လမ်းလည်ခေါင်မှာရှိတဲ့ ပဟေဋ္ဌိဆန်တဲ့ အုတ်ဂူတစ်လုံး (ရုပ်သံ)

ပုံမှန်ဆိုရင်တော့ သင်ဟာ အုတ်ဂူတွေကို သုသာန်မှာပဲ အများစု တွေ့ဖူးမှာပါ။ ဒါပေမယ့် သင်သာ တူရကီကို သွားလည်မယ် ဆိုရင်တော့ လမ်းလည်က အုတ်ဂူတစ်လုံးကို တွေ့နိုင်ပါတယ်။

Yeni Mahalle Hamzaoğlu ဆိုတဲ့ လမ်းဟာ တူရကီမှာ မြောက်မြားစွာ တည်ရှိတဲ့ လမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီလမ်းလည်တည့်တည့်မှာ ထူးခြားတာတစ်ခုက ရှိနေပါတယ်။ အဲဒါကတော့ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အေးချမ်းစွာ အနားယူနေတဲ့ အုတ်ဂူတစ်လုံးပါပဲ။

အုတ်ဂူဟာ တည်ရှိတာကြာနေပြီ ဖြစ်ပေမယ့်လည်း ယခုထိ ခိုင်မြဲနေဆဲပါပဲ။ အပျော်တမ်း ဓာတ်ပုံရိုက်သူတွေ၊ Drone တွေ အပျော်တမ်းလွှတ်ရင်း ရိုက်ကူးမိတာတွေကနေ နာမည်ကြီးလာပါတယ်။

အချို့ကလည်း မြို့ကိုချဲ့ထွင်ဖို့အတွက် အိမ်ခြံဝင်းကို သိမ်းပြီးလမ်းဖောက်ထားတယ်လို့ ဆိုပါတယ်။ ထိုအုတ်ဂူဟာ ခြံပိုင်ရှင်ရဲ့ အုတ်ဂူဖြစ်တာကြောင့် မဖြိုဖျက်ပဲထားတာလို့ ပြောပါတယ်။

လမ်းဖောက်လုပ်ချိန်မှာ အုတ်ဂူကိုမဖြိုဖျက်စေပဲ ဒီအတိုင်းထားဖို့ လမ်းအလုပ်သမားတွေကို အိမ်မက်ပေးခဲ့တယ်လို့ ပြောကြပါတယ်။ ခြံထဲမှာရှိတဲ့ အခြားအုတ်ဂူတွေကို ရွှေ့ပြောင်းလို့ရခဲ့ပေမယ့် အဲ့တစ်လုံးသာ ရွှေ့ပြောင်းလို့မရခဲ့တာပါ။

တချို့ကျတော့လည်း ဒီအုတ်ဂူဟာ အာဇာနည်တစ်ဦးဦး (ဒါမှမဟုတ်) ပညာရှင်တစ်ဦးဦးရဲ့ အုတ်ဂူလို့ ယုံကြည်နေကြပါတယ်။ ဒါကြောင့်လည်း တစ်ချို့ရက်တွေမှာ အုတ်ဂူဆီကို ပန်းစည်းတွေ ယူဆောင်လာတတ်ကြပါတယ်။

အုတ်ဂူဟာ လမ်းလည်မှာ တည်ရှိနေပြီးတော့ သူ့ရဲ့လေးထောင့်ကျတဲ့ ပုံစံကြောင့် လမ်းအသွားအလာကိုတော့ မထိခိုက်စေပါဘူး။ ဘယ်သူဘယ်ဝါရယ်လို့ အမည်ဖော်မရတဲ့ အုတ်ဂူကြီးဟာ လတ်တလောမှာ လူအများကို ပဟေဋ္ဌိဆန်စေပြီးတော့ အာရုံတွေကိုလည်း ဖမ်းစားထားပါတယ်။

ရုပ်သံ

Zombie (Lovemedia)

For Zawgyi

လမ္းလည္ေခါင္မွာရွိတဲ့ ပေဟ႒ိဆန္တဲ့ အုတ္ဂူတစ္လုံး (႐ုပ္သံ)

ပုံမွန္ဆိုရင္ေတာ့ သင္ဟာ အုတ္ဂူေတြကို သုသာန္မွာပဲအမ်ားစုေတြ႕ဖူးမွာပါ။ ဒါေပမယ့္ သင္သာ တူရကီကို သြားလည္မယ္ဆိုရင္ေတာ့ လမ္းလည္ကအုတ္ဂူတစ္လုံးကို ေတြ႕ႏိုင္ပါတယ္။

Yeni Mahalle Hamzaoğlu ဆိုတဲ့ လမ္းဟာ တူရကီမွာ ေျမာက္ျမားစြာ တည္ရွိတဲ့ လမ္းေတြထဲက တစ္ခုျဖစ္ပါတယ္။ အဲဒီလမ္းလည္တည့္တည့္မွာ ထူးျခားတာတစ္ခုက ရွိေနပါတယ္။ အဲဒါကေတာ့ ဘယ္သူဘယ္ဝါမွန္း မသိတဲ့ လူပုဂၢိဳလ္တစ္ဦးရဲ႕ ေအးခ်မ္းစြာ အနားယူေနတဲ့ အုတ္ဂူတစ္လုံးပါပဲ။

အုတ္ဂူဟာ တည္ရွိတာၾကာေနၿပီ ျဖစ္ေပမယ့္လည္း ယခုထိ ခိုင္ၿမဲေနဆဲပါပဲ။ အေပ်ာ္တမ္း ဓာတ္ပုံ႐ိုက္သူေတြ၊ Drone ေတြ အေပ်ာ္တမ္းလႊတ္ရင္း ႐ိုက္ကူးမိတာေတြကေန နာမည္ႀကီးလာပါတယ္။

အခ်ိဳ႕ကလည္း ၿမိဳ႕ကိုခ်ဲ႕ထြင္ဖို႔အတြက္ အိမ္ၿခံဝင္းကို သိမ္းၿပီးလမ္းေဖာက္ထားတယ္လို႔ ဆိုပါတယ္။ ထိုအုတ္ဂူဟာ ၿခံပိုင္ရွင္ရဲ႕ အုတ္ဂူျဖစ္တာေၾကာင့္ မၿဖိဳဖ်က္ပဲထားတာလို႔ ေျပာပါတယ္။

လမ္းေဖာက္လုပ္ခ်ိန္မွာ အုတ္ဂူကိုမၿဖိဳဖ်က္ေစပဲ ဒီအတိုင္းထားဖို႔ လမ္းအလုပ္သမားေတြကို အိမ္မက္ေပးခဲ့တယ္လို႔ ေျပာၾကပါတယ္။ ၿခံထဲမွာရွိတဲ့ အျခားအုတ္ဂူေတြကို ေ႐ႊ႕ေျပာင္းလို႔ရခဲ့ေပမယ့္ အဲ့တစ္လုံးသာ ေ႐ႊ႕ေျပာင္းလို႔မရခဲ့တာပါ။

တခ်ိဳ႕က်ေတာ့လည္း ဒီအုတ္ဂူဟာ အာဇာနည္တစ္ဦးဦး (ဒါမွမဟုတ္) ပညာရွင္တစ္ဦးဦးရဲ႕ အုတ္ဂူလို႔ ယုံၾကည္ေနၾကပါတယ္။ ဒါေၾကာင့္လည္း တစ္ခ်ိဳ႕ရက္ေတြမွာ အုတ္ဂူဆီကို ပန္းစည္းေတြ ယူေဆာင္လာတတ္ၾကပါတယ္။

အုတ္ဂူဟာ လမ္းလည္မွာ တည္ရွိေနၿပီးေတာ့ သူ႔ရဲ႕ေလးေထာင့္က်တဲ့ ပုံစံေၾကာင့္ လမ္းအသြားအလာကိုေတာ့ မထိခိုက္ေစပါဘူး။ ဘယ္သူဘယ္ဝါရယ္လို႔ အမည္ေဖာ္မရတဲ့ အုတ္ဂူႀကီးဟာ လတ္တေလာမွာ လူအမ်ားကို ပေဟ႒ိဆန္ေစၿပီးေတာ့ အာ႐ုံေတြကိုလည္း ဖမ္းစားထားပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments