သင့်ကို အလေးအနက်ထားပီး တကယ်ချစ်တဲ့သူ ဆိုတာ

1) သူအမြဲ မေးတတ်တယ်…” ဘယ်မှာလဲ? အခု ဘာလုပ်နေလဲ? ”

(သူမင်းကို သတိရ နေတာပါ၊ မင်းနဲ့ စကားပြော ချင်တာပါ၊ မင်းသူ့ဆီကို စာမပို့ပေးတော့ သူဇဝေဇဝါ ဖြစ်နေတယ်။ မင်း အလုပ်ရှုပ်နေမှာ ကိုလည်း စိုးရိမ်တယ်။ ဒါပေမဲ့ သတိရနေတာကို မအောင့်နိုင်ဘူး။

တခြားလူဆို ဘာလုပ်လုပ်ပေါ့… သူ ဂရုမစိုက်မှာ မဟုတ်ဘူး။

ဒါကြောင့် အချိန်လေးရရင် သူ့ကို ဆက်သွယ်ပါ၊ သူ စိတ်ချပါစေ၊ မင်းရဲ့ စိတ်ထဲမှာ သူရှိပါတယ် ဆိုတာကို သူသိပါစေ၊ သူ့ဘက်ကနေ အမြဲတမ်း မင်းကို စပြီး ဆက်သွယ်နေရင် သူ့ကိုသူ အရှုပ်ထုတ်လို့ ထင်နေမိနိုင်ပါတယ်။ )

2) “ သူက ရုတ်တရက် မင်းကို အေးတိအေးစက်၊ ဒါမှမဟုတ် စိတ်ဆိုးစိတ်ကောက် တတ်တယ်။ ”

(သူ ကလေးဆန်တယ် လို့ အပြစ်မတင် လိုက်ပါနဲ့၊ သူ မင်းချော့တာလေးကို ခံချင်လို့ပါ။)

3) သူပြောလေ့ ရှိတယ်… “ ငါ မပျော်ဘူး၊ စိတ်ရှုပ်တယ်။ ”

(ဒါကို အားအားရှိ စိတ်အနှောင့် အယှက် ဖြစ်စရာ လို့ မထင်လိုက်ပါနဲ့။ သူ တကယ် မပျော်တာမဟုတ်ပါဘူး။ သူ မင်းကို သတိရနေတာပါ။ သူမင်းရဲ့ နှစ်သိမ့် စကား လေးကို တောင့်တ နေလို့ပါ။ အရိုးရှင်းဆုံး “ လိမ္မာတယ်… မဆိုးနဲ့နော်” ဆိုတာလေးနဲ့လည်း သူကျေနပ်နိုင်ပါတယ်။)

4) “ ဘာကိစ္စပဲ လုပ်လုပ် မင်းရဲ့ သဘောထားကို မေးတတ်တယ်။”

(သူ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်း မရှိတာ၊ မင်းကို မှီခိုလွန်းနေတာ မဟုတ်ဘူး။ သူမင်းကို လေးစားတာ၊ အရာရာ မင်းကို ဦးစားပေးတတ်လို့ပါ။”)

5) သူပြောလေ့ရှိတယ်… “ နေကောင်းအောင် နေနော်၊ လမ်းမှာ သတိထား၊ ကိုယ့်ကိုယ်ကို ဂရုစိုက်အုံး။”

(ဒါကို သူအပိုတွေ ပြောနေတယ် လို့ သဘော မထားလိုက်ပါနဲ့၊ မင်း သူ့ရဲ့ စိတ်ထဲမှာ ရှိတယ်၊ သူမင်းကို စိတ်ပူတတ်တယ် ဆိုတာကို ပြောချင်တာပါ။)

6) သူပြောလေ့ ရှိတယ်… “ မင်းကို ကူညီချင်တယ်… ဘာဖြစ်ဖြစ် သူ့ကိုပြောပြပါ။”

(ဒါပေမဲ့ သူသိတယ်၊ သူမင်းကို ဘယ်လောက်ထိမှ မကူညီနိုင်ဘူး ဆိုတာကို သူမင်းကို သိစေချင်တာက… သူ မင်းဘေးမှာ အမြဲ ရှိနေမယ်၊ မင်းကို အမြဲ အားပေးနေမယ်။)

7) “ ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် သူ မင်းနဲ့ နီးနီးကပ်ကပ်ဘဲ ရပ်နေတတ်တယ်။”

(ဒါကတော့ သူမင်းကို ယုံကြည်တယ် ဆိုတာကို ပြချင်တာပါ။)

8) “ သူ ဝမ်းနည်းတတ်တယ်၊ လျှောက်စဉ်းစားတတ်တယ်။”

(သူ အတွေးလွန်နေတယ်၊ မဟုတ်တာတွေ ပူပန်နေတယ် လို့ သဘောမထား လိုက်ပါနဲ့။ တခါတလေ သူလည်း လုံခြုံစိတ်ချစေတဲ့ စိတ်မျိုး ကင်းမဲ့နေတတ်ပါတယ်။)

Kurneair_Zion

For Zawgyi

သင့္ကို အေလးအနက္ထားပီး တကယ္ခ်စ္တဲ့သူ ဆိုတာ

1) သူအၿမဲ ေမးတတ္တယ္…” ဘယ္မွာလဲ? အခု ဘာလုပ္ေနလဲ? ”

(သူမင္းကို သတိရ ေနတာပါ၊ မင္းနဲ႔ စကားေျပာ ခ်င္တာပါ၊ မင္းသူ႔ဆီကို စာမပို႔ေပးေတာ့ သူဇေဝဇဝါ ျဖစ္ေနတယ္။ မင္း အလုပ္ရႈပ္ေနမွာ ကိုလည္း စိုးရိမ္တယ္။ ဒါေပမဲ့ သတိရေနတာကို မေအာင့္ႏိုင္ဘူး။

တျခားလူဆို ဘာလုပ္လုပ္ေပါ့… သူ ဂ႐ုမစိုက္မွာ မဟုတ္ဘူး။

ဒါေၾကာင့္ အခ်ိန္ေလးရရင္ သူ႔ကို ဆက္သြယ္ပါ၊ သူ စိတ္ခ်ပါေစ၊ မင္းရဲ႕ စိတ္ထဲမွာ သူရွိပါတယ္ ဆိုတာကို သူသိပါေစ၊ သူ႔ဘက္ကေန အၿမဲတမ္း မင္းကို စၿပီး ဆက္သြယ္ေနရင္ သူ႔ကိုသူ အရႈပ္ထုတ္လို႔ ထင္ေနမိႏိုင္ပါတယ္။ )

2) “ သူက ႐ုတ္တရက္ မင္းကို ေအးတိေအးစက္၊ ဒါမွမဟုတ္ စိတ္ဆိုးစိတ္ေကာက္ တတ္တယ္။ ”

(သူ ကေလးဆန္တယ္ လို႔ အျပစ္မတင္ လိုက္ပါနဲ႔၊ သူ မင္းေခ်ာ့တာေလးကို ခံခ်င္လို႔ပါ။)

3) သူေျပာေလ့ ရွိတယ္… “ ငါ မေပ်ာ္ဘူး၊ စိတ္ရႈပ္တယ္။ ”

(ဒါကို အားအားရွိ စိတ္အေႏွာင့္ အယွက္ ျဖစ္စရာ လို႔ မထင္လိုက္ပါနဲ႔။ သူ တကယ္ မေပ်ာ္တာမဟုတ္ပါဘူး။ သူ မင္းကို သတိရေနတာပါ။ သူမင္းရဲ႕ ႏွစ္သိမ့္ စကား ေလးကို ေတာင့္တ ေနလို႔ပါ။ အ႐ိုးရွင္းဆုံး “ လိမၼာတယ္… မဆိုးနဲ႔ေနာ္” ဆိုတာေလးနဲ႔လည္း သူေက်နပ္ႏိုင္ပါတယ္။)

4) “ ဘာကိစၥပဲ လုပ္လုပ္ မင္းရဲ႕ သေဘာထားကို ေမးတတ္တယ္။”

(သူ ကိုယ္ပိုင္ ဆုံးျဖတ္ႏိုင္စြမ္း မရွိတာ၊ မင္းကို မွီခိုလြန္းေနတာ မဟုတ္ဘူး။ သူမင္းကို ေလးစားတာ၊ အရာရာ မင္းကို ဦးစားေပးတတ္လို႔ပါ။”)

5) သူေျပာေလ့ရွိတယ္… “ ေနေကာင္းေအာင္ ေနေနာ္၊ လမ္းမွာ သတိထား၊ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္အုံး။”

(ဒါကို သူအပိုေတြ ေျပာေနတယ္ လို႔ သေဘာ မထားလိုက္ပါနဲ႔၊ မင္း သူ႔ရဲ႕ စိတ္ထဲမွာ ရွိတယ္၊ သူမင္းကို စိတ္ပူတတ္တယ္ ဆိုတာကို ေျပာခ်င္တာပါ။)

6) သူေျပာေလ့ ရွိတယ္… “ မင္းကို ကူညီခ်င္တယ္… ဘာျဖစ္ျဖစ္ သူ႔ကိုေျပာျပပါ။”

(ဒါေပမဲ့ သူသိတယ္၊ သူမင္းကို ဘယ္ေလာက္ထိမွ မကူညီႏိုင္ဘူး ဆိုတာကို သူမင္းကို သိေစခ်င္တာက… သူ မင္းေဘးမွာ အၿမဲ ရွိေနမယ္၊ မင္းကို အၿမဲ အားေပးေနမယ္။)

7) “ ဘယ္ေနရာမွာဘဲ ျဖစ္ျဖစ္ သူ မင္းနဲ႔ နီးနီးကပ္ကပ္ဘဲ ရပ္ေနတတ္တယ္။”

(ဒါကေတာ့ သူမင္းကို ယုံၾကည္တယ္ ဆိုတာကို ျပခ်င္တာပါ။)

8) “ သူ ဝမ္းနည္းတတ္တယ္၊ ေလွ်ာက္စဥ္းစားတတ္တယ္။”

(သူ အေတြးလြန္ေနတယ္၊ မဟုတ္တာေတြ ပူပန္ေနတယ္ လို႔ သေဘာမထား လိုက္ပါနဲ႔။ တခါတေလ သူလည္း လုံၿခဳံစိတ္ခ်ေစတဲ့ စိတ္မ်ိဳး ကင္းမဲ့ေနတတ္ပါတယ္။)

Kurneair_Zion

Post a Comment

0 Comments