ဘာအကြောင်းနဲ့မှ စိတ်ဓာတ်မကျပါနဲ့

ငါးတစ်ကောင် ကုန်းပေါ် ရောက်ရှိလာပါတယ်။ ရေထဲ ပြန်ဆင်းဖို့ သူ လူးလှိမ့် ခုန်ပစ်ပေမယ့် ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့ သူစိတ်လျော့လိုက်တယ် ။ သေပါစေတော့ပေါ့ ။ ဒါကို ပုရွက်ဆိတ်တွေက မြင်တော့ ငါးကို ကယ်မယ် လုပ်ကြတယ် ။ ပုရွက်ဆိတ် တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ ။

ပုရွက်ဆိတ် ခေါင်းဆောင်က ပြောတယ်…

" မချီကြနဲ့... ငါတို့ မနိုင်လောက်ဘူး.. "

" ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "

ဆိုပြီး ဝိုင်းကိုက်ကြတဲ့အခါ...

ငါးက နာလွန်းလို့ တအားပဲ လူးလှိမ့် ခုန်ဆွ ပြေးရင်း.. ရေမြောင်းစပ်ဆီ ရောက်သွားတယ်။ နောက်ဆုံး ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်။


တစ်ချို့ နာကျင်ခြင်းတွေဟာ တစ်ချို့တိုက်ခိုက်မှု့တွေဟာ အောင်မြင်ခြင်းအတွက် အထောက်အပံ့ ဖြစ်စေတယ် ဆိုတာ မမေ့ကြပါနဲ့။ တစ်ခါတလေ တိုက်ခိုက်လာတဲ့ သူတွေကြောင့် ကိုယ်က ပိုပြီး သန်မာလာရတယ်။ စိတ်ညစ်ချင် ညစ်ပါ ။ သို့သော် စိတ်ဓာတ်မကျနဲ့။

ဘာအကြောင်းကြောင်း ကြောင့်မှ စိတ်ဓာတ် မကျကောင်းဘူးနော် ။ နင်းတတ်ရင် အားလုံးဟာ လှေကားထစ်တွေ ချည်းပါပဲ ။

" အရာရာဟာ ကောင်းဖို့ ဖြစ်လာတာပါ "

crd

ဘာအေၾကာင္းနဲ႔မွ စိတ္ဓာတ္မက်ပါနဲ႔

ငါးတစ္ေကာင္ ကုန္းေပၚ ေရာက္ရွိလာပါတယ္။ ေရထဲ ျပန္ဆင္းဖို႔ သူ လူးလွိမ့္ ခုန္ပစ္ေပမယ့္ ေရေျမာင္းဆီကို မေရာက္ႏိုင္ျဖစ္ေနေတာ့ သူစိတ္ေလ်ာ့လိုက္တယ္ ။ ေသပါေစေတာ့ေပါ့ ။ ဒါကို.. ပု႐ြက္ဆိတ္ေတြက ျမင္ေတာ့ ငါးကို ကယ္မယ္ လုပ္ၾကတယ္ ။ ပု႐ြက္ဆိတ္ တစ္ခ်ိဳ႕က ငါးကို ဝိုင္းခ်ီၾကၿပီး ေရေျမာင္းစပ္ဆီ ပို႔မယ္ေပါ့ ။

ပု႐ြက္ဆိတ္ ေခါင္းေဆာင္က ေျပာတယ္…

" မခ်ီၾကနဲ႔... ငါတို႔ မႏိုင္ေလာက္ဘူး.. "

" ငါတို႔ သူ႔ကို နာေအာင္ ဝိုင္းကိုက္ၾကမယ္ "

ဆိုၿပီး ဝိုင္းကိုက္ၾကတဲ့အခါ...

ငါးက နာလြန္းလို႔ တအားပဲ လူးလွိမ့္ ခုန္ဆြ ေျပးရင္း.. ေရေျမာင္းစပ္ဆီ ေရာက္သြားတယ္။ ေနာက္ဆုံး ေရထဲထိ ေရာက္သြားႏိုင္ခဲ့တယ္။

တစ္ခ်ိဳ႕ နာက်င္ျခင္းေတြဟာ တစ္ခ်ိဳ႕တိုက္ခိုက္မႈ႕ေတြဟာ ေအာင္ျမင္ျခင္းအတြက္ အေထာက္အပံ့ ျဖစ္ေစတယ္ ဆိုတာ မေမ့ၾကပါနဲ႔။ တစ္ခါတေလ တိုက္ခိုက္လာတဲ့ သူေတြေၾကာင့္ ကိုယ္က ပိုၿပီး သန္မာလာရတယ္။ စိတ္ညစ္ခ်င္ ညစ္ပါ ။ သို႔ေသာ္ စိတ္ဓာတ္မက်နဲ႔။

ဘာအေၾကာင္းေၾကာင္း ေၾကာင့္မွ စိတ္ဓာတ္ မက်ေကာင္းဘူးေနာ္ ။ နင္းတတ္ရင္ အားလုံးဟာ ေလွကားထစ္ေတြ ခ်ည္းပါပဲ ။

" အရာရာဟာ ေကာင္းဖို႔ ျဖစ္လာတာပါ "

crd

Post a Comment

0 Comments