အာဇာနည်နေ့ အကြောင်း သိကောင်းစရာ

ကြိုတင် အသိပေးချက် ( မြန်မာနိုင်ငံသူ နိုင်ငံသားများ ခင်ဗျာ..... ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသော အာဇာနည်နေ့ ဖြစ်ပါသောကြောင့် အာဇာနည် ခေါင်းဆောင်ကြီးများကို ရိုသေလေးစား အောက်မေ့တသ ဖြစ်သည့် အတွက်ကြောင့် အာဇာနည် ခေါင်ဆောင်ကြီးများ ကျဆုံးခဲ့ရသော နေ့လည် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် မိမိတို့ ရောက်ရှိနေသည့် အရပ်မှာပင် ရပ်တန့်၍ ငြိမ်သက်စွာဖြင့် နိုင်ငံကြီးသား ပီသစွာ ရိုသေ အလေးပြု ကြပါရန် အသိပေးအပ်ပါသည် ခင်ဗျ။)

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည့်နေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုနေ့တွင် အစိုးရရုံးများ၊ ဈေးဆိုင် ကန္နားများကို ပိတ်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် နိုင်ငံတော်အလံကို တိုင်တစ်ဝက်၌ လွှင့်ထူထားကြသည်။

၁၉၄၇ ခုနှစ်၊ မြန်မာ စံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းဝေးပွဲကျင်းပနေချိန် ဖြစ်သည်။ အင်္ဂလိပ်ခေတ် မြို့စောင့် တပ်အမှတ် (၁၂) သေနတ်ကိုင် တပ်ရင်း၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသော စစ်ယူနီဖောင်း အပြည့်စုံ ဝတ်ဆင်ထားသော လူတစ်စုသည် ဝန်ကြီးများ ရုံးအတွင်း ဝင်ရောက်၍ ဗမာ့ လွတ်လပ်ရေး ခေါင်းဆောင် အချို့အား ပစ်ခတ်လုပ်ကြံ ခဲ့ကြသည်။

လုပ်ကြံ ခံခဲ့ရမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ ထိုစဉ်က ဦးအောင်ဆန်း (ဝန်ကြီးချုပ်)၊ ဦးဘချို ( ပြန်ကြားရေးဌါန ဝန်ကြီး)၊ မန်းဘခိုင် ( အလုပ်သမားရေးရာ ဌါနဝန်ကြီး)၊ ဦးဘဝင်း (စီးပွားရေးနှင့် ထောက်ပံ့ရေး ဌါနဝန်ကြီး)၊ သခင်မြ ( ပြည်ထဲရေး ဌါနဝန်ကြီး)၊ ဦးအဗ္ဗဒူရာဇာတ် ( ပညာရေးနှင့် အမျိုးသား စီမံကိန်း ဝန်ကြီးဌါန)၊ စဝ်စံထွန်း (နယ်ခြားဒေသများဆိုင်ရာ ဌါနဝန်ကြီး)၊ ဦးအုန်းမောင် (သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဌါန ဒုဝန်ကြီး) နှင့် ရဲဘော် ကိုထွေး ( ဦးအဗ္ဗဒူရာဇာတ်၏ သက်တော်စောင့်) တို့ ကိုးဦး ကျဆုံးခဲ့ကြရသည်။

၎င်း နိုင်ငံတော် လုပ်ကြံမှုကြီးအား အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုမှ ကြိုတင် စီစဉ်ထားခြင်းဖြစ်ပြီး ၎င်းအဖွဲ့အား ခေါင်းဆောင် ကြိုးကိုင်ထားသူအဖြစ် ဂဠုန်ဦးစောအား စွပ်စွဲခဲ့ကြသည်။

ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွဋ်သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော်လည်း အသက်ရှင် ကျန်ရစ်ခဲ့သည်။ မြန်မာ လူမျိုးအများစုမှာ ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည် တစ်နည်း သို့မဟုတ် အခြားနည်းတစ်ခုခုဖြင့် ပါဝင်ပတ်သက် နေသည်ဟု ယုံကြည်နေကြသည်။

အဘယ့်ကြောင့် ဆိုသော် ဗြိတိသျှ ဝန်ထမ်းနှစ်ဦး ဖမ်းဆီး စစ်ဆေးခံရပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဦးစော၏ ကိုယ်စားလှယ်အဖြစ် လုပ်ကြံမှုတွင် ထောက်ပံ့မှုနှင့် လုံလောက်သော စစ်သုံး ကိရိယာများအား အဖွဲ့အစည်း အသေးအတွက် တပ်ဆင်ပေးမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံရသည်။ ၎င်းစစ်သုံး ကိရိယာ အစိတ်အပိုင်းကြီးအား ဦးစော၏ အိမ်ဘေးရှိ ကန်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ချက်ချင်း ပြန်လည် သိမ်းဆည်း ရရှိခဲ့ကြသည်။

ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် ထိုလုပ်ကြံမှု၏ တရားခံ များဖြစ်သော ဦးစောနှင့် အပေါင်းအပါများအား ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖွဲ့စည်းပေးထားသော သောင်းကျန်းမှု နှိမ်နင်းရေးတပ် တပ်ရင်းအမှတ် (၁) မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄) ရှိ ဦးစောအိမ်သို့ ဝိုင်းပြီး အိမ်တွင်း အိမ်ပြင် ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပိတ်တော် မစ္စတာဂျပ် ခေါင်းဆောင်သော ရဲအဖွဲ့လက်သို့ အပ်ခဲ့သည်။

ထို့နောက် ဦးစောနှင့် အပေါင်းအပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့ကြသည်။

နိုင်ငံတော် လုပ်ကြံမှုကြီး ပြီးနောက်၊ များမကြာမီ အချိန်တွင် မြန်မာပြည် ဗြိတိသျှ ဘုရင်ခံချုပ် ဆာဟာ့ဘက်ရန့်စ်သည် ဦးနုခေါင်းဆောင်သည့် ကြားဖြတ် အစိုးရအဖွဲ့အား အာဏာ လွှဲပြောင်းပေးခဲ့ပြီး၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ တရားဝင် လွတ်လပ်ရေးနေ့ ဖြစ်လာခဲ့သည့်ပြင် ဦးနုသည်လည်း မြန်မာပြည်၏ ပထမဆုံးသော ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ထို့နောက် ဇူလိုင်လ ၁၉ ရက်နေ့အား အာဇာနည်နေ့ဟု အမည် သမုတ်၍ ပြည်သူ့ အားလပ်ရက်၊ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ် အထိမ်းအမှတ် နေ့အဖြစ် နှစ်စဉ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ref − ဝီကီပီးဒီးယား

Chit Min Ko Ko

For Zawgyi

အာဇာနည္ေန႔ အေၾကာင္း သိေကာင္းစရာ

ႀကိဳတင္ အသိေပးခ်က္ ( ျမန္မာႏိုင္ငံသူ ႏိုင္ငံသားမ်ား ခင္ဗ်ာ..... ဒီကေန႔ ဇူလိုင္လ ၁၉ ရက္ေန႔သည္ အာဇာနည္ ေခါင္းေဆာင္ႀကီးမ်ား လုပ္ႀကံခံရေသာ အာဇာနည္ေန႔ ျဖစ္ပါေသာေၾကာင့္ အာဇာနည္ ေခါင္းေဆာင္ႀကီးမ်ားကို ႐ိုေသေလးစား ေအာက္ေမ့တသ ျဖစ္သည့္ အတြက္ေၾကာင့္ အာဇာနည္ ေခါင္ေဆာင္ႀကီးမ်ား က်ဆုံးခဲ့ရေသာ ေန႔လည္ ၁၀ နာရီ ၃၇ မိနစ္ အခ်ိန္တြင္ မိမိတို႔ ေရာက္ရွိေနသည့္ အရပ္မွာပင္ ရပ္တန႔္၍ ၿငိမ္သက္စြာျဖင့္ ႏိုင္ငံႀကီးသားပီသစြာ ႐ိုေသ အေလးျပဳ ၾကပါရန္ အသိေပးအပ္ပါသည္ ခင္ဗ်။)

၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔တြင္ ျမန္မာႏိုင္ငံ၊ ရန္ကုန္ၿမိဳ႕တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အပါအဝင္ ႏိုင္ငံေရးတြင္ အလြန္ အေရးပါေသာ ေခါင္းေဆာင္ႀကီး ကိုးဦး လုပ္ႀကံျခင္းခံခဲ့ရၿပီး က်ဆုံးခဲ့သည့္ေန႔ကို အာဇာနည္ေန႔ ဟု သက္မွတ္ခဲ့ၾကျခင္းျဖစ္သည္။

ထိုေန႔တြင္ အစိုးရ႐ုံးမ်ား၊ ေဈးဆိုင္ ကႏၷားမ်ားကို ပိတ္၍ ဝမ္းနည္းျခင္း အထိမ္းအမွတ္ အျဖစ္ ႏိုင္ငံေတာ္အလံကို တိုင္တစ္ဝက္၌ လႊင့္ထူထားၾကသည္။

၁၉၄၇ ခုႏွစ္၊ ျမန္မာ စံေတာ္ခ်ိန္ ၁၀ နာရီ ၃၇ မိနစ္တြင္ ရန္ကုန္ၿမိဳ႕လယ္ရွိ ဝန္ႀကီးမ်ား႐ုံး၌ အစည္းေဝးပြဲက်င္းပေနခ်ိန္ ျဖစ္သည္။ အဂၤလိပ္ေခတ္ ၿမိဳ႕ေစာင့္ တပ္အမွတ္ (၁၂) ေသနတ္ကိုင္ တပ္ရင္း၏ အမွတ္တံဆိပ္ကို တပ္ဆင္ထားေသာ စစ္ယူနီေဖာင္း အျပည့္စုံ ဝတ္ဆင္ထားေသာ လူတစ္စုသည္ ဝန္ႀကီးမ်ား ႐ုံးအတြင္း ဝင္ေရာက္၍ ဗမာ့ လြတ္လပ္ေရး ေခါင္းေဆာင္ အခ်ိဳ႕အား ပစ္ခတ္လုပ္ႀကံ ခဲ့ၾကသည္။

လုပ္ႀကံ ခံခဲ့ရမႈေၾကာင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ထိုစဥ္က ဦးေအာင္ဆန္း (ဝန္ႀကီးခ်ဳပ္)၊ ဦးဘခ်ိဳ ( ျပန္ၾကားေရးဌါန ဝန္ႀကီး)၊ မန္းဘခိုင္ ( အလုပ္သမားေရးရာ ဌါနဝန္ႀကီး)၊ ဦးဘဝင္း (စီးပြားေရးႏွင့္ ေထာက္ပံ့ေရး ဌါနဝန္ႀကီး)၊ သခင္ျမ ( ျပည္ထဲေရး ဌါနဝန္ႀကီး)၊ ဦးအဗၺဒူရာဇာတ္ ( ပညာေရးႏွင့္ အမ်ိဳးသား စီမံကိန္း ဝန္ႀကီးဌါန)၊ စဝ္စံထြန္း (နယ္ျခားေဒသမ်ားဆိုင္ရာ ဌါနဝန္ႀကီး)၊ ဦးအုန္းေမာင္ (သယ္ယူ ပို႔ေဆာင္ေရးႏွင့္ လမ္းပန္းဆက္သြယ္ေရး ဌါန ဒုဝန္ႀကီး) ႏွင့္ ရဲေဘာ္ ကိုေထြး ( ဦးအဗၺဒူရာဇာတ္၏ သက္ေတာ္ေစာင့္) တို႔ ကိုးဦး က်ဆုံးခဲ့ၾကရသည္။

၎ ႏိုင္ငံေတာ္ လုပ္ႀကံမႈႀကီးအား အတိုက္အခံ ႏိုင္ငံေရး အဖြဲ႕အစည္းတစ္ခုမွ ႀကိဳတင္ စီစဥ္ထားျခင္းျဖစ္ၿပီး ၎အဖြဲ႕အား ေခါင္းေဆာင္ ႀကိဳးကိုင္ထားသူအျဖစ္ ဂဠဳန္ဦးေစာအား စြပ္စြဲခဲ့ၾကသည္။

ထိုစဥ္က ဘ႑ာေရးဝန္ႀကီး ဦးတင္ထြဋ္သည္ ဒဏ္ရာအျပင္းအထန္ ရရွိခဲ့ေသာ္လည္း အသက္ရွင္ က်န္ရစ္ခဲ့သည္။ ျမန္မာ လူမ်ိဳးအမ်ားစုမွာ ၎လုပ္ႀကံမႈတြင္ ၿဗိတိသွ်တို႔သည္ တစ္နည္း သို႔မဟုတ္ အျခားနည္းတစ္ခုခုျဖင့္ ပါဝင္ပတ္သက္ ေနသည္ဟု ယုံၾကည္ေနၾကသည္။

အဘယ့္ေၾကာင့္ ဆိုေသာ္ ၿဗိတိသွ် ဝန္ထမ္းႏွစ္ဦး ဖမ္းဆီး စစ္ေဆးခံရၿပီး ၎တို႔အနက္မွ တစ္ဦးသည္ ဦးေစာ၏ ကိုယ္စားလွယ္အျဖစ္ လုပ္ႀကံမႈတြင္ ေထာက္ပံ့မႈႏွင့္ လုံေလာက္ေသာ စစ္သုံး ကိရိယာမ်ားအား အဖြဲ႕အစည္း အေသးအတြက္ တပ္ဆင္ေပးမႈတို႔ျဖင့္ တရားစြဲဆိုျခင္း ခံရသည္။ ၎စစ္သုံး ကိရိယာ အစိတ္အပိုင္းႀကီးအား ဦးေစာ၏ အိမ္ေဘးရွိ ကန္တြင္ ပစ္ခတ္မႈ ျဖစ္ပြားၿပီး ခ်က္ခ်င္း ျပန္လည္ သိမ္းဆည္း ရရွိခဲ့ၾကသည္။

ဗိုလ္ခ်ဳပ္တို႔ လုပ္ႀကံခံရသည့္ေန႔ ညေနပိုင္းမွာပင္ ထိုလုပ္ႀကံမႈ၏ တရားခံ မ်ားျဖစ္ေသာ ဦးေစာႏွင့္ အေပါင္းအပါမ်ားအား ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကိုယ္တိုင္ ဖြဲ႕စည္းေပးထားေသာ ေသာင္းက်န္းမႈ ႏွိမ္နင္းေရးတပ္ တပ္ရင္းအမွတ္ (၁) မွ တပ္ခြဲမႉး ဗိုလ္သိန္းဟန္ႏွင့္ ရဲေဘာ္မ်ားသည္ မရမ္းကုန္းၿမိဳ႕နယ္ ေအဒီလမ္း (ယခု ေမခလမ္း) အမွတ္ (၄) ရွိ ဦးေစာအိမ္သို႔ ဝိုင္းၿပီး အိမ္တြင္း အိမ္ျပင္ ရွာေဖြဖမ္းဆီးကာ စုံေထာက္ အင္စပိတ္ေတာ္ မစၥတာဂ်ပ္ ေခါင္းေဆာင္ေသာ ရဲအဖြဲ႕လက္သို႔ အပ္ခဲ့သည္။

ထို႔ေနာက္ ဦးေစာႏွင့္ အေပါင္းအပါမ်ားအား ဦးေက်ာ္ျမင့္၊ ဦးေအာင္သာေက်ာ္ႏွင့္ ဦးစီးဘူးတို႔ ပါဝင္ေသာ အထူးခုံ႐ုံးမွ အခ်ိန္ယူ စစ္ေဆးၿပီး ျပစ္မႈထင္ရွားသျဖင့္ ၁၉၄၇ ခုႏွစ္၊ ဒီဇင္ဘာလ (၃၀) ရက္ေန႔တြင္ ေသဒဏ္စီရင္ခ်က္ ခ်မွတ္ခဲ့ၾကသည္။

ႏိုင္ငံေတာ္ လုပ္ႀကံမႈႀကီး ၿပီးေနာက္၊ မ်ားမၾကာမီ အခ်ိန္တြင္ ျမန္မာျပည္ ၿဗိတိသွ် ဘုရင္ခံခ်ဳပ္ ဆာဟာ့ဘက္ရန႔္စ္သည္ ဦးႏုေခါင္းေဆာင္သည့္ ၾကားျဖတ္ အစိုးရအဖြဲ႕အား အာဏာ လႊဲေျပာင္းေပးခဲ့ၿပီး၊ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔သည္ ျမန္မာႏိုင္ငံ၏ တရားဝင္ လြတ္လပ္ေရးေန႔ ျဖစ္လာခဲ့သည့္ျပင္ ဦးႏုသည္လည္း ျမန္မာျပည္၏ ပထမဆုံးေသာ ဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့သည္။

ထို႔ေနာက္ ဇူလိုင္လ ၁၉ ရက္ေန႔အား အာဇာနည္ေန႔ဟု အမည္ သမုတ္၍ ျပည္သူ႔ အားလပ္ရက္၊ ႏိုင္ငံေတာ္အဆင့္ ေအာက္ေမ့ဖြယ္ အထိမ္းအမွတ္ ေန႔အျဖစ္ ႏွစ္စဥ္ က်င္းပရန္ ဆုံးျဖတ္ခဲ့ၾကျခင္း ျဖစ္သည္။

ref − ဝီကီပီးဒီးယား

Chit Min Ko Ko

Post a Comment

0 Comments