ဘယ်ယာဉ်နဲ့မဆို ခရီးသွားတဲ့အခါ သက်တောင့်သက်သာဖြစ်ဖို့ ပိုပြီး စဉ်းစားကြပါတယ်။ ဒါပေမယ့် ဘေးကင်းဖို့ကိုတော့ မေ့နေကြပါတယ်။
၇။ ကား
ဘေးကင်းသောထိုင်ခုံ_ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်တဲ့အခါ ကားမောင်းသူရဲ့ နောက်ခုံနဲ့ အလယ်နှစ်ခုံက ထိခိုက်မှု အနည်းဆုံးပါပဲ။
အန္တရာယ်များသော ထိုင်ခုံနေရာ_ ယာဉ်တိုက်မှုဖြစ်တဲ့အခါ ကားမောင်းသူထိုင်ခုံနဲ့ ကောင်းမောင်းသူရဲ့ဘေးနားက ထိုင်ခုံဟာ ရှောင်တိမ်းဖို့ အခက်ခဲဆုံး နေရာပါပဲ။
၆။ ဘတ်စ်ကားအသေး
ဘေးကင်းသောထိုင်ခုံ_ ယာဉ်တိုက်မှုဖြစ်တဲ့အခါ သွားရာလမ်းနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ခုံက ဘေးကင်းပါတယ်။ ရုတ်တရက် တိုက်မိတဲ့အခါ ခေါင်းနဲ့ထိုင်ခုံနဲ့ ဆောင့်မိနိုင်ချေ နည်းပါးလို့ပါ။
အန္တရာယ်ရှိသောထိုင်ခုံ_ ယာဉ်တိုက်မှုဖြစ်တဲ့အခါ ပြူတင်းပေါက်နဲ့ တံခါးဘေးနေရာတွေက မှန်ကွဲနိုင်လို့ အန္တရာယ်များပါတယ်။ ယာဉ်မောင်းဘေးက နေရာတွေကိုလည်း ရှောင်သင့်ပါတယ်။
၅။ ထရော်လီကား
ဘေးကင်းသောထိုင်ခုံ_ ကားရဲ့ညာဘက်ထိုင်ခုံတန်းတွေက ဘေးကင်းပြီး ထိခိုက်နိုင်ချေ နည်းပါးပါတယ်။ ကားရဲ့အလယ်မှာရှိတဲ့ ထိုင်ခုံနဲ့ ကားနောက်ပိုင်းမှာရှိတဲ့ ထိုင်ခုံတွေက ဘေးကင်းတယ်လို့ယူဆနိုင်ပါတယ်။
အန္တရာယ်ရှိသောထိုင်ခုံ_ ပြူတင်းပေါက်ဘေးနဲ့ တံခါးဘေးထိုင်ခုံတွေကိုတော့ ရှောင်သင့်ပါတယ်။
၄။ City Bus
ဘေးကင်းသောထိုင်ခုံ_ ကားအလယ်က ညာဘက်အကျဆုံး ထိုင်ခုံတွေက မတော်တဆမှုတွေဖြစ်တဲ့အခါ ဘေးကင်းနိုင်ပါတယ်။
အန္တရာယ်ရှိသောထိုင်ခုံ_ ယာဉ်တိုက်မှုဖြစ်တဲ့အခါ လေကာမှန်ကွဲတွေ ထိနိုင်တာကြောင့် ရှေ့ဆုံးနှစ်တန်းကို ရှောင်သင့်ပါတယ်။ ပြီးတော့ ပြူတင်းပေါက်နဲ့ တံခါးဘေးက ထိုင်ခုံတွေကိုလည်း မရွေးသင့်ပါဘူး။ ကားနောက်ကလည်း ဝင်တိုက်တာဖြစ်နိုင်လို့ နောက်ဆုံးတန်းတွေကလည်း အန္တရာယ်များပါတယ်။
၃။ ရထား
ဘေးကင်းသောထိုင်ခုံ_ ရထားရဲ့ပဉ္စမမြောက်နဲ့ ဆဋ္ဌမမြောက်အတွဲကို ရွေးချယ်တာ ပိုကောင်းပါတယ်။ ယာဉ်တိုက်မှု ဖြစ်တဲ့အခါ ပထမတွဲနဲ့ နောက်ဆုံးတွဲက ထိခိုက်မှုအများဆုံးပါ။
အန္တရာယ်ရှိသောထိုင်ခုံ_ ရုတ်တရက် ယာဉ်တိုက်တဲ့အခါ လားရာတူတဲ့ ထိုင်ခုံတွေက ခုန်ချဖို့ မလွယ်ကူတာကြောင့် မရွေးချယ်သင့်ပါဘူး။
၂။ သင်္ဘော
ဘေးကင်းသောထိုင်ခုံ_ သင်္ဘောကုန်းပတ်နဲ့ သင်္ဘောအပေါ်ထပ်က အခန်းငယ်တွေက သင်္ဘောနစ်မြုပ်တဲ့အခါ နောက်ဆုံးနေရာ ဖြစ်ပါတယ်။
အန္တရာယ်များသောထိုင်ခုံ_ သင်္ဘောရဲ့အောက်ထပ်၊ ဝမ်းပိုင်းတွေက ရေဝင်ပြီး လူထွက်ဖို့ ခက်ခဲပါတယ်။
၁။ လေယာဉ်ပျံ
ဘေးကင်းသောထိုင်ခုံ_ လေယာဉ်ရဲ့စိတ်အချရဆုံး၊ ဘေးအကင်းရဆုံး ထိုင်ခုံကိုတော့ ပညာရှင်တွေခုထိ အငြင်းပွားနေဆဲပါပဲ။ ပညာရှင် အများဆုံးကတော့ လေယာဉ်ရဲ့ အနောက်ပိုင်းက ရှေ့ပိုင်းထက် ပိုပြီး အန္တရာယ် ကင်းတယ်လို့ ပြောကြပါတယ်။ အဓိက အရေးကြီးတာကတော့ စိတ်ငြိမ်ငြိမ် ထားဖို့ပါပဲ။
Zombie (Lovemedia)
For Zawgyi
ခရီးသြားတဲ့အခါ ေဘးကင္းေသာ ထိုင္ခုံေနရာမ်ား
ဘယ္ယာဥ္နဲ႔မဆို ခရီးသြားတဲ့အခါ သက္ေတာင့္သက္သာျဖစ္ဖို႔ ပိုၿပီး စဥ္းစားၾကပါတယ္။ ဒါေပမယ့္ ေဘးကင္းဖို႔ကိုေတာ့ ေမ့ေနၾကပါတယ္။
၇။ ကား
ေဘးကင္းေသာထိုင္ခုံ_ မ်က္ႏွာခ်င္းဆိုင္ ယာဥ္တိုက္မႈျဖစ္တဲ့အခါ ကားေမာင္းသူရဲ႕ ေနာက္ခုံနဲ႔အလယ္ႏွစ္ခုံက ထိခိုက္မႈ အနည္းဆုံးပါပဲ။
အႏၲရာယ္မ်ားေသာ ထိုင္ခုံေနရာ_ ယာဥ္တိုက္မႈျဖစ္တဲ့အခါ ကားေမာင္းသူထိုင္ခုံနဲ႔ ေကာင္းေမာင္းသူရဲ႕ေဘးနားက ထိုင္ခုံဟာ ေရွာင္တိမ္းဖို႔ အခက္ခဲဆုံး ေနရာပါပဲ။
၆။ ဘတ္စ္ကားအေသး
ေဘးကင္းေသာထိုင္ခုံ_ ယာဥ္တိုက္မႈျဖစ္တဲ့အခါ သြားရာလမ္းနဲ႔ ဆန႔္က်င္ဘက္ ျဖစ္ေနတဲ့ခုံက ေဘးကင္းပါတယ္။ ႐ုတ္တရက္ တိုက္မိတဲ့အခါ ေခါင္းနဲ႔ထိုင္ခုံနဲ႔ ေဆာင့္မိႏိုင္ေခ် နည္းပါးလို႔ပါ။
အႏၲရာယ္ရွိေသာထိုင္ခုံ_ ယာဥ္တိုက္မႈျဖစ္တဲ့အခါ ျပဴတင္းေပါက္နဲ႔ တံခါးေဘးေနရာေတြက မွန္ကြဲႏိုင္လို႔ အႏၲရာယ္မ်ားပါတယ္။ ယာဥ္ေမာင္းေဘးက ေနရာေတြကိုလည္း ေရွာင္သင့္ပါတယ္။
၅။ ထေရာ္လီကား
ေဘးကင္းေသာထိုင္ခုံ_ ကားရဲ႕ညာဘက္ထိုင္ခုံတန္းေတြက ေဘးကင္းၿပီး ထိခိုက္ႏိုင္ေခ် နည္းပါးပါတယ္။ ကားရဲ႕အလယ္မွာရွိတဲ့ ထိုင္ခုံနဲ႔ ကားေနာက္ပိုင္းမွာရွိတဲ့ ထိုင္ခုံေတြက ေဘးကင္းတယ္လို႔ယူဆႏိုင္ပါတယ္။
အႏၲရာယ္ရွိေသာထိုင္ခုံ_ ျပဴတင္းေပါက္ေဘးနဲ႔ တံခါးေဘးထိုင္ခုံေတြကိုေတာ့ ေရွာင္သင့္ပါတယ္။
၄။ City Bus
ေဘးကင္းေသာထိုင္ခုံ_ ကားအလယ္က ညာဘက္အက်ဆုံး ထိုင္ခုံေတြက မေတာ္တဆမႈေတြျဖစ္တဲ့အခါ ေဘးကင္းႏိုင္ပါတယ္။
အႏၲရာယ္ရွိေသာထိုင္ခုံ_ ယာဥ္တိုက္မႈျဖစ္တဲ့အခါ ေလကာမွန္ကြဲေတြ ထိႏိုင္တာေၾကာင့္ ေရွ႕ဆုံးႏွစ္တန္းကို ေရွာင္သင့္ပါတယ္။ ၿပီးေတာ့ ျပဴတင္းေပါက္နဲ႔ တံခါးေဘးက ထိုင္ခုံေတြကိုလည္း မေ႐ြးသင့္ပါဘူး။ ကားေနာက္ကလည္း ဝင္တိုက္တာျဖစ္ႏိုင္လို႔ ေနာက္ဆုံးတန္းေတြကလည္း အႏၲရာယ္မ်ားပါတယ္။
၃။ ရထား
ေဘးကင္းေသာထိုင္ခုံ_ ရထားရဲ႕ပၪၥမေျမာက္နဲ႔ ဆ႒မေျမာက္အတြဲကို ေ႐ြးခ်ယ္တာ ပိုေကာင္းပါတယ္။ ယာဥ္တိုက္မႈ ျဖစ္တဲ့အခါ ပထမတြဲနဲ႔ ေနာက္ဆုံးတြဲက ထိခိုက္မႈအမ်ားဆုံးပါ။
အႏၲရာယ္ရွိေသာထိုင္ခုံ_ ႐ုတ္တရက္ ယာဥ္တိုက္တဲ့အခါ လားရာတူတဲ့ ထိုင္ခုံေတြက ခုန္ခ်ဖို႔ မလြယ္ကူတာေၾကာင့္ မေ႐ြးခ်ယ္သင့္ပါဘူး။
၂။ သေဘၤာ
ေဘးကင္းေသာထိုင္ခုံ_ သေဘၤာကုန္းပတ္နဲ႔ သေဘၤာအေပၚထပ္က အခန္းငယ္ေတြက သေဘၤာနစ္ျမဳပ္တဲ့အခါ ေနာက္ဆုံးေနရာ ျဖစ္ပါတယ္။
အႏၲရာယ္မ်ားေသာထိုင္ခုံ_ သေဘၤာရဲ႕ေအာက္ထပ္၊ ဝမ္းပိုင္းေတြက ေရဝင္ၿပီး လူထြက္ဖို႔ ခက္ခဲပါတယ္။
၁။ ေလယာဥ္ပ်ံ
ေဘးကင္းေသာထိုင္ခုံ_ ေလယာဥ္ရဲ႕စိတ္အခ်ရဆုံး၊ ေဘးအကင္းရဆုံး ထိုင္ခုံကိုေတာ့ ပညာရွင္ေတြခုထိ အျငင္းပြားေနဆဲပါပဲ။ ပညာရွင္ အမ်ားဆုံးကေတာ့ ေလယာဥ္ရဲ႕ အေနာက္ပိုင္းက ေရွ႕ပိုင္းထက္ ပိုၿပီး အႏၲရာယ္ ကင္းတယ္လို႔ ေျပာၾကပါတယ္။ အဓိက အေရးႀကီးတာကေတာ့ စိတ္ၿငိမ္ၿငိမ္ ထားဖို႔ပါပဲ။
Zombie (Lovemedia)
0 Comments