အေသွေးပိုင်ရှင် မိန်းကလေးတွေ အကြောင်း

သူမဟာ တည်ငြိမ်တယ် ၊ အေးချမ်းတယ် ၊ လောကကြီးကို သဘာဝအတိုင်း တွေးမြင်တတ်တယ် ။ အချစ် ဆိုတာကို ပေးဆပ်ခြင်းလို့ သတ်မှတ်ထားပီး ကိုယ့်ဆီမှာ မနေလိုသူကို ဖက်တွယ် မနေတတ်ဘူး ။ ငြိမ်းငြိမ်းချမ်းချမ်း နေရတာကို သဘောကျနှစ်သက်တယ် ။

ဘာကိုပဲလုပ်လုပ် စနစ်တကျ လုပ်တတ်ပီး စေတနာ ပါပါ လုပ်တတ်ကြတယ် ။ ဘဝမှာ ဘယ်အရာကိုမှ အလွယ်တကူ မလိုချင်ဘူး ။ အပေးနဲ့အယူ သဘောတရားကို နားလည် သဘောပေါက်တယ် ။ သူမရဲ့ ချစ်တဲ့သူကိုလည်း သူမလို အေးချမ်းပျော်ရွှင် စေချင်တယ် ။

ယောင်္ကျား တစ်ယောက်ရှိမှ ဘဝကို ရပ်တည်နိုင်မယ့်ထဲ သူမတို့ မပါကြဘူး ။ သူမအပေါ် နွေးထွေး ကြင်နာတက်တဲ့ ယောင်္ကျားကိုသာ လိုအပ်တာပါ ။ ထက်ထက်မြက်မြက်နဲ့ အရာရာကို ကိုယ်ပိုင် ဖန်တီးနိုင်စွမ်းလည်း ရှိတယ် ။ သူမ လိုချင်တာကတော့ အေးမြတဲ့ အချစ်ရိပ်လေး တခုတည်းပါ ။

ချစ်သူရဲ့ အမှားတွေကို ကူညီ ပြုပြင် ပေးတတ်တယ် ။ ဆရာကြီးပုံစံ ပေါက်ရင် ပေါက်လိမ့်မယ် ။ စိတ်ရင်းကတော့ သင့်ကို သူမက ကောင်းစေလိုတယ် ဆိုတာ သင်သိထားပါ ။ သစ္စာဆိုတဲ့ အရာတစ်ခုကိုပဲ အပြောနဲ့ မဟုတ်ပဲ သူမကိုယ်တိုင် ကျင့်သုံးတတ်ပီး သင့် ဘက်ကလည်း လက်တွေ့ သက်သေ ပြပေးဖို့သာ အရေးကြီးပါတယ် ။

သူမတို့က အိမ်မှုကိစ္စ ကျွမ်းကျင်တယ် ။ အလှအပ မက်တဲ့ အချက်တခုကြောင့် အိမ်မှု မနိုင်နင်းသူလို့ သူမကို ထင်ရင် သင် မဟာအမှားကြီး တခုကို ပိုင်ဆိုင်သွားပါပီ ။ အရောင်တွေထဲမှာ အဖြူ အဝါ အစိမ်း မိုးပြာရောင် တို့ကို့ကြိုက်နှစ်သက်ကြတယ် ။ သူမတို့က သစ်ခွ စံပါယ် ခရေ တို့လို ရနံ့ သင်းသင်းမွေးတဲ့ ပန်း အမျိုးအစားကိုလည်း နှစ်သက် တက်ပါတယ်။

သီချင်း အေးအေးလေးနဲ့ ရယ်မောစရာ ဟာသတွေကို ကြိုက်နှစ်သက်တက် လို့ Pop music နဲ့ ဟာသလေးတွေနဲ့ ချဉ်းကပ်တက်ဖို့လည်း မမေ့ပါနဲ့ ။ စာဖတ်ရခြင်းကို နှစ်သက် တက်တာလည်း သူမတို့အကျင့်ပါ ။ သူမနဲ့ချစ်သူ ဖြစ်နေရင် သူမပင်ပန်း အားငယ်နေချိန် စိတ်အားငယ်တက်တဲ့ သူမအတွက် အားပေးစကား ပြောတက်ဖို့ အရေးပါလွန်းပါတယ် ။

သူမ နှလုံးသားက နူးညံတဲ့သူမို့ သင့်နှလုံးသားကို နူးညံနေဖို့သင် ဂရုစိုက် ပြင်ဆင်ထားပါ ။ သင် သူမကို ဘယ်လောက်ထိ စိတ်ဆိုးနေပါစေ ၊ ခဏလေးတောင် အဆက်အသွယ် မဖြတ်မိပါစေနဲ့ ။

သူမက အစားအသောက် နဲ့ပတ်သက်ရင် အချဉ်ကို ပိုမို နှစ်သက်တက်တာလည်း ဂရုစိုက်ပါ ။ သူမ ကျန်းမာရေး ကသူမ ပျော်ရွှင်မူနဲ့ တိုက်ရိုက် ချိတ်ဆက်ထားလို့ သင်ချစ်ရင် သူမကို ပျော်ရွှင်စေဖို့ အာရုံထဲ မပြတ် မှတ်မိနေပါစေ ။

အေသွေး ပိုင်ရှင် သူမက သင်နဲ့ လက်ထပ်ဖြစ်သွားရင် ပထမဆုံး သူမ ရင်သွေးကို အမြွှာမောင်နှမလေးတွေ မွေးဖွားပေးဖို့ 30% မိန်းကလေး 50% ယောင်္ကျားလေး 70% မွေးပေးမယ့် သားကောင်း မိခင်တစ်ဦးပါနော် ။

Aung zin myat

Post a Comment

0 Comments