ကလေးပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ မုန်လာဥနီစွပ်ပြုတ်

Ernst Moro ဆိုတဲ့ နာမည်က ကမ္ဘာကျော်တဲ့ နာမည်တစ်ခုတော့ မဟုတ်ပါဘူး။ သူ့အကြောင်းကို စာအုပ်တွေမှာ မဖတ်ဖူးခဲ့သလို ရုပ်ရှင်တွေမှာလည်း မမြင်ဖူးခဲ့ပါဘူး။ ဒါပေမယ့် ဆရာဝန်တွေကတော့ သြစတီးယား ကလေးအထူးကုဆရာဝန်ဖြစ်တဲ့ Ernst Moro ကို သိကြပါတယ် ။ Ernst Moro ရဲ့ ဆေးနည်းက ကလေးပေါင်းများစွာကို ကယ်ဖို့ ကူညီနိုင်ခဲ့ပြီး အဲဒီဆေးနည်းကိုလည်း ဆေးလောကမှာ အခုထိ အသုံးပြုနေကြဆဲပါပဲ။

Austro-Hungarian အင်ပါယာမှာ ပါဝင်တဲ့ Slovenia နိုင်ငံရဲ့မြို့တော်၊ Ljubljana မြို့မှာ Ernst Moro ကို မွေးဖွားခဲ့ပါတယ် ။ သူ့ရဲ့ မွေးသက္ကရာဇ်ကတော့ ၁၈၇၄ ခုနှစ်ပါ။ Ernstက သြစတီးယားနိုင်ငံက Graz တက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီးတော့ နောက်ပိုင်းမှာ ဂျာမနီနိုင်ငံက Heidelberg တက္ကသိုလ်မှာ ကလေးဆေးပညာပါမောက္ခတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဝမ်းလျှောရောဂါကြောင့် သေဆုံးရတဲ့ကလေးတွေက တစ်နှစ်တစ်နှစ်မှာ မနည်းလှပါဘူး။ ဒေါက်တာ Moro က ကလေးတွေကို ကယ်နိုင်မယ့် ဆေးနည်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ သူ့ရဲ့ဆေးနည်းက ရိုးရိုးရှင်းရှင်းလေးပါပဲ။ Ernst Moro က ကလေးတွေကို မုန်လာဥနီစွပ်ပြုတ်တိုက်ဖို့ စိတ်ကူးရခဲ့ပါတယ်။ Moro ရဲ့ စွပ်ပြုတ်မှာ ပါဝင်ပစ္စည်းက သုံးမျိုးတည်းပါ။

မုန်လာဥနီ ၁.၁ပေါင် ၊ ရေ ၊ ဆား

မုန်လာဥနီတွေကို ရေဆေးပြီး ပျော့သွားတဲ့အထိ ပြုတ်ပါ။ ပြုတ်ထားတဲ့ မုန်လာဥနီတွေကို ပြဲသွားအောင် ဖိချေပါ။ ပြီးရင် ရေတစ်လီတာ၊ ဆားအနည်းငယ်၊ မုန်လာဥနီတို့ကို ရောပြီး စွပ်ပြုတ်လုပ်လို့ရပါပြီ။

စွပ်ပြုတ်က ရိုးရှင်းပေမယ့် နို့တိုက်ကလေးတွေမှာဖြစ်တတ်တဲ့ ဝမ်းလျှောရောဂါကို ပျောက်ကင်းစေပါတယ်။ ဒါ့အပြင် မုန်လာဥနီစွပ်ပြုတ်က အူနံရံမှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ထုတ်ပေးပါတယ် ။ အဲဒါကြောင့် ဝမ်းလျှောရောဂါက သက်သာသွားမှာပါ။ ဒီမုန်လာဥနီစွပ်ပြုတ်က ကလေးပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

ဒေါက်တာ Moro ရဲ့ အခြားသော ရှာဖွေတွေ့ရှိမှုတွေကလည်း ကလေးဆေးပညာမှာ မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။ ဒေါက်တာ Moro က ၁၉၃၆ ခုနှစ်မှာ Heidelberg တက္ကသိုလ်ကနေ အနားယူခဲ့ပါတယ်။ ပုဂ္ဂလိက ကလေးအထူးကု ဆရာဝန်အဖြစ် ၁၉၄၈ ခုနှစ်အထိ အလုပ်လုပ်ခဲ့ပါတယ်။

Zombie (LoveMedia)

Ref - brightside

For Zawgyi

ကေလးေပါင္းမ်ားစြာရဲ႕အသက္ကို ကယ္တင္ႏိုင္ခဲ့တဲ့ မုန္လာဥနီစြပ္ျပဳတ္

Ernst Moro ဆိုတဲ့နာမည္က ကမာၻေက်ာ္တဲ့ နာမည္တစ္ခုေတာ့ မဟုတ္ပါဘူး။ သူ႔အေၾကာင္းကို စာအုပ္ေတြမွာ မဖတ္ဖူးခဲ့သလို ႐ုပ္ရွင္ေတြမွာလည္း မျမင္ဖူးခဲ့ပါဘူး။ ဒါေပမယ့္ ဆရာဝန္ေတြကေတာ့ ၾသစတီးယား ကေလးအထူးကုဆရာဝန္ျဖစ္တဲ့ Ernst Moro ကို သိၾကပါတယ္ ။ Ernst Moro ရဲ႕ ေဆးနည္းက ကေလးေပါင္းမ်ားစြာကို ကယ္ဖို႔ ကူညီႏိုင္ခဲ့ၿပီး အဲဒီေဆးနည္းကိုလည္း ေဆးေလာကမွာ အခုထိ အသုံးျပဳေနၾကဆဲပါပဲ။

Austro-Hungarian အင္ပါယာမွာ ပါဝင္တဲ့ Slovenia ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္၊ Ljubljana ၿမိဳ႕မွာ Ernst Moro ကို ေမြးဖြားခဲ့ပါတယ္ ။ သူ႔ရဲ႕ ေမြးသကၠရာဇ္ကေတာ့ ၁၈၇၄ ခုႏွစ္ပါ။ Ernstက ၾသစတီးယားႏိုင္ငံက Graz တကၠသိုလ္မွာ တက္ေရာက္ခဲ့ၿပီးေတာ့ ေနာက္ပိုင္းမွာ ဂ်ာမနီႏိုင္ငံက Heidelberg တကၠသိုလ္မွာ ကေလးေဆးပညာပါေမာကၡတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

ဝမ္းေလွ်ာေရာဂါေၾကာင့္ ေသဆုံးရတဲ့ကေလးေတြက တစ္ႏွစ္တစ္ႏွစ္မွာ မနည္းလွပါဘူး။ ေဒါက္တာ Moro က ကေလးေတြကို ကယ္ႏိုင္မယ့္ ေဆးနည္းတစ္ခုကို ရွာေတြ႕ခဲ့ပါတယ္။ သူ႔ရဲ႕ေဆးနည္းက ႐ိုး႐ိုးရွင္းရွင္းေလးပါပဲ။ Ernst Moro က ကေလးေတြကို မုန္လာဥနီစြပ္ျပဳတ္တိုက္ဖို႔ စိတ္ကူးရခဲ့ပါတယ္။ Moro ရဲ႕ စြပ္ျပဳတ္မွာ ပါဝင္ပစၥည္းက သုံးမ်ိဳးတည္းပါ။

မုန္လာဥနီ ၁.၁ေပါင္ ၊ ေရ ၊ ဆား

မုန္လာဥနီေတြကို ေရေဆးၿပီး ေပ်ာ့သြားတဲ့အထိ ျပဳတ္ပါ။ ျပဳတ္ထားတဲ့ မုန္လာဥနီေတြကို ၿပဲသြားေအာင္ ဖိေခ်ပါ။ ၿပီးရင္ ေရတစ္လီတာ၊ ဆားအနည္းငယ္၊ မုန္လာဥနီတို႔ကို ေရာၿပီး စြပ္ျပဳတ္လုပ္လို႔ရပါၿပီ။

စြပ္ျပဳတ္က ႐ိုးရွင္းေပမယ့္ ႏို႔တိုက္ကေလးေတြမွာျဖစ္တတ္တဲ့ ဝမ္းေလွ်ာေရာဂါကို ေပ်ာက္ကင္းေစပါတယ္။ ဒါ့အျပင္ မုန္လာဥနီစြပ္ျပဳတ္က အူနံရံမွာ ကပ္ေနတဲ့ ဘက္တီးရီးယားေတြကိုလည္း တိုက္ထုတ္ေပးပါတယ္ ။ အဲဒါေၾကာင့္ ဝမ္းေလွ်ာေရာဂါက သက္သာသြားမွာပါ။ ဒီမုန္လာဥနီစြပ္ျပဳတ္က ကေလးေပါင္းမ်ားစြာရဲ႕အသက္ကို ကယ္တင္ႏိုင္ခဲ့ပါတယ္။

ေဒါက္တာ Moro ရဲ႕ အျခားေသာ ရွာေဖြေတြ႕ရွိမႈေတြကလည္း ကေလးေဆးပညာမွာ မွတ္တိုင္ေတြ ျဖစ္ခဲ့ပါတယ္။ ေဒါက္တာ Moro က ၁၉၃၆ ခုႏွစ္မွာ Heidelberg တကၠသိုလ္ကေန အနားယူခဲ့ပါတယ္။ ပုဂၢလိက ကေလးအထူးကု ဆရာဝန္အျဖစ္ ၁၉၄၈ ခုႏွစ္အထိ အလုပ္လုပ္ခဲ့ပါတယ္။

Zombie (LoveMedia)

Ref - brightside

Post a Comment

0 Comments