ချစ်သူကောင်လေး ဆေးရုံအလာကို မိတ်ကပ်တွေ ပြင်ဆင်ပြီးစောင့်နေတဲ့ မိန်းကလေး

သင်ဟာ ဆေးရုံတက်ဖူးသူ ဆိုရင် ဝေဒနာခံစားခဲ့ရတဲ့ အချိန်တွေကို သတိရမိမှာပါ။ သင်ဆေးရုံ တက်နေရတဲ့အချိန်မှာ သင်လှနေမယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ပါဘူး။ နေပြန်ကောင်းဖို့အတွက် ကြိုးစားနေရလို့ ပြင်နိုင်ဆင်နိုင်မှာလည်း မဟုတ်ပါဘူး။

ဒါပေမယ့် ဗီယက်နမ်နိုင်ငံက မိန်းကလေးတစ်ယောက်ကတော့ သူမဆေးရုံ တက်နေရချိန်မှာ သူမရဲ့ချစ်သူကောင်လေး လာကြည့်မယ်လို့ သိလိုက်တဲ့အခါ ချက်ချင်းပဲ မိတ်ကပ်တွေ အပြေးအလွှားလိမ်းပြီး ဆေးရုံမှာစောင့်နေပါတယ်။

Wangmei က သူမရဲ့ချစ်သူက လာမယ်ဆိုတာသိလို့ တအားတွေ စိတ်လှုပ်ရှားပြီး Facebook မှာတောင် "My boyfriend is coming to see me" လို့ တင်လိုက်ပါသေးတယ်။ သူမရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာကို သူမရဲ့ချစ်သူကို မမြင်စေချင်ပါဘူး။ အဲဒါကြောင့် ချက်ချင်းပဲ မိတ်ကပ်တွေပြင်၊ မျက်ခုံးတွေ၊ eye liner တွေ၊ eye shadow တွေ ပြင်လိုက်ပါတယ်။

အဲဒါတင် မကသေးပါဘူး။ လက်သည်းကိုပါ ဆေးဆိုးလိုက်ပါသေးတယ်။ အသက်ရှူပိုက် တပ်ထားရင်းနဲ့တောင် မိတ်ကပ်တွေ ပြင်လိုက်တာပါ။ Wangmei က ဆေးရုံတက်နေရလို့ မလှမပဖြစ်နေတဲ့ မျက်နှာကို သူ့ကောင်လေးကို မတွေ့စေချင်ပါဘူး။

အဲဒါကြောင့် နေမကောင်းရင်းနဲ့ကို လှပအောင် နေလိုက်တာပါ။ နေမကောင်းဖြစ်နေချိန်မှာ ဒီလောက်ထိလှအောင် မပြင်သင့်ဘူးလို့ အင်တာနက်သုံးစွဲသူတွေက ဝေဖန်နေကြပါတယ်။

Zombie (Lovemedia)

Source - Worldofbuzz

For Zawgyi

ခ်စ္သူေကာင္ေလး ေဆး႐ုံအလာကို မိတ္ကပ္ေတြ ျပင္ဆင္ၿပီးေစာင့္ေနတဲ့ မိန္းကေလး

သင္ဟာ ေဆး႐ုံတက္ဖူးသူဆိုရင္ ေဝဒနာခံစားခဲ့ရတဲ့ အခ်ိန္ေတြကို သတိရမိမွာပါ။ သင္ေဆး႐ုံ တက္ေနရတဲ့အခ်ိန္မွာ သင္လွေနမယ္လို႔ ဘယ္သူကမွ ထင္ထားမွာမဟုတ္ပါဘူး။ ေနျပန္ေကာင္းဖို႔အတြက္ ႀကိဳးစားေနရလို႔ ျပင္ႏိုင္ဆင္ႏိုင္မွာလည္း မဟုတ္ပါဘူး။

ဒါေပမယ့္ ဗီယက္နမ္ႏိုင္ငံက မိန္းကေလးတစ္ေယာက္ကေတာ့ သူမေဆး႐ုံ တက္ေနရခ်ိန္မွာ သူမရဲ႕ခ်စ္သူေကာင္ေလး လာၾကည့္မယ္လို႔ သိလိုက္တဲ့အခါ ခ်က္ခ်င္းပဲ မိတ္ကပ္ေတြ အေျပးအလႊားလိမ္းၿပီး ေဆး႐ုံမွာေစာင့္ေနပါတယ္။

Wangmei က သူမရဲ႕ခ်စ္သူက လာမယ္ဆိုတာသိလို႔ တအားေတြ စိတ္လႈပ္ရွားၿပီး Facebookမွာေတာင္ "My boyfriend is coming to see me"လို႔ တင္လိုက္ပါေသးတယ္။ သူမရဲ႕မိတ္ကပ္မပါတဲ့ မ်က္ႏွာကို သူမရဲ႕ခ်စ္သူကို မျမင္ေစခ်င္ပါဘူး။ အဲဒါေၾကာင့္ ခ်က္ခ်င္းပဲ မိတ္ကပ္ေတြျပင္၊ မ်က္ခုံးေတြ၊ eye linerေတြ၊ eye shadow ေတြ ျပင္လိုက္ပါတယ္။

အဲဒါတင္ မကေသးပါဘူး။ လက္သည္းကိုပါ ေဆးဆိုးလိုက္ပါေသးတယ္။ အသက္ရႉပိုက္ တပ္ထားရင္းနဲ႔ေတာင္ မိတ္ကပ္ေတြ ျပင္လိုက္တာပါ။ Wangmei က ေဆး႐ုံတက္ေနရလို႔ မလွမပျဖစ္ေနတဲ့ မ်က္ႏွာကို သူ႔ေကာင္ေလးကို မေတြ႕ေစခ်င္ပါဘူး။

အဲဒါေၾကာင့္ ေနမေကာင္းရင္းနဲ႔ကို လွပေအာင္ ေနလိုက္တာပါ။ ေနမေကာင္းျဖစ္ေနခ်ိန္မွာ ဒီေလာက္ထိလွေအာင္ မျပင္သင့္ဘူးလို႔ အင္တာနက္သုံးစြဲသူေတြက ေဝဖန္ေနၾကပါတယ္။

Zombie (Lovemedia)

Source - Worldofbuzz

Post a Comment

0 Comments