ဆရာမင်းသိင်္ခ၏ စနေသားသမီးများ အကြောင်း

စနေနေ့ မွေးဖွားသူများဟာ ဂြိုလ်အားဖြင့် စေတန်ဂြိုလ် စိုးမိုးသူများ ဖြစ်တယ်။ အတွေးအခေါ် အမျှော်အမြင် ကြီးမားသူများ ဖြစ်ပီး လူတွေကို သြဇာ လွမ်းမိုးနိုင်စွမ်း ရှိကြပါတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိကြပြီး သူများကို သိပ်အားမကိုး တတ်ကြဘူး။ လူတွေကို လွယ်လွယ်နဲ့ မယုံကြည်တတ်ကြဘူး။

ဒါပေမယ့် စနေဖွားတွေက ဟာသဉာဏ် ရွှင်သူများ ဖြစ်တယ်။ တစ်ယောက်တည်း အလုပ် လုပ်ရတာ ပိုမို နှစ်သက်ကြတယ်။ စနေနေ့ မွေးဖွားသူ အများစုဟာ ဉာဏ် အလွန်ကောင်းသူများ ဖြတ်တတ်ကြတာမို့ ဘယ်စီးပွားရေး လုပ်ငန်းမျိုးမှာမဆို အောင်မြင်အောင် လုပ်နိုင်ကြသူများ ဖြစ်တယ်။

စနေဖွားများဟာ နည်းနည်း ခေါင်းမာလေ့ရှိကြပြီး သူတို့တွေကို ထိန်းချုပ်ရတာ နည်းနည်းခက်ပါတယ်။ ကိုယ်မှန်တယ် ထင်ရင် ဘာပဲ ဖြစ်သွားပါစေ ဘယ်သူ ဘာပြောပြော ဂရုမစိုက်တော့ဘူး။ မှားသွားရင်လည်း ကိုယ်တိုင် အမှားကို လုပ်ကြည့်ပြီးမှ အမှားကို လက်ခံလေ့ ရှိတယ်။

အချစ်ရေးနဲ့ ပါတ်သက်ရင်တော့ သူတို့ဟာ ရှက်တတ်ကြသူတွေပါ။ ဒါပေမယ့် စနေဖွားတွေဟာ များသောအားဖြင့် ဦးနှောက်ထက် နှလုံးသားကို ဦးစားပေးတတ်ကြသူတွေ ဖြစ်တယ်။ ချစ်သူ၊ အိမ်ထောင်ဖက် ရွေးချယ်တော့မယ် ဆိုရင် သေချာ ဂရုစိုက်ပြီး ရွေးချယ်လေ့ ရှိကြတယ်။

စနေဖွားတွေဟာ ချစ်သူ၊ ကြင်ယာဖက်ကို နားလည်ပေးဖို့ထက် သူတို့တွေကို နားလည်ပေးတာကို ပိုကြိုက်ကြပါတယ်။ သဝန်တိုတာနဲ့ သံသယ ရှိတာတွေ အားကြီးပြီး စိတ်ရှုတ် နေတတ်တယ်။ ဒါကြောင့် အချိန်ပေးပြီး သေချာနားလည် သဘောပေါက်အောင် ကြိုးစားပါ။

Sir Min Thein Kha

For Zawgyi

ဆရာမင္းသိခၤ၏ စေနသားသမီးမ်ား အေၾကာင္း

စေနေန႔ ေမြးဖြားသူမ်ားဟာ ၿဂိဳလ္အားျဖင့္ ေစတန္ၿဂိဳလ္ စိုးမိုးသူမ်ား ျဖစ္တယ္။ အေတြးအေခၚ အေမွ်ာ္အျမင္ ႀကီးမားသူမ်ား ျဖစ္ပီး လူေတြကို ၾသဇာ လြမ္းမိုးႏိုင္စြမ္း ရွိၾကပါတယ္။ သူတို႔ဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိၾကၿပီး သူမ်ားကို သိပ္အားမကိုး တတ္ၾကဘူး။ လူေတြကို လြယ္လြယ္နဲ႔ မယုံၾကည္တတ္ၾကဘူး။

ဒါေပမယ့္ စေနဖြားေတြက ဟာသဉာဏ္ ႐ႊင္သူမ်ား ျဖစ္တယ္။ တစ္ေယာက္တည္း အလုပ္ လုပ္ရတာ ပိုမို ႏွစ္သက္ၾကတယ္။ စေနေန႔ ေမြးဖြားသူ အမ်ားစုဟာ ဉာဏ္ အလြန္ေကာင္းသူမ်ား ျဖတ္တတ္ၾကတာမို႔ ဘယ္စီးပြားေရး လုပ္ငန္းမ်ိဳးမွာမဆို ေအာင္ျမင္ေအာင္ လုပ္ႏိုင္ၾကသူမ်ား ျဖစ္တယ္

စေနဖြားမ်ားဟာ နည္းနည္း ေခါင္းမာေလ့ရွိၾကၿပီး သူတို႔ေတြကို ထိန္းခ်ဳပ္ရတာ နည္းနည္းခက္ပါတယ္။ ကိုယ္မွန္တယ္ ထင္ရင္ ဘာပဲ ျဖစ္သြားပါေစ ဘယ္သူ ဘာေျပာေျပာ ဂ႐ုမစိုက္ေတာ့ဘူး။ မွားသြားရင္လည္း ကိုယ္တိုင္ အမွားကို လုပ္ၾကည့္ၿပီးမွ အမွားကို လက္ခံေလ့ ရွိတယ္။

အခ်စ္ေရးနဲ႔ ပါတ္သက္ရင္ေတာ့ သူတို႔ဟာ ရွက္တတ္ၾကသူေတြပါ။ ဒါေပမယ့္ စေနဖြားေတြဟာ မ်ားေသာအားျဖင့္ ဦးေႏွာက္ထက္ ႏွလုံးသားကို ဦးစားေပးတတ္ၾကသူေတြ ျဖစ္တယ္။ ခ်စ္သူ၊ အိမ္ေထာင္ဖက္ ေ႐ြးခ်ယ္ေတာ့မယ္ ဆိုရင္ ေသခ်ာ ဂ႐ုစိုက္ၿပီး ေ႐ြးခ်ယ္ေလ့ ရွိၾကတယ္။

စေနဖြားေတြဟာ ခ်စ္သူ၊ ၾကင္ယာဖက္ကို နားလည္ေပးဖို႔ထက္ သူတို႔ေတြကို နားလည္ေပးတာကို ပိုႀကိဳက္ၾကပါတယ္။ သဝန္တိုတာနဲ႔ သံသယ ရွိတာေတြ အားႀကီးၿပီး စိတ္ရႈတ္ ေနတတ္တယ္။ ဒါေၾကာင့္ အခ်ိန္ေပးၿပီး ေသခ်ာနားလည္ သေဘာေပါက္ေအာင္ ႀကိဳးစားပါ။

Sir Min Thein Kha

Post a Comment

0 Comments