တနေ့မှာ တောသား တစ်ယောက်ဟာ ဈေးမှာ ဈေးဝင်ဝယ်ဖို့လာရင်း မိုးကလည်း ရွာထားတော့ သူ့ဖိနပ်က ပြတ်သွားတာပေါ့။ ဒါနဲ့ အိတ်ထဲက စက္ကူလေးနဲ့ ထုတ်ပြီး ယူလာခဲ့တယ်။ ဈေးအဝင်ဝက ဆိုင်တစ်ဆိုင် ရောက်တော့ ဆိုင်ရှင်ကို ခေါ်ပြောလိုက်တယ်။
" အစ်မကြီး ကျွန်တော့ ဖိနပ်လေး ခဏထား ခဲ့လို့ ရမလား
ဈေးလာရင်း ဖြတ်သွားလို့ပါ ကျွန်တော် ဈေးက အပြန် ဝင်ယူ ပါ့မယ် "
ဆိုင်ရှင် အစ်မကြီးက..
" အေး ငါ့မောင် ဒီနားမှာ ထားခဲ့လိုက် "
" ဟုတ် အစ်မ .. "
" ဒါနဲ့ ဈေးဝယ်ပြီးတာနဲ့ သူဖိနပ်လေး ဝင်ယူခဲ့တယ် "
" အစ်မ.. ကျွန်တော့ ဖိနပ်လေး ယူသွားတော့မယ် ခင်ဗျ "
" အေးအေး… ယူသွားလေ "
" ကျေးဇူးတင်ပါတယ် အစ်မ.. အစ်မက အရမ်း သဘောကောင်း တာပဲ "
" အေး.. ရပါတယ် ကွယ်.. တို့တွေက လူသားတွေပဲ.. ဒီလို ကူညီပေးရတာ အပန်းမကြီးပါဘူး "
" ဟုတ်ကဲ့ပါ အစ်မ.. ကျွန်တော့ကို သွားခွင့်ပြုပါအုံး "
" အေးပါအေးပါ.. နောက်လည်း အကူအညီလိုရင် ပြောပေါ့ "
" ဟုတ်ကဲ့ပါ အစ်မ "
ဒီလိုနဲ့ တောသားလည်း ရွာကို ပြန်သွားခဲ့တာပေါ့။ နောက်တစ်နေ့ မှာတော့ သူငယ်ချင်း ဖြစ်သူနဲ့ ဈေးဝယ် လာခဲ့ ကြတာပေါ့။ လမ်းခရီးကကြမ်း နေကပူနဲ့ ပါလာတဲ့ သူငယ်ချင်းက အမှတ်မထင် မူးလိုက်တာ ဆိုပြီး ပြောပြော ဆိုဆို လဲကျ ရာက အသက်ပါ ပါသွား ရှာတယ်။ သူငယ်ချင်း ဖြစ်သူ အမှတ်မထင် သေဆုံးရ လို့ ဘာလုပ်ရမှန်း မသိ…
ဒါနဲ့ အတွေးတစ်ဆ ဝင်လာ ခဲ့တယ်။ သူငယ်ချင်း အလောင်းကို အဝတ်နဲ့ ပတ်ပြီး ထမ်းလာခဲ့တာပေါ့။ အရင်တခါက သူ ဖိနပ် အပ်ခဲ့တဲ့ ဆိုင်ရှေ့ ရောက်လာတော့
အေး ဒီဆိုင် ဝင်ထားခဲ့ အုံးမှပဲဆိုပီး..
" အစ်မကြီး.. ကျွန်တော့ကို မှတ်မိလား "
" အော်… အေး.. ဟိုနေ့က မင်းမို့လား.. ဖိနပ် ပြတ်လို့ လာအပ်သွားခဲ့တာလေ … "
" ဟုတ်… ဟုတ်ပါတယ် အစ်မ ကျွန်တော်ပါ … "
" အေးအေး ပြောလေ မောင်လေး.. အစ်မ ဘာကူညီပေးရအုံးမလဲ "
" ဟုတ် အစ်မ ကျွန်တော့ သူငယ်ချင်း လမ်းမှာ မူးတယ် ဆိုပြီး လဲကျသွားတာပါ.. အသက်ပါ ပါသွားခဲ့တယ် အစ်မ
ကျွန်တော် ရွာ သင်္ချိုင်းကို မသွားခင် သူငယ်ချင်းကို ဒီမှာ ခဏထားခဲ့ပါရစေ "
ချက်ချင်း ဆိုသလိုပဲ
" ဟာ…… မရဘူးလေ.. ဘယ်ရ မလဲ..
မင်းနယ် ကွယ်.. နိမိတ်မရှိ လိုက်တာ
လူသေကောင်ကို ငါ့ဆိုင် ထားခဲ့မယ် လို့
ရာရာစစ သွားသွား……
ငါ့ဆိုင်ရှေ့က အခု ထွက်သွားစမ်း "
ဒါနဲ့ တောသားလည်း ပြန်ထွက်အလာ ဆိုင်ရှင်အစ်မကြီး ကလည်း ဗျစ်တောက် ဗျစ်တောက်နဲ့ ကျန်ခဲ့တော့တယ်။
သူငယ်ချင်း အလောင်းကို ထမ်ပြီး ပြန်ခဲ့ရင်း တောသား အတွေးက...
ဪ.... လောက လူသားတွေဟာ မသေခင် မှာတော့ မာနတွေ တက်နေကြတာ ဂုဏ်တွေ ပြိုင်နေကြတာ သေသွားပြီ ဆိုရင် ဖိနပ်စုတ် လောက်တောင် တန်ဖိုး မရှိပါလား..
ဟုတ်ပါတယ်...
မသေခင် မာနတွေတက် ဘဝင်တွေ မြင့် ဂုဏ်တွေမောက် သေသွားပြီ ဆိုရင်တော့ ချစ်လှပါပီ ဆိုတဲ့ လင်မယား သမီးသားတွေက အိမ်မှာ ဘယ်သူမှ ကြာကြာ မထားချင် ကြပါဘူး.. အိုးစားတောင် ခွဲလိုက်ကြသေးတယ်
သေရင် တန်ဖိုးမရှိတဲ့ ဒီခန္ဓာကိုယ်ကြီးကို အကုသိုလ်တွေ ယူပြီး မရှာမိစေနဲ့။ နေ့စဉ် ကုသိုလ်အရေးတွေ တိုးပွားအောင် အားထုတ်နိုင်ကြပါစေ
crd
0 Comments