တစ်နှစ်ကို ရက်ပေါင်း ၃၀၀ ခန့်အိပ်တဲ့ အိန္ဒိယနိုင်ငံက အမျိုးသား

Sleep foundation ရဲ့ အဆိုအရ အရွယ်ရောက်ပြီးသား ကျန်းမာသူတစ်ယောက်က တစ်ညကို ၇ နာရီကြာကနေ ၉ နာရီကြာအထိ အိပ်စက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံက လူတစ်ယောက်ကတော့ တစ်လကို ၂၀-၂၅ ရက်ကြာ အိပ်စက်ပြီးတော့ ရက်နဲ့တွက်ကြည့်မယ်ဆိုရင် တစ်နှစ်ကို ရက်ပေါင်း ၃၀၀ လောက် အိပ်စက်ပါတယ်။ သူ့မှာ ခံစားနေရတဲ့ ရှားပါးရောဂါကြောင့် အိပ်ရာကနေ နိုးလာဖို့ အလွန်ကို ခက်ခဲနေတာပါ။

အိန္ဒိယနိုင်ငံက အသက် ၄၂ နှစ်အရွယ် Purkharam က Axis Hypersomnia ဆိုတဲ့ ရှားပါးရောဂါကို ခံစားနေရတာပါ။ အဲဒီရောဂါကို လွန်ခဲ့တဲ့ ၂၃ နှစ်၊ သူ့အသက် ၁၉ နှစ်အရွယ်ကတည်းက ဖြစ်ခဲ့ပါတယ်။ အဲဒီရောဂါကြောင့် သူ့ရဲ့ကျန်းမာရေးနဲ့ လူနေမှုပုံစံတွေပါ ထိခိုက်သွားရပါတယ်။

သူ့ဘဝရဲ့ အချိန်တော်တော်များများက အိပ်ပျော်နေတာကြောင့် မိသားစုဝင်တွေက သူအိပ်ပျော်နေတုန်းမှာ ထမင်းကျွေးတာ၊ ရေချိုးတာတွေ လုပ်ပေးရပါတယ်။ သူပိုင်တဲ့ စတိုးဆိုင်ကိုလည်း တစ်လမှာ ၅ ရက်ပဲ သွားကြည့်နိုင်ပါတယ်။ တစ်ခါတလေဆိုရင် အလုပ်လုပ်နေရင်းတောင် သူက အိပ်ပျော်သွားတတ်ပါတယ်။

Purkharam က အရင်ကတော့ တစ်ခါအိပ်ရင် ၇ ရက်၊ ၈ ရက်အထိ ကြာပါတယ်။ သူ့ရဲ့ရောဂါက ပိုပိုဆိုးလာပြီး အခုဆိုရင် တစ်ခါအိပ်ရင် ၂၀ ရက်ကနေ ၂၅ ရက်အထိ ကြာလာပါတယ်။

Insomnia လို့ခေါ်တဲ့ ညအိပ်မပျော်ခြင်းရောဂါရဲ့ ဆန့်ကျင်ဖက် hypersomnia ဆိုတာလည်းရှိပါတယ်။ ဒါဟာ ၁၀ နာရီထက် ပိုအိပ်မိလို့ ဖြစ်လာတဲ့ လက္ခဏာ တစ်ရပ်ပါ။ Hypersomnia ဖြစ်သွားရင် ကားမောင်းရင်း အိပ်ငိုက်တာတို့၊ စိတ်နဲ့လူနဲ့မကပ်တာ၊ နေ့လယ်ခင်း အိပ်ချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

Hypersomnia ဖြစ်နေတဲ့သူတွေက ပုံမှန်နိုးလာဖို့ ကုထုံးတွေလည်း လိုအပ်ပါတယ်။ သူတို့က နှိုးစက်ပေးထားရင်တောင် မနိုးတတ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရလို့ပါ။ စနစ်ကျတဲ့ ကုသမှုကို မပြုလုပ်တဲ့အခါ အိပ်စက်လွန်ရောဂါက ကျန်းမာရေးနဲ့ နေ့စဉ်ဘဝကိုပါ အလုံးစုံ ထိခိုက်သွားစေပါတယ်။

Zombie (Lovemedia)

For Zawgyi

တစ္ႏွစ္ကို ရက္ေပါင္း ၃၀၀ ခန႔္အိပ္တဲ့ အိႏၵိယႏိုင္ငံက အမ်ိဳးသား

Sleep foundation ရဲ႕အဆိုအရ အ႐ြယ္ေရာက္ၿပီးသား က်န္းမာသူတစ္ေယာက္က တစ္ညကို ၇ နာရီၾကာကေန ၉ နာရီၾကာအထိ အိပ္စက္ဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ အိႏၵိယႏိုင္ငံက လူတစ္ေယာက္ကေတာ့ တစ္လကို ၂၀-၂၅ ရက္ၾကာ အိပ္စက္ၿပီးေတာ့ ရက္နဲ႔တြက္ၾကည့္မယ္ဆိုရင္ တစ္ႏွစ္ကို ရက္ေပါင္း ၃၀၀ ေလာက္ အိပ္စက္ပါတယ္။ သူ႔မွာ ခံစားေနရတဲ့ ရွားပါးေရာဂါေၾကာင့္ အိပ္ရာကေန ႏိုးလာဖို႔ အလြန္ကို ခက္ခဲေနတာပါ။

အိႏၵိယႏိုင္ငံက အသက္ ၄၂ ႏွစ္အ႐ြယ္ Purkharam က Axis Hypersomnia ဆိုတဲ့ ရွားပါးေရာဂါကို ခံစားေနရတာပါ။ အဲဒီေရာဂါကို လြန္ခဲ့တဲ့ ၂၃ ႏွစ္၊ သူ႔အသက္ ၁၉ ႏွစ္အ႐ြယ္ကတည္းက ျဖစ္ခဲ့ပါတယ္။ အဲဒီေရာဂါေၾကာင့္ သူ႔ရဲ႕က်န္းမာေရးနဲ႔ လူေနမႈပုံစံေတြပါ ထိခိုက္သြားရပါတယ္။

သူ႔ဘဝရဲ႕ အခ်ိန္ေတာ္ေတာ္မ်ားမ်ားက အိပ္ေပ်ာ္ေနတာေၾကာင့္ မိသားစုဝင္ေတြက သူအိပ္ေပ်ာ္ေနတုန္းမွာ ထမင္းေကြၽးတာ၊ ေရခ်ိဳးတာေတြ လုပ္ေပးရပါတယ္။ သူပိုင္တဲ့ စတိုးဆိုင္ကိုလည္း တစ္လမွာ ၅ ရက္ပဲ သြားၾကည့္ႏိုင္ပါတယ္။ တစ္ခါတေလဆိုရင္ အလုပ္လုပ္ေနရင္းေတာင္ သူက အိပ္ေပ်ာ္သြားတတ္ပါတယ္။

Purkharam က အရင္ကေတာ့ တစ္ခါအိပ္ရင္ ၇ ရက္၊ ၈ ရက္အထိ ၾကာပါတယ္။ သူ႔ရဲ႕ေရာဂါက ပိုပိုဆိုးလာၿပီး အခုဆိုရင္ တစ္ခါအိပ္ရင္ ၂၀ ရက္ကေန ၂၅ ရက္အထိ ၾကာလာပါတယ္။

Insomnia လို႔ေခၚတဲ့ ညအိပ္မေပ်ာ္ျခင္းေရာဂါရဲ႕ ဆန႔္က်င္ဖက္ hypersomnia ဆိုတာလည္းရွိပါတယ္။ ဒါဟာ ၁၀ နာရီထက္ ပိုအိပ္မိလို႔ ျဖစ္လာတဲ့ လကၡဏာ တစ္ရပ္ပါ။ Hypersomnia ျဖစ္သြားရင္ ကားေမာင္းရင္း အိပ္ငိုက္တာတို႔၊ စိတ္နဲ႔လူနဲ႔မကပ္တာ၊ ေန႔လယ္ခင္း အိပ္ခ်င္ေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

Hypersomnia ျဖစ္ေနတဲ့သူေတြက ပုံမွန္ႏိုးလာဖို႔ ကုထုံးေတြလည္း လိုအပ္ပါတယ္။ သူတို႔က ႏႈိးစက္ေပးထားရင္ေတာင္ မႏိုးတတ္တဲ့ ျပႆနာနဲ႔ ရင္ဆိုင္ရလို႔ပါ။ စနစ္က်တဲ့ ကုသမႈကို မျပဳလုပ္တဲ့အခါ အိပ္စက္လြန္ေရာဂါက က်န္းမာေရးနဲ႔ ေန႔စဥ္ဘဝကိုပါ အလုံးစုံ ထိခိုက္သြားေစပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments