နတ်ဆရာရဲ့ကိုယ်ပျောက်ဆေးသုံးပီး ကိုယ်လုံးတီးနဲ့ခိုးတဲ့သူခိုး အဖမ်းခံရ

သူတစ်ပါးထက် သာလွန်တဲ့ စွမ်းအားတွေကို မလိုချင်တဲ့သူက ခပ်ရှားရှားပါပဲ။ ဥပမာ လေပေါ်ပျံတာမျိုး၊ ကိုယ်ယောင်ဖျောက်တာမျိုး။ ဖောက်ထွင်းဝိဇ္ဇာတစ်ယောက်က နတ်ဆရာပေးတဲ့ ကိုယ်ပျောက်ဆေးကို သုံးပြီး အဆောက်အဦးတွေကို ဖောက်ထွင်းရာမှ မြောက်ဂျာကာတာ ရဲစခန်းက ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။

ရဲအရာရှိ Budhi Herdi Susianto က ဖောက်ထွင်းသူခိုးကို HL လို့ သိထားပါတယ်။ HL က အဝတ်အစားတစ်ခုမှ မပါဘဲ အဆောက်အဦတွေထဲကို ဝင်ရောက်ပြီး ခိုးပါတယ်။ သူက ကိုယ်တုံးလုံးနဲ့ ဖောက်ထွင်းခိုးမယ် ဆိုရင် သူ့ကိုယ်သူ ကိုယ်ယောင်ပျောက်နေတယ်လို့ထင်ပြီး သူ့ကို ဘယ်သူမှ မမြင်နိုင်တော့ဘူးလို့ ယုံကြည်နေပါတယ်။

"သူက ခိုးတော့မယ်ဆိုရင် အဝတ်အစားတွေကို အကုန်ချွတ်တယ်။ အပ်ချည်တစ်မျှင်တောင် သူ့ခန္ဓါကိုယ်မှာ ဝတ်မထားတော့ဘူး။ ကိုယ်တုံးလုံးနဲ့ ခိုးတဲ့အခါ သူ့ကို ဘယ်သူကမှ မမြင်နိုင်ဘူးလို့ သူ ယုံကြည်နေတယ်လေ" ဆိုပြီး ရဲအရာရှိ Budhi က ပြောပါတယ်။ သူ့အဆောင်က အစွမ်းထက်ပုံ မရပါဘူး။ cctv မှာတော့ သူရဲ့လှုပ်ရှားမှုတိုင်းက ပေါ်လွင်နေပါတယ်။

HL က အရင်က တခြားနေရာတွေမှာလည်း ခိုးဖူးပါတယ်။ HL က မြောက်ဂျာကာတာ ခရိုင်အတွင်းက စာကြည့်တိုကိတစ်ခုရဲ့ tablet အလုံး ၃၀ ကိုလည်း ခိုးဖူးပါသေးတယ်။ Cctv မှတ်တမ်းတွေကို ခြေရာခံပြီး HL ကို ဖမ်းမိပါတယ်။ Tanjung Pirok ဒေသအတွင်းက cctv တစ်ခုမှာလည်း HL ဆေးသုံးနေတဲ့ video မှတ်တမ်းတွေ ရှိပါတယ်။

HL က ဆေးသုံးမှုနဲ့ အဖမ်းခံရပြီး မကြာသေးခင်ကမှ ပြန်လွတ်လာတာပါ။ HL က ဖောက်ထွင်းခိုးတဲ့အခါ တစ်ယောက်တည်းတော့ မခိုးပါဘူး။ သူ့ကို လွတ်အောင် ကူညီပေးတဲ့သူတစ်ယောက်တော့ ရှိပါတယ်။ ရဲတွေက အဲဒီလူကို ရှာဖွေနေပါတယ်။ ဒီတစ်ခါတော့ နတ်ဆရာပေးတဲ့ ကိုယ်ပျောက်ဆေးက HL ကို ထောင်ကျစေတော့မှာပါ။

ရုပ်သံ

Zombie (Lovemedia)

