ဆရာမင်းသိင်္ခ၏ ကြာသပတေးသားသမီးများအကြောင်း

ကြာသပတေး သားသမီးများသည် ဂြိုလ်အားဖြင့် ဂျူပီတာဂြိုလ် စိုးမိုးသူများ ဖြစ်ပီး ဉာဏ်ရည် ထက်မြက်ပြီး ပျော်ပျော်နေတတ်တဲ့ လူစားမျိုးဖြစ်သည်။ အရာရာတိုင်းကို အကောင်းမြင်စိတ်ဖြင့်သာ ကြည့်သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေပေါ် မူတည်၍ လိုက်လျောညီထွေစွာ လုပ်ကိုင်ဆောင်ရွက် တတ်သလို လောကဓံရဲ့ အတက်အကျကိုလည်း ကောင်းကောင်း ရင်ဆိုင်ဖြေရှင်း နိုင်ကြတယ်။

မည်သည့် နည်းနှင့်ဖြစ်စေ လိုချင်တာ မရရအောင် ယူတတ်သည့် ဉာဉ်လည်း ရှိသည်။ ဒါပေမယ့် ကြာသပတေးသားသမီးတွေက ပေးကမ်းရက်ရော ကြသူများ ဖြစ်ကြပါသတဲ့။ သူများကို ဆရာတစ်ယောက်လို အကြံဉာဏ်ကောင်းတွေ အမြဲပေးတတ်သူမို့ သူတို့အမြင်ကို နားထောင်ချင်သူတွေ၊ လိုလားသူတွေ အမြဲ ရှိနေတတ်ပါတယ်။

အလုပ်တစ်မျိုး ပုံစံတစ်မျိုးတည်းကိုပဲ ထပ်ခါထပ်ခါ လုပ်နေရတာ၊ တစ်နေရာမှာ အကြာကြီး လုပ်နေရတာမျိုးကို မကြိုက်ကြဘူး။ အပြောင်းအလဲကို နှစ်သက်ကြသူများ ဖြစ်တယ်။ ကြာသပတေး သားသမီးတွေဟာ နဂိုကတည်းက ပေးကမ်းရက်ရော စေတနာကြီးတဲ့ သူတွေ ဖြစ်တာကြောင့် ငွေကြေးသုံးစွဲရာမှာ လက်ဖွာတာတွေ လျှော့ပြီး စည်းကမ်း ရှိသင့်ပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ရင် တစ်ခြားသူက ဘယ်လို ခံစားနေရတယ် ဆိုတာကို သိပ်မစဉ်းစားပဲ အမှန်တရားကို ပြောတတ်တာကြောင့် သိပ်အဆင်ပြေလေ့ မရှိဘူး။ အဲဒါကြောင့် သူတို့တွေကို နားလည်ပေးတတ် သူတွေနဲ့မှ အဆင်ပြေတတ်တယ်။ ကိုယ်ချစ်ထက်၊ သူချစ်ကို ရှာဖွေပါ။

အိမ်ထောင်ရေးမှာလည်း ကိုယ်ပြောလိုက်တဲ့ စကားလုံးက တစ်ခြားသူကို ဒေါသထွက်စေမယ့် စကားလုံးတွေကို သတိထားပြီး ပြောဆိုမယ်ဆိုရင် အဆင်ပြေမှာပါ။ အဲဒီအပြင် အခက်အခဲ ပြဿနာတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းတတ်ဖို့ လိုပါတယ်။

ကြာသပတေးနေ့သားတွေအတွက် ကံကောင်းစေတတ်တဲ့ နံပါတ်ကတော့ နံပါတ် ၃ ဖြစ်ပါတယ်။

ကြာသပတေးသားသမီးများ

sir min theinkha

Post a Comment

0 Comments