နှစ်ခြိုက်စွာ အိပ်စက်ခြင်းက ကလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေပါတယ်။ အိပ်ရေး မဝခြင်းက ဘာသာစကားနဲ့ အဖတ်စွမ်းရည်တွေကို လေ့လာရာမှာ ထိခိုက်စေပါတယ်။ မိဘတွေ သတိမထားမိတဲ့ တချို့ အချက်အလက်တွေကြောင့် ကလေးတွေက လွယ်လွယ်နဲ့ အိပ်မပျော်တတ်ကြပါဘူး။ ဒါကြောင့် love media ကနေ ကလေးတွေ အိပ်မပျော်ရတဲ့ အကြောင်းရင်း ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်နော် ။

၁ ။ ကလေးတွေရဲ့ အိပ်ချိန်မမှန်ခြင်း

ကလေးတွေအတွက် အိပ်ချိန်မှန်ဖို့ လိုပါတယ်။ အိပ်ချိန်မှန်တဲ့အခါ စိတ်တည်ငြိမ်ပြီး ကလေးလည်း မြန်မြန် အိပ်ပျော်မှာပါ။ အဲဒါကြောင့် ကလေးကို အချိန်အတိအကျ သိပ်ဖို့လိုပါတယ်။ အိပ်ချိန်မှန်တဲ့အခါ ကလေးတွေက အချိန်ကျရင် အိပ်ချင်လာပါတယ်။ အဲဒီအခါ မြန်မြန်လည်း အိပ်ပျော်လွယ်ပါတယ်။

၂ ။ ကလေးတွေရဲ့ အမူအရာကို မမှတ်မိခြင်း

တစ်ခါတရံမှာ မိဘတွေက ကလေးအိပ်ဖို့ အကြာကြီး သိပ်ရပါတယ်။ ကလေးအိပ်ချင်လာတဲ့အခါ လက္ခဏာတွေ ပြပါတယ်။ မျက်မှောင်ကျုံ့ခြင်း၊ လက်သီးဆုပ်ခြင်း၊ အဝေးကိုငေးနေခြင်း၊ နားနဲ့မျက်လုံးများကို ပွတ်ခြင်းတို့က ကလေးတွေ အိပ်ချင်နေကြောင်းပြတဲ့ လက္ခဏာပါ။

၃ ။ ကလေးကို အလွန်ချော့ခြင်း

ကလေးကို ပွတ်သပ်ပေးခြင်းက အိပ်ပျော်လွယ်စေပါတယ်။ တစ်ခါတရံမှာ ကလေးကို မချော့ဘဲ သူ့ဘာသာသူ အိပ်ပျော်သွားအောင် ထားသင့်ပါတယ်။

၄ ။ ကလေးတွေနိုးနေတဲ့အချိန်မှာ သီချင်းဆို မပြခြင်း

လူကြီးတွေကလည်း တစ်နေကုန် အလုပ်လုပ်ပြီးရင် ပင်ပန်းပြီး အိပ်ချင်လာပါတယ်။ ကလေးတွေကလည်း တစ်နေကုန် လှုပ်လှုပ်ရှားရှား နေပြီးရင် အိပ်ချင်လာပါတယ်။ ကလေးကို စကားပြောတာ၊ သီချင်းဆိုပြတာ၊ ကခိုင်းတာက ပျော်ရွှင်စေတဲ့အပြင် မြန်မြန်လည်း အိပ်ပျော်လွယ်မှာပါ။

၅ ။ ကလေးကို မီးလင်းနေတဲ့အခန်းမှာ သိပ်ထားခြင်း

တချို့မိဘတွေက ကလေးကို နေ့လယ်မှာ တစ်ရေးသိပ်ပါတယ်။ အဲဒီအခါ ကလေးက နေ့နဲ့ည ခွဲသွားတတ်ပါတယ်။ ဒါပေမယ့် ကလေးကို နည်းနည်းမှောင်တဲ့အခန်းမှာ သိပ်တဲ့အခါ အိပ်စက်မှုကို ပုံမှန်ဖြစ်စေတဲ့ melatonin ဟော်မုန်း ထွက်တာကြောင့် ကလေးက အိပ်ပျော်လွယ်မှာပါ။

၆ ။ ဆူညံနေခြင်း

ကလေးက လုံးဝတိတ်ဆိတ်မှ အိပ်တတ်တယ် ဆိုရင် နောက်ပိုင်းမှ အိပ်ပျော်ဖို့ ခက်လာပါတယ်။ အဲဒီအခါ ငှက်သံ၊ စမ်းချောင်းက ရေသံ စတဲ့ချိုသာတဲ့ အသံလေးတွေကို ကလေးနားမှာ ဖွင့်ပေးတဲ့အခါ ကလေးက အိပ်ပျော်လွယ်မှာပါ။

၇ ။ ကလေးကို နေ့လယ်မှာ မအိပ်ခိုင်းခြင်း

ကလေးကို နေ့လယ်မှာ မအိပ်ခိုင်းရင် ညဘက်မှာ အိပ်ပျော်လွယ်တယ်လို့ တချို့မိဘတွေက ထင်ပါတယ်။ တကယ်တော့ ကလေးကို နေ့လယ်မှာ အချိန်ခဏလေးမသိပ်ခြင်းက ကလေးရဲ့အိပ်စက်မှု စက်ဝန်းကို ကမောက်ကမ ဖြစ်စေပါတယ်။

၈ ။ ကလေးကို ပုခက်နှင့် မသိပ်ခြင်း

ကလေးအများစုက ပုခက်မှာ အသက် တစ်နှစ်ခွဲကနေ ၃ နှစ်ခွဲအထိ အိပ်ပါတယ်။ ကလေးကို ပုခက်နဲ့ မသိပ်တော့တဲ့အခါ ကလေးအတွက် နေရထိုင်ရ အဆင်မပြေပါဘူး။ ညဆိုရင်လည်း အိပ်မပျော်ဘဲ အိမ်ထဲမှာ လျှောက်သွားတတ်ပါတယ်။ ကလေး ပုခက်ဘေးမှာ အကာတွေ ပါတာကြောင့် ညဆို အိမ်ထဲလျှောက်မသွားတော့ပါဘူး။ လမ်းလျှောက်တတ်စကလေးက ပုခက်ထဲကနေ ထွက်တတ်ပြီဆိုရင် အိပ်ရာထဲ ပြောင်းသိပ်သင့်ပါတယ်။

၉ ။ ကလေးကို မိဘနှင့်အတူ သိပ်ခြင်း

တချို့မိဘတွေက ကလေးတွေနဲ့ အတူတူ အိပ်ပါတယ်။ အဲဒီအခါ ကလေးက မိဘတွေမရှိတဲ့အခါ အိပ်ပျော်ဖို့ ခက်ပါတယ်။

၁၀ ။ ကလေးတွေကို နေ့လယ်မှာ အချိန်ကြာမြင့်စွာ အိပ်ခိုင်းခြင်း

မွေးကင်းစ ကလေးတွေအတွက် တစ်နေ့ကို ၁၃ နာရီ ကနေ ၁၅ နာရီကြာ အိပ်တာက ပုံမှန်အိပ်ချိန်ပါပဲ။ ဒါပေမယ့် လမ်းလျှောက်တတ်စ ကလေးက နေ့လယ်မှာ ၃ နာရီထက် ပိုပြီး မအိပ်သင့်ပါဘူး။

Zombie (Lovemedia)