ငါးဈေးထဲကိုလာပြီး မုန့်တောင်းစားတဲ့ ပင်လယ်ဖျံကြီး (ရုပ်သံ)

ပင်လယ်ဖျံတွေက ပင်လယ်ထဲမှာ အလွန် ကျွမ်းကျင် ပါးနပ်ပါတယ်။ တောင်အမေရိက ပင်လယ်ဖျံကြီးတစ်ကောင်က သားကောင်တွေကို ဖမ်းပြီးစားမယ့် အစား လူတွေ အလုပ်လုပ်တဲ့ ကမ်းစပ်က ငါးဈေးတစ်ခု ဆီကို ရောက်လာပါတယ်။

ပင်လယ်ဖျံကြီးက သူ့ရှေ့မှာ ငါးတွေ အများကြီး တွေ့တော့ အလွန် စိတ်လှုပ်ရှား သွားပါတယ်။ ဒါပေမယ့် ပင်လယ်ဖျံကြီးက အေးအေးဆေးဆေး နဲ့ စိတ်ရှည်ရှည် စောင့်နေပါတယ်။ ငါးတွေကို လုပ်ကိုင်နေတဲ့ လူတွေက သူ့ကို ငါးတွေ ကျွေးလေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်နေတာပါ။

လူတစ်ယောက်က ပင်လယ်ဖျံကြီးကို မုန့်တစ်ခု ကျွေးလိုက်တဲ့ အခါ ပျော်သွားပါတယ်။ အဲဒီနောက် ယက်ကန်ယက်ကန်နဲ့ လမ်းလျှောက်သွားပြီး မုန့်ကို ယူစားပါတယ်။ သူ့စိတ်ထဲမှာ နောက်ထပ်ကျွေးဦးမယ်လို့ ထင်နေပုံ ရပါတယ်။ သူက တော်တော်လည်း စိတ်ရှည်ပါတယ်။

ပင်လယ်ဖျံကြီးက အလုပ်လုပ်နေတဲ့ သူတွေ ကိုလည်း မနှောင့်ယှက်ဘဲ သူ့ကိုကျွေးမယ့် အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေပါတယ်။ ဘေးနားမှာ အလုပ်လုပ်နေကြတဲ့ သူတွေကလည်း ပင်လယ်ဖျံကြီးကို ကြည့်နေကြ ပါတယ်။ ပင်လယ်ဖျံက နေ့လယ်စာ စားဖို့အတွက် ဆက်စောင့်နေ ပါတယ်။

ဗိုက်အလွန် ဆာနေပုံ ပေါ်ပေမယ့် သူ့ပုံစံက လူတွေဆီ အလည်လာတာနဲ့ ပိုပြီး တူနေပါတယ်။ ပင်လယ်ဖျံအများစုက လူတွေ ဖမ်းထားတဲ့ ငါးတွေကို ခိုးစား တတ်လို့ ငါးဖမ်းသမားတွေ အတွက် ဒုက္ခရောက်ပါတယ် ။ ဒါပေမယ့် ဒီပင်လယ်ဖျံကြီးက စည်းကမ်းရှိတဲ့ အပြင် လူတွေ အလုပ် လုပ်နေတာကိုလည်း အနှောင့်အယှက် မပေးသွားပါဘူး။

ရုပ်သံ

Zombie (Lovemedia)

Ref - Bored Panda

For Zawgyi







Zombie (Lovemedia)

Ref - Bored Panda

Post a Comment

0 Comments