အလွန်အမင်း ကြောက်နေတဲ့သူကို အကြောက်ပြေအောင် လုပ်ပေးနိုင်မယ့် နည်းလမ်း (၈) မျိုး

ကိုယ်နဲ့ ရင်းနှီးတဲ့သူ တစ်ယောက်ယောက်က ထိန်းမနိုင် သိန်းမရ လောက်အောင် ကြောက်လန့် နေတဲ့အခါ သူ့ကို အကြောက်ပြေအောင် လုပ်ပေးဖို့က မလွယ်ပါဘူး။ အရင်းနှီးဆုံး လူတွေဖြစ်တဲ့ ခင်ပွန်း၊ ဇနီး၊ မိဘ၊ မိတ်ဆွေတွေ အကြောက်လွန်မှုနဲ့ ကြုံလာရတဲ့ အခါ အကြောက်ပြေ သွားအောင် ကူညီနိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။ ဒီလို ကိစ္စမျိုးနဲ့ ကြုံလာတဲ့ အခါ လူတွေက ကြောက်နေတဲ့ သူကို ကြည့်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွား တတ်ပါတယ်။

1. စိတ်တည်ငြိမ်အောင် ထားဖို့ ပြောပါ။

အကြောက်လွန်နေတဲ့သူ တစ်ယောက်ကို စိတ်တည်ငြိမ်အောင် လုပ်ဖို့က ခက်ပါတယ်။ ဒါပေမယ့် စိတ်ငြိမ်သွားမှ ပိုမဆိုးလာတော့ မှာပါ။ အကြောက်လွန်နေသူကို စကား တည်တည်ငြိမ်ငြိမ် ပြောပြပါ။ ကြောက်နေသူရဲ့ရှေ့မှာ ဆူဆူညံညံ ပြောတာတွေ၊ အော်ဟစ်တာတွေ မပြုလုပ်သင့် ပါဘူး။

2. သူတို့ရဲ့ခံစားချက်ကို သေးသိမ်သွားအောင် မလုပ်လိုက် ပါနဲ့။

ထိန်းမနိုင် သိမ်းမရအောင် အကြောက်လွန်ခြင်းက အန္တရာယ်မရှိဘူး ဆိုရင်တောင် သူတို့ရဲ့စိတ်ထဲမှာ ခံစားချက်တွေက အနည်းနဲ့ အများတော့ ရှိနေမှာပါ။ ရင်ဘတ်အောင့်တာ၊ မူးတာ၊ အသက်ရှုမဝတာ၊ နှလုံးခုန်မြန်တာတွေ ဖြစ်လာမှာပါ။ အလွန်အမင်း ကြောက်နေသူကို " အလကားပါ၊ ကြောက်ချင်ယောင် ဆောင်မနေပါနဲ့ " စတဲ့စကားတွေ သွားပြောခြင်းက အကူအညီ မဖြစ်စေပါဘူး။ အကြောက်လွန်နေသူကို အားပေးတဲ့ စကားတွေပဲ ပြောသင့်ပါတယ်။

3. သူတို့ ဘာလိုအပ်နေလဲ ဆိုတာကို မေးပါ။

လူတွေက တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်း မတူကြပါဘူး။ အဲဒါကြောင့် လောလောဆယ်မှာ သူလိုအပ်နေ တာကို ညင်ညင်သာသာ မေးသင့်ပါတယ်။ ကိုယ်သိချင်တာကို ဇွတ်အတင်း မမေးလိုက်ပါနဲ့။ သူတို့ပြောချင်တဲ့ စကားကို တိတ်တိတ်ဆိတ်ဆိတ် နားထောင်ပေးတာက သူတို့ကို အားပေးရာရောက်ပါတယ်။

4. အခုကြုံနေရတဲ့ အကြောက်လွန်မှပြ မကြာခင်ပြီးသွားမှာ ဖြစ်ကြောင်း ရှင်းပြပါ။

အလွန်အမင်း ကြောက်လန့် ခြင်းက တစ်နာရီခွဲထက် ကြာလေ့ မရှိပါဘူး ။ ဒါပေမယ့် ကြောက်လန့်မှု အမြင့်ဆုံး ဖြစ်နေတဲ့ အချိန်က 2 မိနစ် ကနေ 10 မိနစ် အထိ ကြာတတ် ပါတယ် ။ ဒါပေမယ့် အလွန်ကြောက်နေသူရဲ့ စိတ်ထဲမှာတော့ ဒီအခိုက်အတန့် လေးက ထာဝရ ကြာသလို ခံစားနေရမှာပါ။ ကြုံနေရတဲ့ ပြဿနာက အမြဲဖြစ်နေမှာ မဟုတ်ကြောင်း ရှင်းပြရင် သက်သာရာ ရသွားမှာပါ။

5. အကြောက်လွန်ခြင်းက အန္တရာယ် မရှိကြောင်း ပြောပြပါ။

တချို့က အလွန်အမင်း ကြောက်လန့်ခြင်းကို နှလုံးရောဂါရဲ့ လက္ခဏာ၊ ရုတ်တရက် သေဆုံးနိုင်တဲ့ လက္ခဏာလို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အကြောက်လွန်နေ သူက ဆေးစစ်မှု ခံယူဖူးရင်၊ ရောဂါကြီးကြီးမားမား မရှိရင် ရှင်းပြလို့ လွယ်ပါတယ်။

6. အကြောက်လွန်နေသူနဲ့ ပြိုင်တူ အသက်ရှူပါ။

အကြောက်လွန်နေသူက အသက်ရှူလည်း မမှန်တော့ ပါဘူး။ အသက်ရှူတာ အလွန်မြန်နေတတ် ပါတယ်။ ပြိုင်တူ အသက်ရှူပေးခြင်းက တော်တော် ထိရောက်ပါတယ်။အသက်ကို 1 စက္ကန့်ကနေ 5 စက္ကန့်အထိ ကြာအောင် ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်ပါ။ အကြောက်လွန်နေသူက အသက်ရှူမှန်လာတဲ့အခါ ကြောက်စိတ်တွေ အနည်းငယ် ပြယ်သွားပါတယ်။

7. လူရှုပ်တဲ့ နေရာကနေ ခဏလေး ထွက်သွားလိုက်ပါ။

အကြောက်လွန် နေသူတွေက အဝေးကို ထွက်ပြေးသွားချင်ကြ ပါတယ်။ ဒါပေမယ့် ရေရှည်မှာ ဒီနည်းက သင့်တော်တဲ့ နည်းတော့ မဟုတ်ပါဘူး။ ခဏတာ အတွက်ပဲ အဆင်ပြေ မှာပါ။ ဒါပေမယ့် လူရှုပ်တဲ့ ဈေးဝယ်စင်တာ၊ ဘူတာရုံ၊ လေယာဉ်ကွင်းလို နေရာမှာဆိုရင်တော့ ရှောင်ထွက်သွားတာ ကောင်းပါတယ်။ အလွန်အမင်း ကြောက်လန့်နေတဲ့အခါ ထိုင်ချလိုက်ခြင်းကလည်း အဆင်ပြေစေမှာပါ။

8. အလွန်ကြောက်နေသူကို အာရုံပြောင်းပေးပါ။

သင့်နံဘေးက လူတွေက အလွန်အမင်း ကြောက်လန့်နေပြီ ဆိုရင် ထိရောက်တဲ့ နည်းလမ်း တစ်ခုရှိပါတယ်။ အဲဒါကတော့ သူတို့ မျက်စိထဲမှာ မြင်တဲ့အရာ ငါးခု၊ ထိတွေ့လို့ရတဲ့ အရာ လေးခု၊ ကြားရတဲ့အရာ သုံးခု၊ ရှူရှိုက်လို့ရတဲ့ အနံ့နှစ်ခု၊ အရသာခံစားလို့ရတဲ့ အရာတစ်ခုကို စဉ်းစားပြီး ပြောခိုင်းပါ။ ဒီနည်းက အခိုက်အတန့် အားဖြင့်တော့ အာရုံပြောင်းပြီး အကြောက်ပြေ သွားမှာပါ။

Zombie (Lovemedia)

for zawgyi

အလြန္အမင္း ေၾကာက္ေနတဲ့သူကို အေၾကာက္ေျပေအာင္ လုပ္ေပးႏိုင္မယ့္ နည္းလမ္း (၈) မ်ိဳး

ကိုယ္နဲ႔ ရင္းႏွီးတဲ့သူ တစ္ေယာက္ေယာက္က ထိန္းမႏိုင္ သိန္းမရ ေလာက္ေအာင္ ေၾကာက္လန႔္ ေနတဲ့အခါ သူ႔ကို အေၾကာက္ေျပေအာင္ လုပ္ေပးဖို႔က မလြယ္ပါဘူး။ အရင္းႏွီးဆုံး လူေတြျဖစ္တဲ့ ခင္ပြန္း၊ ဇနီး၊ မိဘ၊ မိတ္ေဆြေတြ အေၾကာက္လြန္မႈနဲ႔ ႀကဳံလာရတဲ့ အခါ အေၾကာက္ေျပ သြားေအာင္ ကူညီႏိုင္မယ့္နည္းလမ္းေတြ ရွိပါတယ္။ ဒီလိုကိစၥမ်ိဳးနဲ႔ ႀကဳံလာတဲ့ အခါ လူေတြက ေၾကာက္ေနတဲ့ သူကို ၾကည့္ၿပီး ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ ျဖစ္သြား တတ္ပါတယ္။

1. စိတ္တည္ၿငိမ္ေအာင္ ထားဖို႔ ေျပာပါ။

အေၾကာက္လြန္ေနတဲ့သူ တစ္ေယာက္ကို စိတ္တည္ၿငိမ္ေအာင္ လုပ္ဖို႔က ခက္ပါတယ္။ ဒါေပမယ့္ စိတ္ၿငိမ္သြားမွ ပိုမဆိုးလာေတာ့ မွာပါ။ အေၾကာက္လြန္ေနသူကို စကား တည္တည္ၿငိမ္ၿငိမ္ ေျပာျပပါ။ ေၾကာက္ေနသူရဲ႕ေရွ႕မွာ ဆူဆူညံညံ ေျပာတာေတြ၊ ေအာ္ဟစ္တာေတြ မျပဳလုပ္သင့္ ပါဘူး။

2. သူတို႔ရဲ႕ခံစားခ်က္ကို ေသးသိမ္သြားေအာင္ မလုပ္လိုက္ ပါနဲ႔။

ထိန္းမႏိုင္ သိမ္းမရေအာင္ အေၾကာက္လြန္ျခင္းက အႏၲရာယ္မရွိဘူး ဆိုရင္ေတာင္ သူတို႔ရဲ႕စိတ္ထဲမွာ ခံစားခ်က္ေတြက အနည္းနဲ႔ အမ်ားေတာ့ ရွိေနမွာပါ။ ရင္ဘတ္ေအာင့္တာ၊ မူးတာ၊ အသက္ရႈမဝတာ၊ ႏွလုံးခုန္ျမန္တာေတြ ျဖစ္လာမွာပါ။ အလြန္အမင္း ေၾကာက္ေနသူကို " အလကားပါ၊ ေၾကာက္ခ်င္ေယာင္ ေဆာင္မေနပါနဲ႔ " စတဲ့စကားေတြ သြားေျပာျခင္းက အကူအညီ မျဖစ္ေစပါဘူး။ အေၾကာက္လြန္ေနသူကို အားေပးတဲ့ စကားေတြပဲ ေျပာသင့္ပါတယ္။

3. သူတို႔ ဘာလိုအပ္ေနလဲ ဆိုတာကို ေမးပါ။

လူေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ခ်င္း မတူၾကပါဘူး။ အဲဒါေၾကာင့္ ေလာေလာဆယ္မွာ သူလိုအပ္ေန တာကို ညင္ညင္သာသာ ေမးသင့္ပါတယ္။ ကိုယ္သိခ်င္တာကို ဇြတ္အတင္း မေမးလိုက္ပါနဲ႔။ သူတို႔ေျပာခ်င္တဲ့ စကားကို တိတ္တိတ္ဆိတ္ဆိတ္ နားေထာင္ေပးတာက သူတို႔ကို အားေပးရာေရာက္ပါတယ္။

4. အခုႀကဳံေနရတဲ့ အေၾကာက္လြန္မွျပ မၾကာခင္ၿပီးသြားမွာ ျဖစ္ေၾကာင္း ရွင္းျပပါ။

အလြန္အမင္း ေၾကာက္လန႔္ ျခင္းက တစ္နာရီခြဲထက္ ၾကာေလ့ မရွိပါဘူး ။ ဒါေပမယ့္ ေၾကာက္လန႔္မႈ အျမင့္ဆုံး ျဖစ္ေနတဲ့ အခ်ိန္က 2 မိနစ္ ကေန 10 မိနစ္ အထိ ၾကာတတ္ ပါတယ္ ။ ဒါေပမယ့္ အလြန္ေၾကာက္ေနသူရဲ႕ စိတ္ထဲမွာေတာ့ ဒီအခိုက္အတန႔္ ေလးက ထာဝရ ၾကာသလို ခံစားေနရမွာပါ။ ႀကဳံေနရတဲ့ ျပႆနာက အၿမဲျဖစ္ေနမွာ မဟုတ္ေၾကာင္း ရွင္းျပရင္ သက္သာရာ ရသြားမွာပါ။

