သင် စနေနေ့မှာ မွေးခဲ့သော်

အမှန်တရားကို ပြောရင် လူတိုင်း လက်မခံချင် ကြပါဘူး.. စနေဆိုသည်မှာ စိတ်ကြီးတယ်.... ဒေါသဖြစ်လာရင် ဘယ်သူကိုမှ ဘယ်အရာကိုမှ ထည့်မစဉ်းစားဘူး.. ထည့်လည်း မတွက်တတ်ဘူး။

ဒါပေမဲ့ ပြောပီး လုပ်ပီးသွားလို့ သူမှားနေတဲ့ ကိစ္စကိုလည်း ပြန်တောင်းပန်ဖို့ ဝန်မလေးတတ်ကြဘူး.. စိတ်နာအောင်တော့ လာမလုပ်နဲ့ သေတဲ့အထိ မှတ်ထားတတ်တယ်.. အငြိုးအတေးလည်း ကြီးတယ်။

အပေါ်ယံ ခင်မင်တာ မလိုလားဘူး.. သူငယ်ချင်း အစစ်ပဲ လိုချင်ကြတယ်.. ယောင်လို့တောင် စနေကို အရွဲမတိုက်မိစေနဲ့.. သူများတွေ ရွဲ့တာထက် အဆပေါင်းများစွာ ပြန်ရွဲ့တတ်တယ်။

သနားအောင် ပြောလာရင် အိတ်ထဲရှိတဲ့ ပိုက်ဆံ မသုံးရရင် နေပါစေ ပေးပြစ်တတ်တယ်.. မပေးချင်ဘူး ကြည့်မရဘူး ဆိုရင် အဲ့လူ ဘာဖြစ်နေပါစေ လှည့်ကိုမကြည့်တော့ဘူး။

လိမ်တာ ညာတာ အရမ်း မုန်းတယ်။ ဒါပေမဲ့ သူငယ်ချင်းများ အပေါ်တော့ ဟာသတွေ ရယ်စရာတွေ ပြောပြီး စနောက်တတ်ကြတယ်။

အနေအေးတယ်.. တခြား သူတွေကိုဆို ပြုံးပြဖို့ မပြောနဲ့.. မျက်နှာထားက ခပ်တည်တည်နဲ့ တလောကလုံးလည်း သူ့လုပ်စာ စားနေကြတဲ့ အတိုင်းပဲ။

ဘာပဲ လုပ်လုပ် အများအတွက်ပဲ ကြည့်တတ်တယ်.. တစ်ကိုယ်ကောင်း မဆန်တတ်ကြဘူး.. ဒါပေမဲ့ မထင်ရင် မထင်သလိုလဲ ပြောတတ်တဲ့ အကျင့်ကလဲရှိသေး။

ပြောရမယ်ဆို စနေတွေဟာ မဟုတ်မခံ ပေါင်းရသင်းရခက်ပြီး စိတ်သဘောထားကောင်းတဲ့ လူ့ဂွစာကြီးတွေ ပေါ့ဗျာ ၊၊

From - SAI

For Zawgyi










From - SAI

Post a Comment

0 Comments