တိုက်တန်းနစ်သင်္ဘောက ရေခဲစိုင်ကြီးကို တိုက်မိခဲ့လို့ နစ်မြုပ်ခဲ့ရတာ မဟုတ်ပါဘူး

တိုက်တန်းနစ် သင်္ဘောကြီးဟာ ရေခဲစိုင်ကြီးကို တိုက်မိလို့ နစ်မြုပ်ခဲ့ရတယ် လို့ စာအုပ်တွေနဲ့၊ ရုပ်ရှင်တွေထဲကနေတဆင့် သိခဲ့ကြပါတယ်။ ဒါပေမယ့် သင်္ဘောကြီးဟာ ပေါက်ကွဲမှုနဲ့ မီးလောင်မှုကြောင့် နစ်မြုပ်သွားရတယ် လို့ အသက်ရှင် ကျန်ရစ်များက ပြောကြပါတယ်။

တိုက်တန်းနစ် သင်္ဘော နစ်မြုပ်တုန်းက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Vaghinak Byurat က ရေခဲစိုင်ကြီးအကြောင်းကို ထည့်မပြောခဲ့ပါဘူး။ အဲဒီအချိန်တုန်းက Vaghinak Byurat ဟာ Constantinople မြို့က ပညာတတ်ပြီး ထက်မြက်တဲ့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။

Vaghinak Byurat က အမေရိကကို စီးပွားရေးကိစ္စနဲ့ ခရီးထွက်လာခဲ့ပါတယ်။ စာအုပ်တွေအများကြီးကိုလည်း သယ်လာခဲ့ပါတယ်။ အဲဒါကြောင့် တိုက်တန်းနစ်သင်္ဘောနဲ့ လိုက်ပါလာခဲ့ပါတယ်။ Vaghinak က အသက်ရှင်ခဲ့ပြီး သင်္ဘောနစ်မြုပ်သွားတာကို သူ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ပါတယ်။

Chahen Khachatourian က Vaghinak ကို သိပြီး မေးမြန်းခဲ့ပါတယ်။ နောက်ပိုင်းမှာ Chahen က သင်္ဘောပေါ်ကအကြောင်းကို စာအုပ်ရေးခဲ့ပါတယ်။ Vaghinak က အသက်ရှည်ရှည်နေသွားနိုင်ခဲ့ပြီး တစ်ခါတလေမှာ တိုက်တန်းနစ်သင်္ဘော အကြောင်းကို ပြောပြတတ်ပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးအရာက Vaghinak ဟာ ရေခဲစိုင်ကြီးအကြောင်းကို တစ်ခါမှ ထည့်မပြောတာပါ။ သင်္ဘောပေါ်က ပေါက်ကွဲမှုကြောင့် သင်္ဘောနစ်သွားရတဲ့အကြောင်းကိုပဲ ပြောပါတယ်။ တခြား အသက်ရှင်ကျန်ရစ်သူတွေက တိုက်တန်းနစ်သင်္ဘောပေါ်မှာ ပေါက်ကွဲမှု 2 ခုကနေ 4 ခုအထိ ဖြစ်ခဲ့ကြောင်း အခိုင်အမာပြောကြပါတယ်။

သုတေသနပညာရှင် လည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ Film Wormstedt က တခြားအသက်ရှက်ကျန်ရစ်သူတွဆီကနေလည်း အခြားအချက်အလက်တွေ ရခဲ့ပါသေးတယ်။

- ဗိုလ်မှူး Arthur G.Peuchen က ပထမတန်းကနေ လိုက်ပါလာခဲ့တဲ့ ခရီးသည်တစ်ယောက်ဖြစ်င်္ပြး ပေါက်ကွဲမှုကြားရလိုက်ရကြောင်း၊ အဲဒီနောက် သင်္ဘောနစ်မြုပ်သွားကြောင်း ပြောပြပါတယ်။

- George Frederick Crowe က အသက်ကယ်လှေထဲမှာပါလာတဲ့ သင်္ဘောစားပွဲထိုးတစ်ယောက် ဖြစ်ပါတယ်။သူ့ကို မေးတဲ့အခါ သင်္ဘောပေါ်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ကြောင်း၊ အဲဒီနောက် သင်္ဘောနစ်မြုပ်သွားကြောင်း ပြောပြသွားပါတယ်။ ဒါပေမယ့် သင်္ဘောဟာ ပေါက်ကွဲမှုတစ်ခုကြောင့် နစ်သွားရတာလား ဆိုတာကိုတော့ သိချင်နေကြတုန်းပါပဲ။

တိုက်တန်းနစ်သင်္ဘောဟာ အကြီးအကျယ်မီးလောင်မှုတစ်ခုကြောင့် နစ်မြုပ်သွားရတယ်လို့ သုတေသီတွေက ပြောကြပါတယ်။ အဲဒီအချိန်တုန်းက တိုက်တန်းနစ် သင်္ဘောပေါ် ပါလာတဲ့ အင်ဂျင်နီယာတွေက လျှပ်စစ်သုံး ဓာတ်ခွဲခြင်း အကြောင်းကို နားမလည်ကြသေး ပါဘူး။

လျှပ်စစ်သုံးဓာတ်ခွဲခြင်းက ပင်လယ်ရေကို ပေါက်ကွဲစေတတ်တဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့အဖြစ် ပြောင်းသွားစေနိုင် ပါတယ်။John Wickman က သူ့ရဲ့ Titanic, The Hidden Evidence ဆိုတဲ့စာအုပ်ထဲမှာ ပေါက်ကွဲမှုကြောင့် သင်္ဘောမြုပ်တယ်လို့ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုသာမဖြစ်ခဲ့ရင် ခရီးသည်တွေ အားလုံး အသက်ရှင်မှာပါ။ ပထမပေါက်ကွဲမှုက မနက် 1:10 မိနစ်နဲ့ 1:20 မိနစ် အကြား ဖြစ်မယ်လို့ Wickman က ယူဆပါတယ် ။ ဒါပေမယ့် နောက်ထပ်ပေါက်ကွဲမှုတစ်ခုကြောင့် သင်္ဘောကွဲသွားပြီး မြုပ်သွားတယ်လို့ ပြောပါတယ်။

ဂျာနယ်လစ် Senan Molony ကလည်း ဒီအချက်ကို အတည်ပြုပေးပါတယ်။ Senan Molony က နစ်မြုပ်သွားတဲ့ တိုက်တန်းနစ်သင်္ဘောကို နှစ်ပေါင်း 30 ကြာ သုတေသန ပြုခဲ့ပါတယ်။ မီးလောင်မှု၊ ရေခဲ၊ ရာဇဝတ်မှု ဖြစ်စေတဲ့ ပေါ့ဆမှုကြောင့် သင်္ဘောနစ်မြုပ်ရတယ်လို့ Senan က နောက်ဆုံးမှာ ဖော်ပြခဲ့ပါတယ်။

သင်္ဘောရဲ့ ဘွိုင်လာအခန်းတွေထဲက တစ်ခန်းမှာ လောင်စာတွေကို သိမ်းထားရာကနေ မီးလောင်မှုဖြစ်ခဲ့ရကြောင်း ကျွမ်းကျင်သူတွေက အတည်ပြုပေးခဲ့ပါတယ်။ ပေါက်ကွဲသံကြီးကို ကြားပြီးမကြာခင်မှာတော့ သင်္ဘောဟာ ချက်ချင်းပဲ နစ်မြုပ် သွားခဲ့ရပါတော့တယ်။

Zombie (Lovemedia)

For Zawgyi

တိုက္တန္းနစ္သေဘၤာက ေရခဲစိုင္ႀကီးကို တိုက္မိခဲ့လို႔ နစ္ျမဳပ္ခဲ့ရတာ မဟုတ္ပါဘူး

တိုက္တန္းနစ္ သေဘၤာႀကီးဟာ ေရခဲစိုင္ႀကီးကို တိုက္မိလို႔ နစ္ျမဳပ္ခဲ့ရတယ္လို႔ စာအုပ္ေတြနဲ႔၊ ႐ုပ္ရွင္ေတြထဲကေနတဆင့္ သိခဲ့ၾကပါတယ္။ ဒါေပမယ့္ သေဘၤာႀကီးဟာ ေပါက္ကြဲမႈနဲ႔ မီးေလာင္မႈေၾကာင့္ နစ္ျမဳပ္သြားရတယ္ လို႔ အသက္ရွင္ က်န္ရစ္မ်ားက ေျပာၾကပါတယ္။

တိုက္တန္းနစ္ သေဘၤာ နစ္ျမဳပ္တုန္းက အသက္ရွင္က်န္ရစ္ခဲ့တဲ့ Vaghinak Byurat က ေရခဲစိုင္ႀကီးအေၾကာင္းကို ထည့္မေျပာခဲ့ပါဘူး။ အဲဒီအခ်ိန္တုန္းက Vaghinak Byurat ဟာ Constantinople ၿမိဳ႕က ပညာတတ္ၿပီး ထက္ျမက္တဲ့ ကိုယ္စားလွယ္တစ္ေယာက္ျဖစ္ပါတယ္။

Vaghinak Byurat က အေမရိကကို စီးပြားေရးကိစၥနဲ႔ ခရီးထြက္လာခဲ့ပါတယ္။ စာအုပ္ေတြအမ်ားႀကီးကိုလည္း သယ္လာခဲ့ပါတယ္။ အဲဒါေၾကာင့္ တိုက္တန္းနစ္သေဘၤာနဲ႔ လိုက္ပါလာခဲ့ပါတယ္။ Vaghinak က အသက္ရွင္ခဲ့ၿပီး သေဘၤာနစ္ျမဳပ္သြားတာကို သူ႔မ်က္လုံးနဲ႔ တပ္အပ္ျမင္ခဲ့ပါတယ္။

Chahen Khachatourian က Vaghinak ကို သိၿပီး ေမးျမန္းခဲ့ပါတယ္။ ေနာက္ပိုင္းမွာ Chahen က သေဘၤာေပၚကအေၾကာင္းကို စာအုပ္ေရးခဲ့ပါတယ္။ Vaghinak က အသက္ရွည္ရွည္ေနသြားႏိုင္ခဲ့ၿပီး တစ္ခါတေလမွာ တိုက္တန္းနစ္သေဘၤာ အေၾကာင္းကို ေျပာျပတတ္ပါတယ္။

စိတ္ဝင္စားစရာအေကာင္းဆုံးအရာက Vaghinak ဟာ ေရခဲစိုင္ႀကီးအေၾကာင္းကို တစ္ခါမွ ထည့္မေျပာတာပါ။ သေဘၤာေပၚက ေပါက္ကြဲမႈေၾကာင့္ သေဘၤာနစ္သြားရတဲ့အေၾကာင္းကိုပဲ ေျပာပါတယ္။ တျခား အသက္ရွင္က်န္ရစ္သူေတြက တိုက္တန္းနစ္သေဘၤာေပၚမွာ ေပါက္ကြဲမႈ 2 ခုကေန 4 ခုအထိ ျဖစ္ခဲ့ေၾကာင္း အခိုင္အမာေျပာၾကပါတယ္။

သုေတသနပညာရွင္ လည္းျဖစ္၊ စာေရးဆရာလည္းျဖစ္တဲ့ Film Wormstedt က တျခားအသက္ရွက္က်န္ရစ္သူတြဆီကေနလည္း အျခားအခ်က္အလက္ေတြ ရခဲ့ပါေသးတယ္။

- ဗိုလ္မႉး Arthur G.Peuchen က ပထမတန္းကေန လိုက္ပါလာခဲ့တဲ့ ခရီးသည္တစ္ေယာက္ျဖစ္ျပၤး ေပါက္ကြဲမႈၾကားရလိုက္ရေၾကာင္း၊ အဲဒီေနာက္ သေဘၤာနစ္ျမဳပ္သြားေၾကာင္း ေျပာျပပါတယ္။

- George Frederick Crowe က အသက္ကယ္ေလွထဲမွာပါလာတဲ့ သေဘၤာစားပြဲထိုးတစ္ေယာက္ ျဖစ္ပါတယ္။သူ႔ကို ေမးတဲ့အခါ သေဘၤာေပၚမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ခဲ့ေၾကာင္း၊ အဲဒီေနာက္ သေဘၤာနစ္ျမဳပ္သြားေၾကာင္း ေျပာျပသြားပါတယ္။ ဒါေပမယ့္ သေဘၤာဟာ ေပါက္ကြဲမႈတစ္ခုေၾကာင့္ နစ္သြားရတာလား ဆိုတာကိုေတာ့ သိခ်င္ေနၾကတုန္းပါပဲ။

တိုက္တန္းနစ္သေဘၤာဟာ အႀကီးအက်ယ္မီးေလာင္မႈတစ္ခုေၾကာင့္ နစ္ျမဳပ္သြားရတယ္လို႔ သုေတသီေတြက ေျပာၾကပါတယ္။ အဲဒီအခ်ိန္တုန္းက တိုက္တန္းနစ္ သေဘၤာေပၚ ပါလာတဲ့ အင္ဂ်င္နီယာေတြက လွ်ပ္စစ္သုံး ဓာတ္ခြဲျခင္း အေၾကာင္းကို နားမလည္ၾကေသး ပါဘူး။

လွ်ပ္စစ္သုံးဓာတ္ခြဲျခင္းက ပင္လယ္ေရကို ေပါက္ကြဲေစတတ္တဲ့ ဟိုက္ဒ႐ိုဂ်င္ဓာတ္ေငြ႕အျဖစ္ ေျပာင္းသြားေစႏိုင္ ပါတယ္။John Wickman က သူ႔ရဲ႕ Titanic, The Hidden Evidence ဆိုတဲ့စာအုပ္ထဲမွာ ေပါက္ကြဲမႈေၾကာင့္ သေဘၤာျမဳပ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ေပါက္ကြဲမႈသာမျဖစ္ခဲ့ရင္ ခရီးသည္ေတြ အားလုံး အသက္ရွင္မွာပါ။ ပထမေပါက္ကြဲမႈက မနက္ 1:10 မိနစ္နဲ႔ 1:20 မိနစ္ အၾကား ျဖစ္မယ္လို႔ Wickman က ယူဆပါတယ္ ။ ဒါေပမယ့္ ေနာက္ထပ္ေပါက္ကြဲမႈတစ္ခုေၾကာင့္ သေဘၤာကြဲသြားၿပီး ျမဳပ္သြားတယ္လို႔ ေျပာပါတယ္။

ဂ်ာနယ္လစ္ Senan Molony ကလည္း ဒီအခ်က္ကို အတည္ျပဳေပးပါတယ္။ Senan Molony က နစ္ျမဳပ္သြားတဲ့ တိုက္တန္းနစ္သေဘၤာကို ႏွစ္ေပါင္း 30 ၾကာ သုေတသန ျပဳခဲ့ပါတယ္။ မီးေလာင္မႈ၊ ေရခဲ၊ ရာဇဝတ္မႈ ျဖစ္ေစတဲ့ ေပါ့ဆမႈေၾကာင့္ သေဘၤာနစ္ျမဳပ္ရတယ္လို႔ Senan က ေနာက္ဆုံးမွာ ေဖာ္ျပခဲ့ပါတယ္။

သေဘၤာရဲ႕ ဘြိဳင္လာအခန္းေတြထဲက တစ္ခန္းမွာ ေလာင္စာေတြကို သိမ္းထားရာကေန မီးေလာင္မႈျဖစ္ခဲ့ရေၾကာင္း ကြၽမ္းက်င္သူေတြက အတည္ျပဳေပးခဲ့ပါတယ္။ ေပါက္ကြဲသံႀကီးကို ၾကားၿပီးမၾကာခင္မွာေတာ့ သေဘၤာဟာ ခ်က္ခ်င္းပဲ နစ္ျမဳပ္ သြားခဲ့ရပါေတာ့တယ္။

Zombie (Lovemedia)

Post a Comment

0 Comments