုက်ချင် ကြတယ် ။ သိမ်းပိုက်ချင်တော့ မရမက ရှာဖွေရတော့ တာပေါ့ ။ ရှာဖွေရင်းနဲ့ အမောဆို့ သေတဲ့ ဘဝတွေ ဘယ်လောက် များပြီလဲ.. ။ မွေးကတည်းက တည်နေတဲ့ ခန္ဓာကိုယ်လို့ ထင်ထားမှတော့ လွဲနေပြီပေါ့ ။

သန္တတိအစဉ်တန်းကို အမြဲ ရှိလို့ ထင်နေကြတယ် ။ ငါ့သား ငါသမီးဟာ အမြဲရှိ ငါ့ရာထူး ငါ့ငွေ ငါ့ဂုဏ်ဟာ အမြဲရှိ ကျွန်ုပ်တို့မှ အမောဆို့ မသေရင် ဘယ်သူ သေတော့မှာလဲ ။

ဘဝဆိုတာ ရုပ် နာမ် ဖြစ်ပျက် အစဉ်ကြီး သက်သက်သာ ဖြစ်တယ် ။ အဖြေထွက်ပြီးသား ပုစ္ဆာကြီးပါ ပန်းတိုင်ကို မလျောက်ပဲ ရောက်နေကြတာ ။ မြင်းမိုက် ဘဝက လွတ်မြောက်ကြပါစေ ။

အရှင်ပညာသီရိ ( ရမ္မာကျွန်း )

for zawgyi

ျမင္းမိုက္

တစ္ခါတုန္းက ျမင္းတစ္ေကာင္နဲ႔ ခ႐ု ပက္က်ိ တစ္ေကာင္ လမ္းမွာ ေတြ႕ၾကတယ္ ။ ျမင္းက ခ႐ုကို..

" မင္းေတာ္ေတာ္ ေႏွးတဲ့ အေကာင္ပဲ.. ေနာက္က်တဲ့ ေကာင္က လမ္းဖယ္ေပးရတယ္ကြ " လို႔ ကဲ့ရဲ႕ေတာ့..

" အိုအေဆြျမင္း.. ကြၽႏ္ုပ္တို႔က တစ္ကယ့္ ၿပိဳင္ပြဲေတြမွာသာ ျမန္ေအာင္ သြားတာပါ.. မယုံရင္ သင္ႏွင့္ ကြၽႏုပ္ အေျပးၿပိဳင္မလား " လို႔ စိန္ေခၚ လိုက္တယ္ ။ ျမင္းကလည္း လက္ခံ လိုက္ၿပီး ၿပိဳင္မည့္ေန႔ကို ခ်ိန္းဆို လိုက္တယ္ ။ ခ႐ုက သူ႔အမ်ိဳး ခ႐ုေတြကို ေခၚၿပီး..

" အေမာင္ခ႐ုတို႔ ျမင္းသား မစားခ်င္ၾက ဘူးလား .. ျမင္းသားဟာ သိပ္ အေညာင္းအညာ ေျပတာ .. "

" စားခ်င္ၾကပါတယ္ ခင္ဗ် "

" စားခ်င္ရင္ ငါေျပာသလို လုပ္ပါ .. ငါ ျမင္းနဲ႔ အေျပးၿပိဳင္ဖို႔ ခ်ိန္းထားတယ္ ။ အဲဒီေန႔ က်ရင္ မင္းတို႔ေတြဟာ ဒီလမ္းမႀကီး တစ္ေလ်ာက္မွာ တစ္ဖာလုံေလာက္မွာ တစ္ေကာင္စီ ပုန္းေနၾက.. ျမင္းက ခ႐ု ရွိလားေဟ့ လို႔ ေမးရင္ ရွိတယ္ဗ် လို႔ ျပန္ေျဖၾက .. " လို႔ မွာထား သတဲ့ ။

ၿပိဳင္ပြဲေန႔ ေရာက္တဲ့အခါ..

" အေဆြျမင္း အသင္ေျပးတဲ့ အခါ တစ္ဖာလုံေရာက္တိုင္း ကြၽႏ္ုပ္ကို ရွိလားလို႔ ေမးပါ ကြၽႏ္ုပ္ ေျပးေနေၾကာင္း ျပန္ေျဖ ပါ့မယ္ .. "

" ေကာင္းၿပီေလ "

သေဘာတူၿပီး စေျပးၾကတယ္ ။ ျမင္းဟာ ေအးေအးေဆးေဆး လမ္းေလ်ာက္ေနတာေပါ့ ။ ဒီခ႐ုေလာက္ေတာ့ ဘာ ဂ႐ုစိုက္စရာ လိုလဲ ။ ဒါနဲ႔ တစ္ဖာလုံ ေရာက္လာေတာ့..

" ေဟ့ခ႐ုေႏွးေလး ရွိေသးရဲ႕လား ကြဲ႕ "

" က်ဳပ္ေျပးေနပါတယ္ဗ် "

ခ႐ုရဲ႕ စကားကို ၾကားလိုက္ရေတာ့ ျမင္းလန႔္သြားတယ္ ။ ကိုယ့္နားေတာင္ ကိုယ္ မယုံသလို ျဖစ္သြားတယ္ ။ မျဖစ္ဘူး ဒီေကာင္ ငါ့ကို မီလာတယ္ ေျပးမွ ဆိုၿပီး ဒုံးစိုင္းေျပး ေတာ့တယ္ ။ တစ္ဖာလုံ ေရာက္လို႔ တစ္ခါ ေမးတိုင္း ခ႐ုက ရွိေနတယ္ႀကီးပဲ ေျဖေနေတာ့ ျမင္းဟာ အစိုးရိမ္ လြန္လာၿပီး ကဆုန္စိုင္းသတဲ့ ။

စိုင္းၿပီး ေျပးတာ ေနာက္ဆုံးေတာ့ အေမာ ဆို႔ၿပီး ေသရွာေတာ့တယ္ ။ ခ႐ုေတြကေတာ့ ေအာင္ေသေအာင္သား စားၾကေတာ့တာေပါ့ ။

ဒီပုံျပင္ေလးမွာလည္း ေတြးေတာ ဆင္ျခင္စရာေတြ အမ်ားႀကီး ရမွာပါ ။

ဆရာ နႏၵာသိန္းဇံရဲ႕အေတြးေလးက ပိုၿပီး ႏွစ္သက္ဖြယ္ ေကာင္းလို႔ ဆရာအေတြးေလး ကိုပဲ ျပန္ေရး ပါ့မယ္ ။

ကြၽႏုပ္တို႔ဟာ ျမင္းမိုက္လိုပဲ.. လမ္းမွာ ေတြ႕ခဲ့တဲ့ ခ႐ုေတြကို မူလ ခ႐ု မဟုတ္မွန္း မသိပဲ ခ႐ု အတုေတြကို အစစ္ ထင္ခဲ့ၾကတယ္။ ဆိုလိုတာက ကြၽႏ္ုပ္တို႔ ခႏၶာကိုယ္ႀကီးဟာ ကလပ္စည္းေတြ အၿမဲ ေျပာင္းလဲေနတာ အစားထိုးမႈေၾကာင့္ အၿမဲ ရွိတယ္ ထင္ေနၾကတယ္ ။

အဲဒီအထင္ေၾကာင့္ ငါ.. ငါ့ဟာ လို႔ ထင္လာၿပီး သိမ္းပိုက္ခ်င္ ၾကတယ္ ။ သိမ္းပိုက္ခ်င္ေတာ့ မရမက ရွာေဖြရေတာ့ တာေပါ့ ။ ရွာေဖြရင္းနဲ႔ အေမာဆို႔ ေသတဲ့ ဘဝေတြ ဘယ္ေလာက္ မ်ားၿပီလဲ.. ။ ေမြးကတည္းက တည္ေနတဲ့ ခႏၶာကိုယ္လို႔ ထင္ထားမွေတာ့ လြဲေနၿပီေပါ့ ။

သႏၲတိအစဥ္တန္းကို အၿမဲ ရွိလို႔ ထင္ေနၾကတယ္ ။ ငါ့သား ငါသမီးဟာ အၿမဲရွိ ငါ့ရာထူး ငါ့ေငြ ငါ့ဂုဏ္ဟာ အၿမဲရွိ ကြၽႏ္ုပ္တို႔မွ အေမာဆို႔ မေသရင္ ဘယ္သူ ေသေတာ့မွာလဲ ။

ဘဝဆိုတာ ႐ုပ္ နာမ္ ျဖစ္ပ်က္ အစဥ္ႀကီး သက္သက္သာ ျဖစ္တယ္ ။ အေျဖထြက္ၿပီးသား ပုစာၦႀကီးပါ ပန္းတိုင္ကို မေလ်ာက္ပဲ ေရာက္ေနၾကတာ ။ ျမင္းမိုက္ ဘဝက လြတ္ေျမာက္ၾကပါေစ ။

အရွင္ပညာသီရိ ( ရမၼာကြၽန္း )

Post a Comment

0 Comments