For Zawgyi

နတ္ဆရာရဲ႕ကိုယ္ေပ်ာက္ေဆးသုံးပီး ကိုယ္လုံးတီးနဲ႔ခိုးတဲ့သူခိုး အဖမ္းခံရ

သူတစ္ပါးထက္သာလြန္တဲ့ စြမ္းအားေတြကို မလိုခ်င္တဲ့သူက ခပ္ရွားရွားပါပဲ။ ဥပမာ ေလေပၚပ်ံတာမ်ိဳး၊ ကိုယ္ေယာင္ေဖ်ာက္တာမ်ိဳး။ ေဖာက္ထြင္းဝိဇၨာတစ္ေယာက္က နတ္ဆရာေပးတဲ့ ကိုယ္ေပ်ာက္ေဆးကို သုံးၿပီး အေဆာက္အဦးေတြကို ေဖာက္ထြင္းရာမွ ေျမာက္ဂ်ာကာတာ ရဲစခန္းက ဖမ္းဆီးတာကို ခံလိုက္ရပါတယ္။

ရဲအရာရွိ Budhi Herdi Susianto က ေဖာက္ထြင္းသူခိုးကို HL လို႔ သိထားပါတယ္။ HL က အဝတ္အစားတစ္ခုမွ မပါဘဲ အေဆာက္အဦေတြထဲကို ဝင္ေရာက္ၿပီး ခိုးပါတယ္။ သူက ကိုယ္တုံးလုံးနဲ႔ ေဖာက္ထြင္းခိုးမယ္ဆိုရင္ သူ႔ကိုယ္သူ ကိုယ္ေယာင္ေပ်ာက္ေနတယ္လို႔ထင္ၿပီး သူ႔ကို ဘယ္သူမွ မျမင္ႏိုင္ေတာ့ဘူးလို႔ ယုံၾကည္ေနပါတယ္။

"သူက ခိုးေတာ့မယ္ဆိုရင္ အဝတ္အစားေတြကို အကုန္ခြၽတ္တယ္။ အပ္ခ်ည္တစ္မွ်င္ေတာင္ သူ႔ခႏၶါကိုယ္မွာ ဝတ္မထားေတာ့ဘူး။ ကိုယ္တုံးလုံးနဲ႔ ခိုးတဲ့အခါ သူ႔ကို ဘယ္သူကမွ မျမင္ႏိုင္ဘူးလို႔ သူ ယုံၾကည္ေနတယ္ေလ" ဆိုၿပီး ရဲအရာရွိ Budhi က ေျပာပါတယ္။ သူ႔အေဆာင္က အစြမ္းထက္ပုံ မရပါဘူး။ cctv မွာေတာ့ သူရဲ႕လႈပ္ရွားမႈတိုင္းက ေပၚလြင္ေနပါတယ္။

HL က အရင္က တျခားေနရာေတြမွာလည္း ခိုးဖူးပါတယ္။ HL က ေျမာက္ဂ်ာကာတာ ခ႐ိုင္အတြင္းက စာၾကည့္တိုကိတစ္ခုရဲ႕ tablet အလုံး ၃၀ ကိုလည္း ခိုးဖူးပါေသးတယ္။ Cctv မွတ္တမ္းေတြကို ေျခရာခံၿပီး HL ကို ဖမ္းမိပါတယ္။ Tanjung Pirok ေဒသအတြင္းက cctv တစ္ခုမွာလည္း HL ေဆးသုံးေနတဲ့ video မွတ္တမ္းေတြ ရွိပါတယ္။

HL က ေဆးသုံးမႈနဲ႔ အဖမ္းခံရၿပီး မၾကာေသးခင္ကမွ ျပန္လြတ္လာတာပါ။ HL က ေဖာက္ထြင္းခိုးတဲ့အခါ တစ္ေယာက္တည္းေတာ့ မခိုးပါဘူး။ သူ႔ကို လြတ္ေအာင္ ကူညီေပးတဲ့သူတစ္ေယာက္ေတာ့ ရွိပါတယ္။ ရဲေတြက အဲဒီလူကို ရွာေဖြေနပါတယ္။ ဒီတစ္ခါေတာ့ နတ္ဆရာေပးတဲ့ ကိုယ္ေပ်ာက္ေဆးက HL ကို ေထာင္က်ေစေတာ့မွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments