ကိုယ့်အနားမှာရှိတုန်း ဂရုစိုက်ပါ

မိန်းခလေး တယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူး ဆိုတဲ့ စကား ကြုံရာလူနဲ့ လက်ဆောင် မပါးပါနဲ့ အနားမှာရှိတုန်း ဂရုစိုက်ပါ ။

ယောကျ်ားလေး တယောက်က ညာရင် မိန်းခလေး တယောက်က ချစ်တဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးတတ် ကြတယ် ။ ဒါပေမယ့် မိန်းခလေး တယောက်က ညာခဲ့ရင် ယောကျ်ား တယောက်က အလွယ်တကူ စွန့်လွှတ်တတ်ကြတယ် ။

မိန်းခလေးတွေ လိုချင်တာ ငွေကြေး ချမ်းသာမှု မဟုတ်ပါ ။ သူတို့ ဘဝကို နားလည်ပေးနိုင်သူရယ် ၊ လုံခြုံမှု ပေးနိုင်သူရယ်ပါ ။

မိန်းခလေးတွေက ချစ်တယ်လို့ ပြောပြီးရင် အဆုံးစွန်ထိ နားလည်ပေးဖို့ ပြင်ဆင်ထားကြ သူတွေပါ ။ ရည်းစားများတယ်ဆိုတဲ့ ဂုဏ်ပုဒ် ဘယ်မိန်းကလေးကမှ မနှစ်သက်ပါဘူး ။ ကိုယ့်ချစ်သူက ကိုယ့်တယောက်ထဲကိုသာ သစ္စာရှိရှိနဲ့ ဂရုတစိုက် ချစ်ရင် အရာရာကို ပေးဆပ်ဖို့ ဝန်မလေးတတ်တာ မိန်းခလေးတွေပါ ။

မိန်းခလေး ဆိုတာ အလိုလိုနေရင်း အားငယ်တတ်သူပါ ။ အဆင်မပြေချိန် စိတ်အားငယ် ရချိန်တွေမှာ သူတို့ ရင်ဖွင့်ချင်တာ သူတို့ ငိုကြွေးချင်တာ ချစ်သူရဲ့ ရင်ခွင်မှာပါ ။

ဒါပေမယ့် ယောကျ်ားလေး အများစုက ချစ်တယ်လို့ပြောပြီးရင် ပြီးသွားပြီ တော်ရုံ ဂရုမစိုက်တတ်ကြဘူး ၊ စိတ်မရှည်တတ် ကြဘူး ။ မအားဘူး ဆိုတဲ့ စကားက သူတို့ရဲ့ ဆောင်ပုဒ်ပါပဲ ။

ဂရုစိုက်မှု မရှိရင် အချစ်က အလားကား ပဲလေ ။ ချစ်တယ် ပြောပြီး ပြစ်ထားတတ်တာ ယောကျ်ားလေးတွေ အကျင့် ဆိုရင် သွေးအေးအေးနဲ့ တိတ်ဆိတ်စွာ လမ်းခွဲတတ်တာ မိန်းခလေးတွေ အကျင့်ဆိုတာ မမေ့ပါနဲ့ ။

ထိရှ ပေါက်ကွဲ လွယ်တဲ့ မိန်းကလေးတွေ အေးစက်ပြီး တည်ငြိမ်သွားရင် သတိထားပါတော့ ... အဲ့လိုမိန်းကလေးတွေက လူမသတ်ဘူး ။ သူတို့ စိတ်ကိုပဲ အသေသတ်ကြတာ ။

မိန်းခလေးတယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူး ဆိုတဲ့စကားကို ကြုံရာလူနဲ့ လက်ဆောင် မပါးပါနဲ့ ။ ကိုယ့်ရဲ့ အနားမှာ ရှိတုန်း ဂရုစိုက်ပါ ... ။

NLK

For Zawgyi

ကိုယ့္အနားမွာရွိတုန္း ဂရုစိုက္ပါ

မိန္းခေလး တေယာက္ ေျပာင္းလဲသြားမွ သစၥာမရွိဘူး ဆိုတဲ့ စကား ႀကံဳရာလူနဲ႔ လက္ေဆာင္ မပါးပါနဲ႔ အနားမွာရွိတုန္း ဂရုစိုက္ပါ ။

ေယာက်္ားေလး တေယာက္က ညာရင္ မိန္းခေလး တေယာက္က ခ်စ္တဲ့ စိတ္နဲ႔ ခြင့္လႊတ္ေပးတတ္ ၾကတယ္ ။ ဒါေပမယ့္ မိန္းခေလး တေယာက္က ညာခဲ႔ရင္ ေယာက်္ား တေယာက္က အလြယ္တကူ စြန္႔လႊတ္တတ္ၾကတယ္ ။

မိန္းခေလးေတြ လိုခ်င္တာ ေငြေၾကးခ်မ္းသာမႈ မဟုတ္ပါ ။ သူတို႔ ဘဝကို နားလည္ေပးႏိုင္သူရယ္ ၊ လံုၿခံဳမႈ ေပးႏိုင္သူရယ္ပါ ။

မိန္းခေလးေတြက ခ်စ္တယ္လို႔ ေျပာၿပီးရင္ အဆံုးစြန္ထိ နားလည္ေပးဖို႔ ျပင္ဆင္ထားၾက သူေတြပါ ။ ရည္းစားမ်ားတယ္ဆိုတဲ႔ ဂုဏ္ပုဒ္ ဘယ္မိန္းကေလးကမွ မႏွစ္သက္ပါဘူး ။ ကိုယ့္ခ်စ္သူက ကိုယ့္တေယာက္ထဲကိုသာ သစၥာရွိရွိနဲ႔ ဂရုတစိုက္ ခ်စ္ရင္ အရာရာကို ေပးဆပ္ဖို႔ ဝန္မေလးတတ္တာ မိန္းခေလးေတြပါ ။

မိန္းခေလး ဆိုတာ အလိုလိုေနရင္း အားငယ္တတ္သူပါ ။ အဆင္မေျပခ်ိန္ စိတ္အားငယ္ ရခ်ိန္ေတြမွာ သူတို႔ ရင္ဖြင့္ခ်င္တာ သူတို႔ ငိုေႀကြးခ်င္တာ ခ်စ္သူရဲ႕ ရင္ခြင္မွာပါ ။

ဒါေပမယ့္ ေယာက်္ားေလး အမ်ားစုက ခ်စ္တယ္လို႔ေျပာၿပီးရင္ ၿပီးသြားၿပီ ေတာ္ရံု ဂရုမစိုက္တတ္ၾကဘူး ၊ စိတ္မရွည္တတ္ ၾကဘူး ။ မအားဘူး ဆိုတဲ႔ စကားက သူတို႔ရဲ႕ ေဆာင္ပုဒ္ပါပဲ ။

ဂရုစိုက္မႈ မရွိရင္ အခ်စ္က အလားကား ပဲေလ ။ ခ်စ္တယ္ ေျပာၿပီး ျပစ္ထားတတ္တာ ေယာက်္ားေလးေတြ အက်င့္ ဆိုရင္ ေသြးေအးေအးနဲ႔ တိတ္ဆိတ္စြာ လမ္းခြဲတတ္တာ မိန္းခေလးေတြ အက်င့္ဆိုတာ မေမ့ပါနဲ႔ ။

ထိရွ ေပါက္ကြဲ လြယ္တဲ့ မိန္းကေလးေတြ ေအးစက္ၿပီး တည္ျငိမ္သြားရင္ သတိထားပါေတာ့ ... အဲ႔လိုမိန္းကေလးေတြက လူမသတ္ဘူး ။ သူတို႔ စိတ္ကိုပဲ အေသသတ္ၾကတာ ။

မိန္းခေလးတေယာက္ ေျပာင္းလဲသြားမွ သစၥာမရွိဘူး ဆိုတဲ့စကားကို ႀကံဳရာလူနဲ႔ လက္ေဆာင္ မပါးပါနဲ႔ ။ ကိုယ့္ရဲ႕ အနားမွာ ရွိတုန္း ဂရုစိုက္ပါ ... ။

NLK

Post a Comment

0 Comments