အလုပ်ကနေအနားယူပြီး နိုင်ငံပေါင်း ၄၀ ကျော်ကို အတူတူခရီးထွက်ခဲ့တဲ့ ဇနီးမောင်နှံ

အလုပ်ကနေ အနားယူလိုက်တဲ့အခါ မိသားစုတွေ၊ မိတ်ဆွေတွေကို အချိန်ပေးနိုင် လာပါတယ်။ ဒါ့အပြင် အရင်က အလုပ်တွေမအားလို့ မသွားဖြစ်ခဲ့တဲ့ နေရာတွေကိုလည်း သွားနိုင်လာပါတယ်။ အဲဒါကြောင့် ပင်စင်ယူပြီးတဲ့အခါ ကိုယ်ဝါသနာပါရာတွေအတွက် အချိန်တွေ ပိုရလာပါတယ်။

တရုတ်နိုင်ငံက အသက် ၇၁ နှစ်အရွယ် ခင်ပွန်း Zhang Guangzhu နဲ့ အသက် ၆၈ နှစ်အရွယ် ဇနီး Wang Zhongjin က အလုပ်ကနေ အနားယူလိုက်ကြပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတော့တယ် ။ အဲဒီဆုံးဖြတ်ချက်က တခြား ဇနီးမောင်နှံတွေအတွက် နှစ်ခါပြန် စဉ်းစားရလောက်မယ့် အရာပါ။ သူတို့ဇနီးမောင်နှံက ကမ္ဘာတစ်ပတ် ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အာရှတိုက်၊ ဥရောပတိုက်နဲ့ တောင်အမေရိကတိုက်အထိ ခရီးထွက်ခဲ့ကြပါတယ်။ သူတို့ခရီးထွက်ခဲ့တဲ့ နိုင်ငံပေါင်းက ၄၀ ကျော်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ အသက်အရွယ်ကြီးလာတာကြောင့် ခရီးမှာ လိုအပ်သလောက်ကိုသာ ကျောပိုးအိတ်ထဲ ထည့်ခဲ့ကြတာပါ။ ကျောပိုးအိတ်ကိုယ်စီနဲ့ အတူတူခရီးထွက်ရတာ ဘယ်လောက်တောင် ပျော်ရွှင်ကြည်နူးစရာ ကောင်းလိုက်မလဲနော်။


၂၀၀၈ ခုနှစ်မှာ ဂရိ၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ နယ်သာလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ချက်စ်သမ္မတနိုင်ငံစတဲ့ ဥရောပ ၁၆ နိုင်ငံကို လည်ပတ်ခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်မှာ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ၊ ကျူးဘားနဲ့ နီပေါနိုင်ငံကို သွားရောက်ခဲ့ကြ ပါတယ် ။ ၂၀၁၀ ခုနှစ်မှာ ရုရှားကို ခရီးထွက်ခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ အခြားနိုင်ငံ ၂၀ ကို ခြေဆန့်နိုင်ခဲ့ပါတယ်။


Zang တို့က ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၄၀ ကျော်ကို ရောက်ပြီးသွားပါပြီ။ သူတို့ဇနီးမောင်နှံက အင်္ဂလိပ်ဘာသာစကား တစ်မျိုးတည်းကိုသာ ပြောတတ်ပေမယ့် သူတို့ရဲ့ခရီးစဉ်တွေကို အားမလျှော့ခဲ့ကြပါဘူး။ Zhang တို့က အသက်ကြီးလာတာကြောင့် ကမ္ဘာပေါ်က နိုင်ငံတွေကို ပေါ့ပေါ့ပါးပါး မသွားနိုင်တော့ပေမယ့်လည်း တရုတ်နိုင်ငံတွင်းကို ခရီးထွက်နေကြဆဲပါပဲ။


သူတို့ရဲ့ ခရီးသွားအတွေ့အကြုံတွေကို တရုတ် social media site ဖြစ်တဲ့ Weibo မှာ မျှဝေခဲ့တာဟာ အတော်ကို အောင်မြင်ပါတယ်။ အသက်ကြီးတဲ့အထိ မခွဲမခွာ ခရီးတွေ အတူသွားနိုင်တဲ့ Zhang တို့ ဇနီးမောင်နှံကို အင်တာနက် အသုံးပြုသူတွေက အားကျနေကြပါတယ်။

Zombie (Lovemedia)

Ref - worldofbuzz

For Zawgyi

အလုပ္ကေနအနားယူၿပီး  ႏိုင္ငံေပါင္း ၄၀ ေက်ာ္ကို အတူတူခရီးထြက္ခဲ့တဲ့ ဇနီးေမာင္ႏွံ

အလုပ္ကေန အနားယူလိုက္တဲ့အခါ မိသားစုေတြ၊ မိတ္ေဆြေတြကို အခ်ိန္ေပးႏိုင္လာပါတယ္။ ဒါ့အျပင္ အရင္က အလုပ္ေတြမအားလို႔ မသြားျဖစ္ခဲ့တဲ့ ေနရာေတြကိုလည္း သြားႏိုင္လာပါတယ္။ အဲဒါေၾကာင့္ ပင္စင္ယူၿပီးတဲ့အခါ ကိုယ္ဝါသနာပါရာေတြအတြက္ အခ်ိန္ေတြ ပိုရလာပါတယ္။

တ႐ုတ္ႏိုင္ငံက အသက္ ၇၁ ႏွစ္အ႐ြယ္ ခင္ပြန္း Zhang Guangzhu နဲ႔ အသက္ ၆၈ ႏွစ္အ႐ြယ္ ဇနီး Wang Zhongjin က အလုပ္ကေန အနားယူလိုက္ၾကၿပီးေနာက္ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိုက္ပါေတာ့တယ္ ။ အဲဒီဆုံးျဖတ္ခ်က္က တျခား ဇနီးေမာင္ႏွံေတြအတြက္ ႏွစ္ခါျပန္ စဥ္းစားရေလာက္မယ့္ အရာပါ။ သူတို႔ဇနီးေမာင္ႏွံက ကမာၻတစ္ပတ္ ခရီးထြက္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။

အာရွတိုက္၊ ဥေရာပတိုက္နဲ႔ ေတာင္အေမရိကတိုက္အထိ ခရီးထြက္ခဲ့ၾကပါတယ္။ သူတို႔ခရီးထြက္ခဲ့တဲ့ ႏိုင္ငံေပါင္းက ၄၀ ေက်ာ္ပါတယ္။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ဟာ အသက္အ႐ြယ္ႀကီးလာတာေၾကာင့္ ခရီးမွာ လိုအပ္သေလာက္ကိုသာ ေက်ာပိုးအိတ္ထဲ ထည့္ခဲ့ၾကတာပါ။ ေက်ာပိုးအိတ္ကိုယ္စီနဲ႔ အတူတူခရီးထြက္ရတာ ဘယ္ေလာက္ေတာင္ ေပ်ာ္႐ႊင္ၾကည္ႏူးစရာ ေကာင္းလိုက္မလဲေနာ္။

၂၀၀၈ ခုႏွစ္မွာ ဂရိ၊ အီတလီ၊ စပိန္၊ ေပၚတူဂီ၊ ျပင္သစ္၊ နယ္သာလန္၊ ဂ်ာမနီ၊ ဘယ္လ္ဂ်ီယံ၊ ခ်က္စ္သမၼတႏိုင္ငံစတဲ့ ဥေရာပ ၁၆ႏိုင္ငံကို လည္ပတ္ခဲ့ၾကပါတယ္။ ၂၀၀၉ ခုႏွစ္မွာ အေမရိကန္၊ မကၠဆီကို၊ ကေနဒါ၊ က်ဴးဘားနဲ႔ နီေပါႏိုင္ငံကို သြားေရာက္ခဲ့ၾက ပါတယ္ ။ ၂၀၁၀ ခုႏွစ္မွာ ႐ုရွားကို ခရီးထြက္ခဲ့ၾကပါတယ္။ ၂၀၁၁ ခုႏွစ္မွာေတာ့ အျခားႏိုင္ငံ ၂၀ ကို ေျခဆန႔္ႏိုင္ခဲ့ပါတယ္။

Zang တို႔က ၂၀၀၈ ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္အတြင္း ႏိုင္ငံေပါင္း ၄၀ ေက်ာ္ကို ေရာက္ၿပီးသြားပါၿပီ။ သူတို႔ဇနီးေမာင္ႏွံက အဂၤလိပ္ဘာသာစကား တစ္မ်ိဳးတည္းကိုသာ ေျပာတတ္ေပမယ့္ သူတို႔ရဲ႕ခရီးစဥ္ေတြကို အားမေလွ်ာ့ခဲ့ၾကပါဘူး။ Zhang တို႔က အသက္ႀကီးလာတာေၾကာင့္ ကမာၻေပၚက ႏိုင္ငံေတြကို ေပါ့ေပါ့ပါးပါး မသြားႏိုင္ေတာ့ေပမယ့္လည္း တ႐ုတ္ႏိုင္ငံတြင္းကို ခရီးထြက္ေနၾကဆဲပါပဲ။

သူတို႔ရဲ႕ ခရီးသြားအေတြ႕အႀကဳံေတြကို တ႐ုတ္ social media site ျဖစ္တဲ့ Weibo မွာ မွ်ေဝခဲ့တာဟာ အေတာ္ကို ေအာင္ျမင္ပါတယ္။ အသက္ႀကီးတဲ့အထိ မခြဲမခြာ ခရီးေတြ အတူသြားႏိုင္တဲ့ Zhang တို႔ ဇနီးေမာင္ႏွံကို အင္တာနက္ အသုံးျပဳသူေတြက အားက်ေနၾကပါတယ္။

Zombie (Lovemedia)

Ref - worldofbuzz

Post a Comment

0 Comments