နေလောင်ကွက်တွေကို သက်သာစေမယ့် သဘာဝနည်းလမ်း (၇) ခု

နေရောင်ခြည်မှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့အရာတွေ အများကြီး ပါဝင်ပါတယ်။ အိပ်ပျော်လွယ်စေတာ၊ ကိုယ်ခံအား ကောင်းစေတာ စတဲ့ အကျိုးကျေးဇူးတွေကို နေရောင်ခြည်ကနေ ရစေပါတယ်။ ဒါပေမယ့် နေရောင်ခံတာများပြီး နေလောင်တာကတော့ အဆင်မပြေနိုင်ပါဘူး။ နေလောင်ပြီး ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာတဲ့အခါ ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်လို့ ရပါတယ်။

၁။ Baking soda နှင့် အုတ်ဂျုံမှုန့်

Baking soda က နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ ယားယံခြင်းကို သက်သာစေပါတယ်။ အုတ်ဂျုံမှုန့်ကတော့ အသားအရေ ခြောက်သွေ့တာကို ကုသပေးနိုင်ပါတယ်။

- ရေချိုးကန်ထဲကို baking soda လက်ဖက်ရည်ဇွန်း ၄ ဇွန်းခန့်ထည့်ပြီး ရေထည့်ပါ။

- အုတ်ဂျုံမှုန့် တစ်ဇွန်းထည့်ပါ။

- ပြီးရင်တော့ ရေချိုးကန်ထဲမှာ မိနစ်၂၀ ခန့် ခန္ဓာကိုယ်ကို ရေစိမ်ပါ။

၂။ Chamomile

Chamomile ပွင့်က ရေနွေးပူလောင်တာ၊ နေလောင်တာတွေအတွက် တကယ်သက်သာစေတဲ့ အရာပါ။

- Chamomile ကို ရေနွေးနဲ့ စိမ်ပြီး အအေးခံထားပါ။

- အေးသွားပြီ ဆိုရင် တဘက်စလေးနှစ်ပြီး အဲဒီတဘက်စနဲ့ နေလောင်တဲ့နေရာတွေကို တို့ပေးပါ။

Chamomile က ဝတ်မှုန်နဲ့ ဓါတ်မတည့်သူတွေနဲ့ အဆင်မပြေတာကြောင့် ရှောင်သင့်ပါတယ်။

၃။ ရှားစောင်းလက်ပတ်

ရေချိုးပြီးတဲ့အခါ ပဲပုပ်ပဲသို့မဟုတ် ရှားစောင်းလက်ပတ်ပါဝင်တဲ့ lotion cream တွေကို လိမ်းပေးလို့ရပါတယ်။ ရှားစောင်းလက်ပတ်က အသားအရေကို ရေဓါတ်ပိုရစေတာကြောင့် နေလောင်ကွက်တွေကို သက်သာစေမှာ အသေအချာပါပဲ။ ပဲပုပ်ပဲမှာလည်း vitamin E ပါဝင်တာကြောင့် အရေပြားရောင်ရမ်းတာတွေအတွက် ဆရာကြီးပါ။

၄။ နွားနို့

နွားနို့မှာ လက်တစ်အက်စစ် ပါတာကြောင့် ဆဲလ်သေတွေကို ဖယ်ရှားရာမှာ အသုံးဝင်ပါတယ်။

- နွားနို့ကို ဇလုံတစ်လုံးထဲ ထည့်ပ၊။

- ချည်စလေးကို နွားနို့ထဲကို နှစ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့် အအေးခံထားပါ။

- ပြီးရင်တော့ အအေးခံထားတဲ့ ချည်စလေးကို နေလောင်တဲ့နေရာမှာ အုပ်ထားပြီး မိနစ်အနည်းငယ် ကြာတဲ့အခါ ရေဆေးချလို့ရပါပြီ။

၅။ အသားအရေကို ထိခိုက်စေတဲ့ ဆပ်ပြာတွေကို ရှောင်ပါ။

Benzocaine, petroleum, lidocaine စတဲ့ပစ္စည်းတွေက အရေပြားဓါတ်မတည့်မှု ဖြစ်စေပါတယ်။ အဲဒါကြောင့် သင့်အသားအရေ နေလောင်နေတုန်းမှာ အဲဒီပစ္စည်းတွေ ပါဝင်တဲ့ ဆပ်ပြာတွေကို ရှောင်သင့်ပါတယ်။ အသားအရေ နေလောင်နေတုန်းမှာ ရေအေးနဲ့သာ ရေချိုးသင့်ပါတယ်။

