တဇွတ်ထိုးလုပ်တတ်ပြီး ပြောစကား နားမထောင်တတ်တဲ့ ကလေးတွေက အနာဂတ်မှာ ပိုပြီးအောင်မြင်နိုင်
တဇွတ်ထိုး နိုင်ပြီး ကလန်ကဆန် လုပ်တတ်တဲ့ ကလေးတွေက ချစ်စရာ မကောင်းပါဘူး။ သူတို့ဟာ ဘာ့ကြောင့် စကားနားမထောင်ဘဲ ကလန်ကဆန် လုပ်လဲ ဆိုတာကို လူကြီးတွေ နားမလည်ကြပါဘူး။ ခေါင်းမာတဲ့ ကလေးတွေက လူကြီးတွေပြောတာကို နားမထောင်တဲ့ အပြင် သူတို့ အပြုအမူကြောင့် မိဘတွေ ဒေါသထွက်ရပါတယ်။ ဒါပေမယ့် အရမ်းမစိုးရိမ် လိုက်ပါနဲ့ဦး။
ခေါင်းမာပြီး ကလန်ကဆန် လုပ်တဲ့ ကလေးတွေမှာလည်း ကောင်းကွက်တွေ ရှိပါတယ်။ သူတို့ဟာ ခေါင်းမာပြီး တဇွတ်ထိုးနိုင်တဲ့ အချက်ကြောင့် အနာဂတ်မှာ ပိုပြီးအောင်မြင်နိုင် ပါတယ် ။ ကလေးတွေ ကျောင်းတက်ပြီ ဆိုရင် မိဘတွေက မျှော်လင့်ချက်တွေ အပြည့်နဲ့ ပါပဲ။
မိဘတွေက ကလေးတွေရဲ့ အနာဂတ်အတွက် အဆင့်ကောင်းကောင်းရစေချင်တယ်၊ လိမ္မာစေချင်တယ်၊ ပြောစကားကို နားထောင်စေချင်တယ်၊ မိဘအပေါ်လေးစားမှု ထားစေလိုကြပါတယ်။ ဒီလေ့လာမှုကိုတော့ 1968 ခုနှစ်ကတည်းက စတင်ခဲ့ပြီး အသက် 8 နှစ်နဲ့ 12 နှစ် ကြားက ကလေးပေါင်း 3000 ရဲ့အပြုအမူတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ပါတယ်။
လေ့လာတဲ့အထဲမှာ ကလေးတွေရဲ့ ဉာဏ်ရည်၊ ပညာရေး၊ ရည်မှန်းချက်၊ လူမှုရေး၊ မိသားစုနောက်ခံ၊ ကျောင်းနဲ့ ပတ်သက်တဲ့ စစ်တမ်းမေးခွန်းလွှာ၊ နေ့စဉ်အလုပ်၊ ခံစားချက်၊ အတွေးအမြင်၊ အလေ့အကျင့်တွေ ပါဝင်ပါတယ်။
နှစ်ပေါင်း 40 အကြာမှာ တစ်ချိန်က တဇွတ်ထိုး လုပ်ပြီး ပြောစကား နားမထောင်တတ်တဲ့ ကလေးတွေက အခြားသူတွေထက် ပိုတွေးခေါ်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နိုင်တဲ့ သူတွေ ဖြစ်လာကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်တဲ့အခါမှာလည်း အတွေးအမြင်တွေက ထူးခြားဆန်းသစ်နေတာကို တွေ့ရပါတယ်။
ပြောစကား နားမထောင်၊ ကလန်ကဆန် လုပ်၊ ခေါင်းမာတတ်တဲ့ ကလေးတွေက ကြီးလာတဲ့ အခါ အလုပ်ခွင်မှာ အရေးပါ အရာရောက် သူတွေ ဖြစ်လာကြပါတယ်။ ဝင်ငွေတွေ ကလည်း ပိုကောင်းပြီး စည်းကမ်း ကြီးသူတွေလည်း ဖြစ်လာကြပါတယ်။
ဉာဏ်ရည်၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကတိတည်တတ်ခြင်းက အရေးကြီးပါတယ်။ ကလေးတွေရဲ့ စရိုက်နဲ့အပြုအမူက ငယ်ငယ်ကတည်းက ထင်ရှားနေတတ်ပါတယ်။ အောင်မြင်မှုဆိုတာက ကောင်းစွာသိမြင်နားလည်မှုကို ကျော်လွန်ပြီးမှ ဖြစ်လာတာပါ ။
ကလေးတွေရဲ့ ဘဝတစ်လျှောက်လုံးမှာ တာဝန်သိတတ်မှု၊ ကတိတည်တတ်မှုတို့နဲ့ ကြီးပြင်းလာတဲ့အခါ ဘယ်နေရာကိုရောက်ရောက် အောင်မြင်လာကြပါတယ်။ ငယ်ငယ်က ကလန်ကဆန်နဲ့ တဇွတ်ထိုးလုပ်တတ်တဲ့အကျင့် အသက်ကြီးလာတဲ့အခါ တစ်ကိုယ်ကောင်းဆန်ခြင်း အဖြစ်ကို ပြောင်းလဲသွားပါတယ်။ အဲဒီအခါ စိတ်ဝင်စားတဲ့အရာတွေကို တစိုက်မတ်မတ် လုပ်လာနိုင်ပါတော့တယ်။
ခေါင်းမာတတ်သူတွေက သူတို့လိုချင်တဲ့ အလုပ်ကို ရှာဖွေတဲ့နေရာ၊ ဆွေးနွေးတဲ့နေရာမှာ ကျွမ်းကျင်သူတွေ ဖြစ်လာကြပါတယ်။ အများနဲ့ လိုက်လျောညီထွေဖြစ်အောင် မနေတတ်တဲ့ သူတို့ရဲ့အကျင့်က သူတို့အတွက် အကောင်းဆုံး၊ အနှစ်သက်ဆုံး ဆိုတဲ့ အရာတွေကို ရှာဖွေတွေ့ရှိစေပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း 50 လောက်တုန်းက တဇွတ်ထိုးနဲ့ လုပ်ချင်ရာလုပ်တတ်တဲ့ အကျင့်နဲ့ပတ်သက်ပြီး ကောင်းကျိုးမရှိဘူးလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ခေါင်းမာတတ်ပြီး တဇွတ်ထိုး လုပ်တတ်သူတွေက ပိုအောင်မြင်နိုင်တယ်လို့ အကြောင်းပြလို့ ရသွားပါပြီ။
ကလန်ကဆန်လုပ်တတ်တဲ့ ကလေးတွေက စာတွေကို ကောင်းကောင်းမလေ့လာနိုင်ဘူးလို့ ပြောရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခေါင်းမာပြီး လုပ်ချင်ရာလုပ်တတ်တဲ့ ကလေးအများစုက ကျောင်းမှာ အချိန်ကုန်ကြပါတယ်။ ကျောင်းမှာ အချိန်ကုန်တော့ စာတွေကို ပိုပြီးလေ့လာနိုင်သွားပါတယ်။
သင့်ကလေးက ပြောစကားနားမထောင်တတ်တဲ့ ဆိုးပေလေး ဆိုပြီး အရမ်းကြီး စိတ်ပျက် မသွားပါနဲ့ဦး။ သူက တစ်ချိန်မှာ အောင်မြင်တဲ့ သူတစ်ယောက် ဖြစ်လာနိုင် ပါတယ်။
Zombie (Lovemedia)
For Zawgyi
တဇြတ္ထိုး လုပ္တတ္ၿပီး ေျပာစကား နားမေထာင္တတ္တဲ့ ကေလးေတြက အနာဂတ္မွာ ပိုၿပီးေအာင္ျမင္ႏိုင္
တဇြတ္ထိုး ႏိုင္ၿပီး ကလန္ကဆန္ လုပ္တတ္တဲ့ ကေလးေတြက ခ်စ္စရာ မေကာင္းပါဘူး။ သူတို႔ဟာ ဘာ့ေၾကာင့္ စကားနားမေထာင္ဘဲ ကလန္ကဆန္ လုပ္လဲ ဆိုတာကို လူႀကီးေတြ နားမလည္ၾကပါဘူး။ ေခါင္းမာတဲ့ ကေလးေတြက လူႀကီးေတြေျပာတာကို နားမေထာင္တဲ့ အျပင္ သူတို႔ အျပဳအမူေၾကာင့္ မိဘေတြ ေဒါသထြက္ရပါတယ္။ ဒါေပမယ့္ အရမ္းမစိုးရိမ္ လိုက္ပါနဲ႔ဦး။
ေခါင္းမာၿပီး ကလန္ကဆန္ လုပ္တဲ့ ကေလးေတြမွာလည္း ေကာင္းကြက္ေတြ ရွိပါတယ္။ သူတို႔ဟာ ေခါင္းမာၿပီး တဇြတ္ထိုးႏိုင္တဲ့ အခ်က္ေၾကာင့္ အနာဂတ္မွာ ပိုၿပီးေအာင္ျမင္ႏိုင္ ပါတယ္ ။ ကေလးေတြ ေက်ာင္းတက္ၿပီ ဆိုရင္ မိဘေတြက ေမွ်ာ္လင့္ခ်က္ေတြ အျပည့္နဲ႔ ပါပဲ။
မိဘေတြက ကေလးေတြရဲ႕ အနာဂတ္အတြက္ အဆင့္ေကာင္းေကာင္းရေစခ်င္တယ္၊ လိမၼာေစခ်င္တယ္၊ ေျပာစကားကို နားေထာင္ေစခ်င္တယ္၊ မိဘအေပၚေလးစားမႈ ထားေစလိုၾကပါတယ္။ ဒီေလ့လာမႈကိုေတာ့ 1968 ခုႏွစ္ကတည္းက စတင္ခဲ့ၿပီး အသက္ 8 ႏွစ္နဲ႔ 12 ႏွစ္ ၾကားက ကေလးေပါင္း 3000 ရဲ႕အျပဳအမူေတြကို ခြဲျခမ္းစိတ္ျဖာ ေလ့လာခဲ့ပါတယ္။
ေလ့လာတဲ့အထဲမွာ ကေလးေတြရဲ႕ ဉာဏ္ရည္၊ ပညာေရး၊ ရည္မွန္းခ်က္၊ လူမႈေရး၊ မိသားစုေနာက္ခံ၊ ေက်ာင္းနဲ႔ ပတ္သက္တဲ့ စစ္တမ္းေမးခြန္းလႊာ၊ ေန႔စဥ္အလုပ္၊ ခံစားခ်က္၊ အေတြးအျမင္၊ အေလ့အက်င့္ေတြ ပါဝင္ပါတယ္။
ႏွစ္ေပါင္း 40 အၾကာမွာ တစ္ခ်ိန္က တဇြတ္ထိုး လုပ္ၿပီး ေျပာစကား နားမေထာင္တတ္တဲ့ ကေလးေတြက အျခားသူေတြထက္ ပိုေတြးေခၚတတ္ၿပီး ကိုယ့္ကိုယ္ကိုယ္ တည္ေဆာက္ႏိုင္တဲ့ သူေတြ ျဖစ္လာေၾကာင္း ေတြ႕ရပါတယ္။ ဒါ့အျပင္ စီးပြားေရးလုပ္တဲ့အခါမွာလည္း အေတြးအျမင္ေတြက ထူးျခားဆန္းသစ္ေနတာကို ေတြ႕ရပါတယ္။
ေျပာစကား နားမေထာင္၊ ကလန္ကဆန္ လုပ္၊ ေခါင္းမာတတ္တဲ့ ကေလးေတြက ႀကီးလာတဲ့ အခါ အလုပ္ခြင္မွာ အေရးပါ အရာေရာက္ သူေတြ ျဖစ္လာၾကပါတယ္။ ဝင္ေငြေတြ ကလည္း ပိုေကာင္းၿပီး စည္းကမ္း ႀကီးသူေတြလည္း ျဖစ္လာၾကပါတယ္။
