အင်္ဂါ သားသမီးတွေရဲ့ အားသာချက်

အင်္ဂါ သားသမီးတွေရဲ့ အားသာချက်က လူအများက ချစ်ခင်အောင် နေတတ်တာပါပဲ။ တစ်စုံတစ်ယောက်ကို ချစ်မိပြီ ဆိုရင်လည်း ဘယ်သူမှ လိုက်မမှီအောင် ချစ်တတ်ကျတယ်။

ချစ်သူ အတွက် ဆိုရင် ကောင်ကင်ကို ဒူးနဲ့တိုက်ရရ သူရဲကောင်းကြီး လုပ်ချင်တာ အင်္ဂါသားသမီးတွေပါ။ ဝမ်းနည်း လွယ်တယ် ၊ မျက်ရည် လွယ်တယ်။ ကီစ္စတစ်ခုကို တစ်စိမ့်စိမ့် တွေးပြီးတော့.. တမြည့်မြည့် ခံစား နေတတ်ပြန်တယ်။

ဟာသပြောပြီး ပြုံးနေတတ်ပေမယ့်.. ရင်ထဲက ကြိတ်ငိုနေတတ်တယ်။ စိတ်နာအောင်တော့ သွားမလုပ်မိပါစေနဲ့.. ဒူးထောက် တောင်းပန်တောင် တစ်သက်လုံး ပြန်လှည့်မကြည့် တတ်တော့ပါဘူး။ သူတိုကို သွားမကျော မိပါစေနဲ့.. ကိုး ဆယ်ဆလောက် ပြန်ချေ တတ်ကျလို့ပါ။

မိသားစုအရေး သိပ်ကံမကောင်း တတ်ကျပေမယ့် မိသားစုက အားကိုးရတဲ့ သားသမီးလေးတွေပါ။ သဝန်တိုတတ်တယ် ၊ ပျော်ပျော်နေ တတ်တယ် ၊ လူအများနဲ့ ဝိုင်းဖွဲ့နေရတာထက် တစ်ယောက်ထဲ အေးဆေးနေရတာကို ပိုနှစ်သက်ကြတယ်။

အင်္ဂါ သားသမီးတွေရဲ့ အိမ်ထောင်ဖက်ကတော့ ကြာသပတေး သားသမီးလေးတွေပါ ။ ကမ္ဘာ့ရန်ဖက် ကတော့.. ဗုဒ္ဓဟူး သားသမီးတွေပါ။

သူ့တိုကို စိတ်ရင်း အမှန်နဲ့သာ ချစ်ပေး နှလုံးသားတစ်ခုလုံး ပုံပေးပြီး ချစ်မှာ အင်္ဂါ သားသမီးများပဲလို့ ပြောလိုက်ပါရစေ။

crd

For Zawgyi








crd

Post a Comment

0 Comments