သင်တို့တစ်အိမ်လုံးမှာ အိမ်သာကမုတ်က အညစ်ပတ်ဆုံးနေရာ၊ ဘက်တီးရီးယားတွေ အပေါက်ဖွားဆုံးနေရာလို့ ထင်ပါလိမ့်မယ်။ တကယ်တော့ ဘက်တီးရီးယားတွေက မျက်နှာသုတ်တဲ့ပုဝါမှာ အများဆုံး ရှိနေတာပါ။
ဘက်တီးရီးယားတွေ အများဆုံး ရှိနေတဲ့ပုဝါနဲ့ မျက်နှာကို သုတ်တဲ့အခါ အရေပြားပြဿနာတွေဖြစ်လာပါတယ်။ မျက်နှာကို ဘာလို့ ပုဝါနဲ့ မသုတ်သင့်တဲ့ အကြောင်းကို ဖော်ပြပေးပါမယ်နော်။
၁။ ဝက်ခြံ
ခန္ဓာကိုယ်ကို သုတ်တဲ့ပုဝါနဲ့ မျက်နှာကို သုတ်တဲ့အခါ မျက်နှာအသားအရေက သင်ထင်ထားတာထက်ကို ပိုပြီးထိခိုက်မှာပါ။ တဘက်တွေ၊ ပုဝါတွေကိုရေချိုးခန်းတွေထဲမှာ အများဆုံး ထားတတ်ကြပါတယ်။ အဲဒီနေရာက လေအစိုဓါတ်များတဲ့နေရာတွေ ဖြစ်တာကြောင့် ဘက်တီးရီးယားတွေက ပျော်ကြပါတယ်။
နေရောင်ခြည်မရတဲ့ပုဝါကို မျက်နှာကို သုတ်လိုက်တဲ့အခါ ဘက်တီးရီးယားတွေကလည်း အလိုအလျောက် ကပ်ပါလာပါတော့တယ်။ ခန္ဓာကိုယ်သုတ်တဲ့ပုဝါနဲ့ မျက်နှာသုတ်တဲ့ပုဝါကို ခွဲထားရင်တောင် ပုံမှန်မလျှော်ပေးရင် အသားအရေကို ထိခိုက်နေဦးမှာပါ။
၂။ လျင်လျင်မြန်မြန် အိုမင်းလာခြင်း
ကြမ်းတမ်းတဲ့ မျက်နှာသုတ်ပုဝါစကို သုံးတဲ့အခါ အသားအရေကို ပွန်းစေပြီး အရေးအကြောင်းတွေ ပိုဖြစ်လာပါတယ်။ မျက်နှာနဲ့ပုဝါစ ပွတ်တိုက်မှုများတဲ့နောက်မှာတော့ မျက်နှာအသားအရေလည်း အရင်လို မချောမွေ့နိုင်တော့ပါဘူး။
၃။ Skincare တွေရဲ့ အာနိသင်ကို လျော့ပါးစေခြင်း
မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကို သုတ်တာက သဘာဝဖြစ်ပေမယ့် သုံးတဲ့ skincare တွေက ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။ မျက်နှာမှာ ရေတွေအားလုံးမခြောက်ခင် moisturizer ကို သုံးတာက ပိုပြီးအာနိသင် ထိရောက်ပါတယ်။
၄။ အသားအရေ နီစပ်ခြင်း
သင့်ရဲ့မျက်နှာအသားအရေက ထိလွယ်ရှလွယ်တယ် ဆိုရင် မျက်နှာကို ပုဝါနဲ့ မသုတ်သင့်ပါဘူး။ ပုဝါစတွေကို ချည်သားနဲ့ပြုလုပ်တာကြောင့် နူးညံ့တဲ့ အသားအရဆိုရင် နီစပ်လာနိုင်ပါတယ်။
၅။ အဆီပြန်စေခြင်း
ဒါကတော့ နည်းနည်း ထူးဆန်းနေပါလိမ့်မယ်။ မျက်နှာအသားရေကို ညီမျှအောင်ထိန်းပေးတဲ့ အဆီဂလင်းတွေကို ကြမ်းတမ်းတဲ့ ပုဝါစက ဖယ်ရှားလိုက်သလိုဖြစ်တာကြောင့် မျက်နှာက ပိုပြီးအဆီပြန်လာမှာပါ။
ပုဝါမသုံးဘဲ မျက်နှာကို ဘယ်လိုအခြောက်ခံမလဲ
မျက်နှာကို ပုဝါနဲ့ အခြောက်ခံမယ့်အစား လေနဲ့အခြောက်ခံတာက အသားအရေအတွက် ပိုသင့်တော်ပါတယ်။ အချိန်နည်းနည်း ပေးရတာပဲ ရှိမှာပါ။
မျက်နှာကို ပုံမှန်အတိုင်းသစ်ပြီးတော့ လေနဲ့အခြောက်ခံလိုက်ပါ။ ပြီးမှ ကြိုက်နှစ်သက်ရာ mousturizer ကို လိမ်းလိုက်ပါ။
Zombie (Lovemedia)
For Zawgyi
မ်က္ႏွာကို ဘာလို႔ ပုဝါနဲ႔ မသုတ္သင့္တာလဲ
သင္တို႔တစ္အိမ္လုံးမွာ အိမ္သာကမုတ္က အညစ္ပတ္ဆုံးေနရာ၊ ဘက္တီးရီးယားေတြ အေပါက္ဖြားဆုံးေနရာလို႔ ထင္ပါလိမ့္မယ္။ တကယ္ေတာ့ ဘက္တီးရီးယားေတြက မ်က္ႏွာသုတ္တဲ့ပုဝါမွာ အမ်ားဆုံး ရွိေနတာပါ။
ဘက္တီးရီးယားေတြ အမ်ားဆုံး ရွိေနတဲ့ပုဝါနဲ႔ မ်က္ႏွာကို သုတ္တဲ့အခါ အေရျပားျပႆနာေတြျဖစ္လာပါတယ္။ မ်က္ႏွာကို ဘာလို႔ ပုဝါနဲ႔ မသုတ္သင့္တဲ့ အေၾကာင္းကို ေဖာ္ျပေပးပါမယ္ေနာ္။
၁။ ဝက္ၿခံ
ခႏၶာကိုယ္ကို သုတ္တဲ့ပုဝါနဲ႔ မ်က္ႏွာကို သုတ္တဲ့အခါ မ်က္ႏွာအသားအေရက သင္ထင္ထားတာထက္ကို ပိုၿပီးထိခိုက္မွာပါ။ တဘက္ေတြ၊ ပုဝါေတြကိုေရခ်ိဳးခန္းေတြထဲမွာ အမ်ားဆုံး ထားတတ္ၾကပါတယ္။ အဲဒီေနရာက ေလအစိုဓါတ္မ်ားတဲ့ေနရာေတြ ျဖစ္တာေၾကာင့္ ဘက္တီးရီးယားေတြက ေပ်ာ္ၾကပါတယ္။
ေနေရာင္ျခည္မရတဲ့ပုဝါကို မ်က္ႏွာကို သုတ္လိုက္တဲ့အခါ ဘက္တီးရီးယားေတြကလည္း အလိုအေလ်ာက္ ကပ္ပါလာပါေတာ့တယ္။ ခႏၶာကိုယ္သုတ္တဲ့ပုဝါနဲ႔ မ်က္ႏွာသုတ္တဲ့ပုဝါကို ခြဲထားရင္ေတာင္ ပုံမွန္မေလွ်ာ္ေပးရင္ အသားအေရကို ထိခိုက္ေနဦးမွာပါ။
၂။ လ်င္လ်င္ျမန္ျမန္ အိုမင္းလာျခင္း
ၾကမ္းတမ္းတဲ့ မ်က္ႏွာသုတ္ပုဝါစကို သုံးတဲ့အခါ အသားအေရကို ပြန္းေစၿပီး အေရးအေၾကာင္းေတြ ပိုျဖစ္လာပါတယ္။ မ်က္ႏွာနဲ႔ပုဝါစ ပြတ္တိုက္မႈမ်ားတဲ့ေနာက္မွာေတာ့ မ်က္ႏွာအသားအေရလည္း အရင္လို မေခ်ာေမြ႕ႏိုင္ေတာ့ပါဘူး။
၃။ Skincare ေတြရဲ႕ အာနိသင္ကို ေလ်ာ့ပါးေစျခင္း
မ်က္ႏွာသစ္ၿပီးတဲ့အခါ မ်က္ႏွာကို သုတ္တာက သဘာဝျဖစ္ေပမယ့္ သုံးတဲ့ skincare ေတြက ထိေရာက္မႈရွိမွာ မဟုတ္ပါဘူး။ မ်က္ႏွာမွာ ေရေတြအားလုံးမေျခာက္ခင္ moisturizer ကို သုံးတာက ပိုၿပီးအာနိသင္ ထိေရာက္ပါတယ္။
၄။ အသားအေရ နီစပ္ျခင္း
သင့္ရဲ႕မ်က္ႏွာအသားအေရက ထိလြယ္ရွလြယ္တယ္ ဆိုရင္ မ်က္ႏွာကို ပုဝါနဲ႔ မသုတ္သင့္ပါဘူး။ ပုဝါစေတြကို ခ်ည္သားနဲ႔ျပဳလုပ္တာေၾကာင့္ ႏူးညံ့တဲ့ အသားအရဆိုရင္ နီစပ္လာႏိုင္ပါတယ္။
၅။ အဆီျပန္ေစျခင္း
ဒါကေတာ့ နည္းနည္း ထူးဆန္းေနပါလိမ့္မယ္။ မ်က္ႏွာအသားေရကို ညီမွ်ေအာင္ထိန္းေပးတဲ့ အဆီဂလင္းေတြကို ၾကမ္းတမ္းတဲ့ ပုဝါစက ဖယ္ရွားလိုက္သလိုျဖစ္တာေၾကာင့္ မ်က္ႏွာက ပိုၿပီးအဆီျပန္လာမွာပါ။
ပုဝါမသုံးဘဲ မ်က္ႏွာကို ဘယ္လိုအေျခာက္ခံမလဲ
မ်က္ႏွာကို ပုဝါနဲ႔ အေျခာက္ခံမယ့္အစား ေလနဲ႔အေျခာက္ခံတာက အသားအေရအတြက္ ပိုသင့္ေတာ္ပါတယ္။ အခ်ိန္နည္းနည္း ေပးရတာပဲ ရွိမွာပါ။
မ်က္ႏွာကို ပုံမွန္အတိုင္းသစ္ၿပီးေတာ့ ေလနဲ႔အေျခာက္ခံလိုက္ပါ။ ၿပီးမွ ႀကိဳက္ႏွစ္သက္ရာ mousturizer ကို လိမ္းလိုက္ပါ။
Zombie (Lovemedia)
0 Comments