အချော့ဆို အရမ်းကြိုက်တဲ့ တနင်္ဂနွေသားသမီးလေးတွေအကြောင်း

တနင်္ဂနွေသားသမီးလေးတွေဟာ အပျင်းကြီးပါတယ်။ ဘယ်လောက်ထိ ပျင်းသလဲဆိုရင် ပျင်းဖို့တောင် ပျင်းနေတဲ့သူတွေပါ။ ဉာဏ်ကတော့ ကောင်းကြပါတယ်။ တခြားသူတွေ အမြင်မှာတော့ လူလိမ္မာလေးလို့ ထင်ရပေမယ့် အိမ်မှာဆို အော်ကြောလန်တွေပါ။ ချောတာမျိုး မဟုတ်ပေမယ့် ချစ်ဖို့ ကောင်းကြတယ်။

အငြင်းသန် လိုက်တာလဲ လွန်ရော။ သူတို့နဲ့ ပြိုင်ငြင်းမယ့်အစား ကျားဖင်သာ ပြေးနှိုက်လိုက်ပါ။ အလုပ်တစ်ခု လုပ်ရင်လဲ ကိုယ့် အသိစိတ်နဲ့ကိုယ် လုပ်တယ်။ သူတို့ကို အမိန့်ပေးရင် လုံးဝမကြိုက်ဘူး။

မသိတဲ့ လူတွေနဲ့ ကျရင်တော့ ရုပ်တည်ကြီးနဲ့ မာနကြီးတဲ့ပုံ ဖမ်းတတ်ကြတယ်။ တကယ့်အကြောင်းသိ သူငယ်ချင်းတွေ ကြားထဲမှာတော့ ငပေါ။ အနေအေးတယ် လို့ ထင်ရပေမယ့် တကယ်တမ်းကျ ကုပ်ကမြင်း။ သူငယ်ချင်းတွေကိုလည်း အရမ်း ခင်တတ်တယ်။ အနစ်နာခံပြီး ပေါင်းတတ်တယ်။

ကလေးဆန်တယ် အရွဲ့တိုက် တတ်တယ်။ တော်ရုံလူ တစ်ယောက်ကို မမုန်းတတ်ဘူး။ မုန်းပြီ ဆိုလည်း နာမည်တောင် မကြားချင်တော့ လောက်အောင်ပဲ။ ခံစားချက်ကို ထုတ်ဖော် မပြောတတ်ဘူး တစ်ယောက်ထဲ ကြိတ်ခံစားနေတတ်တယ်။ အမှတ်သည်းခြေ အငြိုးအတေးလဲ ကြီးတယ်။ ( မင်း မိုးကောင်းတုန်းတော့ ရွာထားပေါ့ကွာ ငါ့အလှည့်ကျ မိုးကြိုးပါ ပစ်ချမယ်ဆိုတဲ့ လူမျိုးတွေ )

ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုမချစ် ကိုယ့်ကို ချစ်တဲ့သူကိုလည်း ကိုယ်ကမချစ် ဖြစ်နေတတ်တယ်။ ကိုယ့်ချစ်သူ အပေါ်လည်း အရမ်း သဝန်တိုတတ်တယ်။ စိတ်ဆိုးစိတ်ကောက် လွယ်တယ်။ အဲ့အချိန် မချော့ပဲ လွှတ်ထားကြည့် သေအောင် ပေါက်ကွဲပြီ။ ခဏလောက် စိတ်ရှည်ရှည်နဲ့ ချော့ရင်တော့ စိတ်ဆိုးပြေ သွားတတ်တယ်။

အထူးသဖြင့် စိတ်ခံစားအရမ်း လွယ်တယ် သနားစရာ ဇာတ်သိမ်း မလှတဲ့ ဇာတ်လမ်းတွေ ကြည့်ပြီးရင် သူပါ လိုက်ငိုရင်ငို မငိုရင်တောင် မျက်ရည်ဝဲ နေတတ်တယ်။ချစ်သူအပေါ်မှာလည်း အရမ်း သစ္စာရှိတယ်။ သူ့တို့ ချစ်သူတွေသာ သစ္စာပြန်ရှိကြည့်လိုက် သက်ဆုံးတိုင် လက်တွဲသွားရတတ်တယ်။

ဘာမဟုတ်တဲ့ ပြသနာ သေးသေးလေးတွေက အစ သဝန်တိုတတ်တာမို့ သူတို့ ချစ်သူတွေက နည်းနည်းတော့ သည်းခံပေးလိုက်ပါ။ ( ချစ်ဖို့ကောင်းပါတယ် အဲ့တာလေးတေက )

တနင်္ဂနွေသားသမီးတွေရဲ့ ချစ်သူဖြစ်ပြီ ဆိုတာနဲ့ ချော့နည်းတွေသာ သင်ထား သူတို့က အချော့ကြိုက်တွေ။ သူတို့ အသည်းကွဲ သွားပြီဆိုရင်လည်း နောက်တစ်ခါ ထပ်ချစ်ဖို့ တော်တော်လေး လန့်သွားတတ်ကြတယ်။ ရှင်းရှင်းပြောရရင် အချစ်ဆိုတာကို မယုံရဲတော့ဘူး။ ဒါကြောင့် အချို့ဆို ခုထိ FA ဖြစ်တုန်း ။

သင့်ရဲ့ တနင်္ဂနွေ သူငယ်ချင်း တွေမြင်အောင် ရှယ်သွားပေးပါအုံးနော်။

ဒိဗ္ဗစက္ခု 

Post a Comment

0 Comments