ကြောင်ပိုင်ရှင်တွေဟာ ခွေးပိုင်ရှင်တွေထက် ဉာဏ်ပိုကောင်းရတဲ့ အကြောင်းအရင်း

အမေရိကန်နိုင်ငံရဲ့ မိသားစု 68 ရာခိုင်နှုန်းမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ ရှိပါတယ်။ မိသားစု 36.5 ရာခိုင်နှုန်းက ခွေးတွေကို မွေးထားပြီး 30.4 ရာခိုင်နှုန်းက ကြောင်တွေကို မွေးထားပါတယ်။ ခွေးက လူတွေရဲ့ သူငယ်ချင်းကောင်းလို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ကြောင်မွေးထားတဲ့သူ အတွက်ကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Austin မြို့၊ Texas တက္ကသိုလ်က Samuel D.Goslin က ခွေးပိုင်ရှင်နဲ့ ကြောင်ပိုင်ရှင်တွေကို နှိုင်းယှဉ်ပြီး သုတေသနပြုဖို့ စိတ်ကူးရလာခဲ့ပါတယ်။ Samuel က လူသားနဲ့ ခွေးကြားက ဆက်သွယ်မှုတွေကို လေ့လာခဲ့ပြီး လူသားနဲ့ ကြောင်ကြားက ဆက်သွယ်မှုကိုတော့ မလေ့လာခဲ့ပါဘူး။

နောက်ပြီးတော့ Carroll ကောလိပ်က တွဲဖက်ပါမောက္ခ Denise D.Guastello က Andrea D.Guastello, Stephen J.Guastello တို့နဲ့အတူ ခွေးပိုင်ရှင်နဲ့ ကြောင်ပိုင်ရှင်တို့ရဲ့ ပင်ကိုစရိုက်တွေကို လေ့လာခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ တိရစ္ဆာန်ချစ်တတ်တဲ့ လူသားတွေရဲ့ စိတ်နေစိတ်ထားကို လေ့လာဖို့ဖြစ်ပါတယ်။

ကြောင်ပိုင်ရှင်နှင့် ခွေးပိုင်ရှင်တို့၏ ခြားနားချက်

ဒီလေ့လာမှုမှာ ဘွဲ့မရသေးတဲ့ ကျောင်းသားပေါင်းအယောက် 600 ကို စစ်တမ်းကောက်ယူ ခဲ့ပါတယ်။ စိတ်ပညာတွေက ကျောင်းသားတွေကို အချက် 16 ချက်နဲ့ စမ်းသပ်ခဲ့ပါတယ်။ အချက် 16 ချက်မှာ နွေးထွေးမှု၊ စိတ်တည်ငြိမ်မှု၊ ပျော်ပျော်နေတတ်မှု၊ လွှမ်းမိုးခြယ်လှယ်နိုင်မှုတို့ ပါဝင်ပါတယ် ။

ဒီသုတေသန ပြုလုပ်ချက်အရ ခွေးပိုင်ရှင်တွေက ဖော်ဖော်ရွေရွေ ပျော်ပျော်ရွှင်ရွှင် နေတတ်ပါတယ်။ ကြောင်ပိုင်ရှင်တွေက စိတ်ထိခိုက်လွယ်ပြီး တီထွင်နိုင်စွမ်းရှိတဲ့သူတွေ ဖြစ်ပါတယ်။ ပြီးတော့ ကြောင်ပိုင်ရှင်တွေက စိတ်ဝင်စားတဲ့အရာတွေကို စူးစူးစိုက်စိုက်နဲ့ အောင်မြင်အောင် လုပ်တတ်ကြပါတယ်။

ကြောင်ပိုင်ရှင်တွေက ဉာဏ်ကောင်းတယ်။

ကြောင်ပိုင်ရှင်တွေကို လေ့လာကြည့်လိုက်တဲ့အခါ အများစု ဉာဏ်ကောင်းတာကို တွေ့ရပါတယ်။ ဒီသုတေသနပြုလုပ်ချက်မှာ ကြောင်ပိုင်ရှင် အများစုက ခွေးပိုင်ရှင်တွေထက် အမှတ်များများ ပိုရပါတယ်။

ကြောင်ပိုင်ရှင်တွေက ကြင်နာတတ်တယ်။

သင်ဟာ ကြောင်ပိုင်ရှင်ဖြစ်ဖြစ်၊ ခွေးပိုင်ရှင်ဖြစ်ဖြစ်၊ ငါးပိုင်ရှင်ဖြစ်ဖြစ် ကြင်နာတတ်တဲ့ စိတ်လေးက သင့်မှာ အမြဲရှိပါတယ်။ အမွေးစုတ်ဖွားနဲ့ ကြောင်လေးတွေက သင်စိတ်ဆိုးနေချိန်၊ ပျော်ရွှင်နေချိန်၊ ဝမ်းနည်းနေချိန် ဘယ်အချိန်မဆို အမြဲသင့်ဘေးမှာ ရှိနေပေးမှာပါ။

Zombie (Lovemedia)

Post a Comment

0 Comments