သံဃာကို ပြစ်မှား၍ ခွေးစားခံရသူ

ခွေးအပေါင်းနဲ့ လေးထမ်းပြီး အမဲလိုက်ထွက်လာတဲ့ ကောကမုဆိုးဟာ လမ်းခရီးမှာ ဆွမ်းခံကြွလာတဲ့ ရဟန်းတပါးကို မြင်တော့ ကုသိုလ်စိတ် မပွားနိုင်တဲ့ အပြင် သူယုတ်နဲ့ ဆုံရတယ် ဆိုပြီး စိတ်ဆိုး ဒေါသထွက်တယ် ။

ရဟန်းယုတ်ကို မြင်ရလို့ သားကောင်လဲ ရမှာမဟုတ်ဘူး လို့ တွေးပြီး တောထဲကို ဆက်ထွက်ခဲ့တယ် ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့မှာ ဘာသားကောင်မှ မရခဲ့ပါဘူး ။ ဒါကြောင့်.. စိတ်တိုတိုနဲ့ ပြန်လာတဲ့အချိန်မှာ ကျောင်းသင်္ကန်းကို ပြန်ကြွလာတဲ့ အလာတုန်းက တွေ့ခဲ့တဲ့ ရဟန်းနဲ့ မျက်နှာချင်းဆိုင် ပြန်ဆုံပါလေရော ။

ဒီအခါ မုဆိုးယုတ်က ငါ အမဲမရတာ ဒင်းကြောင့် လို့ မဆီမဆိုင် အကြီးအကျယ် စိတ်ဆိုးပြီး သူ့အမဲလိုက်ခွေးတွေနဲ့ ရှူးတိုက်ပါတော့တယ် ။ ရဟန်းတော်က ဒါယကာ ဒီလိုမလုပ်ပါနဲ့ လို့ အတန်တန် တောင်းပန်ရှာပေမဲ့ မုဆိုးမိုက်က နားမဝင်ပါ ။

သခင့်အလိုကျ သွေးဆာနေတဲ့ အမဲလိုက် ခွေးကြီးတွေကလည်း ရဟန်းတော်ကို အတင်းလိုက် ကိုက်ခဲပါတော့တယ် ။ ရဟန်းခင်မျာ ပြေးမလွတ်တဲ့ အဆုံး မှီရာ သစ်ပင်ပေါ်ကို စွဲတက်လိုက်ရပါတယ် ။

အဲဒီအခါ ခွေးများက တွဲလျှောင်းကျနေတဲ့ ရဟန်းရဲ့ ခြေအစုံကို ခုန်ပြီး ကိုက်စွဲနေကြသလို မုဆိုးမိုက်ကလည်း မလုပ်ရန် တောင်းပန်နေပါ လျှက်က မြှားတံထိပ်ဖူးနဲ့ ခုန်ခုန် ထိုးနေပြန်တယ် ။ ရဟန်းတော်ဟာ ခွေးကိုက်ခဲတဲ့ဒဏ် ၊ ခွေးလိုမိုက်မဲတဲ့ မုဆိုးကိုက်တဲ့ဒဏ် တို့ကို မီးစနဲ့ ထိုးခံရတဲ့ အလား မချိမဆံ့ကြီး ခံစားနေရရှာတယ် ။

အဲဒီအခိုက်အတန့်မှာ မထင်မှတ်ဘဲ အပြောင်းလဲကြီးတစ်ခု ဖြစ်ပေါ်သွားပါတယ် ။ အဲဒါကတော့ ရဟန်းတော်ရဲ့ ကိုယ်ရုံသင်္ကန်းဟာ လျှောကျသွားပြီး မုဆိုးမိုက်ရဲ့ ခေါင်းပေါ်ကနေ တကိုယ်လုံးကို ခြုံပြီးသား ဖြစ်သွားခြင်းပါပဲ ။

သင်္ကန်းခြုံလျှက်သား မုဆိုးမိုက်ကို ရဟန်းအထင်နဲ့ ခွေးအုပ်ကြီးက ဝိုင်းဝန်းကိုက်ခဲ စားသောက်ကြတော့တယ် ။ ရဟန်းတော်က ခွေးတွေကို သစ်ကိုင်းခြောက်များနဲ့ ပစ်ပေါက်ခြောက်လန့်လို့ ထွက်ပြေးသွားကြ ပေမဲ့ မုဆိုးမိုက်မှာ အသားမရှိတော့တဲ့ အရိုးပုံ အဖြစ်နဲ့ သေသွားပါပြီ ။

ကိုယ့်အတတ်ကိုယ်စူး ၊ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာခြင်းလို့ပဲ ဆိုရမှာပါ ။ ဒီမုဆိုးမိုက် အသေဆိုးနဲ့ သေခြင်းဟာ အပေါ်ယံ ကြည့်ရင် ခွေးကိုက်လို့လို့ ထင်ရပေမဲ့ တကယ်တမ်း အတွင်းကျကျ တွေးကြည့်ရင် ခွေးကိုက်လို့ သေရတာ မဟုတ်ဘဲ သံဃာကို ပစ်မှားမိတဲ့ သူ့ရဲ့စိတ်ယုတ်မာ ကိုက်လို့ သေရတာပါ ။

အပါယ်ငရဲမှာလည်း ခွေးကိုက်လို့ ခံစားရတဲ့ နာကျင်မှုထက် အဆပေါင်း သိန်းသောင်းမက နာကျင်တဲ့ ဝေဒနာဆိုးတွေကို နှစ်ကာလများစွာ ခံစားရဦးမှာပါ ။ ငရဲက လွတ်ပြန်ရင်လဲ ဒီပစ်မှားမှုရဲ့ ကိုက်သတ်ခြင်းကို အကြိမ်ကြိမ် ခံနေရဦးမှာပါပဲ ။

အတွေးမှား တစ်ခုရဲ့ တုန့်ပြန်ချက်က ကြောက်စရာ ကောင်းလှပါဘိ ။ ဒေါသအလျှောက် မသိမှုအလျှောက် ပစ်မှားစော်ကားနေစဉ်က လုပ်ချင်တာကို လုပ်လိုက်ရလို့ ပြောချင်တာကို ပြောလိုက်ရလို့ ပျားသကာကို စားရသလို ချိုမြိန်ခဲ့ရပေမဲ့ ဒီမကောင်းကျိုး အကျိုးပေးချိန် တန်လာတဲ့ခါ အခါးတမာကို ရတာထက် အဆသိန်းသောင်းမက ခါးသီးဆိုးဝါးလှပါတယ် ။ သတိပြု ရှောင်ရှားနိုင်ကြပါစေ ။

အရှင်တေဇ ပုလဲ

For Zawgyi

သံဃာကို ျပစ္မွား၍ ေခြးစားခံရသူ

ေခြးအေပါင္းနဲ႔ ေလးထမ္းၿပီး အမဲလိုက္ထြက္လာတဲ့ ေကာကမုဆိုးဟာ လမ္းခရီးမွာ ဆြမ္းခံႂကြလာတဲ့ ရဟန္းတပါးကို ျမင္ေတာ့ ကုသိုလ္စိတ္ မပြားႏိုင္တဲ့ အျပင္ သူယုတ္နဲ႔ ဆုံရတယ္ ဆိုၿပီး စိတ္ဆိုး ေဒါသထြက္တယ္ ။

ရဟန္းယုတ္ကို ျမင္ရလို႔ သားေကာင္လဲ ရမွာမဟုတ္ဘူး လို႔ ေတြးၿပီး ေတာထဲကို ဆက္ထြက္ခဲ့တယ္ ။ တိုက္တိုက္ဆိုင္ဆိုင္ပဲ အဲဒီေန႔မွာ ဘာသားေကာင္မွ မရခဲ့ပါဘူး ။ ဒါေၾကာင့္.. စိတ္တိုတိုနဲ႔ ျပန္လာတဲ့အခ်ိန္မွာ ေက်ာင္းသကၤန္းကို ျပန္ႂကြလာတဲ့ အလာတုန္းက ေတြ႕ခဲ့တဲ့ ရဟန္းနဲ႔ မ်က္ႏွာခ်င္းဆိုင္ ျပန္ဆုံပါေလေရာ ။

ဒီအခါ မုဆိုးယုတ္က ငါ အမဲမရတာ ဒင္းေၾကာင့္ လို႔ မဆီမဆိုင္ အႀကီးအက်ယ္ စိတ္ဆိုးၿပီး သူ႔အမဲလိုက္ေခြးေတြနဲ႔ ရႉးတိုက္ပါေတာ့တယ္ ။ ရဟန္းေတာ္က ဒါယကာ ဒီလိုမလုပ္ပါနဲ႔ လို႔ အတန္တန္ ေတာင္းပန္ရွာေပမဲ့ မုဆိုးမိုက္က နားမဝင္ပါ ။

သခင့္အလိုက် ေသြးဆာေနတဲ့ အမဲလိုက္ေခြးႀကီးေတြကလည္း ရဟန္းေတာ္ကို အတင္းလိုက္ ကိုက္ခဲပါေတာ့တယ္ ။ ရဟန္းခင္မ်ာ ေျပးမလြတ္တဲ့ အဆုံး မွီရာ သစ္ပင္ေပၚကို စြဲတက္လိုက္ရပါတယ္ ။

အဲဒီအခါ ေခြးမ်ားက တြဲေလွ်ာင္းက်ေနတဲ့ ရဟန္းရဲ႕ ေျခအစုံကို ခုန္ၿပီး ကိုက္စြဲေနၾကသလို မုဆိုးမိုက္ကလည္း မလုပ္ရန္ ေတာင္းပန္ေနပါ လွ်က္က ျမႇားတံထိပ္ဖူးနဲ႔ ခုန္ခုန္ ထိုးေနျပန္တယ္ ။ ရဟန္းေတာ္ဟာ ေခြးကိုက္ခဲတဲ့ဒဏ္ ၊ ေခြးလိုမိုက္မဲတဲ့ မုဆိုးကိုက္တဲ့ဒဏ္ တို႔ကို မီးစနဲ႔ ထိုးခံရတဲ့ အလား မခ်ိမဆံ့ႀကီး ခံစားေနရရွာတယ္ ။

အဲဒီအခိုက္အတန႔္မွာ မထင္မွတ္ဘဲ အေျပာင္းလဲႀကီးတစ္ခု ျဖစ္ေပၚသြားပါတယ္ ။ အဲဒါကေတာ့ ရဟန္းေတာ္ရဲ႕ ကိုယ္႐ုံသကၤန္းဟာ ေလွ်ာက်သြားၿပီး မုဆိုးမိုက္ရဲ႕ ေခါင္းေပၚကေန တကိုယ္လုံးကို ၿခဳံၿပီးသား ျဖစ္သြားျခင္းပါပဲ ။

သကၤန္းၿခဳံလွ်က္သား မုဆိုးမိုက္ကို ရဟန္းအထင္နဲ႔ ေခြးအုပ္ႀကီးက ဝိုင္းဝန္းကိုက္ခဲ စားေသာက္ၾကေတာ့တယ္ ။ ရဟန္းေတာ္က ေခြးေတြကို သစ္ကိုင္းေျခာက္မ်ားနဲ႔ ပစ္ေပါက္ေျခာက္လန႔္လို႔ ထြက္ေျပးသြားၾက ေပမဲ့ မုဆိုးမိုက္မွာ အသားမရွိေတာ့တဲ့ အ႐ိုးပုံ အျဖစ္နဲ႔ ေသသြားပါၿပီ ။

ကိုယ့္အတတ္ကိုယ္စူး ၊ ကိုယ္ျပဳသည့္ကံ ပဲ့တင္သံ ကိုယ့္ထံျပန္လာျခင္းလို႔ပဲ ဆိုရမွာပါ ။ ဒီမုဆိုးမိုက္ အေသဆိုးနဲ႔ ေသျခင္းဟာ အေပၚယံ ၾကည့္ရင္ ေခြးကိုက္လို႔လို႔ ထင္ရေပမဲ့ တကယ္တမ္း အတြင္းက်က် ေတြးၾကည့္ရင္ ေခြးကိုက္လို႔ ေသရတာ မဟုတ္ဘဲ သံဃာကို ပစ္မွားမိတဲ့ သူ႔ရဲ႕စိတ္ယုတ္မာ ကိုက္လို႔ ေသရတာပါ ။

အပါယ္ငရဲမွာလည္း ေခြးကိုက္လို႔ ခံစားရတဲ့ နာက်င္မႈထက္ အဆေပါင္း သိန္းေသာင္းမက နာက်င္တဲ့ ေဝဒနာဆိုးေတြကို ႏွစ္ကာလမ်ားစြာ ခံစားရဦးမွာပါ ။ ငရဲက လြတ္ျပန္ရင္လဲ ဒီပစ္မွားမႈရဲ႕ ကိုက္သတ္ျခင္းကို အႀကိမ္ႀကိမ္ ခံေနရဦးမွာပါပဲ ။

အေတြးမွား တစ္ခုရဲ႕ တုန႔္ျပန္ခ်က္က ေၾကာက္စရာ ေကာင္းလွပါဘိ ။ ေဒါသအေလွ်ာက္ မသိမႈအေလွ်ာက္ ပစ္မွားေစာ္ကားေနစဥ္က လုပ္ခ်င္တာကို လုပ္လိုက္ရလို႔ ေျပာခ်င္တာကို ေျပာလိုက္ရလို႔ ပ်ားသကာကို စားရသလို ခ်ိဳၿမိန္ခဲ့ရေပမဲ့ ဒီမေကာင္းက်ိဳး အက်ိဳးေပးခ်ိန္ တန္လာတဲ့ခါ အခါးတမာကို ရတာထက္ အဆသိန္းေသာင္းမက ခါးသီးဆိုးဝါးလွပါတယ္ ။ သတိျပဳ ေရွာင္ရွားႏိုင္ၾကပါေစ ။

အရွင္ေတဇ ပုလဲ

Post a Comment

0 Comments