ဉာဏ္ရည္၊ တာဝန္ယူမႈ၊ တာဝန္ခံမႈနဲ႔ ကတိတည္တတ္ျခင္းက အေရးႀကီးပါတယ္။ ကေလးေတြရဲ႕ စ႐ိုက္နဲ႔အျပဳအမူက ငယ္ငယ္ကတည္းက ထင္ရွားေနတတ္ပါတယ္။ ေအာင္ျမင္မႈဆိုတာက ေကာင္းစြာသိျမင္နားလည္မႈကို ေက်ာ္လြန္ၿပီးမွ ျဖစ္လာတာပါ ။
ကေလးေတြရဲ႕ ဘဝတစ္ေလွ်ာက္လုံးမွာ တာဝန္သိတတ္မႈ၊ ကတိတည္တတ္မႈတို႔နဲ႔ ႀကီးျပင္းလာတဲ့အခါ ဘယ္ေနရာကိုေရာက္ေရာက္ ေအာင္ျမင္လာၾကပါတယ္။ ငယ္ငယ္က ကလန္ကဆန္နဲ႔ တဇြတ္ထိုးလုပ္တတ္တဲ့အက်င့္ အသက္ႀကီးလာတဲ့အခါ တစ္ကိုယ္ေကာင္းဆန္ျခင္း အျဖစ္ကို ေျပာင္းလဲသြားပါတယ္။ အဲဒီအခါ စိတ္ဝင္စားတဲ့အရာေတြကို တစိုက္မတ္မတ္ လုပ္လာႏိုင္ပါေတာ့တယ္။
ေခါင္းမာတတ္သူေတြက သူတို႔လိုခ်င္တဲ့ အလုပ္ကို ရွာေဖြတဲ့ေနရာ၊ ေဆြးေႏြးတဲ့ေနရာမွာ ကြၽမ္းက်င္သူေတြ ျဖစ္လာၾကပါတယ္။ အမ်ားနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ မေနတတ္တဲ့ သူတို႔ရဲ႕အက်င့္က သူတို႔အတြက္ အေကာင္းဆုံး၊ အႏွစ္သက္ဆုံး ဆိုတဲ့ အရာေတြကို ရွာေဖြေတြ႕ရွိေစပါတယ္။
လြန္ခဲ့တဲ့ႏွစ္ေပါင္း 50 ေလာက္တုန္းက တဇြတ္ထိုးနဲ႔ လုပ္ခ်င္ရာလုပ္တတ္တဲ့ အက်င့္နဲ႔ပတ္သက္ၿပီး ေကာင္းက်ိဳးမရွိဘူးလို႔ ထင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ဒီေန႔ေခတ္မွာေတာ့ ေခါင္းမာတတ္ၿပီး တဇြတ္ထိုး လုပ္တတ္သူေတြက ပိုေအာင္ျမင္ႏိုင္တယ္လို႔ အေၾကာင္းျပလို႔ ရသြားပါၿပီ။
ကလန္ကဆန္လုပ္တတ္တဲ့ ကေလးေတြက စာေတြကို ေကာင္းေကာင္းမေလ့လာႏိုင္ဘူးလို႔ ေျပာရင္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ေခါင္းမာၿပီး လုပ္ခ်င္ရာလုပ္တတ္တဲ့ ကေလးအမ်ားစုက ေက်ာင္းမွာ အခ်ိန္ကုန္ၾကပါတယ္။ ေက်ာင္းမွာ အခ်ိန္ကုန္ေတာ့ စာေတြကို ပိုၿပီးေလ့လာႏိုင္သြားပါတယ္။
သင့္ကေလးက ေျပာစကားနားမေထာင္တတ္တဲ့ ဆိုးေပေလး ဆိုၿပီး အရမ္းႀကီး စိတ္ပ်က္ မသြားပါနဲ႔ဦး။ သူက တစ္ခ်ိန္မွာ ေအာင္ျမင္တဲ့ သူတစ္ေယာက္ ျဖစ္လာႏိုင္ ပါတယ္။
Zombie (Lovemedia)
0 Comments