အလုပ်တွေ ပင်ပန်းလာတဲ့အခါ " ကမ်းခြေ တစ်ခုခုကို သွားချင်လိုက်တာလို့ " သင်ကိုယ်တိုင် ပြောမိကောင်းပြောမိ ပါလိမ့်မယ်။ သူများတွေ ပြောတာလည်း ကြားဖူး ပါလိမ့်မယ်။ ပင်လယ်ကို ကြည့်ခြင်းက စိတ်အပန်းပြေစေရုံ သာမက ခန္ဓာကိုယ် ကိုလည်း ပင်ပန်း သက်သာစေ တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
1. ပင်လယ်က လူတွေအတွက် သဘာဝ ဆေးနည်းကောင်း တစ်ခုဖြစ်ခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။
ပင်လယ်က လူသားတွေရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုကြောင်း သိမြင်လာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပါပြီ။ 18 ရာစုမှာ William Buchan တို့လို ဆရာဝန်တွေက ပင်လယ်မှာ ရေချိုးဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ပင်လယ်ရေက ကျန်းမာရေးအတွက် အကျိုးရှိကြောင်းလည်း ပြောပါတယ်။ အထူးရေတပ် ဆေးရုံတွေ မှာလည်း ပင်လယ်ရေကုထုံးကို အသုံးပြုကြပါတယ်။ ပင်လယ်ရေက လူသားတွေအတွက် အကျိုးပြုကြောင်း ယခုခေတ်မှာလည်း ရှာဖွေတွေ့ရှိလာ ကြပါပြီ။
2. ပင်လယ်က ခန္ဓာကိုယ်ကို အောက်ဆီဂျင် ဖြည့်ပေးပြီး စိတ်ပင်ပန်းမှုကို လျော့စေပါတယ်။
ပင်လယ်ရေသံက ဦးနှောက်အရှေ့ပိုင်းကို လန်းဆန်းစေ ပါတယ်။ ပင်လယ်ကို ရောက်တဲ့အခါ ခန္ဓာကိုယ်က ထွက်တဲ့ အမဓာတ် အိုင်ယွန်တွေကို ပင်လယ်လှိုင်းတွေက စုပ်ယူသွားတယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ အဲဒီလို စုပ်ယူသွားခြင်းက ခန္ဓာကိုယ်ကို အောက်ဆီဂျင် များများ ရစေပြီး စိုးရိမ်ကြောင့်ကြ ဖြစ်စေတဲ့ ဟော်မုန်း level ကိုလည်း ထိန်းညှိပေး ပါတယ်။ အကျိုးကျေးဇူး ကတော့ ယောဂ ပြုလုပ်ပြီးရင် ရတဲ့ စိတ်အေးချမ်းတဲ့ ခံစားချက်မျိုးကို ရရှိစေ တာပါ။
3. ပင်လယ်တွေရဲ့ အသံက စိတ်ဖိစီးမှုကို နည်းစေပါတယ်။
ပင်လယ်ကနေ လာတဲ့ ဆူညံသံတွေက စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီဇုန်းဟော်မုန်းကို နည်းစေပြီး စိတ်ကို တည်ငြိမ်သွားစေ တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ပင်လယ်ရေရဲ့ အသံက အမေ့ဗိုက်ထဲမှာနေတုန်းက ကြားရတဲ့ အမေ့ရဲ့ နှလုံးခုန်သံနဲ့ လည်း တူပါတယ်။ အဲဒါကြောင့် ပင်လယ်ရဲ့ဆူညံသံကို ကြားရရင် စိတ်ချရသလို၊ စိတ်လုံခြုံရ သလို ခံစားရတာပါ။
4. ပင်လယ်ရဲ့အသွင်က စိတ်ကို တည်ငြိမ်စေတယ်။
"ပင်လယ်ကို ကြည့်လိုက်တဲ့ အခါ၊ ကမ်းခြေတစ်လျှောက် လမ်းလျှောက်တဲ့ အခါ လုံခြုံ စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ရောက်သွားသလိုပါပဲ" လို့ အာရုံကြောပညာရှင် Michael Merzenich က ပြောပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့လက်ထဲကနေ လွတ်မြောက်လာသလို၊ အန္တရာယ်တွေ ပြည့်နေတဲ့မြို့ကနေ လွတ်မြောက်လာ သလို ခံစားချက်ကို ပင်လယ်ရောက်တဲ့ အခါ ခံစားရ ပါတယ်။ မိုးကုတ်စက်ဝိုင်းရဲ့ အောက်မှာ ငြိမ်သက်နေတဲ့ ပင်လယ်ရေပြင်က စိတ်ကို တည်ငြိမ်စေ ပါတယ်။
5. နေသာတဲ့နေ့မှာ ပင်လယ်ကို သွားရင် ပျော်ရွှင်မှူကို မြင့်တင်ပေးတဲ့ စွမ်းအင်တွေ ရရှိမှာပါ။
ကမ်းခြေမှာ နေပူဆာလှုံတဲ့အခါ ရလာတဲ့ အနွေးဓာတ်က ပျော်ရွှင်စေတဲ့ ဟော်မုန်းကို လှုံ့ဆော်ပေးပါတယ်။ အဲဒီ ခံစားချက်က ချောကလက် ကြိုက်သူဟာ ချောကလက်ကို စားနေရတဲ့ အခါ ပျော်နေတဲ့ ခံစားချက်နဲ့ တူပါတယ်။ ဒါပေမယ့် ကမ်းခြေမှာ နေပူစာ လှုံရင် sunscreen လိမ်းပြီး ရေဓာတ်ပြည့်အောင်နေဖို့တော့ မမေ့သင့် ပါဘူးနော်။
Zombie (Lovemedia)
For Zawgyi
ပင္လယ္ကိုၾကည့္ျခင္းျဖင့္ ရရွိလာမယ့္ အံ့ဩစရာ အက်ိဳးေက်းဇူး (၅) ခု
အလုပ္ေတြ ပင္ပန္းလာတဲ့အခါ " ကမ္းေျခ တစ္ခုခုကို သြားခ်င္လိုက္တာလို႔" သင္ကိုယ္တိုင္ ေျပာမိေကာင္းေျပာမိ ပါလိမ့္မယ္။ သူမ်ားေတြ ေျပာတာလည္း ၾကားဖူး ပါလိမ့္မယ္။ ပင္လယ္ကို ၾကည့္ျခင္းက စိတ္အပန္းေျပေစ႐ုံ သာမက ခႏၶာကိုယ္ ကိုလည္း ပင္ပန္း သက္သာေစ တယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။
1. ပင္လယ္က လူေတြအတြက္ သဘာဝေဆးနည္းေကာင္း တစ္ခုျဖစ္ခဲ့တာ ႏွစ္ေပါင္း မနည္းေတာ့ပါဘူး။
ပင္လယ္က လူသားေတြရဲ႕ က်န္းမာေရးအေပၚ အက်ိဳးျပဳေၾကာင္း သိျမင္လာခဲ့တာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာပါၿပီ။ 18 ရာစုမွာ William Buchan တို႔လို ဆရာဝန္ေတြက ပင္လယ္မွာ ေရခ်ိဳးဖို႔ တိုက္တြန္းခဲ့ၾကပါတယ္။ ပင္လယ္ေရက က်န္းမာေရးအတြက္ အက်ိဳးရွိေၾကာင္းလည္း ေျပာပါတယ္။ အထူးေရတပ္ ေဆး႐ုံေတြ မွာလည္း ပင္လယ္ေရကုထုံးကို အသုံးျပဳၾကပါတယ္။ ပင္လယ္ေရက လူသားေတြအတြက္ အက်ိဳးျပဳေၾကာင္း ယခုေခတ္မွာလည္း ရွာေဖြေတြ႕ရွိလာ ၾကပါၿပီ။
2. ပင္လယ္က ခႏၶာကိုယ္ကို ေအာက္ဆီဂ်င္ ျဖည့္ေပးၿပီး စိတ္ပင္ပန္းမႈကို ေလ်ာ့ေစပါတယ္။
ပင္လယ္ေရသံက ဦးေႏွာက္အေရွ႕ပိုင္းကို လန္းဆန္းေစ ပါတယ္။ ပင္လယ္ကို ေရာက္တဲ့အခါ ခႏၶာကိုယ္က ထြက္တဲ့ အမဓာတ္ အိုင္ယြန္ေတြကို ပင္လယ္လႈိင္းေတြက စုပ္ယူသြားတယ္လို႔ ပညာရွင္ေတြက ေျပာၾကပါတယ္။ အဲဒီလို စုပ္ယူသြားျခင္းက ခႏၶာကိုယ္ကို ေအာက္ဆီဂ်င္ မ်ားမ်ား ရေစၿပီး စိုးရိမ္ေၾကာင့္ၾက ျဖစ္ေစတဲ့ ေဟာ္မုန္း level ကိုလည္း ထိန္းညႇိေပး ပါတယ္။ အက်ိဳးေက်းဇူး ကေတာ့ ေယာဂ ျပဳလုပ္ၿပီးရင္ ရတဲ့ စိတ္ေအးခ်မ္းတဲ့ ခံစားခ်က္မ်ိဳးကို ရရွိေစ တာပါ။
3. ပင္လယ္ေတြရဲ႕ အသံက စိတ္ဖိစီးမႈကို နည္းေစပါတယ္။
ပင္လယ္ကေန လာတဲ့ ဆူညံသံေတြက စိတ္ဖိစီးမႈ ျဖစ္ေစတဲ့ ေကာ္တီဇုန္းေဟာ္မုန္းကို နည္းေစၿပီး စိတ္ကို တည္ၿငိမ္သြားေစ တယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။ ပင္လယ္ေရရဲ႕ အသံက အေမ့ဗိုက္ထဲမွာေနတုန္းက ၾကားရတဲ့ အေမ့ရဲ႕ ႏွလုံးခုန္သံနဲ႔ လည္း တူပါတယ္။ အဲဒါေၾကာင့္ ပင္လယ္ရဲ႕ဆူညံသံကို ၾကားရရင္ စိတ္ခ်ရသလို၊ စိတ္လုံၿခဳံရ သလို ခံစားရတာပါ။
4. ပင္လယ္ရဲ႕အသြင္က စိတ္ကို တည္ၿငိမ္ေစတယ္။
"ပင္လယ္ကို ၾကည့္လိုက္တဲ့ အခါ၊ ကမ္းေျခတစ္ေလွ်ာက္ လမ္းေလွ်ာက္တဲ့ အခါ လုံၿခဳံ စိတ္ခ်ရတဲ့ ပတ္ဝန္းက်င္ကို ေရာက္သြားသလိုပါပဲ" လို႔ အာ႐ုံေၾကာပညာရွင္ Michael Merzenich က ေျပာပါတယ္။ ေတာ႐ိုင္းတိရစာၦန္ေတြရဲ႕လက္ထဲကေန လြတ္ေျမာက္လာသလို၊ အႏၲရာယ္ေတြ ျပည့္ေနတဲ့ၿမိဳ႕ကေန လြတ္ေျမာက္လာ သလို ခံစားခ်က္ကို ပင္လယ္ေရာက္တဲ့ အခါ ခံစားရ ပါတယ္။ မိုးကုတ္စက္ဝိုင္းရဲ႕ ေအာက္မွာ ၿငိမ္သက္ေနတဲ့ ပင္လယ္ေရျပင္က စိတ္ကို တည္ၿငိမ္ေစ ပါတယ္။
5. ေနသာတဲ့ေန႔မွာ ပင္လယ္ကို သြားရင္ ေပ်ာ္႐ႊင္မႉကို ျမင့္တင္ေပးတဲ့ စြမ္းအင္ေတြ ရရွိမွာပါ။
ကမ္းေျခမွာ ေနပူဆာလႈံတဲ့အခါ ရလာတဲ့ အေႏြးဓာတ္က ေပ်ာ္႐ႊင္ေစတဲ့ ေဟာ္မုန္းကို လႈံ႕ေဆာ္ေပးပါတယ္။ အဲဒီ ခံစားခ်က္က ေခ်ာကလက္ ႀကိဳက္သူဟာ ေခ်ာကလက္ကို စားေနရတဲ့ အခါ ေပ်ာ္ေနတဲ့ ခံစားခ်က္နဲ႔ တူပါတယ္။ ဒါေပမယ့္ ကမ္းေျခမွာ ေနပူစာ လႈံရင္ sunscreen လိမ္းၿပီး ေရဓာတ္ျပည့္ေအာင္ေနဖို႔ေတာ့ မေမ့သင့္ ပါဘူးေနာ္။
Zombie (Lovemedia)
0 Comments