အိပ်တဲ့အခါ သွားရည်ကျခြင်းကို ဟန့်တားနိုင်မယ့်နည်းလမ်း (၈) ချက်

လူအများစုက အိပ်တဲ့ အခါမှာ သွားရည် ကျတတ်ကြ ပါတယ်၊ သွားရည် ကျခြင်းက ခန္ဓာကိုယ်ထဲက ရောဂါတစ်ခုခု ဖွံ့ဖြိုးလာတဲ့ လက္ခဏာ တရပ်ဖြစ်သလို ခန္ဓာကိုယ် ထဲမှာ တခုခု ချွတ်ယွင်းနေလို့ လည်း ဖြစ်ပါတယ်။ ဘာ့ကြောင့် သွားရည် ကျရတာလဲ။

အိပ်တဲ့အခါ မျက်နှာကြွက်သားတွေက အနားရသွားပါတယ်။ တံတွေးတွေက အိပ်နေတဲ့အခါမှာ ပါးစပ်မှာ စုလာပါတယ်။ပြီးတော့ အနားရနေတဲ့ မျက်နှာကြွက်သားတွေက ပါးစပ်ကို အနည်းငယ်ဟသွားစေပြီး တံတွေးတွေ ကျလာစေ ပါတယ်။ အဲဒါကြောင့် အိပ်ရာထပြီဆိုရင် သွားရည်တွေကြောင့် ခေါင်းအုံးမှာ စိုနေတတ်ပါတယ်။

သွားရည် အလွန်ကျခြင်းက အာရုံကြော ရောဂါတွေနဲ့ သက်ဆိုင်သလို နှာခေါင်းပိတ်ခြင်းရဲ့ရလဒ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လေဖြတ်ထားတဲ့ လူတွေက ပိုပြီး သွားရေကျတတ် ကြပါတယ်။

1. နှာခေါင်းကို သန့်ရှင်းရေးလုပ်ပါ။

သွားရည်ကျခြင်းရဲ့ အဓိက အကြောင်းရင်းတွေ ထဲက တစ်ခုကတော့ နှာခေါင်းပိတ်လို့ပါ။ နှာခေါင်းပိတ်ခြင်းကြောင့် ပါးစပ်နဲ့ အသက်ရှူရပြီး သွားရည်ကျတတ် ပါတယ်။အဲဒါကြောင့် ညတိုင်း မအိပ်ခင်မှာ နှာခေါင်းကို သန့်ရှင်းရေး လုပ်ပေးသင့် ပါတယ်။

- ညပိုင်းမှာ ရေနွေးနဲ့ရေချိုးခြင်းက နှာခေါင်းကို သန့်ရှင်းစေပြီး အသက်ရှူရတာကို ကောင်းစေပါတယ်။

- ယူကလစ်လို ရနံ့ဆီကို ရှုပေးတဲ့အခါ အသက်ရှူရ ပိုကောင်းလာပြီး ပိုပြီးအိပ်ပျော်ပါတယ်။

- နှာခေါင်းသန့်ရှင်းရေး လုပ်တဲ့ Vick's Vaporub လို ဆေးမျိုးကလည်း နှာခေါင်းထဲမှာ ပိတ်နေတဲ့အရာတွေကို သန့်ရှင်းစေမှာပါ။

2. ပုံစံပြောင်းအိပ်ပါ။

ပက်လက်လှန် အိပ်ခြင်းက ပါးစပ်ထဲက တံတွေးတွေကို အပြင် မထွက်ကျ လာစေတော့ ပါဘူး။ စောင်းအိပ်ခြင်း၊ မှောက်အိပ်ခြင်းက ပါးစပ်ထဲက တံတွေးတွေက စုမိလာပြီး ခေါင်းအုံးပေါ်ကျလာမှာပါ။

3. ညအိပ်တဲ့အခါ ဟောက်တတ်တဲ့ သူတွေ ကလည်း သွားရည်ကျတတ် ပါတယ်။

အသက်ရှူရတာ အဆင်မပြေတဲ့သူတွေက ဟောက်တတ်ကြ ပါတယ်။ ဟောက်ခြင်းက အိပ်ခြင်းကို အနှောင့်အယှက် ဖြစ်စေပြီး ညဘက်မှာ လန့်နိုးစေတတ် ပါတယ်။ မနက်နိုးတဲ့ အခါ ပင်ပန်းသလို၊ မူးသလိုလည်း ခံစားရတတ် ပါတယ်။ ဟောက်တတ်တဲ့ သူတွေကလည်း သွားရည်ကျကြ ပါတယ်။ ဆေးလိပ်သောက်တဲ့ သူတွေ ကလည်း အသက်ရှူခြင်းနဲ့ ပတ်သက်လို့ ပြဿနာ ရှိနိုင်ပါတယ်။

4. ကိုယ်အလေးချိန် လျှော့ပါ။

ကိုယ်အလေးချိန် များခြင်းကလည်း အိပ်စက်မှုမှာ သက်ရောက်မှု ရှိပါတယ်။ ကိုယ်အလေးချိန် များခြင်းကြောင့် အိပ်တဲ့အခါမှာ ဟောက်ပြီး သွားရည်ကျတတ်ကြ ပါတယ်။

5. အထူးပြုလုပ်ထားတဲ့ ပစ္စည်း ကိရိယာတွေကို သုံးပါ။

သွားရည်ကျခြင်းကို ဆရာဝန်နဲ့တိုင်ပင်နဲ့ အခါ ဆရာဝန်က ပစ္စည်းကိရိယာတွေကို လမ်းညွှန်ပေးပါတယ်။ အဲဒီလို ပစ္စည်း ကိရိယာလေးတွေက အိပ်ရေးဝဝ အိပ်နိုင်အောင်လည်း ကူညီပေးမှာပါ။

6. သောက်နေကျဆေးတွေကြောင့်လည်း သွားရည်ကျတတ်ပါတယ်။

တချို့ ပဋိဇီဝဆေးတွေက တံတွေးတွေက်ကို အလွန်အကျွံထွက်အောင် လုပ်ပေးပြီး သွားရည်ကျစေပါတယ်။

7. ခေါင်းကို တည့်တည့်ထားပြီး အိပ်ပါ။

ခေါင်းအုံးအမြင့်နဲ့ အိပ်တဲ့ အခါ သွားရည်ကျတာ နည်းသွားပါတယ်။

8. သွားရည်ကျတာ များတဲ့ အခါ ခွဲစိတ်မှု ခံယူရတတ် ပါတယ်။

တစ်ခါတလေမှာ ဆရာဝန်အချို့က ခွဲစိတ်ပြီး ဂလင်းတွေဖယ်ရှားပစ်ဖို့ အကြံပေး ပါလိမ့်မယ်။ အာရုံကြောနဲ့ပတ်သက်ပြီး ပြဿနာတွေ ရှိတဲ့အခါ တံတွေးအလွန် ထွက်ပါတယ်။ အလွန်အကျွံဖြစ်လာတဲ့အခါ ခွဲစိတ်ရတတ် ပါတယ်။ ဒါပေမယ့် သွားရည်ကျတာကို မခွဲစိတ်ဘဲနဲ့ ပျောက်ကင်းအောင် လုပ်လို့ရမယ့် နည်းလမ်းကို ဆရာဝန်တွေက အရင်ဆုံး အကြံပြုတတ်ကြ ပါတယ်။

Zombie (Lovemedia)

For Zawgyi

အိပ္တဲ့အခါ သြားရည္က်ျခင္းကို ဟန႔္တားႏိုင္မယ့္နည္းလမ္း (၈) ခ်က္

လူအမ်ားစုက အိပ္တဲ့ အခါမွာ သြားရည္ က်တတ္ၾက ပါတယ္၊ သြားရည္ က်ျခင္းက ခႏၶာကိုယ္ ထဲက ေရာဂါတစ္ခုခု ဖြံ႕ၿဖိဳးလာတဲ့ လကၡဏာ တရပ္ျဖစ္သလို ခႏၶာကိုယ္ ထဲမွာ တခုခု ခြၽတ္ယြင္းေနလို႔ လည္း ျဖစ္ပါတယ္။ ဘာ့ေၾကာင့္ သြားရည္ က်ရတာလဲ။

အိပ္တဲ့အခါ မ်က္ႏွာႂကြက္သားေတြက အနားရသြားပါတယ္။ တံေတြးေတြက အိပ္ေနတဲ့အခါမွာ ပါးစပ္မွာ စုလာပါတယ္။ၿပီးေတာ့ အနားရေနတဲ့ မ်က္ႏွာႂကြက္သားေတြက ပါးစပ္ကို အနည္းငယ္ဟသြားေစၿပီး တံေတြးေတြ က်လာေစ ပါတယ္။ အဲဒါေၾကာင့္ အိပ္ရာထၿပီဆိုရင္ သြားရည္ေတြေၾကာင့္ ေခါင္းအုံးမွာ စိုေနတတ္ပါတယ္။

သြားရည္ အလြန္က်ျခင္းက အာ႐ုံေၾကာ ေရာဂါေတြနဲ႔ သက္ဆိုင္သလို ႏွာေခါင္းပိတ္ျခင္းရဲ႕ရလဒ္ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ေလျဖတ္ထားတဲ့ လူေတြက ပိုၿပီး သြားေရက်တတ္ ၾကပါတယ္။

1. ႏွာေခါင္းကို သန႔္ရွင္းေရးလုပ္ပါ။

သြားရည္က်ျခင္းရဲ႕ အဓိက အေၾကာင္းရင္းေတြ ထဲက တစ္ခုကေတာ့ ႏွာေခါင္းပိတ္လို႔ပါ။ ႏွာေခါင္းပိတ္ျခင္းေၾကာင့္ ပါးစပ္နဲ႔ အသက္ရႉရၿပီး သြားရည္က်တတ္ ပါတယ္။အဲဒါေၾကာင့္ ညတိုင္း မအိပ္ခင္မွာ ႏွာေခါင္းကို သန႔္ရွင္းေရး လုပ္ေပးသင့္ ပါတယ္။

- ညပိုင္းမွာ ေရေႏြးနဲ႔ေရခ်ိဳးျခင္းက ႏွာေခါင္းကို သန႔္ရွင္းေစၿပီး အသက္ရႉရတာကို ေကာင္းေစပါတယ္။

- ယူကလစ္လို ရနံ႔ဆီကို ရႈေပးတဲ့အခါ အသက္ရႉရ ပိုေကာင္းလာၿပီး ပိုၿပီးအိပ္ေပ်ာ္ပါတယ္။

- ႏွာေခါင္းသန႔္ရွင္းေရး လုပ္တဲ့ Vick's Vaporub လို ေဆးမ်ိဳးကလည္း ႏွာေခါင္းထဲမွာ ပိတ္ေနတဲ့အရာေတြကို သန႔္ရွင္းေစမွာပါ။

2. ပုံစံေျပာင္းအိပ္ပါ။

ပက္လက္လွန္ အိပ္ျခင္းက ပါးစပ္ထဲက တံေတြးေတြကို အျပင္ မထြက္က် လာေစေတာ့ ပါဘူး။ ေစာင္းအိပ္ျခင္း၊ ေမွာက္အိပ္ျခင္းက ပါးစပ္ထဲက တံေတြးေတြက စုမိလာၿပီး ေခါင္းအုံးေပၚက်လာမွာပါ။

3. ညအိပ္တဲ့အခါ ေဟာက္တတ္တဲ့ သူေတြ ကလည္း သြားရည္က်တတ္ ပါတယ္။

အသက္ရႉရတာ အဆင္မေျပတဲ့သူေတြက ေဟာက္တတ္ၾက ပါတယ္။ ေဟာက္ျခင္းက အိပ္ျခင္းကို အေႏွာင့္အယွက္ ျဖစ္ေစၿပီး ညဘက္မွာ လန႔္ႏိုးေစတတ္ ပါတယ္။ မနက္ႏိုးတဲ့ အခါ ပင္ပန္းသလို၊ မူးသလိုလည္း ခံစားရတတ္ ပါတယ္။ ေဟာက္တတ္တဲ့ သူေတြကလည္း သြားရည္က်ၾက ပါတယ္။ ေဆးလိပ္ေသာက္တဲ့ သူေတြ ကလည္း အသက္ရႉျခင္းနဲ႔ ပတ္သက္လို႔ ျပႆနာ ရွိႏိုင္ပါတယ္။

4. ကိုယ္အေလးခ်ိန္ ေလွ်ာ့ပါ။

ကိုယ္အေလးခ်ိန္ မ်ားျခင္းကလည္း အိပ္စက္မႈမွာ သက္ေရာက္မႈ ရွိပါတယ္။ ကိုယ္အေလးခ်ိန္ မ်ားျခင္းေၾကာင့္ အိပ္တဲ့အခါမွာ ေဟာက္ၿပီး သြားရည္က်တတ္ၾက ပါတယ္။

5. အထူးျပဳလုပ္ထားတဲ့ ပစၥည္း ကိရိယာေတြကို သုံးပါ။

သြားရည္က်ျခင္းကို ဆရာဝန္နဲ႔တိုင္ပင္နဲ႔ အခါ ဆရာဝန္က ပစၥည္းကိရိယာေတြကို လမ္းၫႊန္ေပးပါတယ္။ အဲဒီလို ပစၥည္း ကိရိယာေလးေတြက အိပ္ေရးဝဝ အိပ္ႏိုင္ေအာင္လည္း ကူညီေပးမွာပါ။

6. ေသာက္ေနက်ေဆးေတြေၾကာင့္လည္း သြားရည္က်တတ္ပါတယ္။

တခ်ိဳ႕ ပဋိဇီဝေဆးေတြက တံေတြးေတြက္ကို အလြန္အကြၽံထြက္ေအာင္ လုပ္ေပးၿပီး သြားရည္က်ေစပါတယ္။

7. ေခါင္းကို တည့္တည့္ထားၿပီး အိပ္ပါ။

ေခါင္းအုံးအျမင့္နဲ႔ အိပ္တဲ့ အခါ သြားရည္က်တာ နည္းသြားပါတယ္။

8. သြားရည္က်တာ မ်ားတဲ့ အခါ ခြဲစိတ္မႈ ခံယူရတတ္ ပါတယ္။

တစ္ခါတေလမွာ ဆရာဝန္အခ်ိဳ႕က ခြဲစိတ္ၿပီး ဂလင္းေတြဖယ္ရွားပစ္ဖို႔ အႀကံေပး ပါလိမ့္မယ္။ အာ႐ုံေၾကာနဲ႔ပတ္သက္ၿပီး ျပႆနာေတြ ရွိတဲ့အခါ တံေတြးအလြန္ ထြက္ပါတယ္။ အလြန္အကြၽံျဖစ္လာတဲ့အခါ ခြဲစိတ္ရတတ္ ပါတယ္။ ဒါေပမယ့္ သြားရည္က်တာကို မခြဲစိတ္ဘဲနဲ႔ ေပ်ာက္ကင္းေအာင္ လုပ္လို႔ရမယ့္ နည္းလမ္းကို ဆရာဝန္ေတြက; အရင္ဆုံး အႀကံျပဳတတ္ၾက ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments