သွားကျန်းမာရေးအတွက် သိရှိထားသင့်တဲ့ အချက် (၉) ခု

သွားကျန်းမာရေးက ခန္ဓာကိုယ်တခုလုံးရဲ့ ကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ အဲဒါကြောင့် သွားကျန်းမာရေးကို အသေးစိတ် ဂရုပြုသင့်ပါတယ်။

1. အစားစားပြီးရင် ချက်ချင်း သွားမတိုက်သင့်ပါဘူး။

အစားစားပြီးရင် ချက်ချင်းသွားတိုက်တာက သွားအပေါ်ယံ ကြွေသွားတွေကို ပျက်စီးစေပါတယ်။ အစားအစာတွေ၊ အရည်တွေက ပါးစပ်က ph ညီမျှမှုတွေကို အနှောင့်အယှက်ပေးပြီး သွားအပေါ်ယံကြွေသွားတွေကို အချိန်တိုအတွင်း ပါးသွားစေပါတယ်။ သွားဆရာဝန်တွေက အစားစားပြီး အနည်းဆုံး မိနစ် 30, 40 ကြာမှ သွားတိုက်ဖို့ အကြံပေးပါတယ်။

2. သွားကျန်းမာရေးအတွက် ရေကူးတာမကောင်းပါဘူး။

ရေကူးခြင်းက ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ဒါပေမယ့် ရေကူးကန်ထဲမှာ ထည့်ထားတဲ့ ပိုးသတ်ဆေးက သွားကို ထိခိုက်စေပါတယ်။ 1980 နှစ်တွေတုန်းက ရေကူးသူတွေရဲ့ သွားကျန်းမာရေးကို လေ့လာတဲ့အခါ 40 ရာခိုင်နှုန်းသော ရေကူးသူတွေက သွားအပေါ်ယံကြွေသွားလွှာတွေ ပျက်စီးပါတယ်။

3. ကော်ဖီကို ဖျော်ထားပြီး အချိန်ကြာမှ မသောက်သင့်ဘူး။

လူအများစုက အလုပ်မှာဆိုရင် ကော်ဖီကို နည်းနည်းသောက်လိုက်၊ အလုပ်လုပ်လိုက်၊ စကားပြောလိုက်နဲ့သောက်တတ်ကြပါတယ်။ ကော်ဖီဖျော်ထားပြီး အချိန်ကြာမှသောက်ရင် သွားအပေါ်ယံကြွေသွားလွှာတွေကို ပျက်စီးစေပါတယ်။ အဲဒါကြောင့်ကော်ဖီကို ဖျော်ပြီးရင် မြန်မြန်သောက်သင့်ပါတယ်။

4. ကိုယ်ဝန်ဆောင်ချိန်မှာ သွားကို စစ်ဆေးပေးသင့်ပါတယ်။

သွားအခေါင်းပေါက် ဖြစ်နေတဲ့အခါ ကူးစက်ရောဂါတွေက သွားတစ်ရှူးတွေကနေ သွားဖုံးအထိ ပျံ့နှံ့ပါတယ်။ အဲဒီကနေ သွေးကြောထဲရောက်ပြီး သန္ဓေသားကို ထိခိုက်စေပါတယ်။ ကလေးမွေးဖွားတဲ့အခါ ကလေးမှာ ဝမ်းတွင်းပါရောဂါတွေ ပါလာတတ်ပါတယ်။ သွားဖုံးရောင်ရမ်းခြင်းက အမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်လုံးရဲ့ မျိုးပွားနိုင်စွမ်းကို လျော့စေပါတယ်။ ကလေးမှာလည်း လမစေ့ဘဲမွေးတာ၊ ပေါင်ချိန်မပြည့်ဘဲ မွေးတာတွေ ဖြစ်တတ်ပါတယ်။

5. ကလေးတွေ သွားတိုက်ချိန်မှာ သီချင်းဖွင့်ထားပေးပါ။

သွားတိုက်တဲ့အချိန်မှာ သေသေချာချာ အာရုံစိုက်ပြီး တိုက်ဖို့လိုပါတယ်။ ကလေးတွေ သွားတိုက်ချိန်မှာ သူတို့အကြိုက် သီချင်းလေးတွေ ဖွင့်ပေးဖို့ ဆရာဝန်တွေက အကြံပေးပါတယ်။ သီချင်းက 2 မိနစ်၊ 3 မိနစ် ကြာတာဖြစ်လို့ ကလေးက သွားကို သေသေချာချာ တိုက်နိုင်မှာပါ။

6. ပဲတွေက သွားတွေကို ပျက်စီးစေပါတယ်။

ပဲမှာပါတဲ့ ပရိုတိန်းဓာတ်က ဆဲလ်တွေကို ပြိုကွဲစေပါတယ်။ သွားမှာအခေါင်းပေါက် ဖြစ်နေတဲ့အချိန် ပဲစားတဲ့အခါ သွားဖုံးရောင်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် သွားမှာ အခေါင်းပေါက်ဖြစ်နေရင် ပဲမစားသင့်ပါဘူး။

7. ခံတွင်းကျန်းမာရေးက မှတ်ဉာဏ်နဲ့ ဆက်စပ်နေပါတယ်။

သိပ္ပံပညာရှင်တွေက အသက် 55 နှစ်နဲ့ အထက် လူပေါင်း 273 ယောက်ကို သုတေသနပြုခဲ့ပါတယ်။ အဲဒီအခါ သွားများများ ကျိုးတဲ့သူတွေက မှတ်ဉာဏ်တွေချို့ယွင်းတာကို တွေ့ရပါတယ်။ အဲဒါကြောင့် သွားကျန်းမာရေးက အရေးကြီးပါတယ်။

8. ဖျားနာခြင်းက ကလေးတွေရဲ့ သွားအနေအထားကို ပြောင်းစေတယ်။

ကလေးတစ်ယောက်က တစ်နှစ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ဖျားတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကလေးဘဝတုန်းက ခဏခဏနေမကောင်းဖြစ်ရင် ကျန်းမာရေးမှာ ပြဿနာရှိနိုင်ပါတယ်။ ကလေးတွေက ဖျားတဲ့အခါ နှာခေါင်းနဲ့ အသက်ရှူလို့မရဘဲ ပါးစပ်နဲ့အသက်ရှူရပါတယ်။ အဲဒီအခါ အောက်မေးရိုးက ရှေ့ကို နည်းနည်းတိုးသွားပါတယ်။ အဲဒါကြောင့် အသက်ရှူတဲ့အခါ နှာခေါင်းက အဆင်ပြေဖို့ လိုတယ်လို့ သွားဆရာဝန်တွေက အကြံပေးပါတယ်။

9. ရေခဲတုံးတွေကို ကိုက်စားခြင်း၊ လျှာမှာအပေါက်ဖောက်ခြင်းတွေက သွားကျန်းမာရေးအတွက် မကောင်းပါဘူး။

ရေခဲတုံးတွေကို ကိုက်စားခြင်းက သွားအပေါ်ယံကြွေသွားနဲ့ သွားဖုံးတွေကို ထိခိုက်စေပါတယ်။ လျှာမှာ အပေါက်ဖောက်ပြီး တပ်ထားတဲ့သတ္ထုတွေက သွားကိုထိခိုက်စေပါတယ်။ မုန့်တွေ၊ ဖျော်ရည်ဘူးတွေကို ဖောက်တဲ့အခါ သွားနဲ့ကိုက်ပြီး မဖောက်သင့်ပါဘူး။

Zombie (Lovemedia)

For Zawgyi

သြားက်န္းမာေရးအတြက္ သိရွိထားသင့္တဲ့ အခ်က္ (၉) ခု

သြားက်န္းမာေရးက ခႏၶာကိုယ္တခုလုံးရဲ႕ က်န္းမာေရးနဲ႔ ဆက္စပ္ေနပါတယ္။ အဲဒါေၾကာင့္ သြားက်န္းမာေရးကို အေသးစိတ္ ဂ႐ုျပဳသင့္ပါတယ္။

1. အစားစားၿပီးရင္ ခ်က္ခ်င္းသြားမတိုက္သင့္ပါဘူး။

အစားစားၿပီးရင္ ခ်က္ခ်င္းသြားတိုက္တာက သြားအေပၚယံေႂကြသြားေတြကို ပ်က္စီးေစပါတယ္။ အစားအစာေတြ၊ အရည္ေတြက ပါးစပ္က ph ညီမွ်မႈေတြကို အေႏွာင့္အယွက္ေပးၿပီး သြားအေပၚယံေႂကြသြားေတြကို အခ်ိန္တိုအတြင္း ပါးသြားေစပါတယ္။ သြားဆရာဝန္ေတြက အစားစားၿပီး အနည္းဆုံး မိနစ္ 30, 40 ၾကာမွ သြားတိုက္ဖို႔ အႀကံေပးပါတယ္။

2. သြားက်န္းမာေရးအတြက္ ေရကူးတာမေကာင္းပါဘူး။

ေရကူးျခင္းက က်န္းမာေရးအတြက္ အက်ိဳးျပဳပါတယ္။ ဒါေပမယ့္ ေရကူးကန္ထဲမွာ ထည့္ထားတဲ့ ပိုးသတ္ေဆးက သြားကို ထိခိုက္ေစပါတယ္။ 1980 ႏွစ္ေတြတုန္းက ေရကူးသူေတြရဲ႕ သြားက်န္းမာေရးကို ေလ့လာတဲ့အခါ 40 ရာခိုင္ႏႈန္းေသာ ေရကူးသူေတြက သြားအေပၚယံေႂကြသြားလႊာေတြ ပ်က္စီးပါတယ္။

3. ေကာ္ဖီကို ေဖ်ာ္ထားၿပီး အခ်ိန္ၾကာမွ မေသာက္သင့္ဘူး။

လူအမ်ားစုက အလုပ္မွာဆိုရင္ ေကာ္ဖီကို နည္းနည္းေသာက္လိုက္၊ အလုပ္လုပ္လိုက္၊ စကားေျပာလိုက္နဲ႔ေသာက္တတ္ၾကပါတယ္။ ေကာ္ဖီေဖ်ာ္ထားၿပီး အခ်ိန္ၾကာမွေသာက္ရင္ သြားအေပၚယံေႂကြသြားလႊာေတြကို ပ်က္စီးေစပါတယ္။ အဲဒါေၾကာင့္ေကာ္ဖီကို ေဖ်ာ္ၿပီးရင္ ျမန္ျမန္ေသာက္သင့္ပါတယ္။

4. ကိုယ္ဝန္ေဆာင္ခ်ိန္မွာ သြားကို စစ္ေဆးေပးသင့္ပါတယ္။

သြားအေခါင္းေပါက္ ျဖစ္ေနတဲ့အခါ ကူးစက္ေရာဂါေတြက သြားတစ္ရႉးေတြကေန သြားဖုံးအထိ ပ်ံ႕ႏွံ႔ပါတယ္။ အဲဒီကေန ေသြးေၾကာထဲေရာက္ၿပီး သေႏၶသားကို ထိခိုက္ေစပါတယ္။ ကေလးေမြးဖြားတဲ့အခါ ကေလးမွာ ဝမ္းတြင္းပါေရာဂါေတြ ပါလာတတ္ပါတယ္။ သြားဖုံးေရာင္ရမ္းျခင္းက အမ်ိဳးသားနဲ႔အမ်ိဳးသမီးႏွစ္ေယာက္လုံးရဲ႕ မ်ိဳးပြားႏိုင္စြမ္းကို ေလ်ာ့ေစပါတယ္။ ကေလးမွာလည္း လမေစ့ဘဲေမြးတာ၊ ေပါင္ခ်ိန္မျပည့္ဘဲ ေမြးတာေတြ ျဖစ္တတ္ပါတယ္။

5. ကေလးေတြ သြားတိုက္ခ်ိန္မွာ သီခ်င္းဖြင့္ထားေပးပါ။

သြားတိုက္တဲ့အခ်ိန္မွာ ေသေသခ်ာခ်ာ အာ႐ုံစိုက္ၿပီး တိုက္ဖို႔လိုပါတယ္။ ကေလးေတြ သြားတိုက္ခ်ိန္မွာ သူတို႔အႀကိဳက္ သီခ်င္းေလးေတြ ဖြင့္ေပးဖို႔ ဆရာဝန္ေတြက အႀကံေပးပါတယ္။ သီခ်င္းက 2 မိနစ္၊ 3 မိနစ္ ၾကာတာျဖစ္လို႔ ကေလးက သြားကို ေသေသခ်ာခ်ာ တိုက္ႏိုင္မွာပါ။

6. ပဲေတြက သြားေတြကို ပ်က္စီးေစပါတယ္။

ပဲမွာပါတဲ့ ပ႐ိုတိန္းဓာတ္က ဆဲလ္ေတြကို ၿပိဳကြဲေစပါတယ္။ သြားမွာအေခါင္းေပါက္ ျဖစ္ေနတဲ့အခ်ိန္ ပဲစားတဲ့အခါ သြားဖုံးေရာင္တာေတြ ျဖစ္တတ္ပါတယ္။ အဲဒါေၾကာင့္ သြားမွာ အေခါင္းေပါက္ျဖစ္ေနရင္ ပဲမစားသင့္ပါဘူး။

7. ခံတြင္းက်န္းမာေရးက မွတ္ဉာဏ္နဲ႔ ဆက္စပ္ေနပါတယ္။

သိပၸံပညာရွင္ေတြက အသက္ 55 ႏွစ္နဲ႔ အထက္ လူေပါင္း 273 ေယာက္ကို သုေတသနျပဳခဲ့ပါတယ္။ အဲဒီအခါ သြားမ်ားမ်ား က်ိဳးတဲ့သူေတြက မွတ္ဉာဏ္ေတြခ်ိဳ႕ယြင္းတာကို ေတြ႕ရပါတယ္။ အဲဒါေၾကာင့္ သြားက်န္းမာေရးက အေရးႀကီးပါတယ္။

8. ဖ်ားနာျခင္းက ကေလးေတြရဲ႕ သြားအေနအထားကို ေျပာင္းေစတယ္။

ကေလးတစ္ေယာက္က တစ္ႏွစ္မွာ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ဖ်ားတာက ပုံမွန္ပါပဲ။ ဒါေပမယ့္ ကေလးဘဝတုန္းက ခဏခဏေနမေကာင္းျဖစ္ရင္ က်န္းမာေရးမွာ ျပႆနာရွိႏိုင္ပါတယ္။ ကေလးေတြက ဖ်ားတဲ့အခါ ႏွာေခါင္းနဲ႔ အသက္ရႉလို႔မရဘဲ ပါးစပ္နဲ႔အသက္ရႉရပါတယ္။ အဲဒီအခါ ေအာက္ေမး႐ိုးက ေရွ႕ကို နည္းနည္းတိုးသြားပါတယ္။ အဲဒါေၾကာင့္ အသက္ရႉတဲ့အခါ ႏွာေခါင္းက အဆင္ေျပဖို႔ လိုတယ္လို႔ သြားဆရာဝန္ေတြက အႀကံေပးပါတယ္။

9. ေရခဲတုံးေတြကို ကိုက္စားျခင္း၊ လွ်ာမွာအေပါက္ေဖာက္ျခင္းေတြက သြားက်န္းမာေရးအတြက္ မေကာင္းပါဘူး။

ေရခဲတုံးေတြကို ကိုက္စားျခင္းက သြားအေပၚယံေႂကြသြားနဲ႔ သြားဖုံးေတြကို ထိခိုက္ေစပါတယ္။ လွ်ာမွာ အေပါက္ေဖာက္ၿပီး တပ္ထားတဲ့သတၳဳေတြက သြားကိုထိခိုက္ေစပါတယ္။ မုန႔္ေတြ၊ ေဖ်ာ္ရည္ဘူးေတြကို ေဖာက္တဲ့အခါ သြားနဲ႔ကိုက္ၿပီး မေဖာက္သင့္ပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments