ကျန်းမာရေးအတွက် ရေနွေးနဲ့ ရေအေး ဘယ်ဟာကို သောက်သင့်လဲ

အရွယ်ရောက်ပြီးသူ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်က 50% ကနေ 60% အထိ ပါဝင်ပါတယ်။ ရေက ကျန်းမာရေး အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမယ့် ရေအေးကို သောက်သင့်လား၊ ရေနွေးကို သောက်သင့်လား ဆိုတာကိုတော့ လူတော်တော် များများက သိချင်ကြ ပါတယ်။

လူအများစုက ပူအိုက်တဲ့ ရာသီမှာဆိုရင် ရေအေးကို ပိုသောက်ချင် ကြပါတယ်။ ရေအေးက ခန္ဓာကိုယ်ကို လန်းဆန်းစေ ပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ရေနွေးက ကျန်းမာရေး အတွက် ပိုအကျိုးရှိပါတယ်။

ရေအေး

ရေအေးက 45'F ကနေ 70"F ကြားမှာ ရှိပါတယ်။ ပူအိုက်တဲ့ အခါမှာ ရေအေးကို သောက်လို့ကောင်းပါတယ်။ ရေအေးထဲကို ရေခဲတုံး ထည့်သောက်ကြ ပါသေးတယ်။ ဒါပေမယ့် ရေအေးသောက်ခြင်းက ဘေးထွက် ဆိုးကျိုးရှိပါတယ်။

1. ဗိုက်နာခြင်း

ရေအေးသောက်တဲ့အခါ ခန္ဓာကိုယ်က သွေးကြောတွေ ကျုံ့သွားပါတယ်။ သွေးကြောတွေ ကျံသွားတာကြောင့် အစာချေတဲ့ လုပ်ငန်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဗိုက်အောင့်၊ ဝမ်းချုပ်တာတွေလည်း ဖြစ်တတ် ပါတယ်။

2. အားကုန်ခြင်း

သောက်လိုက်တဲ့ ရေတွေကို နွေးသွားအောက်လို့ ခန္ဓာကိုယ်က စွမ်းအင်တွေကို သုံးရပါတယ်။ အဲဒါကြောင့် ရေခဲရေ သောက်ပြီးရင် ပင်ပန်းသလို၊ အားကုန်သလို ခံစားရတတ် ပါတယ်။

3. နှလုံးခုန်နှုန်း နှေးသွားခြင်း

ရေအေးသောက်ခြင်းက နှလုံးခုန်နှုန်းကို နှေးသွားစေ ပါတယ်။ ရေအေးက အာရုံကြော အဖွဲ့အစည်းက vagus နာဗ်ကြောကို သွားပြီး လှုံ့ဆော်ပေး တာကြောင့် နှလုံးခုန်နှုန်း နှေးသွားပါတယ်။

4. ချွဲ၊ သလိပ်၊ နှာရည်များဖြစ်စေခြင်း

ရေအေးသောက်ခြင်းက ခန္ဓာကိုယ်ထဲမှာ ချွဲ၊ သလိပ်၊ နှာရည်တွေကို ဖြစ်လာစေ ပါတယ်။ ရေအေးက ကိုယ်ခံအားစနစ် ကိုလည်း ဆိုးရွားလာစေပြီး အအေးမိခြင်းတွေ ဖြစ်စေမှာပါ။

ရေနွေး

ရေနွေးက 80'F ကနေ 100'F ကြားမှာ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ရေနွေးကို သိပ်မသောက်ကြပါဘူး။ ရေနွေးထက် လက်ဖက်ရည်၊ ကော်ဖီတွေကိုပဲ ပိုသောက်ကြ ပါတယ်။ ဒါပေမယ့် ရေနွေးက ခန္ဓာကိုယ်အတွက် အများကြီး အကျိုးရှိ ပါတယ်။

1. ခန္ဓာကိုယ်ထဲက အဆိပ်အတောက် များကို ဖယ်ရှားပေးခြင်း

ရေနွေးကို မနက်ခင်းမှာ သောက်ခြင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာပါ။ အဲဒါကြောင့် ရောဂါ အများစုကို ကာကွယ်ပြီးသား ပါပဲ။ ရေနွေးထဲကို သံပရိုသီး ညှစ်ပြီးသောက်တာက ပိုပြီးထိရောက်ပါတယ်။ ဗီတာမင် C က ဆဲလ်တွေကို ရှင်သန်စေပြီး ခန္ဓာကိုယ်ကို အဆိပ်အတောက်ကင်းစေပါတယ်။

2. နာကျင်မှုများကို သက်သာစေခြင်း

ရေနွေးက ဓမ္မတာလာတဲ့ အခါ ကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ ကြွက်တက်တဲ့အခါ ရေနွေးသောက်လိုက်ရင် သက်သာသွားပါတယ်။

3. စိတ်ဖိစီးမှုကို လျော့စေခြင်း

စိတ်ဖိစီးမှုတွေ များလာရင် ရေနွေးသောက်လိုက်ပါ။ ရေနွေးက ဗဟိုအာရုံကြောအဖွဲ့အစည်းကို ကောင်းကောင်း အလုပ် လုပ်စေပါတယ်။ ရေဓာတ် လိုအပ်တဲ့အခါ ကော်တီဇောဟော်မုန်းမြင့်လာပါတယ်။ အဲဒါကြောင့် ရေနွေးများများ သောက်သင့်ပါတယ်။

4. ကိုယ်အလေးအချိန် ကျစေခြင်း

ရေနွေးက ခန္ဓာကိုယ်အပူချိန် တိုးလာစေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

5. သွေးလည်ပတ်မှု ကောင်းစေခြင်း

ရေအေးက သွေးကြောတွေကို ကျုံ့သွားစေပြီး ရေနွေးက သွေးတွေ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်အောင် ကူညီပေးပါတယ်။ သွေးလည်ပတ်မှု ကောင်းတဲ့အခါ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်ချေလည်း နည်းသွားပါတယ်။

6. အစာချေမှုကို တိုးတက်စေခြင်း

ရေဓာတ်လိုအပ်ရင် ဝမ်းချုပ်တတ် ပါတယ်။ ရေနွေးက အူသိမ်အူမတွေကို လှုံဆော်ပေးတာကြောင့် ဝမ်းမချုပ်တော့ပါဘူး။

7. အရွယ်မတိုင်ခင် အိုမင်းမှုကို ဟန့်တားပေးခြင်း

အမျိုးသမီးတွေ အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းက အိပ်မက်ဆိုးပါပဲ။ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေ များနေရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေ ပါတယ်။ ရေနွေးက ခန္ဓာကိုယ်က အဆိပ်တွေကို ဖယ်ရှားပေးပါတယ်။

Zombie (Lovemedia)

For Zawgyi




ရေအေး


1. ဗိုက်နာခြင်း


2. အားကုန်ခြင်း






ရေနွေး
















Zombie (Lovemedia)

Post a Comment

0 Comments