ဒီအချက် (10) ချက် လုပ်နိုင်မှသာ သင့်ချစ်သူကို သင်တကယ်ချစ်တာပါ
၁ ။ သင့်ချစ်သူနဲ့အတူ ထမင်းစားပြီးလို့ သူလေချဉ် တက်တဲ့အခါ ဆောရီးလို့ သူမပြောမိတဲ့အခါ သင် ခွင့်လွှတ်နိုင်ရဲ့လား
၂ ။ သင့်ချစ်သူနဲ့အတူ အဲကွန်းအခန်းထဲမှာ အတူ ရုပ်ရှင်ကြည့်လို့ သူ လေလည်တဲ့ အသံကို သင် သည်းခံနိုင်ရဲ့လား
၃ ။ သင့်လက်မောင်းပေါ် အိပ်နေတဲ့ သင့်ချစ်သူ နှုတ်ခမ်းတွေဆီက သွားရည်တွေ ကျလာတဲ့အခါ သင် အချစ်ဆိုတာ ကို ဆက်တွေးနေမိရဲ့လား
၄ ။ သင့်ချစ်သူနဲ့အတူ အသုပ်စားပြီးတဲ့အခါ သူ့သွားမှာ ငရုတ်သီးဖတ် ကပ်နေတဲ့အခါ သင် ကြင်ကြင်နာနာနဲ့ ဖယ်ပေးချင်ရဲ့လား
၅ ။ သင့်ချစ်သူရဲ့ ဆံနွယ်တွေကို နမ်းရှိုက်တဲ့အခါ သူ့ ဦးခေါင်းထက်က နေလောင်ထားတဲ့ အနံ့တွေ ရှုရှိုက်မိတဲ့အခါ သင် ဆက်ချစ်နေသေးရဲ့လား
၆ ။ သင့်ချစ်သူ ရေချိုးပြီးတဲ့အခါ ဆပ်ပြာတုံးပေါ် ကျန်ခဲ့တဲ့ ဆံပင်ချည်တွေကို မြင်ရတဲ့အခါ သင် ခွင့်လွှတ် သည်းခံနိုင်ရဲ့လား
၇ ။ သင့်ချစ်သူက လိုချင်တာတွေ အရမ်းပူဆာနေတဲ့ အခြေအနေကို ကြုံရတဲ့အခါ သင် နားလည်ခွင့်လွှတ် ဖြေရှင်းနိုင်ရဲ့လား
၈ ။ သင့်ချစ်သူ ခံတွင်းနံ့က သွားမတိုက်မိလို့ အာပုပ်နံ့တွေ ရနေတဲ့အခါ သင် မျက်လုံးထဲ သူ့အပြုံးတွေ လှနေသေးရဲ့လား
၉ ။ သင့်ချစ်သူ ခန္ဗ္ဓာကိုယ်က ထွက်လာတဲ့ ချွေးနံ့တွေ တအားပြင်းတဲ့အခါ သင် သူ့ကို အချိန်တိုင်း သတိရနေသေးရဲ့လား
၁၀ ။ သင့်ချစ်သူ နေမကောင်းတဲ့အခါ ဆီးဝမ်း ထမသွားနိုင်လို့ သင် ကူညီရတဲ့အခါ သင် သူ့ကို ချစ်သေးရဲ့လား
အထက်ပါမေးခွန်းတွေ အရင်ဖြေကြည့်ပါအုံး…
နတ်သမီးလောက်ပဲ ချောမောပါစေ…
နတ်သားလောက်ပဲ ခန့်ငြားနေပါစေ…
သင့်ချစ်သူမှာ အထက်ပါ အခြေအနေတွေ
သင်တစ်နေ့ ကြုံလာရတဲ့အခါ .. ငြိုငြင်မှုလေး စိတ်ကွက်မှုလေး လုံးဝမဖြစ်ပါဘူးလို့ သင် အာမခံနိုင်ရဲ့လား
နောင်ဘဝအထိ ဆက်ချစ်မှာ .. သိပ်ချစ်လိုက်တာလို့ အပြောမစောပါနဲ့အုံး…
သက်တန့်ချို
For Zawgyi
သက်တန့်ချို
Post a Comment
0 Comments