၆။ သခွားသီး

အသားအရေ ထိခိုက်လွယ်သူတွေအတွက် သခွားသီးက အသင့်တော်ဆုံးပါပဲ။

- သခွားသီးကို ပါးပါးလေးတွေလှီးပြီး အိုးထဲမှာ ၇ မိနစ်ခန့် ပြုတ်ပါ။

- ပြုတ်ပြီးသား သခွားသီးတွေကို အရည်ထွက်လာတဲ့အထိ ကြိတ်ပါ။

- ရလာတဲ့အရည်ကို spray ဘူးတစ်ခုထဲထည့်ပြီး နေလောင်တဲ့နေရာတွေကို ဖြန်းပေးပါ။

- ပိုနေတဲ့ သခွားသီးရည်ကို ရေခဲသေတ္တာထဲထည့်ထားပြီး ၄ ရက်လောက် ဖြန်းပေးတဲ့အခါ ရလဒ်က သိသာလာတာကို တွေ့ရမှာပါ။

၇။ ပျားရည်

ဘက်တီးရီးယားတွေကို တိုက်ဖျက်တဲ့ နေရာမှာ ပျားရည်က အသုံးဝင်ရုံတင် မကပါဘူး။ အရေပြားကိုလည်း ပြန်လည်စွမ်းအင် ပြည့်ဝစေပါတယ်။ အသားအရေကို ရေဓါတ်ပြည့်စေတဲ့ပျားရည်က နေလောင်ဒဏ်ကို ကုသပေးပါတယ်။ ပျားရည်ကို နေလောင်တဲ့နေရာမှာ တိုက်ရိုက်လိမ်းပေးလို့ ရသလို အဝတ်စလေးနဲ့ သုတ်လိမ်းလို့လည်း ရပါတယ်။ မိနစ်အနည်းငယ် ကြာတဲ့အခါ ရေအေးနဲ့ လောင်းချလိုက်ပါ။

နေလောင်ကွက် ဖြစ်တာနဲ့ပတ်သက်ပြီး ခေါင်းကိုက်တာ၊ အဖျားတက်တာ၊ အလွန်အမင်းနာကျင်တာ၊ ရေဓါတ်ခန်းခြောက်တာ၊ မအီမသာဖြစ်တာ၊ ရေကြည်ဖုထတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Zombie (Lovemedia)

For Zawgyi

ေနေလာင္ကြက္ေတြကို သက္သာေစမယ့္ သဘာဝနည္းလမ္း (၇) ခု

ေနေရာင္ျခည္မွာ ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့အရာေတြ အမ်ားႀကီး ပါဝင္ပါတယ္။ အိပ္ေပ်ာ္လြယ္ေစတာ၊ ကိုယ္ခံအားေကာင္းေစတာ စတဲ့ အက်ိဳးေက်းဇူးေတြကို ေနေရာင္ျခည္ကေန ရေစပါတယ္။ ဒါေပမယ့္ ေနေရာင္ခံတာမ်ားၿပီး ေနေလာင္တာကေတာ့ အဆင္မေျပႏိုင္ပါဘူး။ ေနေလာင္ၿပီး ခႏၶာကိုယ္မွာ အနီကြက္ေတြ ေပၚလာတဲ့အခါ ဒီနည္းလမ္းေလးေတြကို လုပ္ၾကည့္လို႔ ရပါတယ္။

၁။ Baking soda ႏွင့္ အုတ္ဂ်ဳံမႈန႔္

Baking soda က ေနေလာင္ဒဏ္ေၾကာင့္ျဖစ္တဲ့ ယားယံျခင္းကို သက္သာေစပါတယ္။ အုတ္ဂ်ဳံမႈန႔္ကေတာ့ အသားအေရ ေျခာက္ေသြ႕တာကို ကုသေပးႏိုင္ပါတယ္။

- ေရခ်ိဳးကန္ထဲကို baking soda လက္ဖက္ရည္ဇြန္း ၄ ဇြန္းခန႔္ထည့္ၿပီး ေရထည့္ပါ။

- အုတ္ဂ်ဳံမႈန႔္ တစ္ဇြန္းထည့္ပါ။

- ၿပီးရင္ေတာ့ ေရခ်ိဳးကန္ထဲမွာ မိနစ္၂၀ ခန႔္ ခႏၶာကိုယ္ကို ေရစိမ္ပါ။

၂။ Chamomile

Chamomile ပြင့္က ေရေႏြးပူေလာင္တာ၊ ေနေလာင္တာေတြအတြက္ တကယ္သက္သာေစတဲ့ အရာပါ။

- Chamomile ကို ေရေႏြးနဲ႔ စိမ္ၿပီး အေအးခံထားပါ။

- ေအးသြားၿပီဆိုရင္ တဘက္စေလးႏွစ္ၿပီး အဲဒီတဘက္စနဲ႔ ေနေလာင္တဲ့ေနရာေတြကို တို႔ေပးပါ။

Chamomile က ဝတ္မႈန္နဲ႔ ဓါတ္မတည့္သူေတြနဲ႔ အဆင္မေျပတာေၾကာင့္ ေရွာင္သင့္ပါတယ္။

၃။ ရွားေစာင္းလက္ပတ္

ေရခ်ိဳးၿပီးတဲ့အခါ ပဲပုပ္ပဲသို႔မဟုတ္ ရွားေစာင္းလက္ပတ္ပါဝင္တဲ့ lotion cream ေတြကို လိမ္းေပးလို႔ရပါတယ္။ ရွားေစာင္းလက္ပတ္က အသားအေရကို ေရဓါတ္ပိုရေစတာေၾကာင့္ ေနေလာင္ကြက္ေတြကို သက္သာေစမွာ အေသအခ်ာပါပဲ။ ပဲပုပ္ပဲမွာလည္း vitamin E ပါဝင္တာေၾကာင့္ အေရျပားေရာင္ရမ္းတာေတြအတြက္ ဆရာႀကီးပါ။

၄။ ႏြားႏို႔

ႏြားႏို႔မွာ လက္တစ္အက္စစ္ ပါတာေၾကာင့္ ဆဲလ္ေသေတြကို ဖယ္ရွားရာမွာ အသုံးဝင္ပါတယ္။

- ႏြားႏို႔ကို ဇလုံတစ္လုံးထဲ ထည့္ပ၊။

- ခ်ည္စေလးကို ႏြားႏို႔ထဲကို ႏွစ္ၿပီး ေရခဲေသတၱာထဲမွာ နာရီဝက္ခန႔္ အေအးခံထားပါ။

- ၿပီးရင္ေတာ့ အေအးခံထားတဲ့ ခ်ည္စေလးကို ေနေလာင္တဲ့ေနရာမွာ အုပ္ထားၿပီး မိနစ္အနည္းငယ္ ၾကာတဲ့အခါ ေရေဆးခ်လို႔ရပါၿပီ။

၅။ အသားအေရကို ထိခိုက္ေစတဲ့ ဆပ္ျပာေတြကို ေရွာင္ပါ။

Benzocaine, petroleum, lidocaine စတဲ့ပစၥည္းေတြက အေရျပားဓါတ္မတည့္မႈ ျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ သင့္အသားအေရ ေနေလာင္ေနတုန္းမွာ အဲဒီပစၥည္းေတြ ပါဝင္တဲ့ ဆပ္ျပာေတြကို ေရွာင္သင့္ပါတယ္။ အသားအေရ ေနေလာင္ေနတုန္းမွာ ေရေအးနဲ႔သာ ေရခ်ိဳးသင့္ပါတယ္။

၆။ သခြားသီး

အသားအေရ ထိခိုက္လြယ္သူေတြအတြက္ သခြားသီးက အသင့္ေတာ္ဆုံးပါပဲ။

- သခြားသီးကို ပါးပါးေလးေတြလွီးၿပီး အိုးထဲမွာ ၇ မိနစ္ခန႔္ ျပဳတ္ပါ။

- ျပဳတ္ၿပီးသား သခြားသီးေတြကို အရည္ထြက္လာတဲ့အထိ ႀကိတ္ပါ။

- ရလာတဲ့အရည္ကို spray ဘူးတစ္ခုထဲထည့္ၿပီး ေနေလာင္တဲ့ေနရာေတြကို ျဖန္းေပးပါ။

- ပိုေနတဲ့ သခြားသီးရည္ကို ေရခဲေသတၱာထဲထည့္ထားၿပီး ၄ ရက္ေလာက္ ျဖန္းေပးတဲ့အခါ ရလဒ္က သိသာလာတာကို ေတြ႕ရမွာပါ။

၇။ ပ်ားရည္

ဘက္တီးရီးယားေတြကို တိုက္ဖ်က္တဲ့ ေနရာမွာ ပ်ားရည္က အသုံးဝင္႐ုံတင္ မကပါဘူး။ အေရျပားကိုလည္း ျပန္လည္စြမ္းအင္ ျပည့္ဝေစပါတယ္။ အသားအေရကို ေရဓါတ္ျပည့္ေစတဲ့ပ်ားရည္က ေနေလာင္ဒဏ္ကို ကုသေပးပါတယ္။ ပ်ားရည္ကို ေနေလာင္တဲ့ေနရာမွာ တိုက္႐ိုက္လိမ္းေပးလို႔ ရသလို အဝတ္စေလးနဲ႔ သုတ္လိမ္းလို႔လည္း ရပါတယ္။ မိနစ္အနည္းငယ္ ၾကာတဲ့အခါ ေရေအးနဲ႔ ေလာင္းခ်လိုက္ပါ။

ေနေလာင္ကြက္ ျဖစ္တာနဲ႔ပတ္သက္ၿပီး ေခါင္းကိုက္တာ၊ အဖ်ားတက္တာ၊ အလြန္အမင္းနာက်င္တာ၊ ေရဓါတ္ခန္းေျခာက္တာ၊ မအီမသာျဖစ္တာ၊ ေရၾကည္ဖုထတာေတြ ျဖစ္လာရင္ေတာ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments