အသားပိုတွေကို သဘာဝအတိုင်းဖယ်ရှားပေးမယ့် အသီးအနှံများ

အသားပိုတွေက အများအားဖြင့် အန္တရာယ်မရှိသလို နာကျင်မှုလည်း မရှိပါဘူး။ အသားပို ရှိလာရင် လူတွေက ဖယ်ရှားကြပါတယ်။ အသားပိုတွေက အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ ဆက်စပ်နေတယ်လို့ အချို့သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဟော်မုန်းမညီမျှလို့လည်း အသားပိုတွေ ဖြစ်ပါတယ်။

အသားပိုတွေက အများအားဖြင့် မျက်ခုံး၊ လည်ပင်း၊ ရင်ဘတ်၊ဂျိုင်း၊ ပေါင်ခြံနေရာ တစ်ဝိုက်တွေမှာ ရှိပါတယ်။ အသားပိုတွေပျောက်သွားလို့ လုပ်လို့ရမယ့် သဘာဝနည်းလမ်းတွေ ရှိပါတယ်။

1. ဆရာဝန်ဆီ အရင်သွားပါ။

အိမ်မှာ သဘာဝအသီးအနှံတွေနဲ့ အသားပိုကို မဖယ်ရှားခင်မှာ ဆရာဝန်ဆီ အရင်သွားပါ။ ဆရာဝန်က အသားပိုကို သံသယရှိတယ်ဆိုရင် အသားမျှင် ဓာတ်ခွဲ စစ်ဆေးတာတွေကို လုပ်ပေးမှာပါ။

2. ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ကျန်းမာရေးအတွပ် အများကြီး အကျိုးရှိပါတယ်။ ပန်းသီးရှာလကာရည်မှာ အက်ဆစ်ဓာတ် ပါဝင်တာကြောင့် အရေပြားတစ်ရှူးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

- ချည်သားပိတ်စလေးကို ပန်းသီးရှာလကာရည်ထဲ ထည့်ပြီး ရေညှစ်ပါ။

- ချည်သားပိတ်စကို အသားပိုပေါ်မှာ ထားပါ။

- ချည်သားပိတ်စပေါ်ကို အနာကပ်ပလာစတာနဲ့ ကပ်ပေးပါ။

- တစ်ညကြာ ထားပေးရုံပါပဲ။

- အသားပို မည်းပြီးကွာကျသွားတဲ့အထိ နေ့စဉ်လုပ်ပေးပါ။

3. လက်ဖက်ဆီ

100 ရာခိုင်နှုန်းပြည့် လက်ဖက်ဆီမှာ မှို၊ ဘက်တီးရီးယားတွေကို သေစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒီနည်းလမ်းက အန္တရာယ်ကင်းပါတယ်။

- အသားပိုရှိတဲ့နေရာကို သန့်ရှင်းရေးလုပ်ပါ။

- ချည်သားပိတ်စလေးပေါ်ကို လက်ဖက်ဆီ 3 စက်ထည့်ပါ။

- အသားပိုရှိတဲ့နေရာကို ချည်သားပိတ်စလေးနဲ့ ပွတ်ပေးပါ။

- တစ်ရက်ကို 3 ကြိမ်၊ 4 ကြိမ်ပြုလုပ်ပေးလို့ရပါတယ်။

4. တောရှုံးပင်ဆီနှင့် အုန်းဆီ

တောရှုံးပင်ဆီက မယ်လနင်ဓာတ်၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ အုန်းဆီက ကြွက်နို့၊ အသားမာတွေကို ကုသရာမှာ ထိရောက်ပါတယ်။

- တောရှုံးပင်ဆီ 3 စက်နဲ့ အုန်းဆီ 5 စက်ကို ရောပါ။

- အသားပိုရှိတဲ့နေရာကို ရေနွေနဲ့ သန့်ရှင်းပါ။

- ရောထားတဲ့ဆီကို ချည်သားပိတ်စနဲ့ ဆွတ်ပြီး အသားပိုရှိတဲ့နေရာကို ထားပေးပါ။

- အသားပိုမည်းသွားပြီး ကွာကျသွားတဲ့ အထိ တစ်နေ့ကို 2 ကြိမ်၊ 3 ကြိမ် ပြုလုပ်ပေးလို့ ရပါတယ်။

5. သံပရိုသီး

သံပရိုသီးမှာ ဆီထရစ်အက်ဆစ်ပါဝင်တာကြောင့် ဆဲလ်သေတွေနဲ့ အသားပိုတေ်ကို ဖယ်ရှားဖို့ ကူညီပေးပါတယ်။ သံပရိုသီးကို နှစ်ပတ်လောက် အသုံးပြုပေးတဲ့အခါ အသားပိုက တဖြည်းဖြည်း သေးသွားမှာပါ။

- အသားပိုရှိတဲ့နေရာကို သန့်ရှင်းပေးပါ။

- သံပရိုသီးကို အရည်ညှစ်ပြီး ချည်သားပိတ်စလေးနဲ့ အသားပိုရှိတဲ့နေရာကို ပွတ်တိုက်ပေးပါ။

- တစ်နေ့ကို 2 ကြိမ်၊ 3 ကြိမ်ခန့် ပြုလုပ်ပေးလို့ရပါတယ်။

6. ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က အနာတွေကို သက်သာစေပြီး အသားအရေကို ချောမွေ့စေပါတယ်။

- အသားပိုရှိတဲ့နေရာကို သန့်ရှင်းရေးလုပ်ပေးပါ။

- ရှားစောင်းလက်ပတ်အနှစ်နဲ့ အသားပိုရှိတဲ့နေရာကို ပွတ်တိုက်ပေးပါ၊

- တစ်နေ့ကို 2 ကြိမ်၊ 3 ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

7. ကြက်သွန်ဖြူ

ကြက်သွန်ဖြူက မှိုတွေ၊ဘက်တီးရီးယားတွေ၊ အသားပိုတွေကို ပျောက်ကင်းတေဲ့ သဘာဝဆေးပါ။ ကြက်သွန်ဖြူရဲ့အနံ့က မကောင်းပေမယ့် အသားအရေကို ချောမွေ့စေပါတယ်။

- ကြက်သွန်ဖြူ 3 မွှာလောက်ကို ထောင်းပါ။

- ကြက်သွန်ဖြူထောင်းထားတာလေးကို ချည်သားပိတ်စလေးနဲ့အတူ အသားပိုပေါ် ကပ်ပေးပါ။

- ချည်သားပိတ်စကို အနာကပ်ပလာစတာနဲ့ ပြန်ကပ်ပြီး တစ်ညလုံးထားပါ။

- နှစ်ည၊ သုံးညခန့် ပြုလုပ်ပြီးရင်တော့ ထူးခြားလာပါတယ်။

8. ငှက်ပျောသီးအခွံ

ငှက်ပျောသီးအခွံမှာ အစွမ်းတွေရှိပါတယ်။ ငှက်ပျောသီးအခွံက အသားပိုတွေ၊ အသားမာတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

- အသားပိုရှိတဲ့နေရာကို သန့်ရှင်းရေးလုပ်ပါ။

- ငှက်ပျောသီးခွံကို အပိုင်းသေးသေးလေးတွဖြစ်အောင် လှီးပါ။

- ငှက်ပျောသီးအခွံ အတွင်းသားကို အသားပိုပေါ်တင်ပြီး အနာကပ်ပလာစတာနဲ့ ကပ်လိုက်ပါ။

- တစ်ညတာ ထားပေးရုံပါပဲ။

- အသားပိုကွာကျသွားတဲ့အထိ ညတိုင်းပြုလုပ်ပေးနိုင်ပါတယ်။

Zombie (Lovemedia)

For Zawgyi

အသားပိုေတြကို သဘာဝအတိုင္းဖယ္ရွားေပးမယ့္ အသီးအႏွံမ်ား

အသားပိုေတြက အမ်ားအားျဖင့္ အႏၲရာယ္မရွိသလို နာက်င္မႈလည္း မရွိပါဘူး။ အသားပို ရွိလာရင္ လူေတြက ဖယ္ရွားၾကပါတယ္။ အသားပိုေတြက အဝလြန္ျခင္း၊ ဆီးခ်ိဳေရာဂါနဲ႔ ဆက္စပ္ေနတယ္လို႔ အခ်ိဳ႕သိပၸံပညာရွင္ေတြက ေျပာပါတယ္။ ေဟာ္မုန္းမညီမွ်လို႔လည္း အသားပိုေတြ ျဖစ္ပါတယ္။ အသားပိုေတြက အမ်ားအားျဖင့္ မ်က္ခုံး၊ လည္ပင္း၊ ရင္ဘတ္၊ဂ်ိဳင္း၊ ေပါင္ၿခံေနရာတစ္ဝိုက္ေတြမွာ ရွိပါတယ္။ အသားပိုေတြေပ်ာက္သြားလို႔ လုပ္လို႔ရမယ့္ သဘာဝနည္းလမ္းေတြ ရွိပါတယ္။

1. ဆရာဝန္ဆီ အရင္သြားပါ။

အိမ္မွာ သဘာဝအသီးအႏွံေတြနဲ႔ အသားပိုကို မဖယ္ရွားခင္မွာ ဆရာဝန္ဆီ အရင္သြားပါ။ ဆရာဝန္က အသားပိုကို သံသယရွိတယ္ဆိုရင္ အသားမွ်င္ ဓာတ္ခြဲ စစ္ေဆးတာေတြကို လုပ္ေပးမွာပါ။

2. ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္က က်န္းမာေရးအတြပ္ အမ်ားႀကီး အက်ိဳးရွိပါတယ္။ ပန္းသီးရွာလကာရည္မွာ အက္ဆစ္ဓာတ္ ပါဝင္တာေၾကာင့္ အေရျပားတစ္ရႉးေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

- ခ်ည္သားပိတ္စေလးကို ပန္းသီးရွာလကာရည္ထဲ ထည့္ၿပီး ေရညႇစ္ပါ။

- ခ်ည္သားပိတ္စကို အသားပိုေပၚမွာ ထားပါ။

- ခ်ည္သားပိတ္စေပၚကို အနာကပ္ပလာစတာနဲ႔ ကပ္ေပးပါ။

- တစ္ညၾကာ ထားေပး႐ုံပါပဲ။

- အသားပို မည္းၿပီးကြာက်သြားတဲ့အထိ ေန႔စဥ္လုပ္ေပးပါ။

3. လက္ဖက္ဆီ

100 ရာခိုင္ႏႈန္းျပည့္ လက္ဖက္ဆီမွာ မႈိ၊ ဘက္တီးရီးယားေတြကို ေသေစတဲ့ ဂုဏ္သတၱိရွိပါတယ္။ ဒီနည္းလမ္းက အႏၲရာယ္ကင္းပါတယ္။

- အသားပိုရွိတဲ့ေနရာကို သန႔္ရွင္းေရးလုပ္ပါ။

- ခ်ည္သားပိတ္စေလးေပၚကို လက္ဖက္ဆီ 3 စက္ထည့္ပါ။

- အသားပိုရွိတဲ့ေနရာကို ခ်ည္သားပိတ္စေလးနဲ႔ ပြတ္ေပးပါ။

- တစ္ရက္ကို 3 ႀကိမ္၊ 4 ႀကိမ္ျပဳလုပ္ေပးလို႔ရပါတယ္။

4. ေတာရႈံးပင္ဆီႏွင့္ အုန္းဆီ

ေတာရႈံးပင္ဆီက မယ္လနင္ဓာတ္၊ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးပါတယ္။ အုန္းဆီက ႂကြက္ႏို႔၊ အသားမာေတြကို ကုသရာမွာ ထိေရာက္ပါတယ္။

- ေတာရႈံးပင္ဆီ 3 စက္နဲ႔ အုန္းဆီ 5 စက္ကို ေရာပါ။

- အသားပိုရွိတဲ့ေနရာကို ေရေႏြနဲ႔ သန႔္ရွင္းပါ။

- ေရာထားတဲ့ဆီကို ခ်ည္သားပိတ္စနဲ႔ ဆြတ္ၿပီး အသားပိုရွိတဲ့ေနရာကို ထားေပးပါ။

- အသားပိုမည္းသြားၿပီး ကြာက်သြားတဲ့ အထိ တစ္ေန႔ကို 2 ႀကိမ္၊ 3 ႀကိမ္ ျပဳလုပ္ေပးလို႔ ရပါတယ္။

5. သံပ႐ိုသီး

သံပ႐ိုသီးမွာ ဆီထရစ္အက္ဆစ္ပါဝင္တာေၾကာင့္ ဆဲလ္ေသေတြနဲ႔ အသားပိုေတ္ကို ဖယ္ရွားဖို႔ ကူညီေပးပါတယ္။ သံပ႐ိုသီးကို ႏွစ္ပတ္ေလာက္ အသုံးျပဳေပးတဲ့အခါ အသားပိုက တျဖည္းျဖည္း ေသးသြားမွာပါ။

- အသားပိုရွိတဲ့ေနရာကို သန႔္ရွင္းေပးပါ။

- သံပ႐ိုသီးကို အရည္ညႇစ္ၿပီး ခ်ည္သားပိတ္စေလးနဲ႔ အသားပိုရွိတဲ့ေနရာကို ပြတ္တိုက္ေပးပါ။

- တစ္ေန႔ကို 2 ႀကိမ္၊ 3 ႀကိမ္ခန႔္ ျပဳလုပ္ေပးလို႔ရပါတယ္။

6. ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္က အနာေတြကို သက္သာေစၿပီး အသားအေရကို ေခ်ာေမြ႕ေစပါတယ္။

- အသားပိုရွိတဲ့ေနရာကို သန႔္ရွင္းေရးလုပ္ေပးပါ။

- ရွားေစာင္းလက္ပတ္အႏွစ္နဲ႔ အသားပိုရွိတဲ့ေနရာကို ပြတ္တိုက္ေပးပါ၊

- တစ္ေန႔ကို 2 ႀကိမ္၊ 3 ႀကိမ္ခန႔္ ျပဳလုပ္ေပးႏိုင္ပါတယ္။

7. ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴက မႈိေတြ၊ဘက္တီးရီးယားေတြ၊ အသားပိုေတြကို ေပ်ာက္ကင္းေတဲ့ သဘာဝေဆးပါ။ ၾကက္သြန္ျဖဴရဲ႕အနံ႔က မေကာင္းေပမယ့္ အသားအေရကို ေခ်ာေမြ႕ေစပါတယ္။

- ၾကက္သြန္ျဖဴ 3 မႊာေလာက္ကို ေထာင္းပါ။

- ၾကက္သြန္ျဖဴေထာင္းထားတာေလးကို ခ်ည္သားပိတ္စေလးနဲ႔အတူ အသားပိုေပၚ ကပ္ေပးပါ။

- ခ်ည္သားပိတ္စကို အနာကပ္ပလာစတာနဲ႔ ျပန္ကပ္ၿပီး တစ္ညလုံးထားပါ။

- ႏွစ္ည၊ သုံးညခန႔္ ျပဳလုပ္ၿပီးရင္ေတာ့ ထူးျခားလာပါတယ္။

8. ငွက္ေပ်ာသီးအခြံ

ငွက္ေပ်ာသီးအခြံမွာ အစြမ္းေတြရွိပါတယ္။ ငွက္ေပ်ာသီးအခြံက အသားပိုေတြ၊ အသားမာေတြကို ထိထိေရာက္ေရာက္ ဖယ္ရွားေပးႏိုင္ပါတယ္။

- အသားပိုရွိတဲ့ေနရာကို သန႔္ရွင္းေရးလုပ္ပါ။

- ငွက္ေပ်ာသီးခြံကို အပိုင္းေသးေသးေလးတြျဖစ္ေအာင္ လွီးပါ။

- ငွက္ေပ်ာသီးအခြံ အတြင္းသားကို အသားပိုေပၚတင္ၿပီး အနာကပ္ပလာစတာနဲ႔ ကပ္လိုက္ပါ။

- တစ္ညတာ ထားေပး႐ုံပါပဲ။

- အသားပိုကြာက်သြားတဲ့အထိ ညတိုင္းျပဳလုပ္ေပးႏိုင္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments