ပထမဆုံးမြင်လိုက်ရတဲ့ ပုံက ပြောပြပေးမယ့် သင့်စိတ်နေစိတ်ထား
မျက်လုံးက အရာရာကို မြင်နိုင်ပါတယ်။ ဒါပေမယ့် ဦးနှောက်က သင့်အတွက် အရေးအကြီးဆုံးကိုသာ အရင်မြင်တာပါ။ ဒီစမ်းသပ်မှုမှာတော့ သင့်အတွက် တန်ဖိုးအရှိဆုံးကို သင်အရင် မြင်မှာပါ။
၁။ သင် ဘာကိုအရင်မြင်ပါသလဲ ?
မြင်းကျား
သင်ဟာ ပျော်ပျော်နေတတ်သူပါ။ စကားပြောရတာ၊ ပါတီတက်ရတာ ၊ လူတွေနဲ့တွေ့ရတာ၊ အသစ်အသစ်တွေလုပ်ရတာကို သဘောမကျပါဘူး။
ခြင်္သေ့
သင်ဟာတစ်သီးတစ်သန့်နေတတ်သူ။ သင်သဘောကျတဲ့ တစ်စုံတစ်ခုနဲ့ပဲ တန်ဖိုးရှိတဲ့အချိန်တွေကို တစ်ယောက်တည်း ဖြတ်သန်းချင်သူပါ။ သဘောကျတဲ့ TV Show ကို ကြည့်ရင်း ၊ သောက်စရာတစ်ခုခုနဲ့ ဖြတ်သန်းချင်သူပါ။
၂။ သင် ဘာကိုအရင်မြင်ပါသလဲ ?
သစ်ပင်
သင်ဟာ အတော်ကိုအေးဆေးပါတယ်။ ဒါပေမယ့် သင်ဟာရှက်ကြောက်တတ်သူတော့ မဟုတ်ပါဘူး။ သင့်ကိုယ်သင်သာ ရပ်တည်နေတတ်ပြီး တစ်ခြားသူရဲ့ သဘောကျတာတွေကိုလည်း မလိုအပ်ပါဘူး။
ဂေါ်ရီလာဝက်ဝံ
သင်ဟာစိတ်ဆတ်သူဖြစ်ပြီး ကိုယ့်ကိုယ်ကို ပြည့်စုံအောင်နေတတ်သူပါ။ တစ်ခါတစ်ရံမှာ သင်ဟာသိပ်ကို ဝေဖန်လွန်ပြီး လူအချို့ကလည်း သင့်စကားတွေကြောင့် နာကျင်ရတတ်ပါတယ်။
ခြင်္သေ့အမ
သင့်မှာအလွန်ပြင်းထန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး သင်လျှောက်မယ့်လမ်းမှာ တစ်ခြားသူတွေကို ရှိနေခွင့်မပေးပါဘူး။
ငါး
သင်ဟာစိတ်ထိခိုက်လွယ်ပြီး နူးညံ့တဲ့စိတ်ထားပိုင်ရှင်ပါ။ ကြင်နာတတ်သူပါ။ စိတ်ထားနူးညံ့မှူကို အသုံးချမခံပါနဲ့။
၃။ သင် ဘာကိုအရင်မြင်ပါသလဲ ?
ကလေး
သင်ဟာကိုယ့်ကိုယ်ကိုပဲ အချိန်ပေးတတ်ပြီး အပြင်ထွက်ဖို့အချိန် နှမြောလွန်းသူပါ။
စုံတွဲ
သင်ဟာ သူငယ်ချင်းတွေကို ချစ်တတ်သူပါ။ ဆူညံတဲ့ပါတီနဲ့ လူစုလူဝေးတွေကို ဂရုစိုက်ပေမယ့် သင့်မှာရင်းနှီးတဲ့ သူငယ်ချင်းကအနည်းငယ်ပဲရှိပါတယ်။ သူငယ်ချင်းတွေအတွက်လည်း ဘာမဆို လုပ်မယ့်သူပါ။
သစ်ပင်
သင်ဟာ ရွှင်ရွှင်ပျပျ တက်တက်ကြွကြွ နေတတ်ပါတယ်။ အတွေ့အကြုံသစ်တွေကို အမြဲလိုချင်သူပါ။ ပြောင်းလဲမှုဆိုတာ သင့်အတွက်ခက်ခဲတဲ့ အရာမဟုတ်ပါဘူး။ ပြောင်းလဲမှုကို နှစ်သက်သူပါ။
၄။ သင် ဘာကိုအရင်မြင်ပါသလဲ ?
သစ်ပင်များ
သင့်ရဲ့စိတ်ထဲမှာ တစ်ချိူ့အရာတွေကို အလိုအလျောက် သိနေတတ်ပြီး အဲဒီအရာတွေကို အမြဲယုံကြည်ပါတယ်။ အေးအေးလူလူနေတတ်သူလည်း ဖြစ်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ် နေရတာ သဘောကျပါတယ်။
ကျား
ပြဿနာတွေကို မီးထွန်းမရှာပါနဲ့ ဆိုတဲ့ဆိုရိုးစကားက သင့်ကိုပြောတာပါ။ သင်ဟာစိတ်ဓာတ်ပြင်းထန်ပြီး ဆုံးဖြတ်ချက်ကို ချက်ချင်းချတတ်ပါတယ်။ ဘယ်အရာကမှသင့်ကို သံသယဖြစ်အောင် မလုပ်နိုင်ပါဘူး။
၅။ သင် ဘာကိုအရင်မြင်ပါသလဲ ?
သစ်ပင်များ
အဆုံးမရှိတဲ့ သင့်ရဲ့စွမ်းအားတွေက အံ့အားသင့်စရာပါ။ သင်ဟာပင်ကိုသဘာဝ ဆောင်တတ်ပြီး နေရာအသစ်တွေကို ရှာဖွေဖို့ အမြဲအဆင်သင့် ဖြစ်နိုင်ပါတယ်။
မျက်နှာ
သင်ဟာအရာရာကို အမိန့်အတိုင်းလုပ်ဆောင်ဖို့ သဘောကျသူပါ။ အသေးအမွှားလေးကအစ စနစ်တကျစီစဉ်တတ်ပြီး မနက်ဖြန်၊ နောက်တစ်ပတ်နဲ့ နောက်လတွေရဲ့ အစီအစဉ်တွေပါကြိုသိပြီး စိတ်ချရအောင်ပြင်ဆင်တတ်သူပါ။
၆။ သင် ဘာကိုအရင်မြင်ပါသလဲ ?
ဆက်ဆိုဖုန်းမှုတ်သူ
သင်ဟာလူမှုနယ်ပယ်မှာ ဝင်ဆံ့သူပါ။ လူတိုင်းကသင်နဲ့ မိတ်ဆွေဖြစ်ချင်နေတာ အဆန်းပါ။ ဒါပေမယ့် အလျင်စလိုလုပ်တတ်တဲ့ အကျင့်ကမကောင်းပါဘူး။
မျက်နှာ
ဆူညံတဲ့ပါတီက သင်နဲ့မလိုက်ဖက်ပါဘူး။ လူအများစုနဲ့ အကြာကြီးတွေ့ရတဲ့အခါမှာ သင်ဟာစိတ်ပန်းလူပန်း ဖြစ်တတ်ပါတယ်။
၇။ သင် ဘာကိုအရင်မြင်ပါသလဲ ?
မျက်နှာ
ကမ္ဘာကြီးအတွက် သင့်မှာတာဝန်ရှိတယ်လို့ ခံယူသူပါ။ စကားပြောရဆိုရ လွယ်ကူပြီး နားလည်လွယ်သူ။ စိတ်ထားကောင်းသူလည်း ဖြစ်ပါတယ်။
လူနှစ်ယောက်
သင်ဟာ အလွန်ယှဉ်ပြိုင်တတ်သူပါ။ ဒါပေမယ့် အရာရာကိုလည်း အကောင်းဆုံး ဖြစ်အောင်လုပ်တတ်ပါတယ်။ ဒါပေမယ့် အရာရာကိုအစွန်းမရောက်ဘဲ အလယ်အလတ်ဖြစ်ခြင်းက အကောင်းဆုံးပါပဲ
Zombie (Lovemedia)
For Zawgyi
မြင်းကျား
ခြင်္သေ့
သစ်ပင်
ဂေါ်ရီလာဝက်ဝံ
ခြင်္သေ့အမ
ငါး
ကလေး
စုံတွဲ
သစ်ပင်
သစ်ပင်များ
ကျား
သစ်ပင်များ
မျက်နှာ
ဆက်ဆိုဖုန်းမှုတ်သူ
မျက်နှာ
မျက်နှာ
လူနှစ်ယောက်
Zombie (Lovemedia)
Post a Comment
0 Comments