အိမ်ထောင်ပြုမယ့်မိန်းကလေးများ ဒီ (၅) ချက်ကို လိုက်နာပါ

( ၁ ) ကြီးတာကို ရှာပါ ။

( ၂ ) အရှည်ကို ကြည့်ပါ ။

( ၃ ) ဝင်ဆန့်မဆန့် သိပါ ။

( ၄ ) တော်မတော် စမ်းသပ်ပါ ။

( ၅ ) အနေတော်ကို ရွေးပါ ။

မိန်းကလေးတွေ အိမ်ထောင် ပြုတော့မယ် ဆိုရင်..

( ၁ ) ကြီးတာကို ရှာပါ ဆိုတာ ဉာဏ်ပညာ ကြီးတာကို ပြောတာပါ။ ဉာဏ်ပညာ ကြီးတဲ့သူမှသာ အိမ်ထောင်ကို ဦးစီးဦးဆောင် ပြုနိုင်မှာ မဟုတ်ပါလား ။

( ၂ ) အရှည်ကို ကြည့်ပါ ဆိုတာ ကိုယ့်ရဲ့ ဘဝလက်တွဲဖေါ် ဖြစ်မယ့်သူက ကိုယ်နဲ့ စိတ်ထားခြင်း ကိုက်ညီရဲ့လား၊ စိတ်ထားလေး ကောင်းရဲ့လား၊ ကိုယ့်အပေါ် ကောင်းရဲ့လား အကဲခတ် ကြည့်ပါလို့ ပြောတာပါ။ ဒါမှ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ပါလား ။

( ၃ ) ဝင်ဆန့် မဆန့် သိပါ ဆိုတာ လူတော သူတောထဲ ဝင်ဆန့်မဆန့်ကို သိရှိအောင် လုပ်ဖို့ ပြောတာပါ။ သူခိုး၊ ဂျပိုး၊ မုဒိန်းကောင်၊ ကလေကချေ ၊ အောက်တန်းစားတွေ ဖြစ်နေရင် လူတော မတိုးလို့ ကိုယ်ပဲ ဒုက္ခရောက်ရမှာ မဟုတ်ပါလား ။

( ၄ ) တော်မတော် စမ်းသပ်ပါ ဆိုတာ ကိုယ့်နဲ့ သင့်တော်၏ မသင့်တော်၏ စမ်းသပ် ခိုင်းတာပါ။ သူ့ရဲ့ ဆွေမျိုး အသိုင်းအဝန်းတွေ ၊ သူ့ရဲ့ နေထိုင်မှု စရိုက်တွေ၊ ပြောပုံဆိုပုံ နေပုံထိုင်ပုံ ဘယ်လို ရှိတယ်ဆိုတာ သေချာသိမှ ကိုယ်နဲ့ သင့်တော် မသင့်တော် သိမှာ မဟုတ်ပါလား ။

( ၅ ) အနေတော်ကို ရွေးပါ ဆိုတာ သိပ်ချမ်းသာလွန်းတဲ့သူ၊ သိပ်ဆင်းရဲတဲ့သူ၊ သိပ်ချောလွန်းတဲ့သူ ၊ သိပ်ရုပ်ဆိုးလွန်းတဲ့သူ၊ သိပ်ဝလွန်းတဲ့သူ၊ သိပ်ပိန်လွန်းတဲ့သူ စသည်ဖြင့် အစွန်းတဖက် ထွက်နေတဲ့သူကို မရွေးပဲ ကိုယ်နဲ့ လိုက်ဖက်ညီမယ့် အနေတော်ကို ရွေးပါလို့ ပြောတာပါ။ ဒါမှ စိတ်ချလက်ချ စိတ်လက်ချမ်းသာ နေနိုင်မယ် မဟုတ်ပါလား ။

Tin Aung Win

For Zawgyi

အိမ္ေထာင္ျပဳမယ့္မိန္းကေလးမ်ား ဒီ (၅) ခ်က္ကို လိုက္နာပါ

( ၁ ) ႀကီးတာကို ရွာပါ ။

( ၂ ) အရွည္ကို ၾကည့္ပါ ။

( ၃ ) ဝင္ဆန႔္မဆန႔္ သိပါ ။

( ၄ ) ေတာ္မေတာ္ စမ္းသပ္ပါ ။

( ၅ ) အေနေတာ္ကို ေ႐ြးပါ ။

မိန္းကေလးေတြ အိမ္ေထာင္ ျပဳေတာ့မယ္ ဆိုရင္..

( ၁ ) ႀကီးတာကို ရွာပါ ဆိုတာ ဉာဏ္ပညာ ႀကီးတာကို ေျပာတာပါ။ ဉာဏ္ပညာ ႀကီးတဲ့သူမွသာ အိမ္ေထာင္ကို ဦးစီးဦးေဆာင္ ျပဳႏိုင္မွာ မဟုတ္ပါလား ။

( ၂ ) အရွည္ကို ၾကည့္ပါ ဆိုတာ ကိုယ့္ရဲ႕ ဘဝလက္တြဲေဖၚ ျဖစ္မယ့္သူက ကိုယ္နဲ႔ စိတ္ထားျခင္း ကိုက္ညီရဲ႕လား၊ စိတ္ထားေလး ေကာင္းရဲ႕လား၊ ကိုယ့္အေပၚ ေကာင္းရဲ႕လား အကဲခတ္ ၾကည့္ပါလို႔ ေျပာတာပါ။ ဒါမွ ေရရွည္တည္တံ့ ႏိုင္မွာ မဟုတ္ပါလား ။

( ၃ ) ဝင္ဆန႔္ မဆန႔္ သိပါ ဆိုတာ လူေတာ သူေတာထဲ ဝင္ဆန႔္မဆန႔္ကို သိရိွေအာင္ လုပ္ဖို႔ ေျပာတာပါ။ သူခိုး၊ ဂ်ပိုး၊ မုဒိန္းေကာင္၊ ကေလကေခ် ၊ ေအာက္တန္းစားေတြ ျဖစ္ေနရင္ လူေတာ မတိုးလို႔ ကိုယ္ပဲ ဒုကၡေရာက္ရမွာ မဟုတ္ပါလား ။

( ၄ ) ေတာ္မေတာ္ စမ္းသပ္ပါ ဆိုတာ ကိုယ့္နဲ႔ သင့္ေတာ္၏ မသင့္ေတာ္၏ စမ္းသပ္ ခိုင္းတာပါ။ သူ႔ရဲ႕ ေဆြမ်ိဳး အသိုင္းအဝန္းေတြ ၊ သူ႔ရဲ႕ ေနထိုင္မႈ စ႐ိုက္ေတြ၊ ေျပာပုံဆိုပုံ ေနပုံထိုင္ပုံ ဘယ္လို ရွိတယ္ဆိုတာ ေသခ်ာသိမွ ကိုယ္နဲ႔ သင့္ေတာ္ မသင့္ေတာ္ သိမွာ မဟုတ္ပါလား ။

( ၅ ) အေနေတာ္ကို ေ႐ြးပါ ဆိုတာ သိပ္ခ်မ္းသာလြန္းတဲ့သူ၊ သိပ္ဆင္းရဲတဲ့သူ၊ သိပ္ေခ်ာလြန္းတဲ့သူ ၊ သိပ္႐ုပ္ဆိုးလြန္းတဲ့သူ၊ သိပ္ဝလြန္းတဲ့သူ၊ သိပ္ပိန္လြန္းတဲ့သူ စသည္ျဖင့္ အစြန္းတဖက္ ထြက္ေနတဲ့သူကို မေ႐ြးပဲ ကိုယ္နဲ႔ လိုက္ဖက္ညီမယ့္ အေနေတာ္ကို ေ႐ြးပါလို႔ ေျပာတာပါ။ ဒါမွ စိတ္ခ်လက္ခ် စိတ္လက္ခ်မ္းသာ ေနႏိုင္မယ္ မဟုတ္ပါလား ။

Tin Aung Win

Post a Comment

0 Comments