သူ့ကိုကိုက်တဲ့မြွေကို အပိုင်းပိုင်းပြတ်အောင် ပြန်ကိုက်ခဲ့တဲ့ အမျိုးသား

လာမယ့်ဘေး ပြေးတွေ့ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ဒါပေမယ့် ပြဿနာနဲ့ နဖူးတွေ့ဒူးတွေ့ကြုံလာရတဲ့အခါ ထင်သလောက် သတ္တိမရှိကြတာ များပါတယ်။ ဒီအဖြစ်အပျက် ကတော့ အိန္ဒိယနိုင်ငံ၊ Uttar Praddesh ပြည်နယ်မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားတစ်ယောက်ဟာ သူ့ကို လာကိုက်တဲ့မြွေကို အပိုင်းပိုင်းပြတ်အောင် ပြတ်ကိုက် လာပါတယ်။ Raj Kumar ဟာ ချမ်းစိမ့်စိမ့် ဖြစ်လာလို့ဆိုပြီး အရက်သောက်နေချိန်မှာ Raj ဟာ လျှောတိုက်သွားနေတဲ့ မြွေကို ခလုပ်တိုက်မိသွားပြီး မြွေက Raj ကို ကိုက်လိုက်ပါတယ်။

" ကျွန်တော့် သားက အရက် သောက်နေတာ။ မြွေတစ်ကောင်က အိမ်ထဲ ဝင်လာပြီး သူ့ကို ကိုက်လိုက်တယ်။ သူကလည်း မြွေကို အပိုင်းပိုင်းပြတ်အောင် ပြန်ကိုက်လိုက်တယ် " လို့ Ra ရဲ့ အဖေ Babu ပြောပြပါတယ်။

Raj ကို ဆေးရုံ အမြန် ပို့လိုက် ပါတယ်။ Raj ရဲ့ကျန်းမာရေးက စိုးရိမ်ရ ပါတယ်။ Raj ကို ကိုက်သွားတဲ့မြွေက လင်းမြွေဖြစ်ပြီး အဆိပ်ရှိတဲ့ မြွေ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ Raj ရဲ့ဆေးကုသစရိတ်ကို မတတ်နိုင်ဘူးလို့ Babu က ပြောပါတယ်။

" တော်တော်ကို ထူးဆန်းထိတ်လန့်စရာ ကောင်းပါတယ်။ မြွေကိုက်ခံရတဲ့ လူနာတွေကို ကျွန်တော်မြင်ဖူးပါတယ်။ ဒါပေမယ့် မြွေကို ပြန်ကိုက် လိုက်ပြီး အိတ်ထဲ ထည့်လာတဲ့ လူနာ ကိုတော့ မမြင်ဖူးခဲ့ဘူး" လို့ Raj ရဲ့ ဆရာဝန် NP Singh ကပြောပါတယ်။

NP Singh က အစကတော့ Ran ကို မြွေကိုက်ခံရတဲ့ လူနာလို့ ထင်ခဲ့တာပါ။ သူ့ရဲ့ အခြေအနေက ဆိုးရွား လာတာကြောင့် တခြားဆေးရုံကို လွှဲလိုက်ပြီလို့ NP Singh က ပြောပါတယ် ။ Raj ရဲ့ မိသားစုကတော့ အပိုင်းပိုင်းပြတ်သွားတဲ့ မြွေကို မီးရှို့လိုက် ပါပြီ။ ရာသီဥတုပူတဲ့ အခါ မြွေတွေက အေးတဲ့ နေရာရှာတတ်တာကြောင့် နွေရာသီမှာ တံခါးတွေကို သေချာ ပိတ်ထားသင့် ပါတယ်။

Zombie (Lovemedia)

For Zawgyi

သူ႔ကိုကိုက္တဲ့ေႁမြကို အပိုင္းပိုင္းျပတ္ေအာင္ ျပန္ကိုက္ခဲ့တဲ့ အမ်ိဳးသား

လာမယ့္ေဘး ေျပးေတြ႕ဆိုတဲ့ ဆို႐ိုးစကား ရွိပါတယ္။ ဒါေပမယ့္ ျပႆနာနဲ႔ နဖူးေတြ႕ဒူးေတြ႕ႀကဳံလာရတဲ့အခါ ထင္သေလာက္ သတၱိ မရွိၾကတာ မ်ားပါတယ္။ ဒီအျဖစ္အပ်က္ ကေတာ့ အိႏၵိယႏိုင္ငံ၊ Uttar Praddesh ျပည္နယ္မွာ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

အမ်ိဳးသားတစ္ေယာက္ဟာ သူ႔ကို လာကိုက္တဲ့ေႁမြကို အပိုင္းပိုင္းျပတ္ေအာင္ ျပတ္ကိုက္ လာပါတယ္။ Raj Kumar ဟာ ခ်မ္းစိမ့္စိမ့္ ျဖစ္လာလို႔ဆိုၿပီး အရက္ေသာက္ေနခ်ိန္မွာ Raj ဟာ ေလွ်ာတိုက္သြားေနတဲ့ ေႁမြကို ခလုပ္တိုက္မိသြားၿပီး ေႁမြက Raj ကို ကိုက္လိုက္ပါတယ္။

" ကြၽန္ေတာ့္ သားက အရက္ ေသာက္ေနတာ။ ေႁမြတစ္ေကာင္က အိမ္ထဲ ဝင္လာၿပီး သူ႔ကို ကိုက္လိုက္တယ္။ သူကလည္း ေႁမြကို အပိုင္းပိုင္းျပတ္ေအာင္ ျပန္ကိုက္လိုက္တယ္ " လို႔ Ra ရဲ႕ အေဖ Babu ေျပာျပပါတယ္။

Raj ကို ေဆး႐ုံ အျမန္ ပို႔လိုက္ ပါတယ္။ Raj ရဲ႕က်န္းမာေရးက စိုးရိမ္ရ ပါတယ္။ Raj ကို ကိုက္သြားတဲ့ေႁမြက လင္းေႁမြျဖစ္ၿပီး အဆိပ္ရွိတဲ့ ေႁမြ မဟုတ္ဘူးလို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။ Raj ရဲ႕ေဆးကုသစရိတ္ကို မတတ္ႏိုင္ဘူးလို႔ Babu က ေျပာပါတယ္။

" ေတာ္ေတာ္ကို ထူးဆန္းထိတ္လန႔္စရာ ေကာင္းပါတယ္။ ေႁမြကိုက္ခံရတဲ့ လူနာေတြကို ကြၽန္ေတာ္ျမင္ဖူးပါတယ္။ ဒါေပမယ့္ ေႁမြကို ျပန္ကိုက္ လိုက္ၿပီး အိတ္ထဲ ထည့္လာတဲ့ လူနာ ကိုေတာ့ မျမင္ဖူးခဲ့ဘူး" လို႔ Raj ရဲ႕ ဆရာဝန္ NP Singh ကေျပာပါတယ္။

NP Singh က အစကေတာ့ Ran ကို ေႁမြကိုက္ခံရတဲ့ လူနာလို႔ ထင္ခဲ့တာပါ။ သူ႔ရဲ႕ အေျခအေနက ဆိုး႐ြား လာတာေၾကာင့္ တျခားေဆး႐ုံကို လႊဲလိုက္ၿပီလို႔ NP Singh က ေျပာပါတယ္ ။ Raj ရဲ႕ မိသားစုကေတာ့ အပိုင္းပိုင္းျပတ္သြားတဲ့ ေႁမြကို မီးရႈိ႕လိုက္ ပါၿပီ။ ရာသီဥတုပူတဲ့ အခါ ေႁမြေတြက ေအးတဲ့ ေနရာရွာတတ္တာေၾကာင့္ ေႏြရာသီမွာ တံခါးေတြကို ေသခ်ာ ပိတ္ထားသင့္ ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments