အာထရာဆောင်းပုံလေးတွေကို လက်သည်းပေါ်မှာ ပုံဖော်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်များ

အမေဆိုတာ ဘဝရဲ့ အထူးအရေးပါတဲ့သူပါ။ အမေဖြစ်လာမယ့် မိခင်လောင်းတွေက ကလေးလေးကို ပုံဖော်ရင်း အတော်ကို ပီတိဖြစ်ကြပါတယ်။ သူတို့ဘဝထဲကို ကလေးလေး ဝင်လာတော့မယ့်အကြောင်း ခေါင်မိုးပေါ်တက်ပြီးတောင့် အော်ပြချင်သူတွေပါ။ အဲဒီလောက်ထိ ပျော်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေက သူတို့ရဲ့ပျော်ရွှင်မှုတွေကို လက်သည်းပေါ်မှာ ပုံဖော်ပြီး ပြတတ်ကြတာလည်း ယနေ့ခေတ်မှာ ရေပန်းစားလာပါပြီ။

လက်သည်းအလှ ပုံဖော်တဲ့ ဆိုင်ပိုင်ရှင်က အာထရာဆောင်းပုံလေးကို လက်သည်းပေါ်မှာ ပုံဖော်ပြီး ultrasoundလို့ social media ပေါ်မှာ ရေးခဲ့ပါတယ်။ ဒီလိုလက်သည်းပုံဖော်ခြင်က ဘယ်လောက်တောင် လူကြိုက်များပြီး ချစ်စရာကောင်းသွားမလဲ ဆိုတာ သူမ မတွေခဲ့မိပါဘူး။ အာထရာဆောင်းပုံကို လက်သည်းပေါ်မှာပုံဖော်ခြင်းကို Sarah Clarke က စတင်စိတ်ကူးရပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံလေးကို social media ပေါ်မှာ တင်ပြီးနောက်မှာ လက်သည်းအလှပညာရှင်က ကြိူတင် စာရင်းပေးထားသူတွေ များနေလို့ ဖောက်သည်အသစ်တွေကို တောင်းပန်ခဲ့ရပါတယ်။ ကမ္ဘာတစ်လွှားမှာလည်း မိခင်လောင်းတွေက ဒီစိတ်ကူးကိုရပြီး လိုက်လုပ်ကြပါတယ်။ ဒီပုံကတော့ ဆွီဒင်နိုင်ငံက အမေတစ်ယောက် ကလေးနှစ်ယောက်ရဲ့ပုံကို လက်သည်းပေါ်မှာ ပုံဖော်ထားတဲ့ပုံပါ။

တစ်ဖက်မှာလည်း ကလေးပျက်ကျသွားတဲ့ အမေတွေကလည်း အမှတ်တရအဖြစ်နဲ့ လက်သည်းပေါ်မှာ အာထရာဆောင်းပုံလေးတွေ ဖော်ကြပါတယ်။

"လွန်ခဲ့တဲ့သုံးနှစ် ဧပြီလက ကျွန်မမှာ ကိုယ်ဝန်ရှိကြောင်း သိခဲ့ပါတယ်။ နောက်ရက်ရောက်တော့ ကလေးပျက်ကျ သွားခဲ့ပါတယ်။ လူ့ဘဝထဲ မရောက်လာခဲ့တဲ့ ကလေးလေးကို ကျွန်မ သိပ်ချစ်ပါတယ်။ အမြဲလည်း သတိရပါတယ်။ လက်သည်းပေါ်က သူ့ပုံလေးက ကျွန်မကို ပျော်ရွှင်စေတယ်" လို့ instagram သုံးသူတစ်ယောက်က သူမရဲ့ဝမ်းနည်းဖွယ် အကြောင်းလေးကို ဝေမျှထားပါတယ်။


မိခင်လောင်းကို ဂုဏ်ပြုတဲ့ပွဲနဲ့ ကလေးကို သားလား၊ သမီးလား ခန့်မှန်းတဲ့ပွဲမှာ အာထရာဆောင်းပုံနဲ့ လက်သည်းအလှ ပုံဖော်ခြင်းက ခေတ်အစားဆုံး ဖြစ်လာပါတယ်။ ဘယ်အမေကမဆို လောကထဲ ဝင်လာမယ့် ကလေးအတွက် ကြိုတင်ပြီး ကြည်နူးကြတာပါပဲ။

Zombie (Lovemedia)

For Zawgyi

အာထရာေဆာင္းပုံေလးေတြကို လက္သည္းေပၚမွာ ပုံေဖာ္ခဲ့တဲ့ ကိုယ္ဝန္ေဆာင္မိခင္မ်ား

အေမဆိုတာ ဘဝရဲ႕ အထူးအေရးပါတဲ့သူပါ။ အေမျဖစ္လာမယ့္ မိခင္ေလာင္းေတြက ကေလးေလးကို ပုံေဖာ္ရင္း အေတာ္ကို ပီတိျဖစ္ၾကပါတယ္။ သူတို႔ဘဝထဲကို ကေလးေလး ဝင္လာေတာ့မယ့္အေၾကာင္း ေခါင္မိုးေပၚတက္ၿပီးေတာင့္ ေအာ္ျပခ်င္သူေတြပါ။ အဲဒီေလာက္ထိ ေပ်ာ္ပါတယ္။ ကိုယ္ဝန္ေဆာင္ မိခင္ေတြက သူတို႔ရဲ႕ေပ်ာ္႐ႊင္မႈေတြကို လက္သည္းေပၚမွာ ပုံေဖာ္ၿပီး ျပတတ္ၾကတာလည္း ယေန႔ေခတ္မွာ ေရပန္းစားလာပါၿပီ။

လက္သည္းအလွပုံေဖာ္တဲ့ ဆိုင္ပိုင္ရွင္က အာထရာေဆာင္းပုံေလးကို လက္သည္းေပၚမွာ ပုံေဖာ္ၿပီး ultrasoundလို႔ social media ေပၚမွာ ေရးခဲ့ပါတယ္။ ဒီလိုလက္သည္းပုံေဖာ္ျခင္က ဘယ္ေလာက္ေတာင္ လူႀကိဳက္မ်ားၿပီး ခ်စ္စရာေကာင္းသြားမလဲ ဆိုတာ သူမ မေတြခဲ့မိပါဘူး။ အာထရာေဆာင္းပုံကို လက္သည္းေပၚမွာပုံေဖာ္ျခင္းကို Sarah Clarke က စတင္စိတ္ကူးရၿပီး ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

ဒီဓာတ္ပုံေလးကို social media ေပၚမွာ တင္ၿပီးေနာက္မွာ လက္သည္းအလွပညာရွင္က ႀကိဴတင္ စာရင္းေပးထားသူေတြ မ်ားေနလို႔ ေဖာက္သည္အသစ္ေတြကို ေတာင္းပန္ခဲ့ရပါတယ္။ ကမာၻတစ္လႊားမွာလည္း မိခင္ေလာင္းေတြက ဒီစိတ္ကူးကိုရၿပီး လိုက္လုပ္ၾကပါတယ္။ ဒီပုံကေတာ့ ဆြီဒင္ႏိုင္ငံက အေမတစ္ေယာက္ ကေလးႏွစ္ေယာက္ရဲ႕ပုံကို လက္သည္းေပၚမွာ ပုံေဖာ္ထားတဲ့ပုံပါ။

တစ္ဖက္မွာလည္း ကေလးပ်က္က်သြားတဲ့ အေမေတြကလည္း အမွတ္တရအျဖစ္နဲ႔ လက္သည္းေပၚမွာ အာထရာေဆာင္းပုံေလးေတြ ေဖာ္ၾကပါတယ္။ "လြန္ခဲ့တဲ့သုံးႏွစ္ ဧၿပီလက ကြၽန္မမွာ ကိုယ္ဝန္ရွိေၾကာင္း သိခဲ့ပါတယ္။ ေနာက္ရက္ေရာက္ေတာ့ ကေလးပ်က္က် သြားခဲ့ပါတယ္။ လူ႔ဘဝထဲ မေရာက္လာခဲ့တဲ့ ကေလးေလးကို ကြၽန္မ သိပ္ခ်စ္ပါတယ္။ အၿမဲလည္း သတိရပါတယ္။ လက္သည္းေပၚက သူ႔ပုံေလးက ကြၽန္မကို ေပ်ာ္႐ႊင္ေစတယ္" လို႔ instagram သုံးသူတစ္ေယာက္က သူမရဲ႕ဝမ္းနည္းဖြယ္ အေၾကာင္းေလးကို ေဝမွ်ထားပါတယ္။

မိခင္ေလာင္းကို ဂုဏ္ျပဳတဲ့ပြဲနဲ႔ ကေလးကို သားလား၊ သမီးလား ခန႔္မွန္းတဲ့ပြဲမွာ အာထရာေဆာင္းပုံနဲ႔ လက္သည္းအလွ ပုံေဖာ္ျခင္းက ေခတ္အစားဆုံး ျဖစ္လာပါတယ္။ ဘယ္အေမကမဆို ေလာကထဲ ဝင္လာမယ့္ ကေလးအတြက္ ႀကိဳတင္ၿပီး ၾကည္ႏူးၾကတာပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments