ဆရာမင်းသိင်္ခ၏ အင်္ဂါသားသမီးများအကြောင်း

အင်္ဂါသားသမီးတွေက ဂြိုလ်အားဖြင့် မားစ်လို့ခေါ်တဲ့ အင်္ဂါဂြိုလ် စိုးမိုးသူများဖြစ်တယ်။ ဂုဏ်သိက္ခာကို အလွန်အလေးထား ဂရုစိုက်သူတွေ ဖြစ်တယ်။ သူတို့ဟာ စိတ်တော့ သိပ်မရှည်ပါဘူး။ ဒါပေမယ့် ဇွဲ၊ သတ္တိရှိပြီး လျင်လျင်မြန်မြန် ဆုံးဖြတ်ချက် ချတတ်ကြပါတယ်။ ဘယ်အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ် နောက်လိုက်ထက် ဦးဆောင်ရတာကို ပိုနှစ်သက်တယ်။

သဘာဝကျကျ ဦးဆောင်တတ်တာဟာ အင်္ဂါသားသမီးတွေရဲ့ ပင်ကိုယ်စွမ်းရည်ပါ။ အလုပ် လုပ်ရာမှာလည်း အမြဲတမ်း တက်ကြွနေတတ်သလို ရဲရဲတောက် စိတ်ဓါတ်မျိုး ပိုင်ဆိုင်ကြသူတွေ ဖြစ်တယ်။ သူတို့တွေဟာ သတ္တိကောင်းပေမယ့် ဒေါသထွက် လွယ်တယ်။ သာမန် အလုပ်မျိုးထက် စွန့်စားပြီးလုပ်ရတဲ့ အလုပ်တွေကို ပိုမို နှစ်သက်ကြတယ်။

သူတို့ဟာ အသစ်သစ်သော ပညာရပ်တွေ အတွေ့အကြုံတွေကို အမြဲ စူးစမ်းရှာဖွေ နေတတ်ကြတယ်။ ပတ်ဝန်းကျင်သစ်မှာ ပိုပျော်မွေ့တတ်တယ်။ အင်္ဂါနေ့သားအများစုဟာ ပိုက်ဆံနဲ့ အနီးကပ်ဆက်စပ်နေတဲ့ ( ဥပမာ ဘဏ်လုပ်ငန်း၊ စာရင်းကိုင်) အလုပ်တွေကို ပိုသဘောကျ တတ်ပါသတဲ့။ တာဝန်ကြီး၊ အန္တရာယ်များတဲ့ အလုပ် တာဝန်တွေကို နှစ်ခြိုက်တတ်လေ့ရှိပြီး လုပ်နိုင်ကြောင်းကိုလည်း သက်သေပြလေ့ ရှိပါတယ်။

အင်္ဂါသားတွေဟာ စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောတတ်တာမို့ တစ်ခါတလေ ကိုယ်ပြောလိုက်တာက တစ်ခြားသူတွေအတွက် စိတ်အနှာက်အယှက် ဖြစ်စေတတ်တယ်။ အပြင်ပန်းကြည့်ရင် မာကြောတယ်လို့ ထင်ရပေမယ့် အလွန်အမင်း စိတ်ထိခိုက် လွယ်တတ်သူတွေ ဖြစ်တာကြောင့် အခြားသူတွေ နည်းနည်းလေး ဝေဖန်လိုက်တာနဲ့ ဝမ်းနည်း သွားတတ်ကြပါတယ်။

အင်္ဂါနေ့သားတွေဟာ အချစ်ရေးနဲ့ ပါတ်သက်ရင် စိုးရိမ်မှုများ နေတတ်ပြီး နက်နက်နဲနဲ တွေးနေတတ်တယ်။ အဲဒီလို စရိုက်တွေကြောင့် သူများက အထင်မှား ခံရတတ်တယ်။ စကားပြောရင် ကြိုတင် မစဉ်းစားပဲ ပြောလိုက်မိလို့ အမှားတွေ့တတ်တယ်။ အဲဒါကြောင့် အမှားကင်းအောင် မပြောခင် ကြိုတင်စဉ်းစားပါ။

အင်္ဂါသားတွေအတွက် ကံကောင်းစေတဲ့ ဂဏန်းက ၉ ဖြစ်ပါတယ်။ အလှူအတန်းတွေ လုပ်မယ် ဆိုရင်တော့ အင်္ဂါနေ့မှာ လုပ်တာက ပိုအကျိုးထူးပါတယ်။

အင်္ဂါသားသမီးများ

Sir Min Thein Kha

For Zawgyi

ဆရာမင္းသိခၤ၏ အဂၤါသားသမီးမ်ားအေၾကာင္း

အဂၤါသားသမီးေတြက ၿဂိဳလ္အားျဖင့္ မားစ္လို႔ေခၚတဲ့ အဂၤါၿဂိဳလ္ စိုးမိုးသူမ်ားျဖစ္တယ္။ ဂုဏ္သိကၡာကို အလြန္အေလးထား ဂ႐ုစိုက္သူေတြ ျဖစ္တယ္။ သူတို႔ဟာ စိတ္ေတာ့ သိပ္မရွည္ပါဘူး။ ဒါေပမယ့္ ဇြဲ၊ သတၱိရွိၿပီး လ်င္လ်င္ျမန္ျမန္ ဆုံးျဖတ္ခ်က္ ခ်တတ္ၾကပါတယ္။ ဘယ္အဖြဲ႕အစည္းမွာပဲ ျဖစ္ျဖစ္ ေနာက္လိုက္ထက္ ဦးေဆာင္ရတာကို ပိုႏွစ္သက္တယ္။

သဘာဝက်က် ဦးေဆာင္တတ္တာဟာ အဂၤါသားသမီးေတြရဲ႕ ပင္ကိုယ္စြမ္းရည္ပါ။ အလုပ္ လုပ္ရာမွာလည္း အၿမဲတမ္း တက္ႂကြေနတတ္သလို ရဲရဲေတာက္ စိတ္ဓါတ္မ်ိဳး ပိုင္ဆိုင္ၾကသူေတြ ျဖစ္တယ္။ သူတို႔ေတြဟာ သတၱိေကာင္းေပမယ့္ ေဒါသထြက္ လြယ္တယ္။ သာမန္ အလုပ္မ်ိဳးထက္ စြန႔္စားၿပီးလုပ္ရတဲ့ အလုပ္ေတြကို ပိုမို ႏွစ္သက္ၾကတယ္။

သူတို႔ဟာ အသစ္သစ္ေသာ ပညာရပ္ေတြ အေတြ႕အႀကဳံေတြကို အၿမဲ စူးစမ္းရွာေဖြ ေနတတ္ၾကတယ္။ ပတ္ဝန္းက်င္သစ္မွာ ပိုေပ်ာ္ေမြ႕တတ္တယ္။ အဂၤါေန႔သားအမ်ားစုဟာ ပိုက္ဆံနဲ႔ အနီးကပ္ဆက္စပ္ေနတဲ့ ( ဥပမာ ဘဏ္လုပ္ငန္း၊ စာရင္းကိုင္) အလုပ္ေတြကို ပိုသေဘာက်တတ္ပါသတဲ့။ တာဝန္ႀကီး၊ အႏၲရာယ္မ်ားတဲ့ အလုပ္ တာဝန္ေတြကို ႏွစ္ၿခိဳက္တတ္ေလ့ရွိၿပီး လုပ္ႏိုင္ေၾကာင္းကိုလည္း သက္ေသျပေလ့ ရွိပါတယ္။

အဂၤါသားေတြဟာ စိတ္ထဲရွိတာ ပြင့္ပြင့္လင္းလင္း ေျပာတတ္တာမို႔ တစ္ခါတေလ ကိုယ္ေျပာလိုက္တာက တစ္ျခားသူေတြအတြက္ စိတ္အႏွာက္အယွက္ ျဖစ္ေစတတ္တယ္။ အျပင္ပန္းၾကည့္ရင္ မာေၾကာတယ္လို႔ ထင္ရေပမယ့္ အလြန္အမင္း စိတ္ထိခိုက္ လြယ္တတ္သူေတြ ျဖစ္တာေၾကာင့္ အျခားသူေတြ နည္းနည္းေလး ေဝဖန္လိုက္တာနဲ႔ ဝမ္းနည္း သြားတတ္ၾကပါတယ္။

အဂၤါေန႔သားေတြဟာ အခ်စ္ေရးနဲ႔ ပါတ္သက္ရင္ စိုးရိမ္မႈမ်ား ေနတတ္ၿပီး နက္နက္နဲနဲ ေတြးေနတတ္တယ္။ အဲဒီလို စ႐ိုက္ေတြေၾကာင့္ သူမ်ားက အထင္မွား ခံရတတ္တယ္။ စကားေျပာရင္ ႀကိဳတင္ မစဥ္းစားပဲ ေျပာလိုက္မိလို႔ အမွားေတြ႕တတ္တယ္။ အဲဒါေၾကာင့္ အမွားကင္းေအာင္ မေျပာခင္ ႀကိဳတင္စဥ္းစားပါ။

အဂၤါသားေတြအတြက္ ကံေကာင္းေစတဲ့ ဂဏန္းက ၉ ျဖစ္ပါတယ္။ အလႉအတန္းေတြ လုပ္မယ္ ဆိုရင္ေတာ့ အဂၤါေန႔မွာ လုပ္တာက ပိုအက်ိဳးထူးပါတယ္။

အဂၤါသားသမီးမ်ား

Sir Min Thein Kha

Post a Comment

0 Comments