ဆရာငြိမ်း၏ 15.July.2021 မှ 21.July.2021 အထိ တစ်ပတ်စာ ၇ ရက်သားသမီးဟောစာတမ်း

15.July.2021 မှ 21.July.2021 အထိတစ်ပတ်စာ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလမှာ ဆွေမျိုးသားချင်းတွေ မိသားစုဝင်တွေကြောင့် စိတ်ဆင်းရဲရမဲ့ ကာလပါပဲ။ မိတ်ဆွေအပေါင်းအသင်း အထက်လူကြီးတွေရဲ့ ကူညီမစခြင်းကိုတော့ ရမဲ့ကာလပါ။ တစိမ်းမိန်းမတစ်ယောက်က အကူအညီပေးမဲ့ အချိန်ပါ။ အများနဲ့ စုပေါင်းလုပ်ရသောအလုပ်၊ အတူတကွ တတ်ညီလက်ညီလုပ်ရသောကိစ္စရပ်တွေမှာ အောင်မြင် မှုရပါလိမ့်မယ်။

ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ပြု၍ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေး လုပ်ငန်းကိစ္စရပ် တို့တွင် လည်းကောင်း၊ သူများဝန်ထမ်းနေရသူတို့တွင်လည်းကောင်း ရပ်တည်နိုင်ဖို့ အထူးကြိုးစားပြီး လုပ်နေရတတ်ပါ သည်။ ဒီကာလဟာ တနင်္ဂနွေသားသမီးတွေအတွက် အကောင်းအဆိုး ရောထွေးနေတဲ့အချိန်ပါ။ မိမိတွင် ချစ်သူရှိ နေသော်လည်း မိမိအား ချစ်ရေးဆိုသူတို့ ရှိနေတတ်ပါသည်။ ပူပင်မှုအနည်းငယ် ရှိနေ တတ်သော်လည်း အချစ်ရေး ကောင်းမွန်နေတတ်ပါသည်။

အိမ်ထောင်မရှိလျှင် အိမ်ထောင်ကျတတ်ပါသည်။ အိမ်ထောင်ရေး သင့်ပေမဲ့ ကြားလူတွေကြောင့်စိတ်ဝမ်းကွဲရတတ်ပါတယ်။ ပညာရေးနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေတတ် ပါသည်။ ကျန်းမာရေးကတော့ အဖျားအနာရောဂါ၊ ခေါင်းအုံ၊ ခေါင်းမူးခြင်း၊ ခန္ဓာကိုယ် အရေပြား ပေါ်၌ ယားနာများ၊ အရေပြားရောဂါ၊ မျက်ရိုးကိုက်ခြင်း၊ မျက်စိနာခြင်း၊ ၊ မျက်စိမှုံခြင်းများ စသည်တို့ကို သတိထားသင့်ပါသည်။

အကျိုးပေးဂဏန်း - ၈၊ ၅၊ ၄

အထူးဟော - ကျန်းမာရေး ဂရုစိုက်ပါ။

ယတြာ - ရဟန်းသံဃာတွေကို အားဆေးလှူလိုက်ပါ။

တနင်္လာ

စဉ်းစားချင့်ချိန်ပြီးမှ အရာရာကို လုပ်သင့်တဲ့ အချိန်ပါပဲ။ ဘာကိစ္စကိုမဆို ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ချက် ချပါ။ ဒီကာလာဟာ မိမိစိတ်ကူးအတိုင်း ဖြေးဖြေးမှန်မှန် လုပ်ဆောင်သွားမယ် ဆိုရင်တော့ အဆိုးတွေ ကြုံရဖို့ နည်းမှာပါ။ အလုပ်ထဲမှာ အလွန်စိတ်ညစ်ရမဲ့ကိစ္စတွေ ကြုံလာရတတ်ပါတယ်။ စီးပွားရေးကံ မကောင်းသေးပါဘူး။ ရွှေငွေ လက်ဝတ်ရတနာတွေ ထွက်တတ်ပါတယ်။ မိသားစုအတွင်း မကြေလည်မှုတွေ များနေတတ်တယ်။

ငွေက ညံ့နေတဲ့အတွက် ရစရာရှိတာတွေ မရနိုင်သေးသလို ပေးစရာရှိတာတွေလဲ မပေးနိုင်သေးတဲ့ အချိန်ပါ။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် ပတ်သက်သော လူမှုပေါင်းသင်းဆက်ဆံရေးတွင် အဆင်ပြေဆုံးဖြစ် အောင် လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံနိုင်စွမ်းများ ရှိဖို့လိုသည်။ စီးပွားဖက်များနှင့်လဲ အကောင်း ဆုံးဖြစ်အောင် ကြိုးစား၍ လိုက်လျော ညီထွေစွာ ပြောဆိုပေါင်းသင်း ဆက်ဆံနိုင်စွမ်းရှိမှာသာ အဆင်ပြေ လိမ့်မယ်။

ချစ်သူမရှိလျှင် ချစ်သူတွေ့ရ တတ် သလို ချစ်သူရှိပြီးလျှင်လည်း ချစ်သူသစ်ကို တွေ့ရ တတ်ပါ သည်။ မိမိအား ချစ်ခင်နှစ်သက်သူတို့ ရှိနေတတ်ပါသည်။ ချစ်သူနှင့် မထင်မှတ်ပဲ မှားယွင်းတတ် ပါသည်။ အိမ်ထောင်ရေး အညံ့ဆုံးမဟုတ်သော်လည်း မကောင်းသေးပါ။ ကျန်းမာရေးကတော့ ကြီးကြီးကျယ်ကျယ် ရောဂါဝေဒနာများ မရှိတတ်သော်လည်း အနည်းငယ်တော့ သတိထားရ တတ် ပါသည်။

အကျိုးပေးဂဏန်း ၂၊ ၅ ၊၄

အထူးဟော - ကံညံနေသည်။

ယတြာ - ကိတ်မုန့်ဝယ်ပြီး ခွေးစာကျွေးလိုက်ပါ။

အင်္ဂါ

ဒီကာလဟာအလုပ်တာဝန်တွေပိနေချိန်ပါပဲ။ ဒါကြောင့်ပဲ လူလဲပင်ပန်းရသလို စိတ်လဲပင်ပန်းရတတ်ပါ တယ်။ အိပ်ချိန်ကလွဲပြီးကျန်အချိန်တွေအလုပ်ရှုပ်နေရမယ်။ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းကိစ္စ ရပ်များ အရှိန်အဟုန်မပျက် ဆက်လက် လည် ပတ်နိုင်ရန်အတွက် တစ်ချို့သော လုပ်ငန်းများကို ပြုပြင်ပြောင်းလဲ၍ လုပ်ကိုင်ဆောင်ရွက် နေရတတ် ပါ သည်။

ချစ်သူ၊ ခင်သူ ပေါများနေတတ်သော်လည်း အချစ်ရေးတွင် စိတ်တိုင်းကျမှု နည်းပါးနေတတ် ပါ သည်။ သစ္စာရှိသော ချစ်သူ ရှားပါးနေတတ်ပါသည်။ အချစ်ရေး မကောင်းသေးသော်လည်း သင့်ပါသည်။ အိမ်ထောင် ရေးတွင် အခက်အခဲအနည်းငယ် ရှိနေတတ်ပါသည်။ အိမ်ထောင်ရှိပြီးသူများလည်း မောင် တစ် ရွာ၊ မယ်တစ်မြို့ ခွဲခွာ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေရတတ်ပါသည်။

မိမိသင်ကြားမှုပြုနေသော ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ တွင် သဘောမပေါက် မရှင်းလင်းသော ဘာသာရပ်ဆိုင်ရာများအတွက် ကျွမ်းကျင်လိမ်မာသော ဆရာကောင်းများ ထံတွင်ဖြစ်စေ၊ နားလည်တဲ့ သူငယ်ချင်းထံတွင်ဖြစ်စေလေ့လာဖို့ အထူးလိုအပ်ပါတယ်။ ကျန်းမာရေးတွင် ကြီးမား သော ရောဂါဝေဒနာများ မဖြစ်ပေါ်တတ်ပါ။ သို့သော် နားနှင့် ပတ်သက်သော ရောဂါ၊ နှာခေါင်းနှင့် ပတ်သက်သော ရောဂါ၊ ရေနှင့်ပတ်သက်သော အန္တရာယ် စသည်တို့ကို အထူးသတိပြုပါ။

အကျိုးပေးဂဏန်း ၇၊ ၆ ၊၃

အထူးဟော - အလုပ်ရှုပ်မည်။

ယတြာ - ရွက်လှလေးညွှန့် ဘုရားလှူ ပါ။

ဗုဒ္ဓဟူး ၊ရာဟု

ရပ်ဝေးမှ ဧည့်ကောင်းဆောင်ကောင်းများလဲ ရောက်လာတတ်ပါတယ်။ စီးပွားရေးတွေ ချဲ့ထွင်နိုင်ပါလိမ့်မယ်။ အထိုင်အလုပ်များ၊ ကိုယ်ပိုင်စီးပွားရေးများ အထူးပဲ အကျိုးဖြစ်ထွန်းမဲ့ အချိန်ပါပဲ။ အထက်အလူကြီးများနှင့် ပတ်သက်၍ လည်းကောင်း ၊အောက်လက်ငယ်သားများနှင့် ပတ်သက်၍ လည်းကောင်း အဆင်ပြေမှုရှိစေရန် ကြား ကနေ စေ့စပ်ညှိနှိုင်း ပြုရတတ်ပါသည်။ သို့သော် မိမိနှင့် အဆင့်တူ၊ အတန်းတူ ရှိသော သူများ၏ အထင်လွဲခြင်း၊ အမြင်မကြည်ခြင်းနှင့် မကောင်း ပြောခြင်းများကို ကြုံတွေ့ရတတ် ပါသည်။

ယှဉ်ပြိုင်တိုက်ခိုက်မှု များကြားမှ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်းများတွင် အခက်အခဲ အနည်းငယ် ရှိနေတတ်ပါ သည်။ အရှိန်အဟုန်မပျက် ဆက်လက်လည်ပတ်နိုင်ရန် သည်းခံပြီးဆက်သွားနိုင်ဖို့လိုပါ တယ်။ ချစ်ရေးဆိုသူတို့ ရှိနေတတ် ပါသည်။ အချစ်ရေး အပြောင်းအလဲ ဖြစ်တတ်ပါသည်။ အချစ်ရေး ကောင်းနေတတ်ပါသည်။

လူသိရှင်ကြား မဟုတ်သော်လည်း မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်ပါသည်။ ဇွဲ၊ ဝီရိယ အားစိုက်မှု ကောင်းနေခြင်း ကြောင့်လည်း ပညာရေးတွင် အောင်မြင်မှုများ ရရှိတတ်ပါသည်။ ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိပါ။ သို့သော် အနည်းငယ်တော့ သတိထားရ တတ်ပါသည်။ ရာသီ အပြောင်းအလဲတွင် ဖြစ်တတ်သော ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးတုန်၊ ရင်ခုန်၊ မောပန်းနွမ်းနယ်ခြင်းများ ကြုံရနိုင်ပါတယ်။

အကျိုးပေးဂဏန်း - ၇ ၊၄ ၊၈

အထူးဟော - ဆွတ်ပျံကြည်နူးစရာကောင်းတဲ့ အချိန်ပါ။

ယတြာ - ရဟန်းသံဃာတွေကို ထန်းလျက်များများလှူပါ။

ကြာသပတေး

ရှယ်ယာအလုပ်များ အထူးအလုပ်များရမဲ့ အချိန်ပါပဲ။ အရာရာကို အမှန်အတိုင်းပြောဆိုတာက အကောင်းဆုံး အခြေအနေတစ်ခုကို ဖန်တီးပေးပါလိမ့်မယ်။ အိုးအိမ်ကိစ္စ ၊နေရာထိုင်ခင်းကိစ္စ ၊အမွေကိစ္စတွေ အဆင်ပြေမဲ့ အချိန် ပါ။ လက်ရှိလုပ်ကိုင် ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်းများတွင် အတိုက်အခံများနှင့် အခက်အခဲများ ကြုံနေရ တတ်ပါ သည်။ အများနှင့် ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းကိစ္စရပ်များတွင် အဆင်ပြေနိုင်သည်။

မိမိနေထိုင်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၌ ပြောဆိုပေါင်းသင်းရမှုများတွင် များသောအားဖြင့် အဆင်ပြေမှုများ ရရှိနေတတ်ပါ သည်။ တစ်ခါတစ်ရံ အထင်လွဲခံရတတ်ခြင်းနှင့် မကောင်းပြောဆိုခြင်း များကို ကြုံတွေ့ရတတ်ပါ သည်။ စီးပွားရေး ကိစ္စများ၊ လုပ်ငန်းတာဝန်များ တစ်ဖက်နှင့် ပညာရေးကို ကြိုးစားနေရတတ်ပါသည်။ အခက်အခဲ အမျိုးမျိုးကြားမှ ပညာသင်ကြားမှု ပြုနေရသည့်အတွက် အပင်ပန်းခံရတတ်ပါသည်။

ကျန်းမာရေးတွင် လေထိုးလေ အောင့် ဖြစ်ခြင်း၊ ဆေးထိုးဆေးစားမှား၍ ရောဂါဖြစ်ခြင်း၊ စသည်တို့ကို သတိပြုရတတ် ပါသည်။ မိမိ၏ အချစ်ရေးတွင် ကြားလူ ဝင်ရှုပ်မှုများ၊ အနှောက်အယှက်များလည်း ဖြစ်နေတတ်ပါသည်။ သို့သော် အချစ်ရေး သင့်ပါသည်။ မုဆိုးဖို၊ မုဆိုးမ ၊တစ်ခုလတ်တို့က လာရောက် ချစ်ရေးဆိုတာမျိုး ကြုံရ တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အဘက်ဘက်က စိတ်ချမ်းသာစရာ များပါတယ်။

အကျိုးပေးဂဏန်း ၂၊ ၁ ၊၅

အထူးဟော - စုတ် (သို့) လာဘ်ဝင်မည်။

ယတြာ - မြေပဲကြော် ဘုရားကပ်ပါ။

သောကြာ

ပြောဆို ဆုံးမရခက်တဲ့ သားသမီးတွေကြောင့် စိတ်ညစ်ရမယ်။ မိသားစုအတွင်း မပြေလည်မှုတွေ များ နေမယ်။ စကားအပြောအဆို မဆင်ခြင်တာမျိုး ၊သတိမမူဘဲ ပြောမိလိုက်သော စကားတစ်ခွန်းကြောင့် ဖြေရှင်း ရလိမ့်မယ်။ ကံကြမ္မာ အနည်းငယ် ညံ့နေချိန်ပါပဲ။ အနီးကပ်လူတွေရဲ့ ဒုက္ခပေးခြင်း ခံရမည်။ သေချာကြံစည်လုပ်ကိုင်ထားသော အလုပ်တွေ ပျက်ရတတ်တယ်။ ခရီးဝေးသွားခြင်း ရှောင်ရှားသင့်တဲ့ ကာလပါ။

ကျန်းမာရေးနှင့် ပတ်သက်၍ ထွေထွေထူးထူး ရောဂါများ မဖြစ်ပေါ်တတ်သော်လည်း အနည်းငယ်တော့ သတိထားရတတ်ပါသည်။ သည်းခြေမှစ၍ ဖြစ်သောရောဂါ၊ အပူကြောင့်ဖြစ်သောရောဂါများ ဖြစ်ရတတ် ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေဖြစ်မယ်။ နောက်ကျောကို ဓားနဲ့ထိုးမဲ့သူတွေ ဝန်းရံနေတတ်တဲ့အတွက်သတိထားပါ။

အချစ်ရေးကောင်း နေတတ်ပါသည်။ လုပ်ဖေါ်ကိုင်ဖက် အပေါင်းအသင်းများထဲမှ ချစ်သူ တွေ့ရတတ် ပါသည်။ သို့သော် ဘာသာမတူ၊ လူမျိုးကွဲ ဖြစ်နေတတ်ပါသည်။ အိမ်ထောင်ရေး မကောင်းသေးပါ။ အိမ်ထောင်ဘက်နှင့် ပဋိပက္ခဖြစ်နေတတ်ပါ သည်။ ပညာရေးအတွက် အကူအညီ အထောက်အပံ့များ ရရှိ တတ်ပါသည်။ ပညာရေးအတွက် ဇွဲ၊ ဝီရိယ စွမ်းအား စိုက်ထုတ်မှုများသာ မိမိက အားစိုက်ဖို့လိုပါတယ်။

အကျိုးပေးဂဏန်း ၈၊ ၄၊ ၅

အထူးဟော - စကားပြောဆင်ခြင်တာ အညံ့အဆိုးတွေ ကင်းပါလိမ့်မယ်။

ယတြာ - ဝါဆိုသင်္ကန်း ကပ်လှူပေးပါ။

စနေ

လူအများကြား ထင်ပေါ်ပါလိမ့်မယ်။ လူအများရဲ့ယုံကြည်ခြင်း ခံရမည်။ ဒီကာလအတွင်း မိမိတို့ဖြစ်ချင်တာတွေကို ဖြစ်အောင် စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များ အလုပ်အော်ဒါတွေများပြီး မအားလပ်နိုင်အောင် ဖြစ်ရ တတ်ပါတယ်။ အတွေးမှန် အမြင်မှန် အယူအဆမှန်ကန်မှုကြောင့် ကောင်းကျိုးတွေဖြစ်ထွန်းနေမှာပါပဲ။ ခရီးသွားဖို့လဲ အကြောင်းဖန် လာပါလိမ့်မယ်။ အယူအဆမတူ အတွေးအခေါ်မတူသူတွေကြား မိမိက စေ့စပ်ညှိုနှိုင်း ပေးလိုက် ခြင်းဖြင့် အောင်မြင်ပါလိမ့်မယ်။

ဒီကာလအတွင်း အမှုကိစ္စကြုံရသူတွေ အမှုအခင်းနိုင်ပါလိမ့်မယ်။ စိတ်ဝမ်းကွဲနေသူများအားနားဝင်အောင် ပြောပြခြင်းဖြင့်အဆင်ပြေပါလိမ့်မယ်။ စုပေါင်းလုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်းကိုင်ငန်းတို့တွင် အောင်မြင်မှု၊ မြက်စွန်းမှု ရရှိနေတတ်ပါသည်။ သူများကဦးဆောင်၍ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများတွင် အနည်းငယ် မှေးမှိန်နေတတ်ပါသည်။

ချစ်သူဟောင်း၏ စွန့်ခွာမှုကို ခံရတတ်ပါသည်။ ချစ်သူအသစ်၏ ချစ်ရေးဆိုမှုကိုလည်း ခံရတတ် ပါသည်။ အိမ်ထောင်ရေးမှာတော့ အသောက်အစားများနေတဲ့ အိမ်ထောင်ဘက်ကြောင့် စိတ်ညစ်ရတတ်ပါတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်သန်းစွမ်းမှု ရှိနေတတ်သလို ကျန်းမာရေး ဝေဒနာလည်း နည်းပါးနေတတ်ပါသည်။ သို့သော် သွေးသား မသန့်ရှင်းမှုတို့ကြောင့် ဖြစ်တတ်သော အရေပြားရောဂါကိုတော့ သတိထားပါ။

အကျိုးပေးဂဏန်း ၇၊ ဝ၊ ၄

အထူးဟော - လိမ်မပြောပါနဲ့။

ယတြာ - ပေါင်မုန့် ၅ ချပ် ဘုရားကပ်လှူပါ။

၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးနှင့် ကပ် ၃ ပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

0977 5555 695

For Zawgyi

ဆရာၿငိမ္း၏ 15.July.2021 မွ 21.July.2021 အထိ တစ္ပတ္စာ ၇ ရက္သားသမီးေဟာစာတမ္း

15.July.2021 မွ 21.July.2021 အထိတစ္ပတ္စာ ၇ ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီကာလမွာ ေဆြမ်ိဳးသားခ်င္းေတြ မိသားစုဝင္ေတြေၾကာင့္ စိတ္ဆင္းရဲရမဲ့ ကာလပါပဲ။ မိတ္ေဆြအေပါင္းအသင္း အထက္လူႀကီးေတြရဲ႕ ကူညီမစျခင္းကိုေတာ့ ရမဲ့ကာလပါ။ တစိမ္းမိန္းမတစ္ေယာက္က အကူအညီေပးမဲ့ အခ်ိန္ပါ။ အမ်ားနဲ႔ စုေပါင္းလုပ္ရေသာအလုပ္၊ အတူတကြ တတ္ညီလက္ညီလုပ္ရေသာကိစၥရပ္ေတြမွာ ေအာင္ျမင္ မႈရပါလိမ့္မယ္။

ကိုယ္တိုင္ကိုယ္က် ဦးစီးဦးေဆာင္ျပဳ၍ လုပ္ကိုင္ေဆာင္႐ြက္ေသာ စီးပြားေရး လုပ္ငန္းကိစၥရပ္ တို႔တြင္ လည္းေကာင္း၊ သူမ်ားဝန္ထမ္းေနရသူတို႔တြင္လည္းေကာင္း ရပ္တည္ႏိုင္ဖို႔ အထူးႀကိဳးစားၿပီး လုပ္ေနရတတ္ပါ သည္။ ဒီကာလဟာ တနဂၤေႏြသားသမီးေတြအတြက္ အေကာင္းအဆိုး ေရာေထြးေနတဲ့အခ်ိန္ပါ။ မိမိတြင္ ခ်စ္သူရွိ ေနေသာ္လည္း မိမိအား ခ်စ္ေရးဆိုသူတို႔ ရွိေနတတ္ပါသည္။ ပူပင္မႈအနည္းငယ္ ရွိေန တတ္ေသာ္လည္း အခ်စ္ေရး ေကာင္းမြန္ေနတတ္ပါသည္။

အိမ္ေထာင္မရွိလွ်င္ အိမ္ေထာင္က်တတ္ပါသည္။ အိမ္ေထာင္ေရး သင့္ေပမဲ့ ၾကားလူေတြေၾကာင့္စိတ္ဝမ္းကြဲရတတ္ပါတယ္။ ပညာေရးႏွင့္ ပတ္သက္၍ အနည္းငယ္ စိုးရိမ္ပူပန္မႈမ်ား ရွိေနတတ္ ပါသည္။ က်န္းမာေရးကေတာ့ အဖ်ားအနာေရာဂါ၊ ေခါင္းအုံ၊ ေခါင္းမူးျခင္း၊ ခႏၶာကိုယ္ အေရျပား ေပၚ၌ ယားနာမ်ား၊ အေရျပားေရာဂါ၊ မ်က္႐ိုးကိုက္ျခင္း၊ မ်က္စိနာျခင္း၊ ၊ မ်က္စိမႈံျခင္းမ်ား စသည္တို႔ကို သတိထားသင့္ပါသည္။

အက်ိဳးေပးဂဏန္း - ၈၊ ၅၊ ၄

အထူးေဟာ - က်န္းမာေရး ဂ႐ုစိုက္ပါ။

ယၾတာ - ရဟန္းသံဃာေတြကို အားေဆးလႉလိုက္ပါ။

တနလၤာ

စဥ္းစားခ်င့္ခ်ိန္ၿပီးမွ အရာရာကို လုပ္သင့္တဲ့ အခ်ိန္ပါပဲ။ ဘာကိစၥကိုမဆို ေခါင္းေအးေအးထားၿပီး ဆုံးျဖတ္ခ်က္ ခ်ပါ။ ဒီကာလာဟာ မိမိစိတ္ကူးအတိုင္း ေျဖးေျဖးမွန္မွန္ လုပ္ေဆာင္သြားမယ္ ဆိုရင္ေတာ့ အဆိုးေတြ ႀကဳံရဖို႔ နည္းမွာပါ။ အလုပ္ထဲမွာ အလြန္စိတ္ညစ္ရမဲ့ကိစၥေတြ ႀကဳံလာရတတ္ပါတယ္။ စီးပြားေရးကံ မေကာင္းေသးပါဘူး။ ေ႐ႊေငြ လက္ဝတ္ရတနာေတြ ထြက္တတ္ပါတယ္။ မိသားစုအတြင္း မေၾကလည္မႈေတြ မ်ားေနတတ္တယ္။

ေငြက ညံ့ေနတဲ့အတြက္ ရစရာရွိတာေတြ မရႏိုင္ေသးသလို ေပးစရာရွိတာေတြလဲ မေပးႏိုင္ေသးတဲ့ အခ်ိန္ပါ။ မိမိေနထိုင္ရာ ပတ္ဝန္းက်င္ႏွင့္ ပတ္သက္ေသာ လူမႈေပါင္းသင္းဆက္ဆံေရးတြင္ အဆင္ေျပဆုံးျဖစ္ ေအာင္ လိုက္ေလ်ာညီေထြစြာ ေပါင္းသင္းဆက္ဆံႏိုင္စြမ္းမ်ား ရွိဖို႔လိုသည္။ စီးပြားဖက္မ်ားႏွင့္လဲ အေကာင္း ဆုံးျဖစ္ေအာင္ ႀကိဳးစား၍ လိုက္ေလ်ာ ညီေထြစြာ ေျပာဆိုေပါင္းသင္း ဆက္ဆံႏိုင္စြမ္းရွိမွာသာ အဆင္ေျပ လိမ့္မယ္။

ခ်စ္သူမရွိလွ်င္ ခ်စ္သူေတြ႕ရ တတ္ သလို ခ်စ္သူရွိၿပီးလွ်င္လည္း ခ်စ္သူသစ္ကို ေတြ႕ရ တတ္ပါ သည္။ မိမိအား ခ်စ္ခင္ႏွစ္သက္သူတို႔ ရွိေနတတ္ပါသည္။ ခ်စ္သူႏွင့္ မထင္မွတ္ပဲ မွားယြင္းတတ္ ပါသည္။ အိမ္ေထာင္ေရး အညံ့ဆုံးမဟုတ္ေသာ္လည္း မေကာင္းေသးပါ။ က်န္းမာေရးကေတာ့ ႀကီးႀကီးက်ယ္က်ယ္ ေရာဂါေဝဒနာမ်ား မရွိတတ္ေသာ္လည္း အနည္းငယ္ေတာ့ သတိထားရ တတ္ ပါသည္။

အက်ိဳးေပးဂဏန္း ၂၊ ၅ ၊၄

အထူးေဟာ - ကံညံေနသည္။

ယၾတာ - ကိတ္မုန႔္ဝယ္ၿပီး ေခြးစာေကြၽးလိုက္ပါ။

အဂၤါ

ဒီကာလဟာအလုပ္တာဝန္ေတြပိေနခ်ိန္ပါပဲ။ ဒါေၾကာင့္ပဲ လူလဲပင္ပန္းရသလို စိတ္လဲပင္ပန္းရတတ္ပါ တယ္။ အိပ္ခ်ိန္ကလြဲၿပီးက်န္အခ်ိန္ေတြအလုပ္ရႈပ္ေနရမယ္။ လုပ္ကိုင္ေဆာင္႐ြက္ေနေသာ စီးပြားေရးလုပ္ငန္းကိစၥ ရပ္မ်ား အရွိန္အဟုန္မပ်က္ ဆက္လက္ လည္ ပတ္ႏိုင္ရန္အတြက္ တစ္ခ်ိဳ႕ေသာ လုပ္ငန္းမ်ားကို ျပဳျပင္ေျပာင္းလဲ၍ လုပ္ကိုင္ေဆာင္႐ြက္ ေနရတတ္ ပါ သည္။

ခ်စ္သူ၊ ခင္သူ ေပါမ်ားေနတတ္ေသာ္လည္း အခ်စ္ေရးတြင္ စိတ္တိုင္းက်မႈ နည္းပါးေနတတ္ ပါ သည္။ သစၥာရွိေသာ ခ်စ္သူ ရွားပါးေနတတ္ပါသည္။ အခ်စ္ေရး မေကာင္းေသးေသာ္လည္း သင့္ပါသည္။ အိမ္ေထာင္ ေရးတြင္ အခက္အခဲအနည္းငယ္ ရွိေနတတ္ပါသည္။ အိမ္ေထာင္ရွိၿပီးသူမ်ားလည္း ေမာင္ တစ္ ႐ြာ၊ မယ္တစ္ၿမိဳ႕ ခြဲခြာ၍ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနရတတ္ပါသည္။

မိမိသင္ၾကားမႈျပဳေနေသာ ဘာသာရပ္ဆိုင္ရာ သင္ခန္းစာမ်ား တြင္ သေဘာမေပါက္ မရွင္းလင္းေသာ ဘာသာရပ္ဆိုင္ရာမ်ားအတြက္ ကြၽမ္းက်င္လိမ္မာေသာ ဆရာေကာင္းမ်ား ထံတြင္ျဖစ္ေစ၊ နားလည္တဲ့ သူငယ္ခ်င္းထံတြင္ျဖစ္ေစေလ့လာဖို႔ အထူးလိုအပ္ပါတယ္။ က်န္းမာေရးတြင္ ႀကီးမား ေသာ ေရာဂါေဝဒနာမ်ား မျဖစ္ေပၚတတ္ပါ။ သို႔ေသာ္ နားႏွင့္ ပတ္သက္ေသာ ေရာဂါ၊ ႏွာေခါင္းႏွင့္ ပတ္သက္ေသာ ေရာဂါ၊ ေရႏွင့္ပတ္သက္ေသာ အႏၲရာယ္ စသည္တို႔ကို အထူးသတိျပဳပါ။

အက်ိဳးေပးဂဏန္း ၇၊ ၆ ၊၃

အထူးေဟာ - အလုပ္ရႈပ္မည္။

ယၾတာ - ႐ြက္လွေလးၫႊန႔္ ဘုရားလႉ ပါ။

ဗုဒၶဟူး ၊ရာဟု

ရပ္ေဝးမွ ဧည့္ေကာင္းေဆာင္ေကာင္းမ်ားလဲ ေရာက္လာတတ္ပါတယ္။ စီးပြားေရးေတြ ခ်ဲ႕ထြင္ႏိုင္ပါလိမ့္မယ္။ အထိုင္အလုပ္မ်ား၊ ကိုယ္ပိုင္စီးပြားေရးမ်ား အထူးပဲ အက်ိဳးျဖစ္ထြန္းမဲ့ အခ်ိန္ပါပဲ။ အထက္အလူႀကီးမ်ားႏွင့္ ပတ္သက္၍ လည္းေကာင္း ၊ေအာက္လက္ငယ္သားမ်ားႏွင့္ ပတ္သက္၍ လည္းေကာင္း အဆင္ေျပမႈရွိေစရန္ ၾကား ကေန ေစ့စပ္ညႇိႏႈိင္း ျပဳရတတ္ပါသည္။ သို႔ေသာ္ မိမိႏွင့္ အဆင့္တူ၊ အတန္းတူ ရွိေသာ သူမ်ား၏ အထင္လြဲျခင္း၊ အျမင္မၾကည္ျခင္းႏွင့္ မေကာင္း ေျပာျခင္းမ်ားကို ႀကဳံေတြ႕ရတတ္ ပါသည္။

ယွဥ္ၿပိဳင္တိုက္ခိုက္မႈ မ်ားၾကားမွ လုပ္ကိုင္ေဆာင္႐ြက္ေနေသာ စီးပြားေရး လုပ္ငန္းမ်ားတြင္ အခက္အခဲ အနည္းငယ္ ရွိေနတတ္ပါ သည္။ အရွိန္အဟုန္မပ်က္ ဆက္လက္လည္ပတ္ႏိုင္ရန္ သည္းခံၿပီးဆက္သြားႏိုင္ဖို႔လိုပါ တယ္။ ခ်စ္ေရးဆိုသူတို႔ ရွိေနတတ္ ပါသည္။ အခ်စ္ေရး အေျပာင္းအလဲ ျဖစ္တတ္ပါသည္။ အခ်စ္ေရး ေကာင္းေနတတ္ပါသည္။

လူသိရွင္ၾကား မဟုတ္ေသာ္လည္း မေမွ်ာ္လင့္ဘဲ အိမ္ေထာင္က်တတ္ပါသည္။ ဇြဲ၊ ဝီရိယ အားစိုက္မႈ ေကာင္းေနျခင္း ေၾကာင့္လည္း ပညာေရးတြင္ ေအာင္ျမင္မႈမ်ား ရရွိတတ္ပါသည္။ က်န္းမာေရးအတြက္ စိုးရိမ္စရာမရွိပါ။ သို႔ေသာ္ အနည္းငယ္ေတာ့ သတိထားရ တတ္ပါသည္။ ရာသီ အေျပာင္းအလဲတြင္ ျဖစ္တတ္ေသာ ေရာဂါ၊ ေသြးတိုးေရာဂါ၊ ႏွလုံးတုန္၊ ရင္ခုန္၊ ေမာပန္းႏြမ္းနယ္ျခင္းမ်ား ႀကဳံရႏိုင္ပါတယ္။

အက်ိဳးေပးဂဏန္း - ၇ ၊၄ ၊၈

အထူးေဟာ - ဆြတ္ပ်ံၾကည္ႏူးစရာေကာင္းတဲ့ အခ်ိန္ပါ။

ယၾတာ - ရဟန္းသံဃာေတြကို ထန္းလ်က္မ်ားမ်ားလႉပါ။

ၾကာသပေတး

ရွယ္ယာအလုပ္မ်ား အထူးအလုပ္မ်ားရမဲ့ အခ်ိန္ပါပဲ။ အရာရာကို အမွန္အတိုင္းေျပာဆိုတာက အေကာင္းဆုံး အေျခအေနတစ္ခုကို ဖန္တီးေပးပါလိမ့္မယ္။ အိုးအိမ္ကိစၥ ၊ေနရာထိုင္ခင္းကိစၥ ၊အေမြကိစၥေတြ အဆင္ေျပမဲ့ အခ်ိန္ ပါ။ လက္ရွိလုပ္ကိုင္ ေဆာင္႐ြက္ေနေသာ စီးပြားေရး လုပ္ငန္းမ်ားတြင္ အတိုက္အခံမ်ားႏွင့္ အခက္အခဲမ်ား ႀကဳံေနရ တတ္ပါ သည္။ အမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေသာ လုပ္ငန္းကိစၥရပ္မ်ားတြင္ အဆင္ေျပႏိုင္သည္။

မိမိေနထိုင္ရာ ပတ္ဝန္းက်င္ အသိုင္းအဝိုင္း၌ ေျပာဆိုေပါင္းသင္းရမႈမ်ားတြင္ မ်ားေသာအားျဖင့္ အဆင္ေျပမႈမ်ား ရရွိေနတတ္ပါ သည္။ တစ္ခါတစ္ရံ အထင္လြဲခံရတတ္ျခင္းႏွင့္ မေကာင္းေျပာဆိုျခင္း မ်ားကို ႀကဳံေတြ႕ရတတ္ပါ သည္။ စီးပြားေရး ကိစၥမ်ား၊ လုပ္ငန္းတာဝန္မ်ား တစ္ဖက္ႏွင့္ ပညာေရးကို ႀကိဳးစားေနရတတ္ပါသည္။ အခက္အခဲ အမ်ိဳးမ်ိဳးၾကားမွ ပညာသင္ၾကားမႈ ျပဳေနရသည့္အတြက္ အပင္ပန္းခံရတတ္ပါသည္။

က်န္းမာေရးတြင္ ေလထိုးေလ ေအာင့္ ျဖစ္ျခင္း၊ ေဆးထိုးေဆးစားမွား၍ ေရာဂါျဖစ္ျခင္း၊ စသည္တို႔ကို သတိျပဳရတတ္ ပါသည္။ မိမိ၏ အခ်စ္ေရးတြင္ ၾကားလူ ဝင္ရႈပ္မႈမ်ား၊ အေႏွာက္အယွက္မ်ားလည္း ျဖစ္ေနတတ္ပါသည္။ သို႔ေသာ္ အခ်စ္ေရး သင့္ပါသည္။ မုဆိုးဖို၊ မုဆိုးမ ၊တစ္ခုလတ္တို႔က လာေရာက္ ခ်စ္ေရးဆိုတာမ်ိဳး ႀကဳံရ တတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အဘက္ဘက္က စိတ္ခ်မ္းသာစရာ မ်ားပါတယ္။

အက်ိဳးေပးဂဏန္း ၂၊ ၁ ၊၅

အထူးေဟာ - စုတ္ (သို႔) လာဘ္ဝင္မည္။

ယၾတာ - ေျမပဲေၾကာ္ ဘုရားကပ္ပါ။

ေသာၾကာ

ေျပာဆို ဆုံးမရခက္တဲ့ သားသမီးေတြေၾကာင့္ စိတ္ညစ္ရမယ္။ မိသားစုအတြင္း မေျပလည္မႈေတြ မ်ား ေနမယ္။ စကားအေျပာအဆို မဆင္ျခင္တာမ်ိဳး ၊သတိမမူဘဲ ေျပာမိလိုက္ေသာ စကားတစ္ခြန္းေၾကာင့္ ေျဖရွင္း ရလိမ့္မယ္။ ကံၾကမၼာ အနည္းငယ္ ညံ့ေနခ်ိန္ပါပဲ။ အနီးကပ္လူေတြရဲ႕ ဒုကၡေပးျခင္း ခံရမည္။ ေသခ်ာႀကံစည္လုပ္ကိုင္ထားေသာ အလုပ္ေတြ ပ်က္ရတတ္တယ္။ ခရီးေဝးသြားျခင္း ေရွာင္ရွားသင့္တဲ့ ကာလပါ။

က်န္းမာေရးႏွင့္ ပတ္သက္၍ ေထြေထြထူးထူး ေရာဂါမ်ား မျဖစ္ေပၚတတ္ေသာ္လည္း အနည္းငယ္ေတာ့ သတိထားရတတ္ပါသည္။ သည္းေျခမွစ၍ ျဖစ္ေသာေရာဂါ၊ အပူေၾကာင့္ျဖစ္ေသာေရာဂါမ်ား ျဖစ္ရတတ္ ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆင္မေျပျဖစ္မယ္။ ေနာက္ေက်ာကို ဓားနဲ႔ထိုးမဲ့သူေတြ ဝန္းရံေနတတ္တဲ့အတြက္သတိထားပါ။

အခ်စ္ေရးေကာင္း ေနတတ္ပါသည္။ လုပ္ေဖၚကိုင္ဖက္ အေပါင္းအသင္းမ်ားထဲမွ ခ်စ္သူ ေတြ႕ရတတ္ ပါသည္။ သို႔ေသာ္ ဘာသာမတူ၊ လူမ်ိဳးကြဲ ျဖစ္ေနတတ္ပါသည္။ အိမ္ေထာင္ေရး မေကာင္းေသးပါ။ အိမ္ေထာင္ဘက္ႏွင့္ ပဋိပကၡျဖစ္ေနတတ္ပါ သည္။ ပညာေရးအတြက္ အကူအညီ အေထာက္အပံ့မ်ား ရရွိ တတ္ပါသည္။ ပညာေရးအတြက္ ဇြဲ၊ ဝီရိယ စြမ္းအား စိုက္ထုတ္မႈမ်ားသာ မိမိက အားစိုက္ဖို႔လိုပါတယ္။

အက်ိဳးေပးဂဏန္း ၈၊ ၄၊ ၅

အထူးေဟာ - စကားေျပာဆင္ျခင္တာ အညံ့အဆိုးေတြ ကင္းပါလိမ့္မယ္။

ယၾတာ - ဝါဆိုသကၤန္း ကပ္လႉေပးပါ။

စေန

လူအမ်ားၾကား ထင္ေပၚပါလိမ့္မယ္။ လူအမ်ားရဲ႕ယုံၾကည္ျခင္း ခံရမည္။ ဒီကာလအတြင္း မိမိတို႔ျဖစ္ခ်င္တာေတြကို ျဖစ္ေအာင္ စြမ္းေဆာင္ ႏိုင္ပါလိမ့္မယ္။ ကိုယ္ပိုင္အလုပ္မ်ား အလုပ္ေအာ္ဒါေတြမ်ားၿပီး မအားလပ္ႏိုင္ေအာင္ ျဖစ္ရ တတ္ပါတယ္။ အေတြးမွန္ အျမင္မွန္ အယူအဆမွန္ကန္မႈေၾကာင့္ ေကာင္းက်ိဳးေတြျဖစ္ထြန္းေနမွာပါပဲ။ ခရီးသြားဖို႔လဲ အေၾကာင္းဖန္ လာပါလိမ့္မယ္။ အယူအဆမတူ အေတြးအေခၚမတူသူေတြၾကား မိမိက ေစ့စပ္ညႇိဳႏႈိင္း ေပးလိုက္ ျခင္းျဖင့္ ေအာင္ျမင္ပါလိမ့္မယ္။

ဒီကာလအတြင္း အမႈကိစၥႀကဳံရသူေတြ အမႈအခင္းႏိုင္ပါလိမ့္မယ္။ စိတ္ဝမ္းကြဲေနသူမ်ားအားနားဝင္ေအာင္ ေျပာျပျခင္းျဖင့္အဆင္ေျပပါလိမ့္မယ္။ စုေပါင္းလုပ္ကိုင္ေဆာင္႐ြက္ေနေသာ စီးပြားေရး လုပ္ငန္းကိုင္ငန္းတို႔တြင္ ေအာင္ျမင္မႈ၊ ျမက္စြန္းမႈ ရရွိေနတတ္ပါသည္။ သူမ်ားကဦးေဆာင္၍ လုပ္ကိုင္ေဆာင္႐ြက္ေနေသာ စီးပြားေရးလုပ္ငန္းမ်ားတြင္ အနည္းငယ္ ေမွးမွိန္ေနတတ္ပါသည္။

ခ်စ္သူေဟာင္း၏ စြန႔္ခြာမႈကို ခံရတတ္ပါသည္။ ခ်စ္သူအသစ္၏ ခ်စ္ေရးဆိုမႈကိုလည္း ခံရတတ္ ပါသည္။ အိမ္ေထာင္ေရးမွာေတာ့ အေသာက္အစားမ်ားေနတဲ့ အိမ္ေထာင္ဘက္ေၾကာင့္ စိတ္ညစ္ရတတ္ပါတယ္။ ခႏၶာကိုယ္ ႀကံ့ခိုင္သန္းစြမ္းမႈ ရွိေနတတ္သလို က်န္းမာေရး ေဝဒနာလည္း နည္းပါးေနတတ္ပါသည္။ သို႔ေသာ္ ေသြးသား မသန႔္ရွင္းမႈတို႔ေၾကာင့္ ျဖစ္တတ္ေသာ အေရျပားေရာဂါကိုေတာ့ သတိထားပါ။

အက်ိဳးေပးဂဏန္း ၇၊ ဝ၊ ၄

အထူးေဟာ - လိမ္မေျပာပါနဲ႔။

ယၾတာ - ေပါင္မုန႔္ ၅ ခ်ပ္ ဘုရားကပ္လႉပါ။

၇ ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးႏွင့္ ကပ္ ၃ ပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

0977 5555 695

Post a Comment

0 Comments