တန်ဘိုးချင်းတော့ မတူနိုင်

တခါတုန်းက သစ်ပင်တွေဟာ စကား ပြောတတ်တယ် ဆိုပဲ ။ စကား ပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာ တယောက်က ပန်းပုထုဖို့ ယူလာခဲ့တယ် ။

ခုတ်ထားတဲ့ သစ်သားတုံး တွေကို ပန်းပု ထုတော့ သစ်သားတုံး တတုံးက အထုခံရ ၊ အခုတ်ခံရ ၊ အထွင်းခံရ ၊ အရိုက်ခံရ ၊ အနှက်ခံရတော့ " နာတယ် " ဆိုပြီး အော်တယ် ။

ဒါကြောင့် ပန်းပုဆရာဟာ အဲ့ သစ်သားတုံးကို အသေးစိတ် မွန်းမံ မနေတော့ဘဲ တုံးမောင်း အဖြစ်နဲ့ပဲ ထားခဲ့လိုက် တော့တယ် ။

နောက် သစ်သားတုံး တတုံးကျတော့ ဘယ်လောက် နာပေမယ့် သူ မအော်ဘဲ ကြိတ်မှိတ် သည်းခံပြီးတော့ နေခဲ့ လိုက်တယ် ။ ပန်းပုဆရာက အဲဒီ သစ်တုံးကို ကျတော့ လူသားတွေ အပူဇော်ခံမယ့် နတ်ဘုရား ရုပ်တု အဖြစ် ထုခဲ့ လိုက်တယ် ။

လူသားတွေက တုံးမောင်းကို ခေါက်ပြီး နတ်ဘုရားရုပ်တုကို ပူဇော်တဲ့ အခါကျတော့ တုံးမောင်း ဖြစ်နေတဲ့ သစ်သားက အသည်း အသည် ငိုကြွေးတယ် ။

သူတို့ဟာ အစ ပထမတုန်းက သစ်ပင်တွေ အတူတူ ဖြစ်ပါလျက် နဲ့ ခုကျမှ သူကျ အခေါက် ခံရပြီး ဟိုသစ်သားတုံး ကျတော့ အပူဇော် ခံရတယ် ဆိုပြီး မကျေမနပ် ဖြစ်သွားတယ် ။

ဒါနဲ့ ပန်းပုဆရာ ကို ဘက်လိုက်တယ် ဆိုပြီး စွပ်စွဲ လိုက်တယ် ။ ဒီအချိန်မှာ နတ်ဘုရားရုပ်တု အဖြစ် ထုခံလိုက်ရတဲ့ သစ်သားက သူ့ကို ပြောတယ် ။

" မင်းကမှ သည်းမခံတာကိုး "

ဟုတ်ပါတယ် ။ လူသားတွေလည်း ကိုယ်ပိုင် လမ်းကြောင်းပေါ် ကိုတော့ သွားနေခဲ့ကြတာချင်း တူပါတယ် ။ ဒါပေမယ့် အချို့က အောင်မြင် ကြတယ် ။ တချို့က ဘာမှ မဖြစ်ထွန်းကြဘူး ။ တချို့က ဖြစ်တော့ ဖြစ်ထွန်းပါရဲ့ ၊ ဒါပေမယ့် အကျိုးဖြစ်ထွန်းမှု အားနည်းကြရတယ် ။

ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲလို့ ဆန်းစစ်ကြည့်တော့ ခုနက ပြောတဲ့ လောကဓံရဲ့ ရိုက်ပုတ်မှုဒဏ်ကို အလူးအလဲ ခံရတဲ့ အခါမှာ သည်းခံနိုင်မှု ၊ သည်းမခံနိုင်မှု အပေါ်မှာ မူတည် ပြီးတော့ အကျိုးရလဒ်တွေလည်း ကွာခြားသွား တာမျိုး ဖြစ်ပါတယ် ။

ကဲ.. စာဖတ်သူရော

သစ်သားချင်း အတူတူ ဘယ်လိုပုံစံမျိုး ဖြစ်ချင် ပါသလဲ ?

မေတ္တာဖြင့်

Kay Khaing Chan Myae

( လူငယ်နဲ့ လူလည် စာအုပ်မှ )

For Zawgyi

တန္ဘိုးခ်င္းေတာ့ မတူႏိုင္

တခါတုန္းက သစ္ပင္ေတြဟာ စကား ေျပာတတ္တယ္ ဆိုပဲ ။ စကား ေျပာတတ္တဲ့ သစ္ပင္ေတြကို ပန္းပုဆရာ တေယာက္က ပန္းပု ထုဖို႔ ယူလာခဲ့တယ္ ။

ခုတ္ထားတဲ့ သစ္သားတုံး ေတြကို ပန္းပု ထုေတာ့ သစ္သားတုံး တတုံးက အထုခံရ ၊ အခုတ္ခံရ ၊ အထြင္းခံရ ၊ အ႐ိုက္ခံရ ၊ အႏွက္ခံရေတာ့ " နာတယ္ " ဆိုၿပီး ေအာ္တယ္ ။

ဒါေၾကာင့္ ပန္းပုဆရာဟာ အဲ့ သစ္သားတုံးကို အေသးစိတ္ မြန္းမံ မေနေတာ့ဘဲ တုံးေမာင္း အျဖစ္နဲ႔ပဲ ထားခဲ့လိုက္ ေတာ့တယ္ ။

ေနာက္ သစ္သားတုံး တတုံးက်ေတာ့ ဘယ္ေလာက္ နာေပမယ့္ သူ မေအာ္ဘဲ ႀကိတ္မွိတ္ သည္းခံၿပီးေတာ့ ေနခဲ့ လိုက္တယ္ ။ ပန္းပုဆရာက အဲဒီ သစ္တုံးကို က်ေတာ့ လူသားေတြ အပူေဇာ္ခံမယ့္ နတ္ဘုရား ႐ုပ္တု အျဖစ္ ထုခဲ့ လိုက္တယ္ ။

လူသားေတြက တုံးေမာင္းကို ေခါက္ၿပီး နတ္ဘုရား႐ုပ္တုကို ပူေဇာ္တဲ့ အခါက်ေတာ့ တုံးေမာင္း ျဖစ္ေနတဲ့ သစ္သားက အသည္း အသည္ ငိုေႂကြးတယ္ ။

သူတို႔ဟာ အစ ပထမတုန္းက သစ္ပင္ေတြ အတူတူ ျဖစ္ပါလ်က္ နဲ႔ ခုက်မွ သူက် အေခါက္ ခံရၿပီး ဟိုသစ္သားတုံး က်ေတာ့ အပူေဇာ္ ခံရတယ္ ဆိုၿပီး မေက်မနပ္ ျဖစ္သြားတယ္ ။

ဒါနဲ႔ ပန္းပုဆရာ ကို ဘက္လိုက္တယ္ ဆိုၿပီး စြပ္စြဲ လိုက္တယ္ ။ ဒီအခ်ိန္မွာ နတ္ဘုရား႐ုပ္တု အျဖစ္ ထုခံလိုက္ရတဲ့ သစ္သားက သူ႔ကို ေျပာတယ္ ။

" မင္းကမွ သည္းမခံတာကိုး "

ဟုတ္ပါတယ္ ။ လူသားေတြလည္း ကိုယ္ပိုင္ လမ္းေၾကာင္းေပၚ ကိုေတာ့ သြားေနခဲ့ၾကတာခ်င္း တူပါတယ္ ။ ဒါေပမယ့္ အခ်ိဳ႕က ေအာင္ျမင္ ၾကတယ္ ။ တခ်ိဳ႕က ဘာမွ မျဖစ္ထြန္းၾကဘူး ။ တခ်ိဳ႕က ျဖစ္ေတာ့ ျဖစ္ထြန္းပါရဲ႕ ၊ ဒါေပမယ့္ အက်ိဳးျဖစ္ထြန္းမႈ အားနည္းၾကရတယ္ ။

ဒါဟာ ဘာေၾကာင့္ ျဖစ္ရတာလဲလို႔ ဆန္းစစ္ၾကည့္ေတာ့ ခုနက ေျပာတဲ့ ေလာကဓံရဲ႕ ႐ိုက္ပုတ္မႈဒဏ္ကို အလူးအလဲ ခံရတဲ့ အခါမွာ သည္းခံႏိုင္မႈ ၊ သည္းမခံႏိုင္မႈ အေပၚမွာ မူတည္ ၿပီးေတာ့ အက်ိဳးရလဒ္ေတြလည္း ကြာျခားသြား တာမ်ိဳး ျဖစ္ပါတယ္ ။

ကဲ.. စာဖတ္သူေရာ

သစ္သားခ်င္း အတူတူ ဘယ္လိုပုံစံမ်ိဳး ျဖစ္ခ်င္ ပါသလဲ ?

ေမတၱာျဖင့္

Kay Khaing Chan Myae

( လူငယ္နဲ႔ လူလည္ စာအုပ္မွ )

Post a Comment

0 Comments