5. အေၾကာက္လြန္ျခင္းက အႏၲရာယ္ မရွိေၾကာင္း ေျပာျပပါ။

တခ်ိဳ႕က အလြန္အမင္း ေၾကာက္လန႔္ျခင္းကို ႏွလုံးေရာဂါရဲ႕ လကၡဏာ၊ ႐ုတ္တရက္ ေသဆုံးႏိုင္တဲ့ လကၡဏာလို႔ ထင္ၾကပါတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ အေၾကာက္လြန္ေန သူက ေဆးစစ္မႈ ခံယူဖူးရင္၊ ေရာဂါႀကီးႀကီးမားမား မရွိရင္ ရွင္းျပလို႔ လြယ္ပါတယ္။

6. အေၾကာက္လြန္ေနသူနဲ႔ ၿပိဳင္တူ အသက္ရႉပါ။

အေၾကာက္လြန္ေနသူက အသက္ရႉလည္း မမွန္ေတာ့ ပါဘူး။ အသက္ရႉတာ အလြန္ျမန္ေနတတ္ ပါတယ္။ ၿပိဳင္တူ အသက္ရႉေပးျခင္းက ေတာ္ေတာ္ ထိေရာက္ပါတယ္။အသက္ကို 1 စကၠန႔္ကေန 5 စကၠန႔္အထိ ၾကာေအာင္ ျဖည္းျဖည္းခ်င္း ရႉသြင္းရႉထုတ္ပါ။ အေၾကာက္လြန္ေနသူက အသက္ရႉမွန္လာတဲ့အခါ ေၾကာက္စိတ္ေတြ အနည္းငယ္ ျပယ္သြားပါတယ္။

7. လူရႈပ္တဲ့ ေနရာကေန ခဏေလး ထြက္သြားလိုက္ပါ။

အေၾကာက္လြန္ ေနသူေတြက အေဝးကို ထြက္ေျပးသြားခ်င္ၾက ပါတယ္။ ဒါေပမယ့္ ေရရွည္မွာ ဒီနည္းက သင့္ေတာ္တဲ့ နည္းေတာ့ မဟုတ္ပါဘူး။ ခဏတာ အတြက္ပဲ အဆင္ေျပ မွာပါ။ ဒါေပမယ့္ လူရႈပ္တဲ့ ေဈးဝယ္စင္တာ၊ ဘူတာ႐ုံ၊ ေလယာဥ္ကြင္းလို ေနရာမွာဆိုရင္ေတာ့ ေရွာင္ထြက္သြားတာ ေကာင္းပါတယ္။ အလြန္အမင္း ေၾကာက္လန႔္ေနတဲ့အခါ ထိုင္ခ်လိုက္ျခင္းကလည္း အဆင္ေျပေစမွာပါ။

8. အလြန္ေၾကာက္ေနသူကို အာ႐ုံေျပာင္းေပးပါ။

သင့္နံေဘးက လူေတြက အလြန္အမင္း ေၾကာက္လန႔္ေနၿပီ ဆိုရင္ ထိေရာက္တဲ့ နည္းလမ္း တစ္ခုရွိပါတယ္။ အဲဒါကေတာ့ သူတို႔ မ်က္စိထဲမွာ ျမင္တဲ့အရာ ငါးခု၊ ထိေတြ႕လို႔ရတဲ့ အရာ ေလးခု၊ ၾကားရတဲ့အရာ သုံးခု၊ ရႉရႈိက္လို႔ရတဲ့ အနံ႔ႏွစ္ခု၊ အရသာခံစားလို႔ရတဲ့ အရာတစ္ခုကို စဥ္းစားၿပီး ေျပာခိုင္းပါ။ ဒီနည္းက အခိုက္အတန႔္ အားျဖင့္ေတာ့ အာ႐ုံေျပာင္းၿပီး အေၾကာက္ေျပ သြားမွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments