၈ နှစ်ကြာငွေစုပီး Surprise အကြီးကြီး လုပ်ပေးခဲ့တဲ့ ကောင်လေး (ရုပ်သံ)

တချို့တွေက အချစ်ကို ထုတ်ပြတတ်သလို တချို့တွေလည်း အချစ်ကို ရင်ထဲမှာပဲ သိမ်းထားတတ်ကြပါတယ်။ ထုတ်ပြတတ်တဲ့ အချစ်ကိုတော့ မိန်းကလေးတွေက ပိုသဘောကျ ကြပါတယ်။ မလေးရှားနိုင်ငံက Andrew YQ ဆိုတဲ့ ကောင်လေးကတော့ သူ့ကောင်မလေးကို suprise အကြီးကြီး လုပ်ပြီး သူ့အချစ်ကို ဖော်ပြခဲ့ပါတယ်။

Tan Chua Yen ဆိုတဲ့ သူ့ကောင်မလေးက အွန်လိုင်းမှာ ဈေးဝယ်ရတာ အရမ်း သဘောကျတာကြောင့် အဲဒါနဲ့ surprise လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကောင်မလေး မသိအောင် ကောင်မလေးရဲ့ အွန်လိုင်းရှောပင်းကဒ် ထဲကို ဝင်ကြည့်လိုက် ပါတယ်။ Tan Chua Yen က ထာဘာအို မှာ ဈေးဝယ်ရတာ သဘောကျပေမယ့် ငွေအလုံအလောက် မရှိတာကြောင့် လိုချင်သမျှ အားလုံးကို မဝယ်နိုင်ပါဘူး။

ထာဘာအို မှာ တင်ထားတဲ့ ပစ္စည်းလေးတွေကို လိုက်ကြည့်ပြီး အဲဒါတွေ အားလုံးကို တစ်နေ့ ဝယ်နိုင်မယ်လို့ တွေးပြီး ပျော်နေသူပါ။ သူတို့တွဲတာ ၈ နှစ်ကြာပေမယ့် ကောင်မလေးကို surprise အကြီးကြီး မလုပ်ပေးဖြစ်ကြောင်း၊ အဲဒါကြောင့် သူ့ရဲ့ အွန်လိုင်းရှောပင်းကဒ် ထဲကို ဝင်ကြည့်ရင်း အတွေးရသွားကြောင်း Andrew က facebook မှာ တင်ထားပါတယ်။

ဒါကြောင့် Andrew က ကောင်မလေး မသိအောင် တိတ်တိတ်လေး ပစ္စည်းတွေ မှာလိုက်ပါတယ်။ သူမနဲ့ မလိုက်ဖယ်မယ့် အဝတ်အစားတွေကိုတော့ ဖယ်လိုက်ပြီး ပိုကောင်း ပိုလှတဲ့ အဝတ်အစားတွေကို ထည့်ပေးလိုက်ပါတယ်။ Andrew က သူ့ချစ်သူကို surprise အရမ်း လုပ်ချင်နေပေမယ့် ပစ္စည်းတွေ ရောက်လာအောင် တစ်လလောက်တော့ စောင့်လိုက်ရပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာတော့ ပစ္စည်းတွေ အားလုံး ရောက်လာပါတော့တယ်။ Video ထဲမှာတော့ Chua တစ်ယောက် ပစ္စည်းတွေကို ကြည့်ရင်း အရမ်း ပျော်နေတာကို တွေ့ရမှာပါ။

ရုပ်သံ

Zombie (Lovemedia)

For Zawgyi

၈ ႏွစ္ၾကာေငြစုပီး Surprise အႀကီးႀကီး လုပ္ေပးခဲ့တဲ့ ေကာင္ေလး

တခ်ိဳ႕က အခ်စ္ကို ထုတ္ျပတတ္သလို တခ်ိဳ႕ေတြကလည္း အခ်စ္ကို ရင္ထဲမွာပဲ သိမ္းထားတတ္ၾကပါတယ္။ ထုတ္ျပတတ္တဲ့ အခ်စ္ကိုေတာ့ မိန္းကေလးေတြက ပိုသေဘာက်ၾကပါတယ္။ မေလးရွားႏိုင္ငံက Andrew YQ ဆိုတဲ့ ေကာင္ေလးကေတာ့ သူ႔ေကာင္မေလးကို suprise အႀကီးႀကီး လုပ္ၿပီး သူ႔အခ်စ္ကို ေဖာ္ျပခဲ့ပါတယ္။

Tan Chua Yen ဆိုတဲ့ သူ႔ေကာင္မေလးက အြန္လိုင္းမွာ ေဈးဝယ္ရတာ အရမ္း သေဘာက်တာေၾကာင့္ အဲဒါနဲ႔ surprise လုပ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ သူ႔ေကာင္မေလး မသိေအာင္ ေကာင္မေလးရဲ႕ အြန္လိုင္းေရွာပင္းကဒ္ ထဲကို ဝင္ၾကည့္လိုက္ ပါတယ္။ Tan Chua Yen က ထာဘာအို  မွာ ေဈးဝယ္ရတာ သေဘာက်ေပမယ့္ ေငြအလုံအေလာက္ မရွိတာေၾကာင့္ လိုခ်င္သမွ် အားလုံးကို မဝယ္ႏိုင္ပါဘူး။

ထာဘာအို  မွာ တင္ထားတဲ့ ပစၥည္းေလးေတြကို လိုက္ၾကည့္ၿပီး အဲဒါေတြ အားလုံးကို တစ္ေန႔ ဝယ္ႏိုင္မယ္လို႔ ေတြးၿပီး ေပ်ာ္ေနသူပါ။ သူတို႔တြဲတာ ၈ ႏွစ္ၾကာေပမယ့္ ေကာင္မေလးကို surprise အႀကီးႀကီး မလုပ္ေပးျဖစ္ေၾကာင္း၊ အဲဒါေၾကာင့္ သူ႔ရဲ႕ အြန္လိုင္းေရွာပင္းကဒ္ ထဲကို ဝင္ၾကည့္ရင္း အေတြးရသြားေၾကာင္း Andrew က facebook မွာ တင္ထားပါတယ္။

ဒါေၾကာင့္ Andrew က ေကာင္မေလး မသိေအာင္ တိတ္တိတ္ေလး ပစၥည္းေတြ မွာလိုက္ပါတယ္။ သူမနဲ႔ မလိုက္ဖယ္မယ့္ အဝတ္အစားေတြကိုေတာ့ ဖယ္လိုက္ၿပီး ပိုေကာင္း ပိုလွတဲ့ အဝတ္အစားေတြကို ထည့္ေပးလိုက္ပါတယ္။ Andrew က သူ႔ခ်စ္သူကို surprise အရမ္း လုပ္ခ်င္ေနေပမယ့္ ပစၥည္းေတြ ေရာက္လာေအာင္ တစ္လေလာက္ေတာ့ ေစာင့္လိုက္ရပါတယ္။

ဇြန္လ ၁၅ ရက္ေန႔မွာေတာ့ ပစၥည္းေတြ အားလုံး ေရာက္လာပါေတာ့တယ္။ Video ထဲမွာေတာ့ Chua တစ္ေယာက္ ပစၥည္းေတြကို ၾကည့္ရင္း အရမ္း ေပ်ာ္ေနတာကို ေတြ႕ရမွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments