ဆေးလိပ်သောက်တာထက် ကျန်းမာရေးကို ပိုပြီးထိခိုက်စေတဲ့ အစားအစာ (၈) မျိုး

ညီမျှမှု မရှိတဲ့ အစားအစာတွေက ဆေးရွက်ကြီး ပါဝင်တဲ့ စီးကရက်တွေ သောက်တာထက် ပိုပြီး အန္တရာယ် များပါတယ်။ ခန္ဓာကိုယ် အတွက် အရေးပါတဲ့ အာဟာရတွေ မရှိတော့တဲ့ အခါ ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေက ခန္ဓါကိုယ် အတွက် အကျိုးရှိတယ်လို့ ထင်ရပေမယ့် တကယ်တော့ ဆီးချိုရောဂါ ဖြစ်စေနိုင်ပါတယ်။

၁။ သစ်သီးဖျော်ရည်များ

သစ်သီးဖျော်ရည်တွေက ခန္ဓါကိုယ်အတွက် မရှိမဖြစ် လိုအပ်ပြီး အာဟာရ ပြည့်စုံတယ်လို့ ထင်ရပါတယ်။ အသီးကို အလုံးလိုက် စားရင်တော့ ဘာမှ မဖြစ်ပေမယ့် အသီးကို ဖျော်ရည်ဖျော်သောက်တဲ့ အခါ အမျှင်ဓါတ်တွေ ဆုံးရှုံးသွားပါတယ် ။ အမျှင်ဓါတ်က ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အဝလွန် ရောဂါတွေကို ကာကွယ်ပေး ပါတယ်။ တချို့သစ်သီးတွေမှာ ပါဝင်တဲ့ သကြားဓါတ်တွေက Coke မှာ ပါဝင်တဲ့ သကြားဓါတ်လောက် ရှိပါတယ်။ အဲဒါကြောင့် အသီးကို ဖျော်ရည် ဖျော်သောက်တာထက် အလုံးလိုက် စားတာ ပိုကောင်းပါတယ်။

၂။ မြေပဲယို

မြေပဲယိုမှာ အာဟာရဓါတ် ပါဝင်ပေမယ့် သကြားဓါတ်တွေ များပါတယ်။ မြေပဲယို တစ်ခုမှာ သကြား ၁၅ဂရမ်ကနေ ၃၀ ဂရမ် အထိ ပါဝင်ပါတယ်။ အဲ့ဒါကြောင့် မြေပဲယိုကို အဆာပြေ မစားသင့်ပါဘူး။

၃။ ဆူရှီ

ဆူရှီကို ဒီတိုင်း စားရင်တော့ ဘာမှ အန္တရာယ် မဖြစ်ပါဘူး။ ဒါပေမယ်ွ ဆူရှီထဲမှာ တခြား ပါဝင်ပစ္စည်းတွေ ထည့်စားတဲ့အခါ ကျန်းမာရေး အတွက် မကောင်းပါဘူး ။ ဆူရှီထဲမှာ မရောနိစ်၊ ခရင်မ်၊ ဆော့နဲ့ တခြားအစားအစာတွေ ထည့်စားတဲ့ အခါ ကယ်လိုရီတွေ ပိုတက်စေ ပါတယ်။ ကိုယ်အလေးချိန် မတက်အောင်လို့ ဆူရှီကို ဆော်လမွန်ငါး တစ်မျိုးတည်းနဲ့ပဲ စားသင့် ပါတယ်။

၄။ မွေးမြူရေးငါး

ပင်လယ်ထဲက ငါးတွေမှာ အိုမီဂါ 3 ပါဝင်ပြီး နှလုံးနဲ့ သွေးတိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေး ပါတယ်။ ဒါပေမယ့် စူပါးမားကတ်မှာ ဝယ်တဲ့ငါးတွေက ပင်လယ်ထဲက ငါးတွေ မဟုတ်ဘဲ ကန်ထဲမှာ မွေးထားတဲ့ငါးတွေ ဖြစ်ပါတယ်။ မွေးမြူရေးငါး တွေမှာ အာဟာရဓါတ် နည်းပါးရုံမက ငါးကို ကြီးထွားမြန်အောင်ကျွေးတဲ့ ဓါတုဆေးတွေလည်း ပါဝင်တာကြောင့် အန္တရာယ် များပါတယ်။

၅။ အဆီမပါဝင်တဲ့ အစားအစာများ

အဆီ မပါဝင်တဲ့ အစားအစာတွေကို သကြားအစားထိုးပြီး ပြုလုပ်ပါတယ်။ နေ့စဉ်အစားအစာ တွေမှာ အသားဓါတ်၊ အဆီဓါတ်တွေ မျှမျှတတ စားသင့်တယ်လို့ အာဟာရပညာရှင် တွေက ပြောကြပါတယ်။

၆။ ကောက်နှံအစားအစာများ

ကောက်နှံပင်တွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေက အာဟာရနဲ့ပြည့်ဝတဲ့ မနက်စာလို့ ယူဆထားကြပါတယ်။ ဒါပေမယ့် ကောက်နှံအစားအစာတိုင်းက အာဟာရနဲ့ မပြည့်စုံပါဘူး။ ပြန်လည် သန့်စင်ထားတဲ့ ကောက်နှံတွေမှာ အမျှင်ဓါတ်တွေ ဆုံးရှုံးသွား ပါတယ်။ ကောက်နှံအစားအစာတွေ အစား အုတ်ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို စားပေးသင့် ပါတယ်။ အုတ်ဂျုံက အချိန်အကြာကြီး ဗိုက်ပြည့်နေတယ် လို့ ခံစားရစေ လို့ပါ။

၇။ ပေါင်မုန့်အဖြူ

ပေါင်မုန့်အဖြူကို သန့်စင်ထားတဲ့ ဂျုံနဲ့ ပြုလုပ်တာဖြစ်လို့ ကျန်းမာရေး အတွက် လိုအပ်တဲ့ အမျှင်ဓါတ်တွေနဲ့ အာဟာရဓါတ်တွေ မပါဝင်တော့ ပါဘူး။ အမျှင်ဓါတ်က ကိုယ်အလေးချိန် ထိန်းညှိပေးတဲ့ အပြင် သွေးဖိအားကိုလည်း ကောင်းမွန်စေ ပါတယ်။ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်ပြီးသားပါ။ အဲဒါကြောင့် ပေါင်မုန့်အညိုကို ရွေးချယ်စားတာ အကောင်းဆုံးပါပဲ။

၈။ ပဲပုပ်ပဲ

ပဲပုပ်ပဲက မြေဆီလွှာတွေကို ဖျက်ဆီးပါတယ်။ ဒါ့အပြင် ပဲပုပ်ပဲကို မျိုးရိုးဗီဇအလိုက် ပြုပြင်မွမ်းမံထားတာဖြစ်လို့ အာဟာရ ပါဝင်ဖို့ အလွန်နည်းပါတယ်။ ပဲပုပ်ပဲတွေကို အမြဲလိုလို စားနေမယ် ဆိုရင် သိုင်းရွိုက်ဟော်မုန်းတွေရဲ့ လုပ်ဆောင်မှုတွေ ဆိုးလာနိုင်ပြီး ရုတ်တရက် ကိုယ်အလေးချိန် ကျသွားတာ၊ ချွေးထွက်လွန်တာ၊ လည်ပင်းကြီးတာတွေ ဖြစ်လာနိုင် ပါတယ်။

Zombie (Lovemedia)

For Zawgyi

ေဆးလိပ္ေသာက္တာထက္ က်န္းမာေရးကို ပိုၿပီးထိခိုက္ေစတဲ့ အစားအစာ (၈) မ်ိဳး

ညီမွ်မႈမရွိတဲ့ အစားအစာေတြက ေဆး႐ြက္ႀကီး ပါဝင္တဲ့ စီးကရက္ေတြ ေသာက္တာထက္ ပိုၿပီး အႏၲရာယ္ မ်ားပါတယ္။ ခႏၶာကိုယ္ အတြက္ အေရးပါတဲ့ အာဟာရေတြ မရွိေတာ့တဲ့ အခါ က်န္းမာေရး ထိခိုက္လာႏိုင္ပါတယ္။ လတ္ဆတ္တဲ့ အသီးေဖ်ာ္ရည္ေတြက ခႏၶါကိုယ္ အတြက္ အက်ိဳးရွိတယ္လို႔ ထင္ရေပမယ့္ တကယ္ေတာ့ ဆီးခ်ိဳေရာဂါ ျဖစ္ေစႏိုင္ပါတယ္။

၁။ သစ္သီးေဖ်ာ္ရည္မ်ား

သစ္သီးေဖ်ာ္ရည္ေတြက ခႏၶါကိုယ္အတြက္ မရွိမျဖစ္ လိုအပ္ၿပီး အာဟာရ ျပည့္စုံတယ္လို႔ ထင္ရပါတယ္။ အသီးကို အလုံးလိုက္ စားရင္ေတာ့ ဘာမွ မျဖစ္ေပမယ့္ အသီးကို ေဖ်ာ္ရည္ေဖ်ာ္ေသာက္တဲ့ အခါ အမွ်င္ဓါတ္ေတြ ဆုံးရႈံးသြားပါတယ္ ။ အမွ်င္ဓါတ္က ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါနဲ႔ အဝလြန္ ေရာဂါေတြကို ကာကြယ္ေပး ပါတယ္။ တခ်ိဳ႕သစ္သီးေတြမွာ ပါဝင္တဲ့ သၾကားဓါတ္ေတြက Coke မွာ ပါဝင္တဲ့ သၾကားဓါတ္ေလာက္ ရွိပါတယ္။ အဲဒါေၾကာင့္ အသီးကို ေဖ်ာ္ရည္ ေဖ်ာ္ေသာက္တာထက္ အလုံးလိုက္ စားတာ ပိုေကာင္းပါတယ္။

၂။ ေျမပဲယို

ေျမပဲယိုမွာ အာဟာရဓါတ္ ပါဝင္ေပမယ့္ သၾကားဓါတ္ေတြ မ်ားပါတယ္။ ေျမပဲယို တစ္ခုမွာ သၾကား ၁၅ဂရမ္ကေန ၃၀ ဂရမ္ အထိ ပါဝင္ပါတယ္။ အဲ့ဒါေၾကာင့္ ေျမပဲယိုကို အဆာေျပ မစားသင့္ပါဘူး။

၃။ ဆူရွီ

ဆူရွီကို ဒီတိုင္း စားရင္ေတာ့ ဘာမွ အႏၲရာယ္ မျဖစ္ပါဘူး။ ဒါေပမယ္ြ ဆူရွီထဲမွာ တျခား ပါဝင္ပစၥည္းေတြ ထည့္စားတဲ့အခါ က်န္းမာေရး အတြက္ မေကာင္းပါဘူး ။ ဆူရွီထဲမွာ မေရာနိစ္၊ ခရင္မ္၊ ေဆာ့နဲ႔ တျခားအစားအစာေတြ ထည့္စားတဲ့ အခါ ကယ္လိုရီေတြ ပိုတက္ေစ ပါတယ္။ ကိုယ္အေလးခ်ိန္ မတက္ေအာင္လို႔ ဆူရွီကို ေဆာ္လမြန္ငါး တစ္မ်ိဳးတည္းနဲ႔ပဲ စားသင့္ ပါတယ္။

၄။ ေမြးျမဴေရးငါး

ပင္လယ္ထဲက ငါးေတြမွာ အိုမီဂါ 3 ပါဝင္ၿပီး ႏွလုံးနဲ႔ ေသြးတိုးေရာဂါျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပး ပါတယ္။ ဒါေပမယ့္ စူပါးမားကတ္မွာ ဝယ္တဲ့ငါးေတြက ပင္လယ္ထဲက ငါးေတြ မဟုတ္ဘဲ ကန္ထဲမွာ ေမြးထားတဲ့ငါးေတြ ျဖစ္ပါတယ္။ ေမြးျမဴေရးငါး ေတြမွာ အာဟာရဓါတ္ နည္းပါး႐ုံမက ငါးကို ႀကီးထြားျမန္ေအာင္ေကြၽးတဲ့ ဓါတုေဆးေတြလည္း ပါဝင္တာေၾကာင့္ အႏၲရာယ္ မ်ားပါတယ္။

၅။ အဆီမပါဝင္တဲ့ အစားအစာမ်ား

အဆီ မပါဝင္တဲ့ အစားအစာေတြကို သၾကားအစားထိုးၿပီး ျပဳလုပ္ပါတယ္။ ေန႔စဥ္အစားအစာ ေတြမွာ အသားဓါတ္၊ အဆီဓါတ္ေတြ မွ်မွ်တတ စားသင့္တယ္လို႔ အာဟာရပညာရွင္ ေတြက ေျပာၾကပါတယ္။

၆။ ေကာက္ႏွံအစားအစာမ်ား

ေကာက္ႏွံပင္ေတြနဲ႔ ျပဳလုပ္ထားတဲ့ အစားအစာေတြက အာဟာရနဲ႔ျပည့္ဝတဲ့ မနက္စာလို႔ ယူဆထားၾကပါတယ္။ ဒါေပမယ့္ ေကာက္ႏွံအစားအစာတိုင္းက အာဟာရနဲ႔ မျပည့္စုံပါဘူး။ ျပန္လည္ သန႔္စင္ထားတဲ့ ေကာက္ႏွံေတြမွာ အမွ်င္ဓါတ္ေတြ ဆုံးရႈံးသြား ပါတယ္။ ေကာက္ႏွံအစားအစာေတြ အစား အုတ္ဂ်ဳံနဲ႔ ျပဳလုပ္ထားတဲ့ အစားအစာေတြကို စားေပးသင့္ ပါတယ္။ အုတ္ဂ်ဳံက အခ်ိန္အၾကာႀကီး ဗိုက္ျပည့္ေနတယ္ လို႔ ခံစားရေစ လို႔ပါ။

၇။ ေပါင္မုန႔္အျဖဴ

ေပါင္မုန႔္အျဖဴကို သန႔္စင္ထားတဲ့ ဂ်ဳံနဲ႔ ျပဳလုပ္တာျဖစ္လို႔ က်န္းမာေရး အတြက္ လိုအပ္တဲ့ အမွ်င္ဓါတ္ေတြနဲ႔ အာဟာရဓါတ္ေတြ မပါဝင္ေတာ့ ပါဘူး။ အမွ်င္ဓါတ္က ကိုယ္အေလးခ်ိန္ ထိန္းညႇိေပးတဲ့ အျပင္ ေသြးဖိအားကိုလည္း ေကာင္းမြန္ေစ ပါတယ္။ ဆီးခ်ိဳေရာဂါနဲ႔ ႏွလုံးေသြးေၾကာနဲ႔ဆိုင္တဲ့ ေရာဂါေတြ မျဖစ္ေအာင္လည္း ကာကြယ္ၿပီးသားပါ။ အဲဒါေၾကာင့္ ေပါင္မုန႔္အညိဳကို ေ႐ြးခ်ယ္စားတာ အေကာင္းဆုံးပါပဲ။

၈။ ပဲပုပ္ပဲ

ပဲပုပ္ပဲက ေျမဆီလႊာေတြကို ဖ်က္ဆီးပါတယ္။ ဒါ့အျပင္ ပဲပုပ္ပဲကို မ်ိဳး႐ိုးဗီဇအလိုက္ ျပဳျပင္မြမ္းမံထားတာျဖစ္လို႔ အာဟာရ ပါဝင္ဖို႔ အလြန္နည္းပါတယ္။ ပဲပုပ္ပဲေတြကို အၿမဲလိုလို စားေနမယ္ ဆိုရင္ သိုင္း႐ြိဳက္ေဟာ္မုန္းေတြရဲ႕ လုပ္ေဆာင္မႈေတြ ဆိုးလာႏိုင္ၿပီး ႐ုတ္တရက္ ကိုယ္အေလးခ်ိန္ က်သြားတာ၊ ေခြၽးထြက္လြန္တာ၊ လည္ပင္းႀကီးတာေတြ ျဖစ္လာႏိုင္ ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments