သီချင်း သီဆိုခြင်းရဲ့ အားသာချက် (၈) ချက်

လူ ၈၅ % က သူတို့ရဲ့ မိဘတွေ၊ ချစ်ခင်သူတွေကို သီချင်း မဆိုတတ်ကြောင်း၊ လူအများကြားမှာ သီချင်းမဆိုရဲကြောင်း ပြောဖူးကြပါတယ်။ ဒါပေမယ့် သီချင်းဆိုတာက ပိုပြီးပျော်ရွှင်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတယ် ဆိုတာ အနီးအနားက ချစ်ရတဲ့သူတွေကို ပြောပြလို့ရပါပြီနော်။

၈။ သီချင်းဆိုတာက ကိုယ်ခံအားကို ကောင်းစေတယ်။

သီချင်းဆိုတာက အေရိုးဗစ်လေ့ကျင့်ခန်း လုပ်သလိုပဲ အဆုတ်ကျန်းမာရေးကို တိုးတက်စေပါတယ်။ ထူးခြားတာ တစ်ခုကတော့ သီချင်းဆိုတာက အအေးမိတုပ်ကွေးဖြစ်တာကို နည်းပါးသွားစေတာပါ။

၇။ သီချင်းဆိုတာက ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း တစ်ခုပါပဲ။

သင်က gym သွားဖို့ ပျင်းသူတစ်ယောက်ဆိုရင် သီချင်းတွေ များများဆိုလိုက်ပါ။ Gym သွားသလို ခန္ဓါကိုယ်ကတော့ လှလာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သီချင်းဆိုတာက သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ပြီးတော့ အဆုတ်နဲ့ နှလုံးအတွက်လည်း လေ့ကျင့်ခန်း လုပ်ပြီးသလို ဖြစ်စေပါတယ်။

၆။ လူမှုဆက်ဆံရေး ပြေပြစ်စေတယ်။

သူငယ်ချင်းတွေနဲ့ သီချင်းတွေ အော်ဆိုတဲ့အခါ ပျော်စရာကောင်းပြီး ခင်မင်မှုတွေ ပိုတိုးလာစေပါတယ်။

၅။ သီချင်းဆိုတာက အိပ်လို့ကောင်းစေတယ်။

သီချင်းဆိုတာက ဟောက်တာကို လျော့ပါးစေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ကြပါတယ်။ ပြီးတော့ သီချင်းဆိုတာက နှာပိတ်တာကို သက်သာစေပြီး လည်ချောင်းကြွက်သားတွေကို သန်မာစေပါတယ်။

၄။ အသက်ရှည်စေတယ်။

သီချင်းဆိုတာက နှလုံးကျန်းမာရေးကို တိုးတက်စေပါတယ်။ စိတ်နုပျိုဖို့အတွက် လေ့ကျင့်ခန်းကတော့ သီချင်းဆိုတာပါပဲ။

၃။ စိတ်ဓါတ်ကျတာကို ပျောက်စေတယ်။

စိတ်ဓါတ်ကျတဲ့အခါ သဘာဝဆေးတာကတော့ သီချင်းဆိုတာပါပဲ။ သီချင်းဆိုတဲ့အခါ ပျော်ရွှင်စေတဲ့ endorphin ဟော်မုန်းထွက်တာကြောင့် စိတ်ညစ်စရာတွေ အခိုက်အတန့်အားဖြင့် ပျောက်သွားတာပါ။

၂။ စိတ်ဖိစီးမှုတွေကို လျော့စေတယ်။

သီချင်းဆိုတဲ့အခါ oxytocin ဟော်မုန်းထွက်ပါသေးတယ်။ အဲဒီဟော်မုန်း စိတ်ဖိစီးမှုတွေကို လျော့ပါးစေတယ်။ ကမ္ဘာကြီးနဲ့လည်း အဆက်အသွယ် မပြတ်တော့ပါဘူး။

၁။ ရုပ်ကို နုပျိုစေတယ်။

သီချင်းဆိုတဲ့အခါ ခန္ဓါကိုယ်အပေါ်ပိုင်းက ကြွက်သားတွေ အားလုံးနီးပါး အလုပ်လုပ်ရပါတယ်။ ပြီးတော့ မျက်နှာက ကြွက်သားတွေလည်း အလုပ်လုပ်ရပါသေးတယ်။ အဲဒါကြောင့် သီချင်းဆိုတာက ရုပ်ကို နုပျိုဖို့အတွက် ကူညီပေးပါတယ်။

သီချင်းဆိုခြင်းရဲ့ ကောင်းကျိုးတွေကတော့ မနည်းမနောပါပဲ။ သီချင်းဆိုရတာ သဘောကျတဲ့ သူငယ်ချင်းတွေကို လက်တို့ပေး လိုက်ပါဦးနော်။

Zombie (Lovemedia)

ref - brightside

Post a Comment

0 Comments