မင်္ဂလာဦးညမှာ သတို့သမီးမူးနေစဉ် သတို့သားမဟုတ်တဲ့ တခြားလူက ဝင်အိပ်သွား

သတို့သားအမှတ်နဲ့ သူစိမ်းကို ညမှောင်မှောင်မှာ အလိုလိုက်ခဲ့တဲ့ သတို့သမီး သတို့သမီး တစ်ဦးဟာ မင်္ဂလာဆောင်တဲ့ ညမှာပဲ အခြား အမျိုးသားတစ်ဦးကို သူမရဲ့ ခင်ပွန်းလို့ထင်ပြီး အလိုလိုက် အတူအိပ်မိခဲ့တဲ့ အဖြစ်အပျက် တစ်ခုကြောင့် ဘဝပျက်လုနီးပါး ခံစားသွားခဲ့ရပါတယ်။

မင်္ဂလာပွဲ အပြီးမှာ အမူးလွန်ပြီး အိပ်ယာဝင်ခဲ့တဲ့ သတို့သမီးကို တစ်ဖက်သတ် ကြိုက်နေတဲ့ အသက် (၁၈) နှစ်အရွယ် ချန်ဆန်း ဆိုသူ လူငယ်က သူမရဲ့ အိပ်ယာထဲသို့ တိတ်တိတ် ဝင်ရောက်ကာ သူမရဲ့ ခင်ပွန်းအဖြစ် ဟန်ဆောင်ပြီး သားမယား ပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။ ချန်ဆန်းဟာ အဆိုပါ သတို့သမီးကို တစ်ဖက်သတ် ကြိတ်ကြိုက်နေခဲ့သူဖြစ်ပြီး ငွေကြေးဥစ္စာ မပြည့်စုံတာကြောင့် ချစ်ရေးပင် မဆိုဝံ့ခဲ့သူ ဖြစ်ပါတယ်။

သူ့ကြွေနေတဲ့ ကောင်မလေး လက်ထပ်သွားပြီ ဆိုတဲ့အချိန်မှာတော့ ကြံရာမရတော့ပဲ မစားရတဲ့အမဲ သဲနဲ့ပက်သလို လူမဆန်စွာ ကြံစည်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုညက မီးအလွန်မှောင်မဲနေသလို သတို့သမီးကလည်း မူးနေတဲ့အတွက် ဒီအခွင့်ရေးကို မိမိရရအသုံးချခဲ့ခြင်းဖြစ်သည်။

ဒါပေမယ့် ဖြစ်ချင်တော့ သားမယား ပြုကျင့်ပြီးနောက် သာယာလွန်းပြီး သတို့သမီးဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ မနက်မိုးလင်းတော့ သတို့သမီးက အိပ်ယာ အရင်နိုးတဲ့အချိန်မှာ သူ့ဘေးနားက အမျိုးသားဟာ သူ့ခင်ပွန်း မဟုတ်ကြောင်း သိသွားပြီး ကြောက်လန့်တကြား အော်ဟစ်ရာမှ ‘ချန်ဆန်း’ ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သတို့သမီး၏ ယောက်က္ခမဘက်က သူမကို ချွေးမအဖြစ် လက်မခံနိုင်တော့သလို လက်ဖွဲ့တင်ထောင်းထားသော မြန်မာငွေ ၁၈ သိန်းကျော် တန်ဖိုးရှိသော ကမ်ဘောဒီးယား ပိုက်ဆံ ပြန်ပေးရန် တောင်းခဲ့သည်။ ဒေသခံသတင်းများအရ ချန်ဆန်း ကို ကမ်ဘောဒီးယား အက်ဥပဒေ ၂၃၉ မုဒိန်းမှုနှင့် တရားစွဲပြီး ထောင်ဒဏ် (၁၀) နှစ်ကျခံရနိုင်ကြောင်း ရေးသားထားသည်။

crd

For Zawgyi







crd

Post a Comment

0 Comments