အိပ်နေရင်း Airpod မြိုချမိသွားတဲ့ အမျိုးသားရဲ့အဖြစ်

Apple က ကြိုးမဲ့ AirPods ကို မိတ်ဆက်လိုက်တဲ့ အခါ Apple အသုံးပြုသူများက ဒီတီထွင်မှုကို သဘောကျခဲ့ကြ ပါတယ်။ အချို့သူတွေက AirPods ဟာ အရမ်းသေးလို့ ပျောက်ဖို့ လွယ်ကူတယ်လို့ ပြောကြပါတယ်။

Xu ဆိုတဲ့ လူတစ်ယောက်က AidPods သေးလွန်းလို့ မတော်တဆ မြိုချမိသွားပါတယ်။ ဒီအဖြစ်အပျက်က ထိုင်ဝမ်၊ Kaohsiung မြို့မှာ ဖြစ်ခဲ့တာပါ။ Xu ဟာ အိပ်ပျော်သွားပြီး AirPods ကို ဖြုတ်ဖို့ မေ့သွားပါတယ်။ Xu နိုးလာတဲ့အခါ AirPod ပျောက်သွားလို့ လိုက်ရှာ ပါတယ်။ နေရာအနှံ့ လိုက်ရှာပေမယ့် မတွေ့ပါဘူး။

အဲဒါကြောင့် Xu ဟာ AirPod ကို Find My iPhone app ကို သုံးပြီး ရှာလိုက်တဲ့အခါ တတီတီ မြည်သံကိုတော့ ကြားရပါတယ် ။ အသံ ဘယ်ကလာသလဲ ဆိုတာကိုတော့ မသိပါဘူး။ Xu သေချ ာနားထောင်လိုက်တဲ့ အခါ အသံက သူ့ခန္ဓာကိုယ်ထဲက လာတယ် ဆိုတာကို သိလိုက်ရပါတယ်။

Xu ဟာ အိပ်နေတုန်း AirPod ကို မြိုချမိသွားတာကို သတိရသွားပြီး လန့်သွားပါတယ်။ Xu ရဲ့ ခန္ဓာကိုယ်ထဲမှာ ပုံမှန်အတိုင်းဖြစ်နေပြီး ဆရာဝန်ဆီ သွားကာ ရှင်းပြလိုက် ပါတယ်။ ဆရာဝန်က Xu ကို X-Ray နဲ့ ကြည့်လိုက်တဲ့အခါ AirPod က အစာချေစနစ်ထဲကို အမှန်တကယ် ရောက်နေပါတယ်။

ဆရာဝန်က Xu ကို ဝမ်းနှုတ်ဆေး သောက်ခိုင်းလိုက်ပြီး အခြေအနေကို စောင့်ကြည့်ခိုင်းလိုက်ပါတယ်။ နောက်နေ့မှာ Xu အိမ်သာသွားတဲ့အခါ AirPod ပြန်ရပြီး သန့်ရှင်းရေး လုပ်လိုက်ရပါတယ် ။ AirPod လေးက အစာချေ စနစ်ထဲကနေ ခက်ခက်ခဲခဲ ထွက်လာရပေမယ့် အရင်အတိုင်း အလုပ်လုပ်နေဆဲပါပဲ။ ပုံမှန်အတိုင်း နားထောင်လို့ ရနေပါသေးတယ်။

ဆရာဝန်က လူနာတွေရဲ့ ဗိုက်ထဲကို တခြားပစ္စည်းတွေ ရောက်သွားတာ မြင်ဖူးပေမယ့် အစာအိမ်ထဲ AirPod ရောက်သွားတာတော့ ပထမဆုံး မြင်ဖူးတာပါတဲ့။ Xu ဟာ ခန္ဓာကိုယ်ထဲမှာ ဘာမှ မခံစားရပေမယ့် AirPod ကို ဗိုက်ထဲကနေ နှစ်ရက်အတွင်း ထုတ်ပစ်ဖို့ လိုပါတယ်။ မထုတ်ရင် ဓာတ်ခဲက အစာအိမ်ကို ဒုက္ခပေးမှာပါ။ အဲဒီလိုဆိုရင် ခွဲစိတ်မှု ခံယူရမှာပါ။ အခုတော့ Xu ဟာ AirPods ကို သေချာပိုးသတ်ပြီး ပြန်သုံးနေပါပြီ။

Zombie (Lovemedia)

for zawgyi

အိပ္ေနရင္း Airpod ၿမိဳခ်မိသြားတဲ့ အမ်ိဳးသားရဲ႕အျဖစ္

Apple က ႀကိဳးမဲ့ AirPods ကို မိတ္ဆက္လိုက္တဲ့ အခါ Apple အသုံးျပဳသူမ်ားက ဒီတီထြင္မႈကို သေဘာက်ခဲ့ၾက ပါတယ္။ အခ်ိဳ႕သူေတြက AirPods ဟာ အရမ္းေသးလို႔ ေပ်ာက္ဖို႔ လြယ္ကူတယ္လို႔ ေျပာၾကပါတယ္။

Xu ဆိုတဲ့ လူတစ္ေယာက္က AidPods ေသးလြန္းလို႔ မေတာ္တဆ ၿမိဳခ်မိသြားပါတယ္။ ဒီအျဖစ္အပ်က္က ထိုင္ဝမ္၊ Kaohsiung ၿမိဳ႕မွာ ျဖစ္ခဲ့တာပါ။ Xu ဟာ အိပ္ေပ်ာ္သြားၿပီး AirPods ကို ျဖဳတ္ဖို႔ ေမ့သြားပါတယ္။ Xu ႏိုးလာတဲ့အခါ AirPod ေပ်ာက္သြားလို႔ လိုက္ရွာ ပါတယ္။ ေနရာအႏွံ႔ လိုက္ရွာေပမယ့္ မေတြ႕ပါဘူး။

အဲဒါေၾကာင့္ Xu ဟာ AirPod ကို Find My iPhone app ကို သုံးၿပီး ရွာလိုက္တဲ့အခါ တတီတီ ျမည္သံကိုေတာ့ ၾကားရပါတယ္ ။ အသံ ဘယ္ကလာသလဲ ဆိုတာကိုေတာ့ မသိပါဘူး။ Xu ေသခ် ာနားေထာင္လိုက္တဲ့ အခါ အသံက သူ႔ခႏၶာကိုယ္ထဲက လာတယ္ ဆိုတာကို သိလိုက္ရပါတယ္။

Xu ဟာ အိပ္ေနတုန္း AirPod ကို ၿမိဳခ်မိသြားတာကို သတိရသြားၿပီး လန႔္သြားပါတယ္။ Xu ရဲ႕ ခႏၶာကိုယ္ထဲမွာ ပုံမွန္အတိုင္းျဖစ္ေနၿပီး ဆရာဝန္ဆီ သြားကာ ရွင္းျပလိုက္ ပါတယ္။ ဆရာဝန္က Xu ကို X-Ray နဲ႔ ၾကည့္လိုက္တဲ့အခါ AirPod က အစာေခ်စနစ္ထဲကို အမွန္တကယ္ ေရာက္ေနပါတယ္။

ဆရာဝန္က Xu ကို ဝမ္းႏႈတ္ေဆး ေသာက္ခိုင္းလိုက္ၿပီး အေျခအေနကို ေစာင့္ၾကည့္ခိုင္းလိုက္ပါတယ္။ ေနာက္ေန႔မွာ Xu အိမ္သာသြားတဲ့အခါ AirPod ျပန္ရၿပီး သန႔္ရွင္းေရး လုပ္လိုက္ရပါတယ္ ။ AirPod ေလးက အစာေခ် စနစ္ထဲကေန ခက္ခက္ခဲခဲ ထြက္လာရေပမယ့္ အရင္အတိုင္း အလုပ္လုပ္ေနဆဲပါပဲ။ ပုံမွန္အတိုင္း နားေထာင္လို႔ ရေနပါေသးတယ္။

ဆရာဝန္က လူနာေတြရဲ႕ဗိုက္ထဲကို တျခားပစၥည္းေတြ ေရာက္သြားတာ ျမင္ဖူးေပမယ့္ အစာအိမ္ထဲ AirPod ေရာက္သြားတာေတာ့ ပထမဆုံး ျမင္ဖူးတာပါတဲ့။ Xu ဟာ ခႏၶာကိုယ္ထဲမွာ ဘာမွ မခံစားရေပမယ့္ AirPod ကို ဗိုက္ထဲကေန ႏွစ္ရက္အတြင္း ထုတ္ပစ္ဖို႔ လိုပါတယ္။ မထုတ္ရင္ ဓာတ္ခဲက အစာအိမ္ကို ဒုကၡေပးမွာပါ။ အဲဒီလိုဆိုရင္ ခြဲစိတ္မႈ ခံယူရမွာပါ။ အခုေတာ့ Xu ဟာ AirPods ကို ေသခ်ာပိုးသတ္ၿပီး ျပန္သုံးေနပါၿပီ။

Zombie (Lovemedia)

Post a Comment

0 Comments