စနေ တနင်္ဂနွေ နှစ်ရက်အချိန်ပေးရုံနဲ့ ကိုယ်အလေးချိန် 6 ပေါင် ကျသွားစေမယ့် နည်းလမ်း

အစားအသောက် ပုံစံ မှားယွင်းတဲ့ အခါမှာလည်း ကိုယ်အလေးချိန်က မျှော်လင့် ထားသလို ကျသွားမှာ မဟုတ်ပါဘူး။ တပတ်လုံးနီးပါး ကိုယ်အလေးချိန် လျှော့ဖို့ အချိန်ပေးနေမယ့် အစား စနေ၊ တနင်္ဂနွေ ဒီနှစ်ရက်တည်းနဲ့ ခြောက်ပေါင် (2.7 ကီလိုဂရမ်) ကျသွားအောင်လို့ အစားအသောက်နဲ့ ထိန်းကွပ်လို့ ရပါတယ်။

ကိုယ်အလေးချိန် ကျသွားအောင်လို့ အစားလျှော့စားတာတွေ၊ လေ့ကျင့်ခန်း လုပ်တာတွေ၊ အရွက်ပြုတ်တွေပဲ စားတာတွေကို လတွေ၊ နှစ်တွေချီပြီး လုပ်ခဲ့ကြပါတယ်။ အဲဒီနည်းထက် တနင်္လာနေ့ကနေ သောကြာနေ့အထိ ပုံမှန်အတိုင်းစားပြီး စနေနဲ့ တနင်္ဂနွေမှာ အထူး diet လုပ်ခြင်းက ဆယ်ကျော်သက်တုန်းက ခန္ဓာကိုယ်ကို ပြန်ရစေမှာပါ။

ရေများများ သောက်ပြီး အစားနည်းနည်းပဲ စားစရာ မလိုပါဘူး။ အစာချေဖျက်မှုကို တိုးတက်စေပြီး ကယ်လိုရီကို မြန်မြန် လောင်ကျွမ်းစေမယ့် အစားအစာကိုပဲ မှန်မှန် ကန်ကန် ရွေးချယ်စားသောက်ဖို့ လိုတာပါ။

စနေနေ့

မနက်စာ

ရိုင်းဂျုံနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်ပေါ်မှာ ဒိန်ခဲပျော့ 200 ဂရမ်ကို သုတ်ပြီး စားပါ။ ပေါင်မုန့်နဲ့ အတူ ပုံမှန်သောက်နေကျ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို သကြားတွေ၊ နို့ဆီတွေ ထည့်သောက်လို့ ရပါတယ်။

နေ့လယ်စာ

ထောပတ်သီး

သခွားသီး

အာလူး မကျက်တကျက်ပြုတ်

ပေါင်မုန့်ကင်

သံပရိုရည်၊ စမြိတ်ပင်၊

ငရုတ်ကောင်းတို့ကို ရောပြီး သုပ်စားပါ။

ညစာ

ငါး 100 ဂရမ်ကို ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ရောပြီး ချက်ပါ။ အချိုပွဲ အတွက် အဆီ ပါဝင်မှုနည်းတဲ့ ဒိန်ချဉ် 200 ဂရမ်ကို စားပါ။

တနင်္ဂနွေနေ့

မနက်စာ

လက်ဖက်စိမ်းရည်ကို နို့ဆီမပါဘဲ သောက်ပြီး သကြားမပါဝင်တဲ့ ဘီစကွတ် အကြီးကြီး 2 ချပ် စားပါ။

နေ့လယ်စာ

အာလူးပြုတ် 2 လုံး

ဂေါ်ဖီထုပ် တစ်ဝက်

ပြောင်းဖူးပြုတ်

သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရောပြီး သုတ်စားပါ။

ညစာ

ကြက်သား 100 ဂရမ်၊ ကြက်ဥပြုတ် တစ်လုံး၊ ခရမ်းချဉ်သီး တစ်လုံးတို့ကို ညစာ အဖြစ် စားပါ။ အချိုပွဲအဖြစ် အဆီ ပါဝင်မှု နည်းတဲ့ ဒိန်ချဉ် 200 ဂရမ်ကို စားပေးပါ။

စနေ၊ တနင်္ဂနွေမှာ diet လုပ်ပြီး တနင်္လာနေ့ ရုံးသွားတဲ့ အခါမှာတော့ ချီးကျူး စကားသံတွေကို ကြားရမှာပါ။ တနင်္လာနေ့ ရောက်ရင်တော့ ပုံမှန်စားနေကျ အတိုင်း ပြန်စားလို့ ရပါပြီ။

Bonus

Diet လုပ်တဲ့ အခါ ပိုပြီးကျန်းမာအောင် ဆရာဝန်ရဲ့ ညွှန်ကြားမှု အတိုင်း အလေးချိန် လျှော့ပါ။ ဒီ diet က သင့်နဲ့ သင့်တော်ရဲ့လား၊ တခြား ဖြည့်စွက်ပြီး စားဖို့လိုလား ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Zombie (Lovemedia)

For Zawgyi

စေန တနဂၤေႏြ ႏွစ္ရက္အခ်ိန္ေပး႐ုံနဲ႔ ကိုယ္အေလးခ်ိန္ 6 ေပါင္ က်သြားေစမယ့္ နည္းလမ္း

အစားအေသာက္ ပုံစံ မွားယြင္းတဲ့ အခါမွာလည္း ကိုယ္အေလးခ်ိန္က ေမွ်ာ္လင့္ ထားသလို က်သြားမွာ မဟုတ္ပါဘူး။ တပတ္လုံးနီးပါး ကိုယ္အေလးခ်ိန္ ေလွ်ာ့ဖို႔ အခ်ိန္ေပးေနမယ့္ အစား စေန၊ တနဂၤေႏြ ဒီႏွစ္ရက္တည္းနဲ႔ ေျခာက္ေပါင္ (2.7 ကီလိုဂရမ္) က်သြားေအာင္လို႔ အစားအေသာက္နဲ႔ ထိန္းကြပ္လို႔ရပါတယ္။

ကိုယ္အေလးခ်ိန္ က်သြားေအာင္လို႔ အစားေလွ်ာ့စားတာေတြ၊ ေလ့က်င့္ခန္း လုပ္တာေတြ၊ အ႐ြက္ျပဳတ္ေတြပဲ စားတာေတြကို လေတြ၊ ႏွစ္ေတြခ်ီၿပီး လုပ္ခဲ့ၾကပါတယ္။ အဲဒီနည္းထက္ တနလၤာေန႔ကေန ေသာၾကာေန႔အထိ ပုံမွန္အတိုင္းစားၿပီး  စေနနဲ႔ တနဂၤေႏြမွာ အထူး diet လုပ္ျခင္းက ဆယ္ေက်ာ္သက္တုန္းက ခႏၶာကိုယ္ကို ျပန္ရေစမွာပါ။

ေရမ်ားမ်ား ေသာက္ၿပီး အစားနည္းနည္းပဲ စားစရာ မလိုပါဘူး။ အစာေခ်ဖ်က္မႈကို တိုးတက္ေစၿပီး ကယ္လိုရီကို ျမန္ျမန္ ေလာင္ကြၽမ္းေစမယ့္ အစားအစာကိုပဲ မွန္မွန္ ကန္ကန္ ေ႐ြးခ်ယ္စားေသာက္ဖို႔ လိုတာပါ။

စေနေန႔

မနက္စာ

႐ိုင္းဂ်ဳံနဲ႔ျပဳလုပ္ထားတဲ့ ေပါင္မုန႔္ေပၚမွာ ဒိန္ခဲေပ်ာ့ 200 ဂရမ္ကို သုတ္ၿပီး စားပါ။ ေပါင္မုန႔္နဲ႔ အတူ ပုံမွန္ေသာက္ေနက် ေကာ္ဖီ သို႔မဟုတ္ လက္ဖက္ရည္ကို သၾကားေတြ၊ ႏို႔ဆီေတြ ထည့္ေသာက္လို႔ ရပါတယ္။

ေန႔လယ္စာ

ေထာပတ္သီး

သခြားသီး

အာလူး မက်က္တက်က္ျပဳတ္

ေပါင္မုန႔္ကင္

သံပ႐ိုရည္၊ စၿမိတ္ပင္၊

င႐ုတ္ေကာင္းတို႔ကို ေရာၿပီး သုပ္စားပါ။

ညစာ

ငါး 100 ဂရမ္ကို ဟင္းခတ္ အေမႊးအႀကိဳင္ေတြနဲ႔ ေရာၿပီး ခ်က္ပါ။ အခ်ိဳပြဲ အတြက္ အဆီ ပါဝင္မႈနည္းတဲ့ ဒိန္ခ်ဥ္ 200 ဂရမ္ကို စားပါ။

တနဂၤေႏြေန႔

မနက္စာ

လက္ဖက္စိမ္းရည္ကို ႏို႔ဆီမပါဘဲ ေသာက္ၿပီး သၾကားမပါဝင္တဲ့ ဘီစကြတ္ အႀကီးႀကီး 2 ခ်ပ္ စားပါ။

ေန႔လယ္စာ

အာလူးျပဳတ္ 2 လုံး

ေဂၚဖီထုပ္ တစ္ဝက္

ေျပာင္းဖူးျပဳတ္

သံလြင္ဆီ လက္ဖက္ရည္ဇြန္း တစ္ဝက္ကို ေရာၿပီး သုတ္စားပါ။

ညစာ

ၾကက္သား 100 ဂရမ္၊ ၾကက္ဥျပဳတ္ တစ္လုံး၊ ခရမ္းခ်ဥ္သီး တစ္လုံးတို႔ကို ညစာ အျဖစ္ စားပါ။ အခ်ိဳပြဲအျဖစ္ အဆီ ပါဝင္မႈ နည္းတဲ့ ဒိန္ခ်ဥ္ 200 ဂရမ္ကို စားေပးပါ။

စေန၊ တနဂၤေႏြမွာ diet လုပ္ၿပီး တနလၤာေန႔ ႐ုံးသြားတဲ့ အခါမွာေတာ့ ခ်ီးက်ဴး စကားသံေတြကို ၾကားရမွာပါ။ တနလၤာေန႔ ေရာက္ရင္ေတာ့ ပုံမွန္စားေနက် အတိုင္း ျပန္စားလို႔ ရပါၿပီ။

Bonus

Diet လုပ္တဲ့ အခါ ပိုၿပီးက်န္းမာေအာင္ ဆရာဝန္ရဲ႕ ၫႊန္ၾကားမႈ အတိုင္း အေလးခ်ိန္ ေလွ်ာ့ပါ။ ဒီ diet က သင့္နဲ႔ သင့္ေတာ္ရဲ႕လား၊ တျခား ျဖည့္စြက္ၿပီး စားဖို႔လိုလား ဆိုတာကို ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments