သင်ဘာကြောင့် ဆင်းရဲပီး မအောင်မြင်ရသေးတာလဲ

သူဋ္ဌေးကြီး လီကာရှင်းက ဟောပြောပွဲ တစ်ခုမှာ ယခုလို ပြောသွား ပါတယ်။ သင်ဘာလို့ မအောင်မြင်ရသေးတာလဲ။ သင် ရေစုန်မှာ မျောနေတယ်။ အနုတ် လက္ခဏာ ဆောင်တဲ့ လူတွေနဲ့ ပေါင်းသင်း နေပါတယ်။ တိုးတက်မှု အတွက် ဦးနှောက် အခြောက် မခံဘူး၊ လက်ထဲမှာ ပိုက်ဆံ မရှိဘူး၊ မျက်နာကျတော့ အသေ လိုချင်တယ်။ မိဘနဲ့ ခွဲရမှာကျတော့ ကြောက်တယ် ၊ ဆွေမျိုးတွေရဲ့ စကားကို အမြဲ နားယောင်တယ်။

ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဆုံးဖြတ်ချက် ရဲရဲ မချရဲဘူး၊ ယဉ်ကျေးတယ် ဆိုတာကို အကြောင်းပြုပြီး ရှေးရိုးစွဲ တယ်။ ဘဝကို ကံကြမ္မာ ပေးတဲ့ အတိုင်းပဲ အသက်ရှင် ချင်တယ် ။ ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစား ရဲဘူး။ အရင်း မစိုက်ထုတ်ပဲ အမြတ် များများရတဲ့ အလုပ်ပဲ လုပ်ချင်တယ်။ အိမ်မှာ အေးအေး ဆေးဆေး နေပြီး လဒ်လာဘ ကောင်းကင်ပေါ်ကနေ ကျလာမှာကို မျှော်လင့်နေတယ်။ ထီပေါက်ဖို့ လောက်ပဲ အိမ်မက်စောင့်နေတတ်တယ် ။

အခွင့်အရေး မကြုံဘူးလို့ ခဏခဏ ပြစ်တင် ပြောဆိုတယ် ။ တကယ် အခွင့် ကြုံလာပြန်တော့လည်း သင် မဖမ်းထား နိုင်ခဲ့ဘူး ။ ဘာကြောင့်လဲ ဆိုတော့ သင်ဖမ်းကို မဖမ်းတတ် လို့ပါ ။ ဒါတွေကြောင့် သင် ဆင်းရဲနေပါတယ် ။ ဆင်းရဲတော့ စိတ်အားငယ်တယ်။ စိတ်သိမ်ငယ်တော့ တွန့်ဆုပ် တွန့်ဆုပ် ဖြစ်တယ်။ ဘာဆိုဘာမှ မလုပ်ရဲ တော့ဘူး။

ဘာတစ်ခုခုမှ ကျွမ်းကျင်အောင်လည်း တတ်မြောက်အောင် မသင်ကြား ထားဘူး၊ အဆိုးဘ၀ သံသရာကြီး ထဲမှာ ဒီလိုပဲ တဝဲလည်လည် ဖြစ်နေတယ်။ လူတော်တော် များများဟာ အခွင့်ရှိတုန်း တစ်ခုခုတော့ လုပ်ချင်ပါရဲ့ ၊အခက်အခဲ နည်းနည်း တွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင် နဲ့ ဆုတ်လမ်း ရှာထား ပြန်တယ်။ အကြောင်းပြချက် ပေါင်းစုံနဲ့ အချိန်ဖြုန်းတီး နေကြ ပါတယ်။ အများဆုံး တွေ့တတ်တဲ့ ဥပမာများ ကတော့...

(၁) ပိုက်ဆံ မရှာတတ်ဘူး ။ မှားတယ် ။ အမှန်က ပိုက်ဆံ ရှာတတ်တဲ့ ဦးနောက် မရှိလို့ပါ။ စုလည်း မစုဆောင်း တတ်လို့ ။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးတက်အောင် မလုပ်လို့၊ ဝေးဝေးလည်း မစဉ်းစား တတ်လို့ ။

(၂) ဝါသနာ မပါလို့။ မှားတယ်။ စားမယ် ၊ သောက်မယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်၊ ဘယ် လူငယ်မဆို ဝါသနာ ပါမှာပဲ။ အလုပ်ကို ပင်ပင်ပမ်းပမ်း လုပ်မယ်။ အကြွေး ဆပ်မယ်။ ဘတ်စ်ကား တိုးစီးမယ်။ ဘယ်သူ ဝါသနာ ပါမှာလဲ။ ဝါသနာ ဆိုတာ တစ်ခုခုကို ကြိုးကြိုး စားစား လုပ်လိုက်လို့ ပြီးမြောက် သွားရင် အဲဒီ ပြီးမြောက်ခြင်းရဲ့ အရသာကို ခံစားရင် ဝါသနာ ပါသွားတာပဲ။ ဝါသနာ ဆိုတာ ပျိုးထောင်ရင် ရပါတယ်။

(၃) အရည်အချင်း မရှိလို့ ။ မှားတယ်။ ကိုယ့်ကိုယ်ကိုမှ မလေ့ကျင့်ဘူး ဆိုရင် ဘယ်သူက မွေးကတဲက အရည်အချင်း ရှိတာလဲ၊ ဘယ်သူမှ ဘွဲ့ရရ ချင်း အရည်အချင်း မရှိပါဘူး။ ဘယ်သူက မှလည်း အလုပ်လုပ် ချင်း မအောင်မြင် ပါဘူး ။ လူတစ်ယောက် အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရူံးခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက်အချိုးကျ တတ် ပါတယ်။ အလုပ်ကို နည်းနည်း လုပ်ရုံနဲ့ ပျင်းသွားတယ်။ စာတစ်အုပ်ကို အရွက် နည်းနည်း လှန်ဖတ် လိုက်ရုံနဲ့ ငြီးငွေ့ သွားတဲ့ လူဟာ ဘယ်မှာ အရည်အချင်း လာရှိနိုင် မှာလဲ။

(၄) အချိန် မရှိလို့။ မှားတယ်။ တစ်ရက် တစ်ရက် လက်ကိုင်ဖုန်း ဆော့တဲ့အချိန်ကို တွက်ကြည့်ပါ။ ဂိမ်းဆော့တဲ့ အချိန်တွေကို တွက် ကြည့် လိုက်ပါ။ စီမံခန့်ခွဲမူ ပညာမှာ အချိန်ကို စီမံ ခန့်ခွဲမှု အတတ်ဟာ ပညာအပါဆုံး ဖြစ်တယ်။ မယုံရင် အချိန် မှတ်တမ်းလေး တစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ်လုပ်၊ အချိန်ကို မှတ်ကြည့်၊ နှစ်ပတ်လောက် မှတ်ပြီးရင် ကိုယ်မှတ်ထား တာကို ပြန် ဆန်းစစ်ကြည့်၊ အလုပ် အရမ်း များပါတယ် ဆိုတဲ့ လူတွေတောင်မှ အချိန် တစ်ဝက်ကျော်ဟာ အရေး သိပ်မကြီးတဲ့ အရာတွေမှာ အချိန် ပိုကုန် နေတာကို တွေ့ရတတ် ပါတယ်။

(၅) စကား မပြောတတ်လို့ ။ မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြော ကောင်းနေ လို့လဲ ။ စင်ပေါ်မှာ စကားပြော ကောင်းတဲ့လူ မှန်သမျှ စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲ ဖြစ်တယ်။

(၆) စဉ်းစား ကြည့်အုံးမယ်။ ဒါ အမှားဆုံးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင် မရိုက်တတ်တဲ့ လူတန်းစား အတွက် ပြောတာပါ။ ဘာပဲ လုပ်လုပ်၊ တဝက် သေချာတယ် လို့ ထင်ရင် စလို့ ရပါပြီ။ ရာနူန်းပြည့် သေချာတဲ့ အထိ စောင့်နေရင် အခွင့်အရေးက အဲဒီ နေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့် အုံးမယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုသွားတဲ့ လူတွေ မနည်းလှ တော့ပါ။

crd

Post a Comment

1 Comments